Thursday, December 25, 2008
ကျေးဇူးပါ မေမေ။ (25 Dec '08)
အေးချမ်းတဲ့ ဒီဇင်ဘာဆောင်းညတစ်ည။
မြူနှင်းတွေဟာ သြကာသ တစ်ခွင်ကို ၀ိုင်းပတ်နေတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော် အဲဒီညမှာ Bethlehem ခေါ်တဲ့ အရပ်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် လာခြင်းကောင်းတဲ့ အရှင် ဖြစ်လာမယ့် သူငယ်တစ်ပါး ဖွားမြင်ခဲ့တယ်။
အဲဒီ ခရစ်တော် ဖွားမြင်ခဲ့တဲ့ ရက်ကို ခရစ္စမတ်နေ့ ရယ်လို့ သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်များက နေ့ထူးနေ့မြတ်တစ်ခု အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတယ်။
အဲဒီအချိန်မှာဆို Carol Singing ကယ်ရို စင်းကင်း တေးသံတွေ လွှမ်းခြုံနေတဲ့ အခါသမယလဲ ဖြစ်တယ်။
ဆိုင်ရာ ဘုရား ရှိခိုးကျောင်း ချာ့ခ်ျ တွေမှာ ဘုရားသွား ကျောင်းတက်သူတွေနဲ့ စည်ကားနေလို့ပေါ့။
Rome နိုင်ငံက စိန့်ပီတာ ဘုရားရှိခိုးကျောင်းမှာ Christian များ အလေးအမြတ်ထားတဲ့ ဂိတ်တံခါး (Holy Door or 'Porta Sancta') ဆိုတာ ရှိတယ်။ တစ်ချို့က အဲဒီ ဂိတ်တံခါးဟာ ကောင်းကင်ဘုံ ကိုဖြတ်သန်းဖို့ အသုံးပြုရတဲ့ တံခါးလို့ ယုံကြည်ကြတယ်။ အဲဒီ ဂိတ်တံခါး ကို ၂၅ နှစ်မှ တစ်ကြိမ်သာ ဖွင့်တယ်။ အဲဒီ ဂိတ်တံခါးကို ဖွင့်တဲ့နှစ်ကို holy year လို့ ခေါ်ဆိုကြတယ်။ အဲဒီနှစ်မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ဂိတ်တံခါးကို ငွေတူနဲ့ အသာ ရိုက်နှက်ပြီးတော့ ဖွင့်တယ်။ အဲဒီ holy year နှစ်ကုန်ဆုံးသွားရင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ပြန်ပိတ်ပေးတယ်။
အဲဒီဂိတ်တံခါး ပွင့်တဲ့ တစ်ခုသော Holy Year ရဲ့ တစ်ရက်သော ခရစ္စမတ်ညမှာပေါ့။
ချမ်းအေးတဲ့ နယ်စပ်တောင်ပေါ်မြို့လေးဟာ ခရစ္စမတ် ရာသီ ထုံးစံ ဖြစ်တဲ့ အတိုင်း ကယ်ရိုစင်းကင်း တေးသံသာ တွေ လွှမ်းခြုံနေခဲ့တယ်။
ဆောင်းရဲ့ သင်္ကေတ ဖြစ်တဲ့ ဆီးနှင်းများဟာလဲ အဆက်မပြတ် ကျဆင်းနေခဲ့တယ်။
ဘုရားကျောင်းမှာတော့ လူတွေ စည်ကားနေလို့။
မြို့ကလေးရဲ့ တစ်နေရာမှာတော့ မိသားစု တစ်ခု ရှိနေခဲ့တယ်။
ညဦးပိုင်းကမှ ရုပ်ရှင်သွားကြည့်ပြီး ပြန်လာကြတာ။
ခုနကတော့ ကယ်ရိုဆင်းကင်း လာဆိုတဲ့ အဖွဲ့ကတော့ ခရစ်တော်ရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းပြီး ပြန်သွားကြလေရဲ့။
မြို့ကလေးရဲ့ ထုံးစံက ဘာသာမရွေး မိမိ အိမ်ရှေ့မှာ ဘယ်ဘာသာပဲ ဖြစ်ဖြစ် သူတို့ ထုံးစံအတိုင်း ဘာသာရေးနဲ့ ပတ်သက်တာ လာဆင်နွဲရင်လဲ ခွင့်ပြုတတ်ကြတယ်။
