Saturday, March 28, 2009
ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၇)
ကျွန်တော်က “ငါ့ကို... နမ်းရင် ပြောပြမယ်....။” လို့ ပြောလိုက်တယ်...။
သူ.. ထပ်မေးတယ်...။
ဟဲ့... အဲဒီ ပုရွက်ဆိတ်မလေး... ဘယ်ရောက်သွားလဲလို့ဆိုနေ....။
ကျွန်တော်ကလည်း...
“ဟဲ့.. ငါ့ကိုနမ်းရင် ပြောပြမယ်လို့....။” လို့ ပြောလိုက်ရော...။
သူလဲ အဲဒီတော့မှ သဘောပေါက်သွားပြီး.. မျက်နှာကြီး နီရဲသွားတယ်...။
နောက်.. ကျွန်တော့်ကို ထုမလို့.. လက်သီးဆုပ်လေးနဲ့ ရွယ်လိုက်တယ်...။
အောက်နှုတ်ခမ်း ကိုက်လိုက်တယ်...။
မျက်စောင်းလေး ထိုးလိုက်တယ်...။
သူ.. ကျွန်တော့်ကို ထုမလို့ပါပဲ...။
ထုမလို့ပါပဲ...။
အဲဒီအချိန်မှာ.......
ဟက်ပီးနယူးရီးယား...” ဆိုပြီး ပြိုင်တူ အော်လိုက်တဲ့ အသံကြောင့်... ကျွန်တော်တို့ နှစ်ယောက် လန့်သွားတယ်...။
ဟုတ်ပါတယ်...။ ည ဆယ့်နှစ်နာရီ ထိုးသွားပါပြီ...။
သူလဲ .. ထိုင်ရာကနေ ထပြီး လင်းခက်တို့ဆီကို လျှောက်သွားနေလေရဲ့...။
မသွားခင်.. ကျွန်တော့်ဆီ ကို မျက်စောင်းလေး တစ်ချက် ထိုးသွားလေရဲ့...။
ကျွန်တော် ရေငတ်သလို ဖြစ်သွားတယ်....။
================================
သူတို့... သူတို့ဆိုတာ... လင်းခက်နဲ့ ကိုတိုးတို့ပါ...။
သူငယ်ချင်းတွေဆီ လှမ်းဖုန်းဆက်ပြီး... ၀စ်က်ရှ်လုပ်နေကြလေရဲ့...။
လောကကြီး တစ်ခုလုံးလဲ အိပ်ပျော်ပုံ မရသေးပါဘူး...။
လမ်းပေါ် မှာ ဖြတ်သွားဖြတ်လာ ကားတွေဆီကနေ... ဟက်ပီးနယူးရီးယား လို့ အော်အော် သွားလေရဲ့...။
တိုက်ပေါ်က လူတွေကလဲ တစ်လှဲ့ ပြန်အော် နေကြလေရဲ့....။
နောက် တဟေးဟေးနဲ့... ၀ိုင်းအော်လိုက်သံကို ကြားရလို့ ကျွန်တော်တို့ တစ်တွေ အပြင်ကို ထွက်ကြည့်ကြပါတယ်....။
မိုးကောင်းကင် တစ်ခွင်လုံး .... ရောင်စုံတွေနဲ့ တောက်ပနေတယ်...။
ဘယ်အရပ်ဆီကမှန်း မသိပါဘူး...။
အနောက်ယွန်းယွန်းဆီကနေမှာ...။
မီးရှုးတွေ လွှတ်နေတာလေ....။
ပန်းထွက်သွားတဲ့... မီးပန်းလေးများဟာ ဖြာကနဲ ဖြာကနဲ လက်နေပါတယ်...။
ကျွန်တော် လွင်မိုးကို ခိုးကြည့်လိုက်တယ်...။
မိုးကောင်းကင်ကို မော့ကြည့်နေတဲ့ သူ့မျက်နှာလေးမှာ မီးရောင်တွေ အရောင်စုံ လာဟပ်နေလေရဲ့...။
နောက်သူ ညင်းညင်းလေး ရီလိုက်သံကို ကြားရတယ်...။
ကျွန်တော်သူ့ကို ... “ဟက်ပီးနယူးရီးယား....။”လို့နှုတ်ဆက်လိုက်တယ်...။
သူ ကျွန်တော့်ကို ပြန်ပြုံးပြလိုက်ပြီး... “ဆိမ်းမ်တူယူး...”တဲ့...။
