Monday, December 15, 2008

New Function in Blogspot?

အရင်က သတိမထားမိပါ။
ခုတစ်လောမှ သတိထားမိတာ...။
တစ်ခြားသော ဘလော့ဂ်တွေမှာ ပို့စ်တွေရဲ့ အောက်ခြေမှာ ကိုယ် သွားသွားပြီး ရေးထားတဲ့ comment တွေနဲ့ ပါတ်သက်လို့ပါ။
အရင်ကဆို ဘလော့ဂ်ပိုင်ရှင်ကပဲ သူ့ဘလော့ဂ်မှာ လာရေးထားတဲ့ ကော်မန့်တွေကိုပဲ ဖျက်ခွင့်ရှိသလားလို့...။
အခုဆို ကိုယ်သူများဆီမှာ ရေးပြီးသား comment တွေကို ကိုယ်တိုင် ပြန်ဖျက်ချင်ရင် ပြန်ဖျက်လို့ ရနေပြီ...။
အရင်တုန်းက ရှိခဲ့တယ်ဆိုရင်တော့ ကျွန်တော် သတိမပြုမိလို့ပေါ့...။
အောက်က ပုံမှာ ပြထားတဲ့အတိုင်း သူများဆီမှာ ရေးထားတဲ့ ကိုယ့်ကော်မန့်တွေကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ချင်ခဲ့တယ်ဆိုရင် ကိုယ့်ကော်မန့် ဘေးနားက အမှိုက်ပုံးလေးကို နှိပ်ပြီး Delete လုပ်လိုက်ရုံပါပဲ...။
မသိသေးသူများအတွက် အသစ် ဖြစ်သလို သိပြီးသူများအတွက် Reminder ပေါ့ဗျာ...။
Blog ကတော့ ညီမလေး နေနေ ဆီက ဘလော့ဖြစ်ပါတယ်။ ကျွန်တော် တင်ထားတဲ့ နမူနာပုံကတော့ အဲဒီဘလော့ဂ်မှာ ကျွန်တော် ရေးခဲ့တဲ့ ကော်မန့် ပါ။ အမှိုက်ပုံးကို အနီနဲ့ ၀ိုင်းပြထားပါတယ်...။

8 comments:

  1. ဦးဦးဘွိုင်းဇ်….အဲသလို ဖျက်လို့ရတာ ပြီးခဲ့တဲ့ တနှစ်ကျော်ကာလ သားသား ဘလော့ဂ် စလုပ်ကတည်းက ခင်ည။ ဦးဦးဘွိုင်းဇ်တို့ တယ်လည်း မျက်စိသျှမ်းတာကိုး။ ကောင်မချောချောလေးတွေကိုပဲ လိုက်ကြည့်နေတယ် ထင်ပါ့။

    ReplyDelete
  2. သျှမ်းတယ်ဆိုလဲ သျှမ်းတယ်လို့ အပြောခံရတာပါ့...
    တစ်ကယ်ကြီးကို အခုမှ မြင်တာ...။
    အစကတည်းက မြင်ခဲ့ရင် အရင် သူများဘလော့ဂ်တွေမှာ စာလုံးပေါင်း သတ်ပုံမှားခဲ့တာတွေ ဖျက်ပစ်ခဲ့၊ ပြင်ခဲ့မှာ.. မနေ့တစ်နေ့ကမှ သတိထားမိတာဗျာ...။

    (ဟိဟိ ဘလော့ဂ်ပိုင်ရှင်ကို အားရပါးရ ကလော်တုတ်ထား၊ လူတွေ ကြည့်ပြီးချိန်လောက်မှ ပြန်ဖျက်ဆို မိုက်မယ်...။)

    ReplyDelete
  3. TZA ဆီမှာ ဆို အတော်ဘဲ။ သူက တနေ့လုံးမကြည့်ဘူး. ညကျမှာ ကြည့်တယ်။ ကြားထဲမှာ ဝင်သမထားလို့ရတယ်။

    ReplyDelete
  4. လုပ်လိုက်ရအောင် အမ်းမားရေ...။ သေဖေါ်ညှိနေတာ...။ အယ်... နာ သူခိုး ဖြစ်နေရော့လား...။

    ReplyDelete
  5. လဒ Boyz အခုမှတရေးနိုးနေတာ၊ကြာင်ချက်ကတော့။

    ReplyDelete
  6. ဟာ၊ အမ်းမားတို့က ဒီထိတောင်လိုက်ဖွတာပဲ၊ ဘွိုက်ဇ်လှိုင်ကို မျက်လုံးဒေါက်ထောက်ကြည့်နေလို့ တော်တော့တယ်။

    ReplyDelete
  7. နာသကွာ...။ အစီအစဉ်က အကောင်အထည် မပေါ်ရသေးဘူး..။ သားကောင်က ရိပ်မိသွားတယ်...။ အမ်းမား... နောက် အစီအစဉ်တစ်မျိုးပြောင်းမယ်...။ လောလောဆယ်တော့ ဒီ Plan A အလုပ် မဖြစ်ပေမဲ့ Plan B တစ်ခုတော့ အလုပ်ဖြစ်သွားတယ်...။ ညီစေနော် ညီစေ ဆိုတဲ့ဟာလေ...။
    ခွိခွိခွိ...။

    ReplyDelete
  8. အိခ်... ကိုပေါ က အကျွန်ုပ်ကို ဦးဦး ဆိုပါလား...။ နင်သွားတယ်

    ReplyDelete