Sunday, March 29, 2009
စမ်းသပ်မှု သေးသေးလေးတွေ
အရင်က ဆော့ဖ်ဝဲတွေ ရရင် ကွန်ပြူတာထဲ ထည့်ပြိး ဟိုကလိ.. ဒီကလိပေါ့လေ...။
အဲဒီတုန်းက ရန်ကုန်အိမ်မှာက DeskTop ကွန်ပြူတာဆိုတော့ sound card က သတ်သတ် စိုက်ထားတယ်။
ရလာတဲ့ ဆော့ဝဲက အသံသွင်း ဆော့ဝဲတစ်ခု။
ဆိုနီက ထုတ်တဲ့ Acid 5.0 မှတ်တာပဲ။
မိုက်ကရိုဖုန်းကလဲ လက်ထဲ အဆင်သင့်၊ ဘေးနားမှာ လတ်တလော ထွက်ထားတဲ့ ၀ိုင်ဝိုင်းရဲ့ သမင်လည်ပြန် လိုက်ဖ်ရှိုး အခွေက ရှိနေ...။
ဆိုတော့ ကလိတယ်ပေါ့ဗျာ...။
မိုက်ကြိုး သေချာတပ်၊ ဆောင်းကဒ်ကို အင်ပွတ်ဘာညာ သေချာ ပြန်ရွေး၊ ဆော့ဝဲကို သေချာ အင်စတောလ်လုပ်၊ မန်နျူရယ်ကို သေချာဖတ်ပြီး သကာလ... သုံးညလောက် လူခြေတိတ်ချိန်၊ အိမ်မှာ လူမရှိတဲ့ အချိန်ကို ရွေးပြီး စမ်းသပ်လိုက်တော့ နားဒုက္ခ ပေးစရာ သီချင်း သုံးပုဒ် ထွက်လာပါတယ်...။
မူရင်း သီချင်းလေးတွေက ဖျက်ဆီးလို့.. အဲ နားထောင်လို့ အလွန်ကောင်းပါတယ်...။ ဖျက်လိုက်တော့ တော်တော်ကို ဆိုးရွားသွားတယ်...။ ဟဲဟဲ...။ အသံလေးက ဒီအတိုင်းဆို နည်းနည်းခြောက်နေတော့ စိုသွားအောင် အက်ခိုးလေး မဆိုစလောက် ထည့်ထားလိုက်တယ်...။
ပထမတစ်ပုဒ်
အချစ်မဲ့ နိဂုံး” ပါတဲ့...။
ဒုတိယ တစ်ပုဒ်ကတော့
ကြိုးမဲ့စွန်” ဖြစ်ပါတယ်။
တတိယ တစ်ပုဒ်ကတော့
သမင်လည်ပြန်” ဖြစ်ပါတယ်။
ဝိုင်ဝိုင်းများ လာနားထောင်မိရင် ဒီလိုက်ဖ်ရှိုး အခွေကို ထုတ်ဖို့ သူသဘောတူမိတဲ့ အတွက် နောင်တတွေ တစ်လှေကြီး... ရပြီး ဆူဇိုက်လုပ်မိက တာဝန်မယူပါ။
ထိုနည်းလည်းကောင်း ဒေါင်းလုပ်လုပ်ပြီး နားထောင်မိလို့ ဆယ်ရက်လောက် စားမ၀င် အိပ်မပျော် ဖြစ်သွားပါကလဲ တာဝန်မယူပါ။
Use it at your own risk.
Copy Left 2009.
ဒီလိုပဲ ကြုံရင် ကြုံသလို ဆားချက်တတ်တယ်ဗျာ...။
စကားမစပ်... အခုနေများ “အယ်လ်လွန်းဝါ သီချင်းများကို ဗွီစီဒီကာရာအိုကေ ဗားရှင်း (သီဆိုသံမပါ) ဆိုတာ ရခဲ့ရင်” ဆိုတဲ့ ချဉ်ခြင်းလေး ဖြစ်နေမိတယ်...။
သီချင်းလင်ခ့်ဘေးက နှိပ်လိုက်ရင် အော်တိုပလေးလို့ရအောင် ကူညီပေးတဲ့ ညီမလေး ပေါက် ကို ကျေးဇူးတင်ပါတယ်...။
18 comments:
  1. အကျိုးနဲ.. အယ်လ်လွန်းဝါသီချင်းတွေကို ဖျက်ဦးမလို့တဲ့..
    ပဲ့ကိုင်သီချင်းလေးတင်လိုက်လေ..