အပြန်မှာ... ကိုတိုးရယ် ကျွန်တော်ရယ်... တစ်ယောက်ကို တစ်ယောက် စကားမပြောမိပဲ... တိတ်တိတ်လေး လမ်းလျှောက်ခဲ့ကြတယ်...။
ဟိုး ခပ်လှမ်းလှမ်းက ဘုရားရှိခိုးကျောင်းမှာတော့.. ပွဲတော် ကျင်းပနေတာကို တွေ့ခဲ့လေရဲ့...။
=======================
အချိန်ရာသီ အလီလီ ပြောင်းခဲ့ပြီးနောက်...
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ဆုတ်ပြဲစေ....။
....
....
....
....
....
....
နောင်ငါးနှစ်အကြာ.....။
===================
အချိန် ကာလလေးတွေတစ်ရွေ့ရွေ့ ပြောင်းလဲသွားပါတယ်..။
အခြေအနေတွေ အမျိုးမျိုးပြောင်းလဲခဲ့ပါတယ်..။
ကောင်းဆိုးနှစ်လီ ရောထွေးခဲ့တာပေါ့..။
နတ်သမီးလေး..။တစ်နေရာကို ရောက်သွားခဲ့တယ်..။
သူနဲ့ ကျွန်တော် ဝေးကွာသွားခဲ့တယ်..။
သူနဲ့ကျွန်တော် တစ်ယောက် တစ်နေရာစီမှာပေါ့လေ..။
နံရံပေါ်က ကယ်လဲန်ဒါတွေမှာလဲ ဂဏန်လေးတွေ တိုး တိုးလာခဲ့တယ်..။
ဇာတ်သိမ်းခန်း။
အခုတော့လဲ ပြီးဆုံးသွားပါပြီ..။
အနှစ်နှစ် အလလ က စောင့်စားခဲ့ရတာတွေ ပျက်သုဉ်းသွားပါပြီ..။
ဘာကြောင့်ရယ်ဖြင့် မပြောလိုတော့ပါ..။
၂၀၀၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့..။
နတ်သမီးလေးရေ..။
ကိုယ့်အတွက်တော့ မျှော်လင့်ချက် ကောင်းကင်ကြီး ပြိုလဲသွားသောနေ့ပေါ့..။
လင်းခက်ရဲ့ စတိုးဆိုင်မှာ..။
လင်းခက်ပဲ ဒီသတင်းကို ပြောခဲ့တယ်..။
သီဟရေ..။ လွင်လွင်မိုး တစ်ယောက် သူအမေသဘောတူသူနဲ့ စေ့စပ်သွားပြီ....။” တဲ့...။
ကျွန်တော် တစ်ချက် မိုက်ကနဲ ဖြစ်သွားတယ်..။
ဘေးနားမှာ သူငယ်ချင်းတွေနဲ့မို့ ဘာမှ မဖြစ်သလို ကျွန်တော် ဟန်ဆောင်နေလိုက်တယ်..။
လင်းခက်ကတော့ ကျွန်တော် လွင်မိုးကို မေ့နေခဲ့လောက်ပြီ ထင်လို့ သည်စကားကို ပြောခဲ့တာပေါ့..။
လောကကြီးရယ်..။ ရက်စက်လိုက်တာဗျာ..။
ကျွန်တော့်အပေါ်ကို ခင်ဗျား အနိုင်ယူလာခဲ့တာ ဆယ်စုနှစ် ၃ ခုနီးပါးလောက် ရှိပါပြီ..။
ကျွန်တော် ကျေကျေနပ်နပ်နဲ့ အရှုံးပေးခဲ့တာချည်းပဲ..။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ခင်ဗျား တစ်ဆိတ်လွန်လာပြီထင်တယ်ဗျာ...။
ကျွန်တော့်နတ်သမီးလေးကို ကျွန်တော့်ဆီက ခင်ဗျား ဆွဲယူသွားတာတော့ လွန်တယ်ဗျာ..။
ပြန်ပေးဗျာ..။
ပြန်ပေး.........................................................................။
=============
ကောင်းကင်ကြီး ငိုနေသလား..။
ဟိုးရှေ့က ကားလမ်းမပေါ်က လူတွေက မှုန်ဝါးနေတာပဲ..။
မိုးရွာနေတာလား..။
အို.. မိုးရွာနေတာမှ မဟုတ်တာ..
