ကျွန်တော် ဓါတ်ပုံ ရိုက်ဖြစ်ရင် မော်ဒယ်အဖြစ် ရိုက်ချင်သူများ စာရင်းကို တေးထားတယ်။ အလှပုံ ဘာညာ ပေါ့ဗျာ။ ရိုက်မယ်သာ ပြောတာ။ ကင်မလာက ဘယ်နားနေမှန်း မသိဘူး။ ဖုန်းကင်မလာလေးနဲ့တော့ ဟိုရိုက်ဒီရိုက်။
ကဲ စာရင်းလေးတွေ ချရေးမယ်။ စာရင်းထဲ ပါတဲ့သူတွေ စိတ်မဆိုးကြေး။ (နောက်ဆက်တွဲ - စာရင်းထဲ မပါတဲ့သူတွေ စိတ်ဆိုးနေတယ်။ ဟိ)
၁။ ဒန်တန့်တန်
မျက်နှာ အနီးကပ်ပုံရိုက်လို့ အဆင်ပြေတယ်။ တစ်ကိုယ်လုံးခြုံရိုက်လဲ ရတယ်။ စွယ်စုံပေါ့လေ။ သူ့ကျတော့ ဆွေးနေတဲ့ ပုံတွေ ရိုက်လို့ မရဘူး။ လွတ်လပ်ပေါ့ပါး၊ ရယ်ရွှင်မြူးတူး၊ ပြေးလွှား ဆော့ကစား၊ အကြည့်စူးစူး စတဲ့ အမူအရာတွေနဲ့ ရိုက်လို့ ကောင်းတယ်။
၂။ ဝတုတ်
သူ့ကျတော့ နာမည်နဲ့လိုက်အောင်ကို တစ်ကိုယ်လုံးပုံ ရိုက်လို့ မသင့်တော်ချေဘူး။ ဒါပေမယ့် သူ့မှာ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မျက်နှာကျ ကောင်းတယ်။ မေးဖျားနားက မဲ့ကလေးက ဓါတ်ပုံအရိုက်ခံလို့ ကောင်းတဲ့ အမှတ်အသားလေး။ သူက အသားညိုတော့ ဓါတ်ပုံစားတယ်။ မျက်နှာ အနီးကပ် ကလို့စ်အပ်တွေ ရိုက်လို့ ကောင်းတယ်။ ခပ်ငေးငေး၊ ဆွေးရိပ်သန်း မျက်နှာပေးတွေ ရိုက်လို့ရတယ်...။
၃။ မြ
သူ့ မျက်နှာက ကြည်တယ်။ ပေါ့တ်ထရိတ် ရိုက်လို့ မကောင်း။ အပြုံးလေးတွေ အပြစ်ကင်းတယ်။ သူက နည်းနည်းတော့ အိုဗာ အိုက်တင်တွေ ပါတတ်တယ်။ နည်းနည်း ထိန်းပေးရင် ပုံကောင်းလေး ရနိုင်တယ်။
၎။ ခေးခေး
ဘာလာလာ ဒေါင်းတယ် ဆိုတဲ့သူပဲ။ အနီးကပ် ၊ အဝေးခွာ၊ မျက်နှာကလို့စ်အပ်ပ် အဆင်ပြေတယ်။ ပို့စ်ပေးတတ်တယ်။ ဖေ့ဘွတ်မှာတောင် သူ့ပုံတစ်ချို့တင်ထားတယ်။ မှဲ့လေး မဆိုစလောက် ဖျက်တာတစ်ခုပဲ။ ပြစ်မျိုးမှဲ့မထင် တော့ မဖြစ်ဘူးပေါ့လေ။ ဒါကလဲ မြင်တတ်မှပါ။
၅။ ဝဏ်
အလှတရားကို လမ်းလျှောက်သင်ခါစ၊ မြီးကောင်ပေါက်၊ အရွယ်ကောင်း၊ ကျရိပ် ဆိုပြီး ခွဲဖြစ်ခဲ့ရင် သူက အရွယ်ကောင်းမှာ ရောက်နေတယ်။ ရင့်ကျက်တည်ငြိမ်တယ်။ ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းဖူးဖူးက ဆွဲဆောင်မှု ရှိတယ်။ ဒါကို အသားပေး ရိုက်ပေးရင် ပုံကောင်းရနိုင်တယ်။ သူက နည်းနည်း ဆက်ကစီဆန်တဲ့ အလှရှိတယ်။
၆။ နာမည်ကြီးဘလော့ဂါ
