Monday, December 15, 2008
လရောင် ငတ်တဲ့ည (၁)
လရောင်...။
တိမ်မျှင်ပုဝါပါးကနေ ခပ်စောင်းစောင်း ထိုးလာတဲ့ လရောင်။
သြကာသ လောက တစ်ခွင်လုံးကို အေးချမ်းသွားအောင် လွမ်းခြုံပေးတဲ့ လရောင်။
ညဥ့်လည်ယံမှာ အလင်းမျှင်ပါးပါးကို ယစ်မူးမိသူတိုင်း နောက်တစ်ခါ၊ အထပ်ထပ် အခါခါ တိမ်းမူးချင်လောက်အောင် လူတွေကို ဖမ်းစားတတ်တဲ့ လရောင်...။
ဒီလရောင်ဟာ လူတွေကို နူးညံ့စေတယ်။
ဒီလရောင်ကပဲ လူတွေကို ကြမ်းတမ်းစေတယ်...။
ဒီလရောင်ကပဲ အဟိတ်တိရစ္ဆာန်တွေရဲ့ စိတ်နှလုံးကို ဆွဲငင်သိမ်းကျုံး လှုပ်ရှားစေတယ်...။
ဒီလရောင်ကပဲ ကမ္ဘာဦး လူသားတွေရဲ့ နေမင်းကွယ်ပျောက်လို့ အမိုက်မှောင် ဖုံးနေချိန်မှာ အားငယ်နေတဲ့ စိတ်နှလုံးကို ချော့သိပ်တယ်...။
ဒီလရောင်ကြောင့်ပဲ ကမ္ဘာကျော် အနုပညာတွေ ပေါ်ထွန်းခဲ့တယ်။
Beethoven ရဲ့ လရောင်တေးသွား (Moonlight Sonata) ကို နားထောင်ဖူးပါသလား။
Moon River ဆိုတဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို သောတအာရုံထဲ ခဏလောက် ဖြစ်ဖြစ် ထည့်ကြည့်ဖူးပါသလား...။
ဂျူးရဲ့ ၀တ္ထုဖြစ်တဲ့ “မြရဲ့လ” ကို အဆိုတော် ထူးအိမ်သင်က အသံထွက်ဖတ်ပြခဲ့တဲ့ အသံထွက် ၀တ္ထု ကို ဖတ်ဖူး နားထောင်ဖူးကြလား။
လရောင်ကြောင့် ပြောင်းလဲခြင်းများစွာထဲက တစ်ခုကို ပြောပြချင်တယ်။
နားထောင်မယ်ဆို လရောင်အောက်ကို သွားကြစို့...။
----xxxx-----
(နိဒါန်းပဲ ရှိပါသေးတယ်..။ ခေါင်းစဉ်မှာ အချီးလို့ တပ်ထားတာကို ရှုပ်နေတယ်လို့ ပြောလို့ ပြန်ဖြုတ်လိုက်ပါတယ်...။)
(ဆက်ရန်။)
8 comments:
  1. မဂျူးရဲ့ မြရဲ့လကို တခါက ညတိုင်း ညတိုင်း ဖတ်နေခဲ့ဖူးတယ်။
    တိုလဲ တိုလို့ ထင်ပါရဲ့၊ ကိုယ့်ဘ၀မှာ ဖတ်ဖူးပြီးသားကို အကြိမ်ရေများစွာ ပြန်ဖတ်ဖူးတာ သူတအုပ်ပဲ ရှိမယ်ထင်မိတယ်။ ကျန်တာတွေကတော့ ကြိုက်ရင် ၃ ၄ခေါက်လောက်ပဲ။ သူကတော့ မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ..။
    တခါက ပါ။
    ReplyDelete
  2. - ဟုတ်...။ အဲဒီ ၀တ္ထုကိုတော့ ဖတ်မိသူ နည်းမယ် ထင်ပါတယ်...။
    - ခုနကတော့ ညီမလေး နေနေနိုင် ဘလော့ မှာ နတ်တော်လပြည့်ညကို ကြည့်ပြီး ရေတွင်းထဲ ခုန်ချချင်စိတ်တော့ မဖြစ်မိဘူးလို့ ရေးထားတာ ဖတ်လိုက်ရတယ်...။ သူလဲ ဖတ်ဖူးတယ် ထင်တယ်...။
    မချိုသင်းကရော... သောကြာနေ့ညက ထိန်ထိန်သာနေတဲ့ လကို ကြည့်ပြီး ဘယ်တွင်းထဲ ခုန်ချချင်စိတ် ဖြစ်သေးလဲ။
