Tuesday, March 24, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၂)

အဲဒီညမှာ ကျွန်တော် အိပ်မက် မက်ပါတယ်...။
အိပ်မက်ထဲမှာ သူက လရောင်အောက်မှာ ခြေဆင်းပြီးတော့ ထိုင်နေပါတယ်...။
သူ့အပါးမှာ ကြယ်တာရာလေးတွေက ၀န်းရံ ခစားနေပါတယ်...။
ဖြူလွလွဝတ်စုံကို ၀တ်ဆင်ထားတဲ့ သူမဟာ... ငွေရောင်လခြည်တန်းတွေအောက်မှာ တောက်ကြွားနေပါတယ်...။
သူ့ဆံနွယ်လေးတွေဟာ မြောက်ပြန်လေ နဲ့ လွင့်မျောနေပါတယ်...။
တိမ်ခပ်ပါးပါးလေးတွေကလဲ သူ့အပါးမှာ သိုင်းခြုံထားတယ်...။

ကျွန်တော်က သူ့ဆီကို ရုပ်ရှင်ထဲက အနှေးပြကွက်တွေလို စလိုးမိုးရှင်းနဲ့ ... ပြေးသွားနေပါတယ်...။
ဘယ်လိုဖြစ်လို့ အဲဒီလို ပြေးသွားမှန်းတော့ မသိပါဘူး...။
သူ့အလိုလို စလိုးမိုးရှင်းပြကွက်လို ဖြစ်နေတာပါ...။

အဲဒီအချိန်မှာ ရုတ်တရက် ချက်ချင်းကြီးဆိုသလို ပတ်ဝန်းကျင် ကောင်းကင် တစ်ပြင်လုံး လင်းထိန်သွားပြီး... လေယာဉ် စက်သံတွေ ကြားလာရပါတယ်...။
ဒါနဲ့ ကျွန်တော်လဲ ကောင်းကင်ယံကို မော့ကြည့်မိတော့...။
လား..လား....။
ဘယ်က ပေါ်လာမှန်းမသိတဲ့ ဒုတိယ ကမ်ဘာစစ်တုန်းက အမေရိကန်တွေသုံးခဲ့တဲ့ ဗုံးကြဲလေယာဉ်ကို တွေ့လိုက်တယ်...။

ကြည့်နေရင်းတန်းလန်းနဲ့ ရုတ်တရက်ဆိုသလို... လေယာဉ် ၀မ်းဗိုက်တွေ ပွင့်လာပြီး... အထဲက ခပ်မဲမဲ အရာတစ်ခု ကျလာပါတယ်...။
ခပ်မဲမဲ လူဝကြီးတစ်ယောက် ပိတ်ဖြူစကို ခိုစီးပြီးတော့ ဆင်းလာသလိုပါပဲ...။
တစ်ကယ်တော့.. အဲဒါဟာ လေထီးဖြူနဲ့ တွဲချည်ထားတဲ့ ဗူးနက်တွေပါ....။
ဗူးပေါ်မှာ စာတွေ ရေးထားပါတယ်...။
အဲဒီစာတွေကို လရောင်အောက်မှာ ထင်းထင်းကြီး တွေ့နိုင်ပါတယ်...။

အဲဒီ အရာကြီးဟာ... ကျွန်တော်တို့ရှိရာ မြက်ခင်းပြင်ကြီးဆီကို တည့်တည့်ကျလာပါတယ်...။
ဗူးပေါ်မှာ ရေးထားတာတွေလဲ တဖြည်းဖြည်း ထင်ရှားလာပါတယ်...။
စာတွေဖတ်ပြီးတော့ ဘုရားပေါင်းစုံ “တ” မိပါတယ်...။
ဟိုက်..ရှားပါး...။

ဟီရိုရှီးမား မြို့ပေါ်သို့ ကြဲချခဲ့သော ဗုံးထက် အဆတစ်ထောင်ပြင်းသည့် မီဂါဗုံး” ပါတဲ့...။

ဟိုက်...မှတ်ကရော...။
ကျွန်တော်လဲ သူရှိရာ ထပ်ပြီးအကြည့် ... သူက ကျွန်တော်နဲ့ ဝေးရာကို ထိုင်ရာက မထပဲ တစ်ရွေ့ရွေ့ ရောက်သွားနေတယ်...။ အော်တို ရွေ့နေသလိုကြီး...။