ကျွန်တော့် မျက်ဝန်းထဲမှာ မိုးတွေရွာနေတာပဲ..။
မဟုတ်ဖူး..။
ကျွန်တော် ဘာလို့ ငိုရမှာလဲ..။
မငိုနဲ့..။ သီဟ.. မင်းအဲလောက် ပျော့ညံ့တဲ့ ကောင်လား..။
ဟင့်အင်း..။
မရဘူး..။ မျက်ရည်တွေ အလိုလိုနေရင်း စီးကျလာတယ်..။
ကျွန်တော့် နှလုံးသားကို လက်ကြမ်းကြီး တစ်စုံနဲ့ ဆုပ်ယူပွတ်ချေနေသလို ခံစားရတယ်...။
ကျွန်တော် သူ့ကို သိပ်ချစ်ခဲ့တာလေ..။
ဟန်ဆောင်ချစ် မဟုတ်ဘူး..။
၅ နှစ်တာ ၆နှစ်နီးပါး.. ရှည်ကြာခဲ့တဲ့ အဆုံးစွန်သော ချစ်ခြင်းနဲ့ ချစ်ခဲ့တာလေ..။
မိုးတွေ တစ်ပေါက် နှစ်ပေါက် ကျလာနေတယ်..။
ကျွန်တော့် မျက်နှာကို မိုးရေတွေ လာစင်နေတယ်..။
ကျွန်တော် မိုးရေတွေကို မသုတ်မိဘူး..။
မိုးရေတွေ ကျွန်တော့် ပါးပြင်တစ်လျှောက် စီးဆင်းသွားတယ်..။
မျက်ရည်တွေ ကျွန်တော် မသုတ်မိဘူး..။
မျက်ရည်နဲ့ မိုးရေတွေ ပေါင်းစပ်သွားတယ်..။
မိုးမင်းကြီးက မကြည့်ရက်ဘူး ထင့်..။
စွေရွာနေရာကနေ.. သည်းလာတယ်..။
မိုးမင်းရယ်..။
ကျွန်တော် ဘယ်ကို လျှောက်သွားနေမိလဲ မသိတော့ပါဘူး..။
ခြေဦးတည့်ရာပေါ့..။
ထီးလဲမပါဘူး..။
စိုပလေ့စေ..။ ကျွန်တော် ဒီအချိန်မှာ ဘာကို ဒီ့ထက်ပိုပြီး အရေးထားနိုင်တော့မှာလဲ..။
ချစ်သူရေ..။ အို ကျွန်တော် .. နတ်သမီးလေးကို ချစ်သူလို့ ခေါ်နေမိပါလား..။
အရင်ကတော့ နယ်နိမိတ်ခြင်း ခြားနေတာကို ကိုယ် ဂရုမစိုက်ခဲ့ပါဘူး..။
ကိုယ်တို့ နှစ်ယောက်သာ အချစ်စစ်နဲ့ ချစ်နေခဲ့တာ မှန်ရိုးဆိုရင် အတားအဆီးတွေ အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကိုယ်ထင်ခဲ့တာ..။
လက်တွေ့မှာတော့... ကိုယ်ထင်သလို မဖြစ်ခဲ့ပါလား..။
ကိုယ်.. သတ္တိ မရှိခဲ့တာပါ..။
ကိုယ်......