ခုနက လာဆိုသွားတဲ့ အဖွဲ့ကိုလဲ မိသားစု အကြီးအကဲက အလှူငွေ ထည့်ဝင်လိုက်သေးတယ်။
အဲဒီနောက် ချမ်းအေးတဲ့ ဒီဇင်ဘာ အအေးဒဏ်ကို ခုခံဖို့ မီးဖိုငယ်လေး တစ်ခုအနားမှာ ၀ိုင်းဖွဲ့ရင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား အကြောင်းကို စားမြုံ့ပြန်နေကြတယ်။ ခေါပုတ်တွေ မီးကင်စားရင်းပေါ့။
အဝေးမှာတော့ သီချင်းသံတွေက လေအသဲ့မှာ ပျံ့လွှင့်နေလေရဲ့။
ဒီအချိန်မှာ အိမ်ထောင်ဦးစီးရဲ့ ဇနီးကတော့ ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်နေလေရဲ့။ ရွှေကြုတ်တော်ကို နှုတ်ငုံထားတော့ အများတကာလို အောက်မှာ ထိုင်လို့က မဖြစ်ဘူးကိုး...။ မီးဖိုဝိုင်းထဲ မပါခဲ့ပေမယ့် သူတို့တစ်တွေ ပြောတဲ့ စကားဝိုင်းကို ရယ်လိုက် မောလိုက်ပေါ့။
ရုတ်တရက်ဆိုသလို ကမ္မဇလေက လှုပ်ရှားလာတယ်။ မွေးရက်က လိုသေးတော့ ပုံမှန်ပဲလို့ သူမ ထင်နေခဲ့တယ်။
နောက်တော့ အကြိမ်ရေတွေ စိပ်စိပ်လာတဲ့ ခဏမှာ...။
အိမ်ထောင်ဦးစီးက အောက်လင်းမီးကို ကပျာကရာထွန်း။
ညီမ များက ရေနွေးတည်။
တစ်ခြားရပ်ကွက် လက်မှတ်ရ ၀မ်းဆွဲဆရာမကို ပြေးခေါ်သူခေါ်နဲ့ တစ်နာရီအတွင်းလောက်မှာ အားလုံး အသင့်ဖြစ်နေခဲ့ကြတယ်။
လေအဝှေ့မှာ ဘုရားရှိခိုးကျောင်းက ခရစ်တော် မွေးဖွားတာကို ကြိုဆိုတဲ့ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။
အိမ်ထဲက မီးနေခန်းမှာ အဲ့ကနဲ ကလေး ငိုသံ သဲ့သဲ့ ကြားလိုက်ရတယ်...။
ဒီလိုနဲ့ လောကကြီးထဲကို (အဲဒီတုန်းက) ဖြူစင်တဲ့ ကလေးလေး တစ်ယောက် ရောက်ခဲ့တယ်။
ဘာလိုလိုနဲ့ ရာသီစက်ဝန်းတွေတောင် တစ်ပတ်ပြန်လည်သွားတယ်။
အသက်တစ်နှစ်ကြီးသွားပြန်ပြီပေါ့။
ကျေးဇူးပါ အိမဲ့။
(ဒီပို့စ်တက်နေချိန်မှာ ကျွန်တော်ဟာ အင်တာနက်နဲ့ အလှမ်းကွာတဲ့ နေရာကို ရောက်ကောင်း ရောက်နေပါလိမ့်မယ်။ ကျွန်တော့် မွေးနေ့မှာ အမှတ်တရ တစ်ခုခုတော့ ရေးထားခဲ့ချင်လို့ ကြိုပြီးတော့ ရေးထားခဲ့တယ်။ မွေးနေ့မှာ အော်တိုတက်နိုင်အောင် Schedule ရေးထားတဲ့ ပို့စ်ပါ။ တစ်ခြား အမှတ်တရ ရေးထားဖြစ်ပေမယ့် မတင်ဖြစ်လိုက်ဘူး။)
@=@= Happy Birthday To Me =@=@
21 comments:
  1. Happy birthday ပါ ကိုယ်တော်။
    ReplyDelete
  2. ကိုဘွိုင်းဇ်
    A Very Happy Birthday ပါ ဗျို့..
    ကောင်းခြင်း မင်္ဂလာ ပြည့်စုံတဲ့ နေ့မှာ မွေးသူမို့ နေ့ရက်တိုင်းမှာ မင်္ဂလာတွေနဲ့သာ ပြီးပြည့်စုံပါစေလို့..
