Monday, March 2, 2009

တွေးမိတာလေးတွေ (၂)

နေ့ကို လစားသဖြင့် လကို နှစ်စားသည်ဟု ထင်ချင် မှားပေမည်။
လကိုစားသည်မှာ လငပုပ်ပင်တည်း...။

ရော်ရွက်ဝါတို့ ကြွေသည်ကို မြင်၍ သံဝေဂ ရသူများ ရှိပေလိမ့်မည်။
အမှိုက်ကျုံးကုလားမှာကား အနှီ ရော်ရွက်ဝါများ ကြွေကျတိုင်း စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ဆဲနေချိမ့်မည်။

အောက်ထပ် မြက်ခင်းပြင်ဆီမှ မော်တာလေမှုတ်သံကို ကြားလျင် မြန်မာပြည်မှ ဓါတ်ဆီဆိုင်တွင် ဓါတ်ဆီထုတ်ရန် တိုးတန်းစီနေသော ကားများကို သတိရမိ၏။ သဘာဝ သယံဇာတ ဟူ၍ အလျဉ်းမရှိသော ဤကျွန်းပိစိတွင် သစ်ရွက်အမှိုက်များကို တံမြက်စည်း မလှဲပဲ လေမှုတ်မော်တာဖြင့် လိုရာသို့ မှုတ်ထုတ်နေသည်ကို အောင့်သက်သက် ကြည့်မိသည်မှာ အလီလီ...။ အနှီအမှိုက်များကို တံမြက်စည်း အကျဲဖြင့် လှဲချသော် လောင်စာဆီ မသက်သာအံ့လော။

လတ်လတ်ဆတ်ဆတ် ခုတ်ထစ်ရောင်းချသော အသားနှင့် ရေခဲရိုက်ထားသော အသားများကို အသားပါတာချင်းတူတူ၊ အာဟာရတန်ဖိုးချင်းတူတူ ဖြစ်သည်ဆို၏။ ရေခဲရိုက်ထားသည်က ထက်ဝက်မျှ ဈေးချိုသောကြောင့် ရေခဲရိုက်သားများ စားရန် ဆိုင်ရာမှ နိုးဆော်၏။ သို့သော် အဆိုပါ ရေခဲရိုက်သားများသည် ရက်ပေါင်း မည်မျှကြာအောင် ခဲထားခဲ့သည်ကို ဆန်းစစ်ကြည့်မိပါ၏လော။

ပင်နီစူလားပလာဇာတွင် ကြော်ငြာတစ်ခု၌ ယင်းဂလိပ် စာသားတစ်ခုပါရှိလေသည်။
“Terms and Conditions Applied”
အဆိုပါ ယင်းဂလိပ်ကို မြန်မာမှု ပြုရာ အောက်ပါအတိုင်း ဘာသာပြန်ထား၏။
“ဝေါဟာရနှင့် အခြေအနေများ သတ်မှတ်ပြီး” ဟူသတတ်။

Oversea ဟုဆိုတိုင်း ပင်လယ်ရပ်ခြားဟု ဘာသာပြန်သင့်သလော...။ သို့ဆိုပါက Offshore ကို မည်ကဲ့သို့ ဘာသာပြန်သင့်သနည်း။ (ဆရာမြသန်းတင့်ကို သတိရမိ၏။)

အများနှင့် အလုပ်လုပ်သော် မှတ်တမ်းမှတ်ရာ ထားရှိရန် အရေးကြီးသည်ကို သတိပေးလို၏။

တော်သေဘီ။

ခေတ္တ ကျွန်းပိစိရောက်
အကောင်းစား လူချော နာမည်ကြီး မောင်ဘွိုင်း
(အန်တီဂွိကို အားကျ၍ နာမည်ကြီး ဆိုသည့် စကားရပ်ကို ယူသုံးသည်။)

26 comments:

  1. overseas နိုင်ငံရပ်ခြား မပြောချင်ရင် ပင်လယ်ပေါ်မှာလို့ပြောချလိုက်
    စာပျံဘာ...