အို......။
ချစ်သူရေ..။
သီချင်းလေး တစ်ပုဒ်နားထဲမှာ ကြားနေမိတယ်..။
“မင်းမရှိတဲ့နောက်..။”တဲ့..။
မင်းမရှိရင် အသက် မရှင်ချင်ဘူးတဲ့..။
ရှင်သန်ရှင်ခြင်းရဲ့ အဓိပါယ် မရှိတော့ဘူးတဲ့..။
နေံဖက်ဆို မင်းအကြောင်းအတွေးတွေ..။ ညဘက်ဆို မင်းအကြောင်း အိပ်မက်တွေ..
ခါးသီးတဲ့ အတွေ့အကြုံတွေ မင်းထားခဲ့တယ်တဲ့..။
ကိုယ်တစ်ယောက်ထဲ..။
အား..........................။
ချစ်သူလေးရေ..။
မင်းသွားမယ်လို့ ဆုံးဖြတ်ထားခဲ့ရင်လည်း..။
မင်းမသွားခင်မှာ ကိုယ်သိချင်ခဲ့တာလေးတွေ.. ပြောပြခဲ့ပါလား..။
ဘ၀တစ်လျှောက်လုံး မင်းလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့ တစ်ယောက်ဟာ..
ကိုယ်မင်းအပေါ် ဂရုစိုက်သလောက် မင်းအပေါ် သူဂရုစိုက်နိုင်မလား..။
ဘ၀ ခရီးကြမ်းတွေမှာ မင်းလျှောက်လှမ်းနေတုန်း လဲပြိုခဲ့ရင် မင်းဘေးနားကို သူ အရောက်လာလို့ မင်းကို ဖေးကူမလား..။ ရှိနေမှာလား..။
ကံကြမ်မာရဲ့ ရိုက်ချက် လောက်ကဓံတွေရဲ့ အထုအထောင်းတွေကြောင့် မင်းတစ်ယောက်ထဲ အဖေါ်မဲ့နေချိန်၊ အထီးကျန်နေချိန်မှာ သူ ရှိနေနိုင်မှာလား..။
အဲဒီနေရာမှာ သူမင်းကို ပစ်ခွာမလား..။
ကိုယ်စိုးရိမ်မိတယ်ကွယ်..။
ကိုယ့်ကို တစ်ချက်လောက်တော့ စိတ်ချမ်းသာအောင် ကိုယ် စိတ်ချသွားအောင် မင်း ပြောပြခဲ့ပါလား..။
ပြောခဲ့ပါလား..။
တစ်ချိန်က ချစ်ခဲ့တဲ့ သူတစ်ယောက်ကိုပေါ့လေ...။
________________________
ခင်ဗျားတို့
အခု ကျွန်တော် ပြောပြောခဲ့တဲ့
အချစ်အကြောင်း ဘယ်လောက် သိပြီလဲ..။
ဘယ်လောက်သိခဲ့သလဲဟင်..။
ကျွန်တော်ကတော့
ခုမှ ရိုးတိုးရိပ်တိပ် သိခဲ့သလိုပဲ..။
နေရာ၊ကာလ၊ ဒေသကို လိုက်လျောညီထွေစွာ
အသုံးမချတတ်ခဲ့တဲ့
မိုက်မဲလှတဲ့ ကျွန်တော့်အတွက်တော့.............။
============
_____ နိတိဌံ _____
(မြန်မြန် ဇာတ်သိမ်းပေးလိုက်တယ်...။ အားလုံး ပျင်းစရာကောင်းတဲ့ ဇာတ် မြန်မြန်သိမ်းပေးလိုက်တော့ ၀မ်းသာမယ် ထင်ကြောင်း...။ )
