လက်ပံပွင့်ချိန်
ထွေးရူးချိန်ဟု
ကလေးစနောက်
ထိုသံပေါက်ကို
ကြားသည်ခဏ
့သတိရ၏။
မိုးသည်းတွင်းလျှောက်
ရေနောက်နောက်တွင်
နောက်ကျောပွပေ
ရွှံ့စက်မြေကို
မြင်သည်ခဏ
သတိရ၏။
ဆောင်းတွင်း ဆီးနှင်း
သည်းထန်ပြင်းသော်
ညင်းတန်လေအေး
သုတ်ဆော်ပြေးကို
ကြုံသည်ခဏ
သတိရ၏။
သုံးလီဥတု
ရုန်းစုပေါင်းဖေါ်
ရမ်းရော်အတိတ်
မှန်းမျှော်စိတ်ရည်
ငယ်စဉ်တောင်ကျေး
ပေါင်းဖေါ်တည်း။
(အချပိုဒ်တွင် ပညာမပြည့်မှီ၍ စည်းဖေါက်ထားပါသည်။ ငယ်သူငယ်ချင်းကို သတိရမိ၍ ရေးမိပါသည်။ ချစ်ခင်မြတ်နိုးတတ်သော စာမျက်စေ့နှင့် ချင့်ချိန်ဖတ်ပါကုန်...။)
စမ်းသပ်ချက်
1 year ago
အဟီး.. ကိုဂျီးဘွိုင်းစ်ပြောသလိုပဲ ဖတ်ပါသည်း)
ReplyDeleteကောင်းပါတယ်ကဗျာလေးက..။
ဟဲဟဲ။ အခွင့်ကြုံတုံး နှမ်းဝင်ဖြူးဦးမှ။
ReplyDelete“မှန်းမျှော်စိတ်ရည်
ငယ်စဉ်တောင်ကျေး
အီကြာကွေးတည်း။”
မဟုတ်သေးပါဘူး။ နဲနဲထပ်စဉ်းစားကြည့်မယ်။
“မှန်းမျှော်စိတ်ရည်
ငယ်ကဘဝ
မေ့မရတည်း။”
သိပ်မကြိုက်သေးဘူး။ ဟင်းဟင်း။ ထပ်စဉ်းစားပြီးရင် ပြန်လာမယ်။
စည်းဖေါက်တာကို ထပ်လာဖေါက်ဦးမှာတဲ့လား...။
ReplyDeleteဆောင်းတွင်း ဆီးနှင်း
ReplyDeleteသည်းထန်ပြင်းသော်
ညင်းတန်လေအေး....
ဆီးနှင်းကျတုန်း တိုက်တဲ့လေက ရေခဲလေ ပါ။
ချမ်းလွန်းလို့ ကဗျာမဆန်နိုင်ပေါင်အေ။
:P
သူ့မှာလွမ်းစရာ ရည်းစားလည်းမရှိဘူး။
ReplyDeleteဒီကွန်မက်မှာရေးရင် ကဗျာစပ်ရမယ်ထင်တယ။် ကဲ..လာလေရော့။...
ReplyDeleteThis comment has been removed by the author.
ReplyDeleteဥတု သုံးလီ
ReplyDeleteရည်ကာ မှန်းဆ
လွမ်းရ သူ့အား
စဉ်းစား ယောင်ယမ်း
တမ်းတ ခဏ
သတိရ၏။
(ဂွိ)
(ချစ်မြတ်နိုးတတ်သော စာမျက်စိနှင့် ချင့်ချိန် ဖတ်ပါရန်..။ :D )
ကော်မန့် ချီးမြှင့်ပေးသွားကြသော၊ ပို၍ကောင်းအောင် အကြံပေးသွားသူများအား ကျေးဇူးတင်ပါသည်။
ReplyDeleteစာမူခတော့ များလေ ကောင်းလေပဲ...။
လောဘအိုးကြီး
ReplyDeleteဒီကဗျာကျော်သွားလို့ ခုမှ ဖတ်ရတယ်။
ReplyDelete၀င်မွှေဖို့ဒီည အကြံထုတ်လိုက်ဦးမယ်
အသင်သည်လဲ ခေသူ မဟုတ်ပါတကား ဆင်ထုံ...။
ReplyDeleteသုံးလီဥတု
ReplyDeleteရုန်းစုပေါင်းဖေါ်
ရမ်းရော်အတိတ်
မှန်းမျှော်စိတ်ရည်
ငယ်သည်ဘဝ
သတိရ၏.. လွမ်းပါ၏။
:D
အစ်မရေ...။
ReplyDeleteအစ်မ စပ်ပေးတာ ကောင်းပါရဲ့...။
နို့ ကျွန်တော် လိုချင်တဲ့ အထပ်ကို မရသေးတာ ဖြစ်နေတယ်...။ ဥပမာာ ပြရရင်
ဟိုကနောင်မင်းသား က လှိုင်ထိပ်ခေါင်တင်ကို ဆိုလား...။ ဘယ်သူက ဘယ်သူ့ကိုစပ်တာလဲ မသိဘူး..။
“၁။...