    ReplyDelete
  2. ရေမျောလိုက်ကမ်းတင်လိုက်လို့ပြောလဲရတယ်
    ငှဲငှဲငှဲ

    ReplyDelete
  3. ပင်လယ်ကိုကျော်၍ ဟု လှတပတပြန်လျှင်မသင့်လော ..အကောင်းစား နာမည်ကြီး ဆြာဘွိုက် ခင်ဗျား။

    ReplyDelete
  4. ဖတ်ရှုပြီး လိုအပ်တာတွေ မှာကြားသွားတယ်။ ကျွန်းပိစိလေးက ပူအိုက်စွက်စိုတယ်ဆိုတိုင်း ကောင်မလေးတွေ တိုနှံ့နှံ့ဝတ်ကြတာကော ဘယ်လိုတွေးမိရင်ကောင်းမလဲ။
    ဆိုင်ဆိုင် မဆိုင်ဆိုင် လတ်တလောတွေးမိတာလေး မန့်လိုက်တယ်။ :P

    ခပ်မြင့်မြင့်

    ReplyDelete
  5. သဘာဝ သယံဇာတ အလျဉ်းမရှိ ကျွန်းပိစိမှာ သစ်ရွက်အမှိုက်များကို တံမြက်စည်း မလှဲပဲ လေမှုတ်မော်တာနဲ့လှဲသတဲ့လား.....သူတို့ကများ ရာရာစစ မတန်မရာသိပ်လုပ်တာပဲ...များတို့လို သဘာဝ သယံဇာတ ပေါများတဲ့မြန်ပြည်ဆိုထားပါတော့ ..ဒါတောင်ချွေတာတဲ့အနေနဲ့ တံမြက်စည်းကျဲနဲ့ပဲလှဲတယ်။ :P

    ReplyDelete
  6. တံမြက်စည်းကျဲလည်း အပင်ခုတ်ရတာပဲ၊ သဘာဝကြီးကို ထိခိုက်တာပဲ။ ပါးစပ်၊ ဟုတ်တယ် ပါးစပ်၊ သဘာဝကြီးက ပေးထားတဲ့ ပါးစပ်ဆိုတာရှိတယ်၊ အသက်ပြင်းပြင်းရှူပြီး အားနဲ့မှုတ်ထုတ်ရင် သစ်ရွက်တွေ ခံနိုင်ရိုးလား၊ လုပ်စမ်းဘာ၊ ဒီလိုဆန်းသစ်တီထွင်မှုတွေ ဒို့မြန်မာနိုင်ငံကြီးမှာ လိုအပ်နေဘီ။

    ReplyDelete
  7. ရေခဲရိုက်သားများ ရေခဲရိုက်သားများသည် ရက်ပေါင်း မည်မျှကြာအောင် ခဲထားခဲ့သည်ကို ဆန်းစစ်ကြည့်မိပါ၏လော။
    အင်း...
    အလွန်ဆုံးရှိလှ စားခါနီးရေဆေးရင် သွေးမထွက်တော့ရုံလောက်နေမှာပေါ့ :D

    ReplyDelete
  8. ဒီတခါ MP နှင့်တွေ့လျှင် တင်ပြပေးပါမည်။ ရေခဲရိုက်သားဖြစ်ဖြစ်၊ မရိုက်သားဖြစ်ဖြစ် ဂရုမစိုက်ပါ။ စားရုံသက်သက်သာ တာဝန်ရှိပြီး ချက်ရန်တာဝန်မရှိ၍ ဖြစ်သည်။ car ကို ဘာသာပြန်ကြသော ဇာဂနာတို့အဖွဲ့ကို သတိရသည်။

    နောက်ဆုံးအနေနှင့်သတိပေးလိုက်သည်။ ကိုယ်ဥာဏ်မမှီသော အကြောင်းအရာကို မစဉ်းစားနှင့်ဟု မြတ်စွာဘုရားဟောကြားထားသည်။ ဟုတ်လားမဟုတ်လား ကိုယ့်ဘာသာကိုယ် လေ့လာပါရန်