ဤဇာတ်လမ်းပါ ဇာတ်ကောင်၊ နေရာ၊ ဒေသများသည် စာရေးသူ၏ ကွန့်မြူးထားသော၊ ဖန်တီးထားမှု များသာ ဖြစ်သည်။ အမည်နာမ တိုက်ဆိုင်ခြင်း၊ နေရပ်ဒေသ တိုက်ဆိုင်ခြင်း၊ ဖြစ်ရပ်ဇာတ်လမ်းများ တူညီခြင်း စသည်တို့သည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။
မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ...။
(အတည်ပြောတာ)
16 comments:
  1. ဆယ်စုနှစ် ၃ ခုနီးပါးလောက် တောင်။
    ဖတ်လို့ကောင်းပါတယ်။
    ဇတ်သိမ်းကျမှ လာဖတ်ပြီး ရောချလိုက်ပြီ။။။အဟား)
    ReplyDelete
  2. ဘယ်တုန်းက ဆယ်စုနှစ် သုံးခု ဖြစ်သွားပါလိမ့်...။
    စာရေးတဲ့သူ ကိုယ်တိုင်တောင် လည်သွားတယ်...။ မျက်စိ...။
    ReplyDelete
  3. သီဟ အသက် ၃၀ ဝန်းကျငှ်ရှိပြီလို့ပြောချင်တာပါ။
    အပိုင်း(ရ) အကောင်းဆုံ့းဘဲ။
    ဇာတ်သိမ်းလိုက်လို့။
    မင်းသားသာ အစောကြီးကတည်းက ..သေလိုက်ရင် ကောင်းမှာ။ အပိုင်း၁ နဲ့တင်ပြီးသွားမယ်
    27 Mar 09, 01:03
    khet myint myint: အင်...အမ်.. ဒီလိုကိစ္စမျိုးရှိသလား!??? ကျတော်မျိုးကြီး သေသင့်ပါတယ် (ပေါင်ချိန်ကားများကို ပြန်လည်တမ်းတပြီး ရေရွတ်မိသည်)
ုjuneone လူလည်ကျသွားသည်။
    ReplyDelete
  4. အတော်လေးကောင်းတယ။် အပြစ်ရှာမတွေ့လိုက်ဘူး။ ဒီဆန်းတန်းစ် လေးတွေ ကြိုက်တယ်။
    ကျွန်တော့်နတ်သမီးလေးကို ကျွန်တော့်ဆီက ခင်ဗျား ဆွဲယူသွားတာတော့ လွန်တယ်ဗျာ..။
    ပြန်ပေးဗျာ..။
    ပြန်ပေး.........................................................................။
    ကိုယ်တစ်ယောက်ထဲ..။
    အား..........................။
    ခင်ဗျားတို့
    အခု ကျွန်တော် ပြောပြောခဲ့တဲ့
    အချစ်အကြောင်း ဘယ်လောက် သိပြီလဲ..။
    ဘယ်လောက်သိခဲ့သလဲဟင်..။
    ကျွန်တော်ကတော့
    ခုမှ ရိုးတိုးရိပ်တိပ် သိခဲ့သလိုပဲ..။
    နေရာ၊ကာလ၊ ဒေသကို လိုက်လျောညီထွေစွာ
    အသုံးမချတတ်ခဲ့တဲ့
    မိုက်မဲလှတဲ့ ကျွန်တော့်အတွက်တော့.............။
    ကွန်ကလူးရှင်းလေးလှတယ်
    ReplyDelete
  5. N2 အခြေအနေ ဘယ်လိုသဘောရသလဲ။
    ReplyDelete
  6. အခုခေတ်က..