    ခင်တဲ့ အမ
    အသက်လဲ တနှစ်ကြီးပြီ လိမ်လိမ်မာမာလဲ နေအုံးပေါ့ :)
    ReplyDelete
  3. Happy Birthday.. ကိုဘွိုင်းဇ်။
    ရှေ့ဆက်ရမယ့် ခရီး..ပျော်စရာများနဲ့ ပြီးပြည့်ပါစေ..။ :D ။
    ReplyDelete
  4. ကော်မန့်ရော CBox ထဲမှာရော ၀င်ပြီးတော့ Wish လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။
    အသက်လဲ တစ်နှစ် ထပ်ကြီးလာပြန်ပါပြီ။
    လိမ်လိမ်မာမာ နေဖို့ကလဲ ကြိုးစားပါတယ်ဗျာ...။
    အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...။
    ReplyDelete
  5. Happy Birthday ဆရာ Boyz!
    လာမယ့်နှစ်မှာ ပုံးနက် Bonus တွေ ဆထက်တစ်ပိုးတိုးပြီး ပြန်ရပါစေ။ ကိုယ်ဘယ်တော့မှ မသုံးဖြစ်တဲ့ Function တွေ တစ်နင့်တစ်ပိုးပါတဲ့ Hand Phone ကြီးတွေ ဘယ်တစ်လုံး၊ ညာတစ်လုံး ကိုင်နိုင်ပါစေ။ သေနတ်ပြောင်းလို ကြောက်စရာ Lens ဘီလူးကြီးတွေပါပြီး တော်ရုံအိတ်နဲ့ ထည့်သယ်လို့မလွယ်တဲ့ Digital Camera အသစ်ကြီးတစ်လုံး ၀ယ်နိုင်ပါစေ။ သစ်ရွက်လှုပ်တာကအစ Blog Post ဖြစ်အောင်ပြောင်းနိုင်တဲ့ Power တွေကို ပိုင်ဆိုင်လာပြီးခြင်းသကာလ Online ပရိတ်သတ်အပေါင်းကိုလည်း အစဉ်အလာမပျက် ဆက်လက်ဖျော်ဖြေနိုင်ပါစေဗျား။
    ReplyDelete
  6. အဲအဲ။ အရေးအကြီးဆုံးကို မေ့သွားလို့။ နှလုံးသားရေးရာကိစ္စတွေမှာလည်း ကိုယ့်ဆရာ ထူးထူးခြားခြားအောင်မြင်ပါစေဗျား။
    ReplyDelete
  7.ံHappy birthday to u .. Happy birthday to u.. Happy Birthday Dear P-Boyz.. Happy birthday to u .. :D ..
    ReplyDelete
  8. ပျော်ရွှင်သောမွေးနေ့တွေကို ချစ်ရသူနဲ့ ဖြတ်သန်းရသော နှစ်တွေသာ ပိုင်ဆိုင်ရပါစေသော်ဝ်....
    ReplyDelete
  9. အာ.. ကျော်ဖတ်လိုက်တာ ယေရှုကိုများ (အဲဒီတုန်းက) ဖြူစင်တယ်လို့ ရေးရသလားလို့ စဉ်းစားနေတာ။ လက်စသတ်တော့ ဘွိုက်ကိုယ်တိုင်ဖြစ်နေတာကိုး၊ လာခြင်းကောင်းတဲ့ ဘွိုက်ဘွိုက်စိုင်းလှိုင် မွေးနေ့မှာပျော်ရွှင်ပါစေ (၂၆ရက် ရောက်မှ ကော်မန့်ရေးဖြစ်တယ်ကွာ)
    ReplyDelete
  10. 18 comments:
    ThuHninSee said...
    အဲ..ဟက်ပီးမွေးနေ့ပါ အရပ်ကတို့။
    December 25, 2008 5:23 AM
    လွိုင်လင် said...
    ကျွန်တော်လည်း ဝင်ပြီး Wish လုပ်ပေးလိုက်မယ်။
    ဟက်ပီးဘတ်ဒေးပါ ကိုဘွိုင်းz. :D
    December 25, 2008 5:32 AM
    Anonymous said...
    က.ဘ
    မွေးနေ့မှာပျော်ရွှင်ပါစေ...
    ...ထုံ
    (သတ်ချင်သတ်...ဘာထုံလဲဆိုတာ
    သေတောင် မပြောဘူး)
    December 25, 2008 7:45 AM
    Republic said...
    " HAPPY BIRTHDAY " TO BOYZ
    December 25, 2008 9:03 AM
    မွန် said...
    ဟက်ပီဘတ်ဒေး ဒီဇင်ဘာဘွန်းလေး ဘွိုင်းးးဇဇဇဇဇ
    ဟိ အဲလိုအသံထွက်ရမှာလားလို့
    December 25, 2008 9:07 AM
    ဇနိ said...
    ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ..
    December 25, 2008 9:30 AM
    KLNG said...