    ReplyDelete
  9. ၁။ နေ့ကိုလစား .လကို နှစ်စား
    နှစ် ကိုသုံးစားလျင်အချိန်ကုန်သွား၏။

    ၂။ရော်ရွက်ဝါတို့မြေမှာကြွေသည်မှာ လှပသော ပန်းချီကားတစ်ချပ်နှယ် ခံစားမိသည်။

    ၃။ လောင်စာဆီထက် လူက ဈေးပိုကြီးပါသည်။

    ၄။ ရေခဲရိုက်က လွတ်သာပစ်ချင်၏။ သင်္ကြန်တွင်မူ ရေခဲ ရိုက်က. ပျီူပျိုမေ တို့ခိုက်ခိုက်တုန် ၍ ကိုကို တီို့ ……( ကွက်လပ်ဖြည့်ပါ)

    ရေခဲရိုက်သားသည်. လုံးဝ အရသာမရှိ. ချက်ရခက်လှသည်။ မည်သို့မျှ အရသာမရှိ။ လတ်ဆတ်မှ ကောင်းသည်မှာ နိယာမတည်း။

    ၅။
    http://www.micktravels.com/china/signs/21-funny-chinese-sign.jpg

    ၆။ Oversea= ပင်လယ်ပေါ်တင်
    ရေမျောကမ်းတင်.
    ဇနကမင်းသား လို့လဲ ခေါ်နိုင်သေးတယ်။
    ပင်လယ်ကိုကျော်၍.
    ဒါးတောင် ကိုဖြတ်မည်။
    မြသန်းတင့်

    ၇။ Off shore’း ကမ်းခြေပြင်ပ

    ၈။ အများနှင့်လုပ်သော်မှတ်တမ်းထား
    အနညှ်းလိုသော် အများစားခြေ

    ၉။ တော်သင့်ပြီ။
    မိမိ ရေးပြီးသော်လည်း ဘာတွေမှန်ူးမသိ.မိမိ ကိုယ်တိုင်နားမလည်။

    ReplyDelete
  10. အနှီပို့စ်နှင့် အနှီကွန်မက်များကိုဖတ်၍ စိတ်နှင့်ငါနှင့် ညစ်သွားပါ၏။ ညစ်လျှင်ဆပ်ပြာမှုန့်များပိုရောင်းရ၍ ရောင်းချသူတို့ ပျော်မြူးကြပေလိမ့်မည်။ ပျော်ခြင်းသည်နေရာတကာ ကောင်းပါသလော။

    အများသူငါနှင့် အလုပ်လုပ်ခြင်းဖြစ်၍ မှတ်တမ်းထားခဲ့ခြင်းသာ ဖြစ်လေသည်

    ReplyDelete
  11. သိပ်အားနေလားဟင်။ ဟိုစဉ်းစားဒီစဉ်းနဲ့။
    မကေအိုအမ်ရဲ့ လက်ချာအတိုင်း
    လိုက်နာဖို့ စဉ်းစားပါ။

    ReplyDelete
  12. mm..
    အစ်မဘာတွေ ပြောမိသလလဲဟင်။ ပြောတာ များလွန်းလို့ ဘာကို လိုက်နာခိုင်းရမှာလဲ ။

    ReplyDelete
  13. >>ဆင်ဆင်<< - ပင်လယ်ပေါ်မှာ ဆိုရင်လဲ မဆိုးဘူး။ မှတ်ထားဒယ်။ စာပျံပုံ ပျံနည်း သင်ပေးပါ။ (ဘေ့စ်စစ် နည်းသွားပြီလို့ အထင်ခံရတော့မှာပဲ။)

    >>ကာကာ<< - ရေမျောလိုက်၊ ကမ်းတင်လိုက် ဆိုတာက ဒိုက်ဖတ်တွေနဲ့ပဲ အကျုးဝင်တယ်။ ဒိုက်ဖတ်တွေက ပင်လယ်ထဲထိ မရောက်ဘူး။ ရေငန်နဲ့ တွေ့ရင် အပင်လေးတွေ သေကုန်တယ်။

    >>မစ်စတာဒီဘီအေ<< - He goes Oversea ဆိုရင် သူပင်လယ်ကို ကျော်၍ သွားသည်ပေါ့...။ အဲလိုလား..။

