Monday, June 29, 2009

ကမ္ဘာတစ်လွား သတင်းတိုထွာများ (News in Brief 290609)

  1. America က ကော်လိုရာဒို အခြေစိုက် အမဲသား ထုတ်လုပ်ရေး ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ အမဲသား စားသုံးမိပြီး ၁၈ ယောက် ဖျားနာနေပါတယ်။ E.coli O157:H7 bacteria နဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆပြီး အဆိုပါ အမဲသားတွေ ဈေးကွက်က ပြန်လည်ရုပ်သိမ်းနေပါတယ်။ အမရိကန်နိုင်ငံမှာ နေထိုင်သူများ သတိထားကြပါ။ အကျယ်ကို ဒီမှာ ရှုပါ။
  2. ဗုဒ္ဓဟူးနေ့မှာ ရုံတင်ခဲ့တဲ့ Transformer 2 ဇာတ်ကားဟာ ပြီးခဲ့တနင်္ဂနွေနေ့ညမှာ စုစုပေါင်း ငါးရက်စာ ရုံဝင်ခ ဒေါ်လာ ၂၀၁.၈ မီလီယံနဲ့ ငါးရက်တာ ၀င်ငွေ အကောင်းဆုံး ဒုတိယဆုကို ပထမနေရာက Dark Knights ရုပ်ရှင်နောက်မှာ ရပ်တည်နေပါတယ်။ ဆက်လက်ပြီးတော့ ရုံဝင်ငွေတွေ သဲ့ယူနေလိမ့်မယ်လို့ ယူဆရပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  3. အစိုးရက အပြင်းအထန် ဖိနှိပ်နေတဲ့ အီရန် ဆန္ဒပြပွဲ ဒုတိယအကျော့ အပြီးမှာ တီဟီရန်က ဗြိတိသျှ သံရုံးမှာ အလုပ်လုပ်နေတဲ့ ဒေသဆိုင်ရာ ၀န်ထမ်းများ ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်ကနေပြီးတော့ အဆိုပါ ဖမ်းဆီးထားခြင်းကို ချက်ခြင်း ရှုတ်ချလိုက်ပြီး အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ကို တောင်းဆိုလိုက်ပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  4. ရင်းနှီးမြုပ်နှံသူများရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ သန်းကြွယ်သူဌေး Bernard Madoff ရဲ့ အမှုကို စစ်ဆေးနေပါတယ်။ သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  5. ကမ္ဘောဒီးယား ပြည်တွင်းစစ်တုန်းက ခမာနီ အစိုးရဲ့ S21 လို့ သိကြတဲ့ အကျဉ်းစခန်းမှာ လူပေါင်း ၁၅၀၀၀ ကျော်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီထဲကမှ ၇ ယောက်လောက်သာ သက်ရှိထင်ရှား ကျန်နေပါတယ်။ သူကတော့ ထိန်းသိမ်းရေး စခန်းက အရာရှိ ဖြစ်ပါတယ်။ သူ့အနေနဲ့ အပြစ်မရှိကြောင်း လျှောက်လဲချက်ကို စတင်ပါတော့မယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  6. ဘရာဇီးလ်နိုင်ငံမှာ ပထမဦးဆုံးသော ၀က်တုပ်ကွေး လူနာသေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။ ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့ သောကြာနေ့က ပထမဦးဆုံးသော ၀က်တုပ်ကွေးဆိုင်ရာ ဖိတ်စင်မှု ဖြစ်ခဲ့ပါသေးတယ်။
  7. Confederation Cup မှာ ဖိုင်နယ် တက်သွားတဲ့ အသင်းနှစ်သင်းကတော့ ဘရာဇီး နဲ့ USA အသင်း ဖြစ်ပါတယ်။ အမေရိကန်တွေဟာ ဘောလုံး အားကစားမှာ သိပ်ပြီးတော့ ထွန်းထွန်းတောက်တောက် မရှိပါဘူး။ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ Rugby လိုမျိုး အမေရိကန်ဘော်လုံး အားကစားနည်းမှာသာ သူတို့ စိတ်ဝင်စားကြတာပါ။ အခုတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ တစ်ခြားသော နာမည်ကြီး အသင်းများကို ကျော်ဖြတ်က ဖိုင်နယ်သို့ တက်လှမ်းခဲ့ပါတယ်။ နာမည်ကြီး ဘရာဇီး အသင်းနဲ့ ကစားရမှာပါ။ အကျယ်ကို ဒီမှာ ရှုပါ။ (America က ဂိုးသမားကတော့ အင်္ဂလိပ် ပရီမီယားလိဂ်မှာ ကစားဖူးတဲ့ နာမည်ကြီး Tim Howard ဖြစ်ပါတယ်။)
  8. အိုင်ဖုန်း ချစ်သူများ ကသိကအောက် ဖြစ်နိုင်တဲ့ သတင်း တစ်ပုဒ်ပါ။ လက်ရှိရောင်းချနေတဲ့ မော်ဒယ် အသစ် ဖြစ်တဲ့ iPhone 3GS ဟာ အခုအခါ ဈေးကွက်ထဲက ပြတ်လုနီးပါး ဖြစ်နေပါတယ်။ တစ်ချို့ကတော့ ဒါဟာ Apple ရဲ့ ဈေးကွက်ပိုင်းဆိုင်ရာ လှည့်ကွက် ဗျူဟာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပစ္စည်းတွေ ပြတ်နေတော့ ရောင်းအားကောင်းနေတယ်။ လူတွေကို အမြန်အဆန် ၀ယ်ချင်စိတ် တိုးလာအောင် ဆွပေးနေတယ်လို့ ယူဆကြပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  9. ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် သေဆုံးရခြင်း ရဲ့ အကြောင်းရင်းကို ခုထိ ကောက်ချက် မချရသေးပါဘူး။ ဆရာဝန်ရဲ့ရှေ့နေပြောကြားတာကတော့ သူ့ဆရာဝန်သည် မိုက်ကယ်ကို Demerol ဆိုတဲ့ ဆေး မပေးခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
  10. ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတကို လူထုအားနဲ့ ဖြုတ်ချခဲ့ပြီးနောက် အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်နေပါတယ်။ သမ္မတကတော့ သူ့ကို ဖမ်းဆီးပြီး ဖြုတ်ချတာ ဖြစ်လို့ သမ္မတ အဖြစ်ကနေ နှုတ်ထွက်မပေးနိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဟွန်ဒူးရပ်စ်မှာ အခုအခါ ကာဖျူး အမိန့် ထုတ်ပြန်ထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။

