Sunday, December 7, 2008

မျောလွင့်နေသော မီးခိုးတန်းများ...။

သက်ရောက်မှုတိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်တဲ့...။
ကမ္ဘာကျော် တွေးခေါ်၊ သချာင်္ပညာရှင်ကြီး နယူတန်က အဆိုပါ တန်ပြန်နိယာမကို ဖေါ်ထုတ်ခဲ့သည်...။
မှန်သာ မမှန်သာ အပထား။
အခုထိတော့ သိပ္ပံပညာရှင်များကတော့ အဆိုပါ နိယာမအဟောင်းကို ဖက်တွယ်ထားဆဲပင်။
(ရူပဗေဒ ပညာရှင်များက အများစုပေါ့...။)
မမှန်ဘူးလို့လဲ ဘယ်သူမှ မပြောကြ...။
သက်သေပြနေရမှာ စိုးလို့ အလုပ်ရှုပ်ခံပြီး မည်သူကမှ မမှန်ကြောင်း သက်သေ မပြချေ။


ပြန်ကောက်ရသော် နယူတန်၏ နိယာမ အတိအကျ ဆိုရသော် Newton's Third Law of Motion တွင် ဆိုထားသည်မှာ

Every force causes an equal force opposite in direction. When the tires apply a force to the ground, the ground pushes back with an equal force


ဖြစ်ပါသတဲ့...။

သက်ရောက်မှုတိုင်းတွင် ယင်းနှင့်ညီမျှသော တန်ပြန် သက်ရောက်မှု ရှိပါသတဲ့...။
ယင်းဥပဒေသသည် နယူတန် ကျင်လည်ခဲ့သော ရုပ်ဝတ္ထု ပတ်ဝန်းကျင်၌သာ မှန်ကန်မှု ရှိလေသည်တကား...။ အို အသင် နယူတန်... အသင်သာ အခုအချိန်အထိ အသက်ရှင်နေထိုင်ဖြစ်ခဲ့မယ် ဆိုရင် အသင့်ရဲ့ နိယာမတွေဟာ အလုံးစုံ မှန်ကန်မှု မရှိတာကို တွေ့ရပါလိမ့်မယ်။ နယူတန် စတုတ္ထ နိယာမ တင်မကပဲ ပဉ္စမ ၊ ဆဌမ နိယာမ စသဖြင့် ထုတ်ရမှာ ထင်ပါတယ်...။

်ဝမ်းနည်းပါတယ် ကိုနယူတန်...။
ကျွန်တော့်နံဘေးမှာ ကြေကွဲခြင်း အပိုင်းအစတွေ ပျံ့ကျဲနေတယ်...။
တစ်ချို့တစ်ဝက်သော မကျေနပ်ခြင်းတွေက ကခုန်နေလေရဲ့...။
အလိုမကျခြင်းများနဲ့ မွန်းလှောင်နေတဲ့ အဆုတ်ထဲက လေကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်တယ်...။

တန်ပြန် သက်ရောက်မှု မရှိတဲ့ ကနဦး သက်ရောက်မှုများကို နောင်တရမိတယ်...။
အစကတည်းက ပရမ်းပတာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ထိန်းညှိဖို့ ကြိုးစားခဲ့တဲ့ ကိုယ့်ရဲ့ မိုက်မဲမှုတွေကို ပြန်ပြင်ဖို့ အတွေးတစ်စ ဆုပ်ငင်မိတယ်...။
လမ်းချော်သွားတဲ့ အယူအဆကို လမ်းကြောင်းပြန်တည့်မလား...။
စိတ်အလိုကို လိုက်ပြီး လမ်းဟောင်းကိုပဲ ဖက်တွယ်လေမလား...။

ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေသာ ပြွမ်းထုံခဲ့တဲ့ ဒီ ကမောက်ကမ အခြေအနေကို ဘယ်အထိ ရင်နာနာနဲ့ လက်ခံနေရဦးမလဲ...။
တစ်စုံတစ်ခုသော၊ နောက်ထပ်သော ပရမ်းပတာဖြစ်ရပ်တွေ ၀င်မလာမချင်းအထိတော့ ဒီအတိုင်း ဆက်သွားရဦးမှာပါပဲလေ...။

နားလည်မှုများ ပြန်လည် သင့်မြတ်မယ့် နေ့တစ်နေ့ကို ကြေကွဲခြင်းများနဲ့ စောင့်ဆိုင်းနေရင်း...။


