တစ်လနေရင် တစ်ခါ လာတတ်တယ်။
လူကို ဖမ်းစားတတ်တယ်။
သူလာရင် ပျော်တယ်...။
ဒါပေမယ့် အဆင်မသင့်ရင် ခေါင်းကိုက်တယ်။
စိတ်တိုရတယ်...။
ဒေါသထွက်ရတယ်။
ဒီနေ့လဲ လာပြန်ပြီ...။
အောက်မှာသာ ကြည့်ပေတော့...။
သိတယ် မဟုတ်လား...။ တစ်လ နေရင် တစ်ခါ လာတဲ့ကောင်...။ မသိသေးဘူးလား...။
ဒါက နောက်ကျောက ရိုက်ထားတဲ့ပုံ...။ မသိသေးဘူးလား...။ အောက်ကပုံကို ဆက်ကြည့်ဦး...။
ကဲဒီလောက်ဆို သိပြီပေါ့...။ ဟမ်.. မသိသေးဘူးလား...။
ဗရိုက်ဗိတ်လို့တောင် ရေးထားသေးတယ်ဗျာ...။ပေးစလစ်ဗျ...သိပြီလား...။
တစ်လတစ်ခါပဲ ပေးတယ်...။ လက်ထဲကို ဒီစာရွက်လေးပဲ ရောက်တယ်...။ ဘဏ်ထဲကို ထည့်ပေးတယ်..။ ဘာ.. ချက်ချင်း ထည့်ပေးတာလား...။ နိုး... နိုး.. နိုး...။ ည၁၂ နာရီတိတိမှ ၀င်တယ်ဗျား...။ ခုတော့ ဘယ်လောက် ဖြတ်ထားတယ်ဆိုတာ သိရအောင် လကုန်ရက်မှာ လာပေးထားတာ။ သန်းခေါင်မှပဲ သိမယ်...။
မတ်လ အတွက် လစာပေါ့...။ ဖြတ်တာက ပိုများနေတယ်...။ နောက်ကျလို့.. ဟိုဟာပျောက်လို့...။ ဒီဟာ ပျောက်လို့...။
ဘဏ်ထဲ ၀င်လာတဲ့ အမောင့်တွေကလဲ ကြာကြာမခံပါဘူး...။ ဟိုဟိုဒီဒီဆီက ချေးတာကို ပြန်ဆပ်ပြုတာရယ်...၊ အိမ်လခပေးရတာရယ်...။ ဘာညာ သာရကာ များနှင့် အတူ.. လွင့်ပါးသွားတဲ့ ကိန်းဂဏန်းများသည်လည်း..... ပေါ့လေ...။
အော်.... ခုတော့လဲ သူတစ်ယောက်တည်း လဲလျောင်းနေရှာရောပေါ့....။ သွားလေရော့လဟယ်....။ ဘဏ်စာအုပ်တောင် မဖွင့်ကြည့်မိတာ ကြာပေါ့...။
စမ်းသပ်ချက်
1 year ago
ပထမဆုံးပုံကထဲက သိသားပဲ.. မနက်က စီပုံးမှာအော်ထားတာနဲက ဆက်စပ်ကြည့်လိုက်တာ...
ReplyDeleteနာတွ..။
လန့်သွားတာပဲ..
ReplyDeleteကိုဘ က ဆင်ဆင်တို့ မမတို့..မြိုးတို့..အမ်အမ်တို့လိုပဲလား
ဆိုပြီး...
ဘာလဲပေါက်....ဆင်ဆင်တို့ မမတို့..မြိုးတို့..အမ်အမ်တို့လိုပဲလား ဆိုတာ.. တို့လဲ ပေးစလစ်မရပါဘူး.. အဲဒီတော့ ကိုဘလည်းတို့လိုပဲ..အတူတူပဲ..
ReplyDeleteပေးစလစ် = ကုန်စလစ်
ReplyDeleteအေးလေ ဘာကြီးလဲလို့  :)
ReplyDeleteတစ်လတစ်ခါလာတဲ့ ဧည့်သည်ဆိုတော့ ဘာများလည်းလို့
ReplyDeleteလတ်ဆပ်သတ်တော့ ဂလိုကိုး ဟီးးဟီးးးးးး
ပထမဆုံအပိုဒ်ကတော့ဒွိဟ ဖြစ်သွားမိတယ်။ နောက်ဆုံးအပိုဒ်ကတော့ ဖတ်ပြီးသောသကာလဘဏ်စာအုပ် ဖွင့်ကြည့်လည်းမထူးပါဘူးလေလို့စဉ်းစားပေးလိုက်တယ်။
ReplyDeleteစဉ်းစားမိသေးတာက ဘဏ် ATM မှာဘာလို့ update လုပ်နေကြတာလဲလို့။ တို့ဆို update လုပ်စရာမလိုဘူး သိပြီးသား ရာဂဏန်းဘဲရှိတယ်။ တစ်ခါတလေတော့ ခေါက်ကြည့်ရသေးတယ။် MRT ကဒ် သက်တမ်းတိုးကာနီး ကဒ်ထဲမှာ ပိုက်ဆံမှ ရှိရဲ့လားဆိုပြီ။
ဘဏ်စာရင်း မကြည့်တာ ကြာပြီ
ReplyDeleteအော်. တမ်းတလိုက်ရင်ရောက်လာတတ်တယ်နော်။ မီယာ. အစ်မလည်းတမ်းတနေပါတယ်။မီယာလေး မလာတာကြာပြီဆိုပြီး။ တို့ပြောတာ ကြားပါသလား။ မီယာ။....
ReplyDeleteမီယာလည်း တို့နဲ့ အတူတူပါဘဲလား။ ကိုဘနဲ့လည်းတူတယ်။
ReplyDeleteမေမိုးကိုလည်း တမ်းတနေပါတယ်။ ကြားစေချင်လိုက်တာ။...
ReplyDelete