    ဦးBoyz ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ
    December 25, 2008 9:56 AM
    Ko Boyz said...
    Post တင်ပေးတဲ့ အမ်းမားရော၊ Wish လုပ်ပေးတဲ့ သယ်ရင်းများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အပြင် သွားပြီဗျို့...။
    December 25, 2008 9:57 AM
    မီးမီးလည်း ၀င်ဆုတောင်းပေးသွားတယ်နော် မမ ရေ.
    မွေးနေ့ဆိုရင် ပျော်တတ်လို့ပါ။း)
    "ပျော်ရွှင်ချမ်းမြေ့ဘွယ်မွေးနေ့လေးဖြစ်ပါစေ (ကို)Boyz
    ရေ. "
    ဟီးဟီး..တိရဲတိဘူး. ဆုတောင်းပေးသွားတယ်။
    December 25, 2008 10:15 AM
    Moe Cho Thinn said...
    ကိုဘွိုင်းဇ်..
    Happy Birthday
    မုန့်ဝယ်ကျွေး..။
    December 25, 2008 10:32 AM
    tg.nwai said...
    ကိုဘွိုင်းဇ် မွေးနေ့လား။
    ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ...
    ဘာမှလဲ မကျွေးဘူး..အော်.. အပြင်သွားတယ်ဆိုတော့ မုန့်သွားဝယ်တာထင်ရဲ့။ မျှော်နေသည်..
    December 25, 2008 11:05 AM
    GreenGirl said...
    HAPPY BIRTHDAY!
    December 25, 2008 1:55 PM
    ရွှန်းမီ said...
    :-) Happy Birthday!
    December 25, 2008 3:04 PM
    လင်း said...
    happy birthday ဘွိုင်းထုံ
    ဘာကျွေးမှာလဲ။
    ယနေ့ မှ နှစ်ပေါင်များစွာတိုင် ထုံညီအမများအား ဆက်လက်နှောက်ယှက်နိုင်ပါစေ
    လင်းစ်ထုံ
    December 25, 2008 3:20 PM
    Dream said...
    တိုဘွိုင်းစ်.. ဟတ်စ်ပီးစ်ဘတ်စ်ဒေးစ်ပါ့စ်... ဆုစ်တောင်းစ်ပေးစ်တွားစ်ဒယ်... .. Merry Christmas
    December 25, 2008 3:53 PM
    strike said...
    "Birthday wish" ဆိုတာထက် "Blog" ကြော်ငြာလိုပဲနော်။
    December 25, 2008 4:37 PM
    Craton said...
    အွန်.. မွေးနေ့က ဒီနေ့လား၊ ဘယ်နေ့လဲ။ ခရစ္စမတ်စ်နေ့ကြီးလား။ မိုက်တယ်။ ပျော်ရွှင်ပါစေကိုကြီးဘွိုင်းစ်။
    December 25, 2008 7:21 PM
    sin dan lar said...
့Haappy Birthday ဘွိုက်ဇ်ထုံ ထုံ...
    မှ ဆင်ထုံ
    December 25, 2008 7:45 PM
    ReplyDelete
  11. 3 ခါမြောက်ဆုတောင်းခြင်း၊
    မမကေအိုအမ်မှာ တစ်ခါ၊ စီပုံးမှာ တစ်ခါ၊ ခု တစ်ခါ.....
    Happy Birthday Ko Boyz !!!!
    ReplyDelete
  12. မွေးနေ့ဆုတောင်းများ အတွက် အားလုံးကို ဒီကနေ သိမ်းကျုံးပြီး ကျေးဇူးတင်ရှိပါကြောင်း။
    နောက်ကနေ အလုပ်ဆိုတဲ့ သတ္တ၀ါကြီးက ဒရောသောပါး လိုက်နေလို့ ခဏချောင်းကြည့်ရင်းနဲ့ ကသောကမျော ကျေးဇူးတင်ရတာပါ။
    အားလုံးကို ကျေးဇူးတင်ပါတယ်...။
    ReplyDelete
  13. Happy belated Birthday!! နည်းနည်းနောက်ကျသွားတယ် :)
    ReplyDelete
  14. မွေးနေ့မှသည် …ချမ်းမြေ့ပါစေ..........
    ReplyDelete
  15. အန်တီက တစ်နှစ်ထဲမှာ နှစ်ခါ လာဆုတောင်းတယ်။ :P
    ReplyDelete
  16. အမြဲသတိတယရှိပါတယ။် HAPPY BIRTHDAY!.
    ReplyDelete
  17. ကျေးဇူး အန်တီ။ အန်တီ စာတော်တော်ကြေတာပဲ။ :)
    ReplyDelete