    >>khmyt<< - ဒီက မပူလဲ ကောင်မလေးတွေက တိုနံ့နံ့လေးတွေ ၀တ်နေမှာပါ။ ရာသီဥတု အက်ဖက် မပါပါ။ တွေးစရာ မလိုတဲ့ အချက်ပါ။ ပေါ့ပ်အိုင်း(PopEye) လက်မောင်းလို ခြေထောက်နဲ့ ကောင်မလေးတွေတော့ ဘာ့ကြောင့် ၀တ်တယ်ဆိုတာ သိချင်တယ် ဆရာရယ်...။
    လောလောဆယ်တော့ ဒါလေဒကြည့်ပြီး သံဝေဂ ရနေတယ်ဗျာ...။ (အမောင်တီဇက်အေ ရိုက်ထားသောပုံကို ခွင့်မတောင်းပဲ ယူသုံးသည်။ ခွင့်မလွတ်ပါနှင့်။)
    http://farm4.static.flickr.com/3507/3262669749_8aa5db4473.jpg?v=0

    >>ကြည်<< - မြန်မာပြည်က သဘာဝ ထိန်းသိမ်းရေးမှာ ပထမဆု ရသင့်တယ်။ ပလပ်စတစ်အိတ်များ၊ ရေသန့်ဗူးများကို ရီဆိုင်ကယ် လုပ်တာ... စက္ကူ အဟောင်းကို ပြန်ကြိတ်ပြီး ဘားပြာလို့ ခေါ်တာဲ့ စက္ကူတွေ ပြန်ထုတ်တာ စသဖြင့်.. စသဖြင့်ပေါ့။

    >>တီဇက်အေ<< - အရင်ဦးဆုံး အဲဒီ လူက လေအားသုံး အမှိုက်လှဲနည်းကို တစ်ကယ် သုံးလို့ ရမရ တီထွင်သူက ၃လ သရုပ်ပြရပါမယ်တဲ့။ လောလောဆယ် အိမ်အောက်က ရွက်ကြွေတောမှာ စမ်းသပ်ကြည့်ပါလေ...။

    >>Phyo Maw<< - ရေခဲရိုက်သားများသည် Frozen ဖြစ်အောင် ဘယ်လောက် သိုလှောင်ထားသလဲဆိုတာ မသိပါ။ အဲဒါလေးတစ်ခုပဲ ဆိုးတာပါ။ ကျန်တာ ဈေးသက်သာတာ တစ်ခုတည်းနဲ့ အဆင်ပြေနေပါပြီ။

    >>ကလူသစ်<< - အမ်ပီနဲ့တွေ့ရင် အမှိုက်လှဲရာမှာ ဒီ့ထက် တိုးတိတ်ညင်သာတဲ့ နည်းလမ်းကို ရှာကြံ အသုံးပြုဖို့ ပြောပေးပါလေ။ အားလပ်ရက် အိပ်ရမလား မှတ်ပါတယ်... အဲဒီ လေမှုတ်မော်တာနဲ့ နားမုဒိမ်းကျင့်ခံနေရလို့ပါ...။

    ညဏ်မှီမမှီ မသိပါ။ တတ်နိုင်သလောက် ကိုတာ ပြောသလို ဆန့်ထွက် တွေးခြင်းပါ။

    >>အန်တီဂိ<< - တရုတ်ပြည်က ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ကိုသာ သဘောကျမိပါသည်။ မှတ်တမ်းတင်သွားသည်။ ကမ်းခြေပြင်ပ ဟူသော ဝေါဟာရကို နှစ်ခြိုက်မိပါသည်။

    >>မြိုး<< - ဤဘလော့၊ စီပုံးနှင့် ကော်မန့်များကို မှန်မှန်လာဖတ်ပါ။ တုံးနေသော ဓါးကို နေ့တိုင်း သွေးပေးလျင် ထက်မြချွန်ရှ လာသကဲ့သို့ အသင့်တွေးတောစွမ်းရည်၊ ဦးနှောက်အဆင့်အတန်း၊ IQ များ တိုးတက်လာမည်ကိုတော့ အာမ မခံ။ ရူးသွားနိုင်သည်ကိုတော့ မြေကြီးလက်ခတ် မလွဲ ပြောနိုင်သည်။
    မှတ်တမ်းထားပါ...။

