Thursday, December 4, 2008

ရင်ခတ်လိပ်ပြာ

ဆောင်းမနက်ခင်းတစ်ခု...။
နွေးထွေးသော နေရောင်ခြည်အောက်တွင် ပန်းရောင်စုံများနှင့် အပြောကျယ်လှသော ပန်းပင်လယ်ကြီး...။
မနက်ခင်း ဆောင်းနှင်းရည်ကို သောက်သုံးရသဖြင့် လတ်ဆတ်စွာ ငွားစွင့် ပွင့်လန်းနေသော ရောင်စုံပန်းပွင့်တစ်ပွင့်...။
ဝတ်ရည်အပြည့်ဖြင့် အစွမ်းကုန် လှပ ဖူးအာနေ၏။
ဆွတ်ချူလှည့်ပါ ... သောက်သုံးလှည့်ပါ... ဟု ဖိတ်ခေါ်နေသည့်အလား...။
ကိုရွှေပိတုန်း၊ ပျားမောင်ဖုန်းများသည် ဟိုမှ သည် လူးလာပျံသန်းကာ ပျားပန်းခပ် လှုပ်ရှားနေ၏။
ခေါက်တုန့်ခေါက်ပြန် ပျံသန်းေ
နသော လိပ်ပြာငယ်သည် အလှဆုံး ပန်းတစ်ပွင့်ကို ရွေးချယ်ရန် စိတ်စောနေ၏။
ဟိုးအဝေး တောင်တန်းများဆီမှ အပြောကျယ်လှသော ဤရောင်စုံပန်းခင်းဆီသို့ အားစိုက်ကာ အရောက်သူလာခဲ့ရ၏။
လေညှင်းလေးများ သယ်ဆောင်လာသော ပန်းရနံ့များကို ခြေရာခံလျက် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်ကို သူ အားစိုက်လာခဲ့ရ၏။
လေဆန်ကို မကြောက်၊ ဆောင်းချမ်းကို အံတု၊ နေပူကို ကြံ့ကြံ့ခံလျက် ဦးတည်ရာအရပ်ကို တူရူ ရောက်လာခဲ့၏။
အရှေ့ဆီမှာ ရတနာပန်းခင်းတစ်ခု သူ့ကို ကြိုဆိုလျက်...။

Edward Lorenz ဟူသည့် ပုဂ္ဂိုလ်သည် သူ့အမျိုးအနွယ်များနှင့် ပါတ်သက်၍ လွန်မင်းစွာ ဖွဲ့ဆိုတတ်ချေ၏။

ကမ္ဘာ့ တောင်ဘက်ခြမ်းမှ လိပ်ပြာတစ်ကောင် တောင်ပံခတ်လိုက်သည်၌ ဆင့်ကဲ ဆိုသလိုပင် အခြားသော ကမ္ဘာ့ တစ်ဘက်ခြမ်းတွင် အားပြင်းသော မုန်တိုင်း တစ်ခု ဖြစ်နိုင်သည်။
တဲ့...။

အဆိုပါ သီအိုရီကိုပင် လိပ်ပြာတောင်ပံအကျိုးဆက် ဟူ၍ပင် တီထွင် ဖေါ်ထုတ်ခဲ့လေသည်။ အကျယ်ကိုမူ အဆိုပါ သီအိုရီကို အသေးစိတ် ရှင်းပြထားသည့် ဤနေရာတွင် ဖတ်ရှုနိုင်သည်။




The butterfly effect is a phrase that encapsulates the more technical notion of sensitive dependence on initial conditions in chaos theory. Small variations of the initial condition of a dynamical system may produce large variations in the long term behavior of the system. So this is sometimes presented as esoteric behavior, but can be exhibited by very simple systems: for example, a ball placed at the crest of a hill might roll into any of several valleys depending on slight differences in initial position.