(တစ်ပါးသူ နားမလည်စေချင်လို့ အထက်က စာကို လူ နားမလည်နိုင်အောင် အတတ်ဆန်း ရေးထားပါတယ်။ နားမလည်ဘူးလို့ ခံစားရလျင် သင်သည် ပုံမှန် ဖြစ်ပါတယ်...။ နားလည်ပါတယ်လို့ ဆိုလာခဲ့လျင် ဒီစာဟာ အသင့်ကို ရည်ညွှန်းတာလို့ မှတ်ယူနိုင်ပြီး တစ်ယောက်ထက်ပို နားလည်ခဲ့ရင်တော့ အဲဒီ တစ်ယောက်ထက် ပိုတဲ့ တစ်ယောက်က ကိုယ့်ကိုယ်ကို လိမ်ညာနေတာ ဖြစ်ကြောင်း ပြောလိုက်ပါရစေ...။)

9 comments:

  1. ကိုယ့်ကိုကိုယ် လိမ်ညာနေသူတစ်ဦး လာစာရင်းပေးသွားပါတယ်။ ငါဘာလို့ များ နားလည်သွားပါလိမ့်လို့တောင် နောက် တစ်ခေါက်ပြန်ဖတ်လိုက်သေးတယ်။ :P

    ReplyDelete
  2. သေချာတယ်...။ အမ်းမား အပ်ဘ်နော်မယ် ဖြစ်နေတာ...။
    ကိုယ့်ကိုယ်ကို လိမ်နေတာ...။

    ReplyDelete
  3. ၁။ အရက်..

    အရက်ကိုကြိုက်လို့သောက်တဲ့သူ စိတ်ပျော်တတ်လို့သောက်တဲ့သူ..သောက်ပစ်လိုက်မယ် အရက်များများ (သီချင်းဆိုသွားသည်)

    ကျွန်နုပ်သည် မိုးရွာသောနေ့ နှင့် မိုးမရွာသောနှစ်ရက်သာ သောက်ချေ၏

    စိတ်ညစ်လို့အရက်ကိုသောက်တယ။ သောက်တော့စိတ်ပိုညစ်တယ်။

    ရှိသေးတယ်….။ စဉ်းစားလိုက်ဦးမယ်.

    ၂။ Ko boyz.. ကွန်မက်ကို ဘယ်လို ခြေရာ လက်ရာ မကျန်အောင် ဖျောက်ရသလဲ သင်ပေးပါ။

    ReplyDelete
  4. နာလည်း နားလည်တယ်။ abnormal မကလို့ ဘာပဲဖြစ်ဖြစ်။
    ၉ တန်းမှာ ဒီ နယူတန်လော ၃ ခုသင်ပြီးကတည်းက
    အလျားအနံ၊ အသွားအပြန်တွေအပြင်၊
    ဒီ လော ကြီးကိုထည့်ထည့်သုံးလာကြတာ..ငှင်းငှင်း

    ReplyDelete
  5. အမ်းမားရေ..။ စီဘောက်စ်ထဲက ကော်မန့်ကို ဖျက်ချင်ရင်တော့ ကိုယ့်ကော်မက်ရှိတဲ့ ၀ဘ်ဆိုဒ်ကိုသွားပါ။
    မီနူးဘားက message ကိုနှိပ်ပါ။
    အဲဒီမှာ ပေဓလာတဲ့ ဘောက်စ်တွေထဲက မိမိဖျက်လိုတဲ့ မက်ဆေ့ခ်ျကို ဖျက်ရုံပါပဲ။

    အခု ဘလော့ဂ်က ကော်မန့်ကို ဖျက်ချင်ရင်တော့ ဆက်တင်ထဲ ၀င်ပြီး ကိုယ်ဖျက်ချင်တဲ့ ကော်မန့်ဘေးနားက အမှိုက်ပုံးလေးကို ထပ်ခါထပ်ခါ ကလစ်နှိပ်ပေးရုံပါပဲ...။

    ReplyDelete
  6. ရသွားပြီ. ကျေးဇူး.့ကွန်မက်ဖျက်တတ်သွားပြီ. ကောင်းသောညပါ။

    http://help.blogger.com/bin/answer.py?answer=42398

    ReplyDelete
  7. အမ်းမား ပြောချင်တာက ကျွန်တော်ပေးတဲ့ အကြံညဏ်အတိုင်း မဟုတ်ပဲ ဂူဂယ်ရဲ့ အကူအညီနဲ့ အဆင်ပြေသွားတယ်ပေါ့လေ...
    ဟွန်းဟွန်းဟွန်း (ချွဲကျပ်နေလို့ပါ...။)

    ReplyDelete
  8. Ko boyz အကြံပြူထားတာကို ဖတ်။ ပြီးတော့ လေ့လာ။ ပြီးတော့ ကြိုးစား ။ ဆရာ …မပြ နည်း လမ်းမကျ ပါ။ ကျေးဇူးတင်ပါသည်။

    ReplyDelete
  9. စကားကြီး ဆယ်ခွန်းကို အရည်ကျို သောက်ထားသလား အောက်မေ့ရတယ်.. အမ်းမား။

    ReplyDelete