17 comments:

  1. စုံပါပေတယ်

    ReplyDelete
  2. ဟိုကူးဒီကူးပါအေ။

    ReplyDelete
  3. အကျဉ်းနဲ့တင်လုံလောက်ပါပြီ။

    ReplyDelete
  4. စုံသေးဘူးဗျ။ ပျင်းနေမှာစိုးလို့ ဟော့ဖြစ်နေတာပဲ ရွေးတင်တာ။
    ဒါတောင် ဟိုကူးဒီကူးဆိုတာ အပြောခံရသေးတာ...။

    ReplyDelete
  5. Ko Boyz,

    how can u know that news?
    can search datas for the interested news, can write new post, can visit & write comment to others blog.
    how to arrange the time.

    hee hee + - x :- ( innnnnnnnn how to type 'a sar') + - x ****

    ReplyDelete
  6. လွယ်ပါတယ်...။ RSS ဆိုတာလေးကို ဖုန်းထဲ ထည့်ထားတယ်။ မနက်တိုင်း ရုံးမလာခင်ကို အိမ်က ၀ိုင်ယာလက်စ်လေးနဲ့ ချိတ်တယ်။ update လေးတွေ ယူတယ်။ ရုံးအလာ ကားပေါ်မှာ ဖတ်တယ်။ ဒီလိုပါပဲ။ http://news.google.com ကလဲ သတင်းစုံတယ်။

    ReplyDelete
  7. မဟော့ဘူး ကိုဘ

    စိတ်မဝင်စားကြောင်း ဝင်ပြောတာပါ၊ သတင်းစာမှာ ဖတ်ပြီးသားတွေကို
    :P

    ReplyDelete
  8. Brazil aldy won over US. thx for sharing :)

    ReplyDelete
  9. At least I got real response from one audience. Hehehe

    ReplyDelete
  10. အဲဒါပင့်ပေးတယ်ခေါ်တယ။် ချင့်ချိန်.. ကိုယ့်ဘာသာ...

    ReplyDelete
  11. မစ္ဆရိယစိတ်များ အလွန်များသကိုး...။
    ခမျာ တော်တော် ပူလောင်နေမှာပဲ....။

    ReplyDelete
  12. တို့ တော့ အိုင်ဖုန်း လဲ မဝယ်နိင်ပါဘူးကွယ်..
    ဆိုင်ခဏ ခဏ သွားနေတဲ့  C902 ဂိန်ဖုန်း လေးပဲ ရှိတယ်..

    ReplyDelete
  13. ဟိုတစ်ယောက်လိုဖြစ်နေပြီ။ မှန်တာပြော..ပြောပါစေကွာဆိုသလိုဘဲ။

    ReplyDelete
  14. ဟဲလို မီးမီးချစ်။

    ReplyDelete
  15. ဆိုက်ဘာရှော့ကြီး ကိုင်နေတဲ့ မီးမီး.. သူဌေးညည်း လာညည်းပြနေတယ်။
    ဟိ.. ကျုပ်လဲ ဆိုနီ အဲရစ်ဆန်ပဲ။ ဒဗလျူ၆၉၀။ ဝေါ့မင်းစီးရီး...။

    ReplyDelete
  16. အကျဉ်းဖတ်ရတာတောင်တော်တော်စုံနေပြီဗျ
    အဲလိုသာစုပေးထာမယ်ဆို အချိန်တွေအများကြီးချုံ့လို့ ရပြီ...။
    ဟဲဟဲ အပျင်းကြီးတာလို့များ ဆိုမလား...။

    ReplyDelete
  17. အပျင်းတစ်နေတဲ့ လူတွေ တော်တော်များတယ်ဆိုတာ သိလိုက်ရတယ်...။ :D

    ReplyDelete