အဲဒီအချိန်မှာ ဗုံးကြီးက သူနဲ့ ကျွန်တော့်အကြားတည့်တည့်မှာ ကျကွဲပါတယ်...။
ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပါတယ်...။
အရာအားလုံးဟာ ခဏလောက်တိတ်ဆိတ်သွားတယ်...။
နောက်မှ စလိုးမိုးရှင်းနဲ့ ပြေးနေတဲ့ ကျွန်တော်လဲ ပုံမှန် လူပြေးသလို ပြေးနိုင်တော့တယ်...။

ဗုံးကွဲပြီးလို့ ကောင်းကင်ကြီးကို မှိုပွင့်ပုံကြီး ထိုးတက်သွားပါတယ်...။
ခြောက်တန်း သမိုင်း ဖတ်စာအုပ်ထဲက ဟီရိုရှီးမားနေ့ အကြောင်း စာမျက်နှာမှာ ပါတဲ့ မှိုပွင့်ပုံအတိုင်းပဲ...။ ဖြတ်ညှပ်ကပ်လုပ်ထားသလား အောက်မေ့ရတယ်...။
အံ့သြစရာကောင်းတာက ကျွန်တော့်မှာ ဘာဒဏ်ရာမှ မရတာကိုပါပဲ...။
ဒါနဲ့ကျွန်တော်လဲ... သူရှိရာဆီကို အပြေးသွားလိုက်တယ်...။
သူက ခေါင်းငုံ့နေပါတယ်...။
အနားရောက်သွားတော့ သူ့ခေါင်းလေး မော့လာပါတယ်...။
ပြီးတော့ တိုးတိုးလေး ပြောသေးတယ်...။

အမားကို.. အိမ်ပြန်ပို့ပေးပါလားဟင်...။”တဲ့ ... ။


အံမလေး....။

လွင်လွင်မိုး မဟုတ်ပါဘူး...။
ပွဲခင်းမှာ တွေ့ခဲ့တဲ့ ကုလားမ အဖွားကြီးပါ....။ ဆာရီက လရောင်အောက်မှာ တစ်လက်လက်နဲ့...။

5 comments:

  1. အော် သူချစ်တာ ........... ကုလားမကြီးကိုး :)

    ReplyDelete
  2. လရောင် အောက်မှာ ခြေဆင်းထိုင်တယ် ဆိုတော့သရဲကြီး လားထင်မိတယ်
    မီဂါဗုံးဆိုတာ.. Mega..ဒါ သချာ်သမားတွေ အခေါ်ဖြစ်မယ်။
    ဗုံးကွဲ တဲ့ဆီ ကို ပြေးသွားတယ် ဆိုတာ..အင်း ယုံရခက်ခက်.
    ထင်သားဘဲ။ ဒီလို ဘဲ ပေါက်တတ် ကရဇတ်သိမ်းမယ်လို့။။
    အပိုင်းသုံးရှိသေးလား.
    လာမဖတ်တော့ဘူး.။

    ReplyDelete
  3. ကလူသစ်က ကိုဘွို့က်စ်နားမှာ ယောင်လည်ယောင် လည်နဲ့ ဘာလုပ်နေတာလဲ။ စဉ်းစားစရာတွေ ဖြစ်ကုန်ြီ့ပီ။

    ReplyDelete
  4. ကယ်လဲဟုတ်ဘဲနဲ့ ဝတ္တုကြီး

    ReplyDelete
  5. ဟိုက် (ဟုတ်ကဲ့ ဂျပန်လိုပြောသည်) ...မှတ် (တမ်းတင်ထားတာ) ကရော (ဂါတစ်မျိုး)...။
    ကျွန်တော်လဲ (ကျသွားသောအခါ) သူရှိရာ (သေချာ) ထပ်ပြီးအကြည့် ... သူက (မလုံမလဲ) ကျွန်တော်နဲ့ ဝေးရာကို ထိုင်ရာက မထပဲ တစ်ရွေ့ရွေ့ (ကွတ ကွတ နဲ့) ရောက်သွားနေတယ်...။ အော်တို ရွေ့နေသလိုကြီး...။
    ..
    ..
    ဟီး နောက်တာနော်

    ReplyDelete