    >>သုနှင်းဆီ<< - ကေအိုအမ်ကိုယ်၌က ဘာတွေ ရေးမိမှန်း မသိဆို၍ လိုက်နာရန် အသင့် မဖြစ်သေး။

    >>အန်တီဂိ<< သုပြောသည့်အတိုင်း မည်သည့် အချက်ကို လိုက်နာရမည်ကို ဆုံးဖြတ်ပါလေ...။

    ReplyDelete
  14. နဂိုထဲကမှ သိပ်မပြည့်ရတဲ့ ကြားထဲမှာ ဒါဖတ်ပြီး ပြား၈၀ သို့ ထိုးကျသွားပြီ။

    ReplyDelete
  15. လင်း လာမဖတ်တာ တော်တော်ကြာပြီနော်.. နေကောင်းရဲ့လား။
    ပုံမှန် ဖတ်သွားပါ။ အပေါဒီဂရီ ဒီထက် ပိုတိုးသွားပြီး ငါးမတ် ဖြစ်သွားမယ်...။

    ReplyDelete
  16. ငါးမတ် ကို ငါးမူးနှူတ် ရင် ဘယ်လောက်ကျန်မလဲ။

    ReplyDelete
  17. သုံးမတ်များ ကျန်မလားလို့ မ၀ံ့မရဲ ဖြေသွားတယ်...။ ဘေ့စ်စစ်က နည်းရှာတာကိုး...။

    ReplyDelete
  18. ရေးထားတာမိုက်တယ် ဒါပိုကြိုက်တယ်... :P >>> အမှိုက်ကျုံးကုလားမှာကား အနှီ ရောက်ရွက်ဝါများ ကြွေကျတိုင်း စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ဆဲနေချိမ့်မည်။

    ReplyDelete
  19. သိပ္ပံမောင်ဝ ဖတ်တာ နည်းနည်းများသွားလို့ပါ မထနောင်းရေ့...။ လာလည်တဲ့အတွက် ကျေးဇူးပါ...။

    ReplyDelete
  20. offshore can be translated into ကမ်းလွန်

    ReplyDelete
  21. ကိုသီဟကျော်ဇောရေ...
    ကမ်းလွန်လို့တော့ အများပိုင်းက သိတယ်။ ကမ်းလွန်ရေနံ့တွင်း၊ ကုန်းတွင်း ရေနံတွင်း စသဖြင့်ပေါ့။ သို့သော် ကျွန်တော်တို့ မြန်မာ အသိုင်းအ၀ိုင်းမှာ သဘောင်္လိုက်တာကို အော့ဖ်ရှိုးဂျော့ဘ်ဆိုပြီး သုံးနေတာ များတော့ ပိုမိုသင့်တော်မယ့် အသုံးအနှုန်းကို ရမလားလို့ ရှာကြည့်တာပါ။

    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  22. ဘာမှပြောစရာမရှိ ရယ်သွားသည် :P

    ReplyDelete
  23. ရယ်ဘဲ ရယ်တတ်တယ်။

    ReplyDelete
  24. >>> အကောင်းစား လူချော နာမည်ကြီး မောင်ဘွိုင်း<<<

    စကားပုံရှိတယ်။ “နွားကြိုက်တော့ ရှမ်းချော” တဲ့။ ကိုဘွိုင်းဇ်ကို နွားနှစ်မှာ ဘယ်သူကြိုက်နေလဲဟင်။

    ReplyDelete
  25. 13 Mar 09, 20:26
    ရွှန်းမီ: comment ပေးမရ ဖြစ်နေလို့ပါ.. ပြုံးသွားပါတယ်... offshore: ကမ်းလွန်ပင်လယ်

    ReplyDelete
  26. offshore = ကမ်းကုန်

    ReplyDelete