...၏။
၂။...
...၏။
၃။...
...၏။
၎။...
.. သာတည်း။”
တဲ့။
အဲဒီ အချီအချလေးကို သဘောကျလို့ လှမ်းပြီး လက်ဆော့ကြည့်တာ
အချပိုဒ်ကို ဘယ်လိုမှ ချိတ်လို့ မရဖြစ်နေတယ်။ အဲလို.. အဲလို...
ငမြှောက်ငခြောက်လေးရဲ့ ဘလော့ဂ်ကို လာလည်ပြီး မှတ်ချက်ပေးတာ ကျေးဇူးတင်ပါတယ်...။
:D
ရာရာစစ။ ကနောင်မင်းသားကိုပါ ဆွဲထည့်လိုက်သေးတယ်။ အိမ်ရှေ့မင်းထန်းတောကို နယ်နှင်ဒဏ်အပေးခံချင်နေပြီ။
ReplyDeleteအိမ်ရှေ့မင်း ထန်းတောဆို ပျော်ပျော်ပါးပါးကြီး သွားလိုက်ပါ့မယ် ရောင်းရင်းနောင်တော်...။
ReplyDeleteသွားကြစို့ငှဲ့...။
သာတည်းနဲ့ ဆုံးစေချင်မှန်း အစက မသိလို့ပါ။ (ဟီး..သိလဲ စပ်တတ်မှာ မဟုတ်ပါဘူး။) (စကားမစပ် ဘယ်တုန်းက ငခြောက် ဖြစ်သွားတာလဲဟင်င်..။ ငမြှောက်ငခြောက်လို့ ရေးထားတာတွေ့လို့ပါ။ :P )
ReplyDeleteဒီလိုကဗျာတွေက အဆုံးသတ်ကျရင် အဲလိုချည်းပဲ တည်းနဲ့ အဆုံးသတ်တာများတယ်။ ဖတ်ဖူးသမျှပေါ့လေ..။
ReplyDeleteလိုက်ရွတ်ကြည့်ရင် တော်တော် အရသာတွေ့တယ်...။
ပထမ၊ ဒုတိယ၊ တတိယ ပိုဒ်တွေမှာ တည်လာပြီး နောက်ဆုံးပိုဒ်မှာမှ တည်းနဲ့ ချီပြီး အဆုံးသတ်လိုက်တာ ... ၀မ်းထဲကို ဆိမ့်သွားတာပဲ။
ခုလဲ အဆုံးတော့ သတ်လိုက်ပါရဲ့.. ဘယ်လိုမှ ရွတ်လို့ မကောင်းတာကို ကိုယ်တိုင် ပြန်သိနေတယ်...။
အထုံပါရမီ ကံငယ်
နုံချာလေပြီ ဖြစ်တဲ့ သံသရာ အလယ်က
ငမြှောက်ငခြောက်လေး မောင်ဘွိုင်းဇ်ပါ...။
(ငခြောက်ဆိုတာ ဖုတ်စားရတဲ့ အမျိုးကလား.. ပန်းနွယ်နှမလေးငဲ့...။
တစ်ကယ်တော့ ကာရန်ညီအောင် လိုက်ပြောကြည့်တာ)