ရမ်းသန်းမှန်းသန်း ဘာသာပြန်ရသော်
လိပ်ပြာတောင်ပံ အကျိုးဆက်ဆိုသည်မှာကား ပရမ်းပတာ ဖြစ်စဉ်တစ်ခု၏ ကနဦးအစပျိုး ဖြစ်စဉ်တစ်ခုကို တင်စား ခေါ်ဝေါ်ခြင်း ဖြစ်ချေသည်။ အမြဲတမ်း လှုပ်ရှားနေသော စံနစ်တစ်ခု၏ ကနဦး အခြေအနေ ပြောင်းလဲမှုအနည်းငယ် သည် ဖြစ်စဉ်တစ်ခုလုံး၏ အကျိုးဆက်အပေါ်တွင် သက်ရောက်မှု ရှိသည်။

လူပြန်းနားလည်အောင် ပြောရချေသော် မိမိ အမှတ်မထင် ပြုလိုက်မိသော အပြုအမှု တစ်ရပ်ရပ်သည် မိမိနှင့် ပါတ်သက် ဆက်နွယ်နေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အသင်းအပင်း အဖွဲ့အစည်းတစ်ခု အပေါ်သို့ အကျိုးသက်ရောက်မှု ရှိတတ်သည့် သဘောကို ဆိုလိုလေသည်။

Lorenz မှ အဆိုပါ သီအိုရီ သဘောတရားကို ၄င်း တီထွင်ထားသော Attractor နှင့် စမ်းသပ်ပြရာတွင် အောက်ပါ ရလဒ်ကို ရရှိခဲ့လေသည်။



တူညီသော Three-dimensional evolution ဖြစ်စဉ်တစ်ခုတွင် အရာဝတ္ထုနှစ်ခုကို နေရာအနည်းငယ်သာ ခွာ၍ ထုတ်လွင့်ကြည့်ရာ ရလဒ်မှာ အချိန်ကာလာ ကြာမြင့်လာလေ လမ်းကြောင်းသွေဖည်မှု ပိုများလာလေကို တွေ့ရှိရလေသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်သကဲ့သို့ လိပ်ပြာတစ်ကောင်၏ ရင်ခုန်သံနှင့် တိုက်ရိုက် အချိုးကျဥည့် တောင်ပံ ခတ်သံသည်လည်း အားကောင်းခက်ထန်သော မုန်တိုင်းတစ်ခုဆီသို့ ဦးတည် ဖြစ်ပေါ်နိုင်သလို ပန်းပွင့်လေပြေ တစ်ခုအဖြစ်လည်း ပြောင်းလဲနိုင်ချေ၏။


သက်ဆိုင်သူသို့...။
မဆိုင်တာတွေကို ဆွဲပြီး မဆိုင်ဆိုင်အောင်သာ ရေးထည့်လိုက်ရတယ်...။
မရည်ရွယ်ပဲ တိုက်ဆိုင်သလို ဖြစ်သွားတာတွေအတွက် ၀မ်းနည်းပါတယ်...။
တစ်ကယ်ကို မရည်ရွယ်ပါဘူး...။

2 comments:

  1. ပေးထားတဲ့ လင့်တွေကိုသွားပါတယ်နော်... ဟို လူကြီး Edward Lorenz အကြောင်းတော့ဖတ်တော့ဘူး ..နောက်တစ်လင့် ကလည်းပို့စ်ထဲပါပြီးသားပဲ ..သေချာဖတ်တာက စပ်စုချင်လို့.. . ဒါပေမယ့် "တိုက်ဆိုင်မှုရှိပါက ထိုသူကိုသာရည်ရွယ်ပါသည်" ကလွဲလို့ ဘာမှ မပါပါလားအေ့....

    kom: Butter fly effect ကိုသိပြီးသာ။ ကိုယ် ကသူများကိုဘာသွား လုပ်လိုက်သလဲဆို တာကို သိချင်နေတာ sin dan lar: သိချင်တယ်လို့ ၀န်ခံနေပြီပဲ.. ပြောပြလိုက်တော့ ကိုဘွိက်ဇ်.. နာလည်း အချောင်သိရတာပေါ့ ဟီဟိ Boyz: အော်...။ သိချင်တယ်သူတွေ များနေတယ်ဆိုတော့ ပြောရမှာပေါ့လေ...။

    ReplyDelete
  2. http://www.degolar.com/2008/11/honesty-anonymity-6.html

    TZA said...

    ပို့စ် ၆ ပို့စ်မှာ ကျနော်ရေးချင်တာ တစ်ပိုဒ်နှစ်ပိုဒ်ပဲ ရှိပါတယ်ဗျာ။


    :D

    ReplyDelete