    ReplyDelete
  2. Acid က FL Studio နဲ့ အတူတူပဲ ထင်တယ်... ကိုဘွိုက်ဇ်လုပ်ထားတာလေးတွေ ကောင်းသားပဲဟာ...
    အားပေးနေပါတယ်...
    ReplyDelete
  3. ချကားမပီတာကိုပါ အတုခိုးထားတာကိုးး)
    ReplyDelete
  4. သွားနားထောင်မိတယ်..ဒုက်ခ။
    ReplyDelete
  5. ဘုရား၊ဘုရား။။
    ReplyDelete
  6. ကောင်းပါတယ်ဗျ။ ကျွန်တော်တောင် ပိုးပြန်ဝင်လာပြီ။ ခင်မောင်တိုးသီချင်းတွေ ဖျက်ဦးမယ်။ အဲလေ ဆိုဦးမယ်ပြောတာ။ ခုနောက်ပိုင်း အသံနဲ့ရော ပြန်ဆိုပါဦးလား။ အသက်အရွယ်ကို လိုက်လို့ အသံတွေ ဘာတွေပြောင်းသွားနိုင်တယ်လေ။
    ReplyDelete
  7. ဘွိုင် ဘွိုင်းးးးးးး carry on!!!
    ReplyDelete
  8. ကိုဘွိုင်း.. မဗေဒါတောင် စမ်းချင်လာပြီ.. အဟီး...
    ReplyDelete
  9. ကိုဘွိုင်း အသက်ဘယ်လောက်ရှိပြီလဲတော့ မသိဘူး... အသံကို နားထောင်ရတာတော့. ခပ်ငယ်ငယ်ကောင်လေး အသံနဲ့တူတယ်...
    ReplyDelete
  10. ဒါက ဘွိုက် ရဲ့စတိုင်နဲ့ဆိုထားတာပေါ့လေ။ နားထောင်သွားပါတယ်။အယ်လ်လွန်းဝါ သီချင်းလေးတွေရလို့ ဆိုဖြစ်ရင်လည်းရှယ်ပါအုံးနော့။ စီးရီးထုတ်ရင်လည်း အားပေးမယ်။(အတည်ပြောတာ)
    ReplyDelete
  11. tha min lae pyan not bad.... really nice....
    ReplyDelete
  12. လောကကြီးကို စိတ်ကုန်တာ အဲ့တာတွေလဲပါတယ် :(
    ReplyDelete
  13. အခုလို ချီးကျူးထောပနာ ပြုတဲ့ စကားလေးတွေ တစ်လှေကြီး ရတဲ့ အတွက် နောက်ကို ဒီလိုမျိုးတွေ ထပ်ခါ ထပ်ခါ တင်ပေးပါမယ် ဆိုတဲ့ အကြောင်း... ဟိဟိ
    ReplyDelete
  14. ဒီ ဘွိုင် ဘွိုင်း ဆိုတဲ့ အဆိုတော်လဲ ကောင်းတာပဲ
    ReplyDelete
  15. အသံကတော့ မဆိုးပါဘူး ဒါပေမယ့် ၀ိုင်ဝိုင်းလို ဆွေးဆွေးမြေ့မြေ့အသံဖြစ်သွားအောင် ကောင်မလေးကို အသဲခွဲခိုင်းလိုက်ရင် ပိုကောင်းသွားမယ်။ :) အသံ effect လေးတွေထည့်ထားတာ လန်းတယ်ဗျာ။ အားပေးတယ်
    ReplyDelete
  16. အသဲမကွဲခင်တုန်းက ဆိုထားတာ။
    အခုနေများ ပြန်ဆိုလိုက်ရင် ၀ိုင်ဝိုင်း လက်မှိုင်ချသွားရမယ်...။
    အက်ဖ်ဖက်လေးတွေက အသံနည်းနည်း ခန်းခြောက်နေလို့ စိုသွားအောင် လွင်လွင်လေး ထည့်ပေးလိုက်တာပါ။
    မိုက်အင်ပွတ်က နွိုက်စ်နည်းနည်းများ သွားလို့ ဖျောက်ချင်လို့ပါ..။
    ReplyDelete
  17. Someone told me to go and listen to your songs coz you sang so well. I am normally quite critical of one's style of singing and voice (not necessarily I know so much about music) but I have no complaint here. Great Job!
    By the way, how do you make the sound to be recording quality not like karaokae quality?
    ReplyDelete
  18. I'm using Sony Acid 5.0 to record and edit the song.
    first record the karaoke song and add it the software.
    second play that song and sing along while recording.
    ReplyDelete