    ReplyDelete
  3. This comment has been removed by the author.
    ReplyDelete
  4. လရောင်ငတ်တဲ့ညက ဖတ်လို့ကောင်းတယ် (အချီး)ဆိုတာက..
    လာရှုပ်နေတယ်။
    ReplyDelete
  5. မွန်ပြောတာ ဟုတ်တယ်။
    ဖတ်လို့ကောင်းတယ်။
    ReplyDelete
  6. လက်တွေ့မှာ ခုန်မချသေးလို့ ကွန်မန့် လာပွတ်နိုင်တာပေါ့ ကိုဘွိုင်းဇ်ရယ်။
    သရဲဖြစ်လို့က လာကို ခြောက်အုံးမှာ..
    ReplyDelete
  7. ဒီတလော လတွေကို ခံစားဖြစ်ကြတယ်ထင်ပါရဲ့.. ကေသွယ်ကလည်း သူမရဲ့လ.. တဲ့။ ချောအိသိမ်းကတောင် ဟိုတညက ကြယ်နှစ်ပွင့်နီးတဲ့ လ ကို ပုံရေးတယ်။ တကယ်တော့ မြရဲ့လ...ကလည်း လူတွေကို အများကြီး ဖမ်းစားခဲ့တာပေါ့ ..။ မဂျူးပဲလေ.. မရှိမဖြစ်မိုးထဲမှာ ရေးခဲ့တာ.. လရောင်ရဲ့ ဖြားယောင်းမှုကြောင့်ပါ... တဲ့။ Thomas Hardy ရဲ့ Tess ကလည်း ည ည လဆီ မျောလွင့်သတဲ့...။ စကားစပ်ပြီးပြောရရင်... လရောင်ကို ခံစားရတာမှာ အမအကြိုက်ဆုံး ကတော့ ပင်လယ်ကမ်းခြေမှာ...။ :)
    ReplyDelete
  8. ကြောက်ပါတယ်ဗျာ.. မချိုသင်းရာ...။ ညက ကျွန်တော် ကိုငှက် ရွတ်ထားတဲ့ ညရဲ့လ ကို ပြန်နားထောင်ဖြစ်တယ်။
    အစ်မငြိမ်းရေ... လအကြောင်း ခံစား ဖြစ်တာက ပြီးခဲ့တဲ့ သောကြာနေ့ညက လသတင်းကြောင့် ဖြစ်လိမ့်မယ်။ တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတာလေ...။
    ကမ်းခြေမှာ လမင်းကို ငေးကြည့်ဖြစ်တာ ဟိုးလွန်ခဲ့တဲ့ ၇ နှစ်ကျော်ကျော်ကဆို မှားမယ် မထင်ဘူး...။
    အို.. ခုနောက်ပိုင်း ကောင်းကင်ပေါ်က လမင်းကြီး မြင်တိုင်း အဲဒီ ငွေဆောင် ကမ်းခြေကိုပဲ သတိရတယ်...။
    အစ်မက ကမ်းခြေအကြောင်း လာစတော့ ငြိမ်နေတဲ့ ကန်ရေပြင် ငါးထပွက်သွားပြီဗျာ...။
    ReplyDelete