    ဇာတ်သိမ်းမပေါင်းကြတာ ခေတ်စားနေတာလား..
    ပေးပေါင်းလိုက်ပါ..ကို.ဘရာ..
    ReplyDelete
  7. version နျစ်ခုလေးပေါ့။
    ReplyDelete
  8. မပြောရဲ မှတော့ ဘယ်လောက်ကြိုက်၂ မရဘူး။ မှတ်ထား။ကောင်းတယ်။
    ReplyDelete
  9. ၀တ္ထုကို ၀တ္ထုလို ဖတ်ကြပါဆို...................................
    ဟင့်....။
    ReplyDelete
  10. ကိုဘ ဇတ်လမ်းက အလွမ်းဇတ်လား ဟာသဇတ်လားဟင်.. ဘာလို့အပိုင်း (၇)နဲ့ရပ်လိုက်ရတာလဲ.. ဒီကကိုဘရဲ့ ဇတ်လမ်းတွဲကြီး စောင့်ဖတ်မလို့ဟာကို.. ( ပြီးသွားလို့ပြောတာ)..
    ကြားထဲမှာ ၅ နှစ်ကဘာလုပ်နေတာလဲဟင်.. သိမ်းချင်တော့လည်း သူပဲချက်ချင်း..
    ပေါက်ကလည်း ဟိုကနောက်တယောက်နဲ့ယူပြီးလို့ ဇတ်တောင်သိမ်းသွားပြီ ပေးပေါင်းခိုင်းနေတယ်.. ယောင်္ကျားနဲ့ကွဲ ကိုဘဆီပြန်လာ အဲ သီဟဆီပြန်လာ အဲလိုလား...ဟီဟိ
    ReplyDelete
  11. လွန်တယ်..အရမ်းကိုလွန်လွန်းတယ်။ ကြာစရာလား၅နှစ်။တော်သေးတာပေါ့ သူ့အမေသဘောတူသူနဲ့ စေ့စပ်သွားလို့ ..နို့မို့ဆို ခုထိစောင့်နေရအုံးမလားမသိ။ အင်း တိုက်ဆိုင်မူ့ရှိကခွင့်လွတ်ပါဆိုတုန်းက ယုံသွားလိုက်သေးတယ်။ (အတည်ပြောတာ) ဆိုတာကိုလည်းတွေ့ရော ...ယုံတော့ဘူး။
    ReplyDelete
  12. အင်း.... စိတ်ကိုနှစ်ပြီး ခံစားချက်အပြည့်နဲ့ ဖတ်နေကာမှ ဖြုံးကနဲ ပြီးသွားတယ်။ စိတ်မကောင်းလိုက်တာ။ အတည်ပြောတာ (မယုံနဲ့)
    ReplyDelete
  13. မတတ်သာလို့ ဇာတ်သိမ်းကို တိုတိုတုတ်တုတ် ဖြတ်လိုက်ရပါတယ်...။
    အကြောင်းကြောင်းသော (မယုံနဲ့...။)
    ReplyDelete
  14. စောင့်ဖတ်လိုက်ရတာ... ကိုဘရဲ့ ကိုယ်ပိုင် ဇာတ်လမ်းထင်လို့လေ
    ReplyDelete
  15. comment ဖတ်ပြီး ရယ်သွားတယ် သိလား Ko boyz ကို မနိုင်းနိုင်းဆီမှာတွေ့ လို့ ဝင်ဖက်ဖြစ် အဲလေ ဝင်ဖတ်ဖြစ်တာ ပါ အဟိ
    ReplyDelete
  16. ဖတ်ရုံပဲ ဖတ်ပါ...။ မဖက်ပါနဲ့ ကိုချပ်ကီ...။
    လူကို စတွန့်သွားတာပဲ...။ :D
    ReplyDelete