နာမည်တော့ မတပ်တော့ပါဘူး။ သူ့ကိုတော့ မြှောက်ပေးလို့ မရဘူး။ အိုက်တင် မပေးတတ်တာ ပြောတာ။ သူလဲပဲ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မြင်သူတိုင်း သတိထားမိစေတဲ့ မျက်ခုံးနက်နက်ရှိတယ်။ ပါးလျားတဲ့ နှုတ်ခမ်း ရှိတယ်။ သဘာဝ ပင်ကိုယ် အရှိအတိုင်းပဲ။ ဆံပင်ကို အလယ်မခွဲပဲ ဘေးတစ်စောင်းခွဲ ရိုက်ရင် အဆင်ပြေတယ်။ သူ့ကို ကာလာစိုစိုနဲ့ ရိုက်တာထက် ဗင်းတေ့ခ်ျ ဆန်ဆန် ရိုက်တာတို့၊ ခရိုမာဖောက်တယ်ဆိုလား.. အဲလို ရိုက်ရင် ပိုကောင်းတယ်။ သူလဲ မျက်နှာ အနီးကပ် ရိုက်လို့ ကောင်းတယ်။ သူ့မျက်လုံးတွေ ဝိုင်းစက်တယ်။ လှတယ်။ တောက်စိုကြည်စင်နေတာပဲ။ အိပ်ရေးမဝလဲ ဒီအတိုင်း တောက်နေတယ်။ သမင်မမျက်လုံး ဆိုတာလား မသိဘူး။ ညီမလေးက နည်းနည်းပိန်တယ်။
ဒါလောက်ပဲ တို့ထိထားမယ်။ နောက်မှ ပြန် Update လုပ်မယ်။
စကားမစပ် မနေ့ညက ဆန်တိုဆာမှာ အတော်မူးသွားတယ်။
ယုံလား မသိဘူး။ ဒါ ပထမဆုံးအကြိမ် သွားဖူးတာပဲ။
ဒီနေ့မနက်ပြန်လာတော့ ကာစီနိုနဲ့ ယူနီဗာဆယ် စတူဒီယို ဝင်လည်တယ်။
ကာစီနိုက ဝင်ကြေး ၁၀၀ တောင် ပေးရတယ်။ ဈေးကြီးလိုက်တာ။
သူများလုပ်တာကို ကိုယ်လိုက်မလုပ်ရရင် သေမတတ်ဖြစ်နေတဲ့ Kiasu ဖြစ်နေတဲ့ စလုံးတွေလဲ ကျူတန်းရှည်တွေနဲ့ တွေ့ခဲ့ရတယ်။
Monday, February 15, 2010
Model List
ရေးသားသူ
Ko Boyz
at
11:39 PM
11
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: photo
Saturday, July 4, 2009
Bangkok Trip 9 နတ်မိမယ်တို့ ပျော်စံရာ (၉)
ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)
အခုတစ်ခေါက်တော့ ပုံတွေပဲ တင်သွားပါမယ်။ လိုအပ်တဲ့ နေရာမှာ စာညွှန်းလေး ထည့်ပေးပါမယ်။
(ခဏနားမယ်။)
Wednesday, May 20, 2009
Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)
ုဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
ရေထိုးမယ့် ဆားချက်မယ့် နံပါတ် ၈ ပေါ့ဗျာ...။
ဘန်ကောက်ရဲ့ ချုပ်ညနေရီချမ်းမှာ အနုစာဝါ့ရီ ရောက်ခဲ့ပြန်ပေါ့။ အဲဒီကနေ နောက်တစ်နေရာကို သွားမယ် ဆိုတော့ ဘန်ကောက်ရဲ့ အမ်အာတီ ကို ခံစားရအောင်ဆိုပြီး အမ်အာတီ ဘူတာ ရှိရာလာခဲ့တယ်။ ဘန်ကောက်က စတေရှင်တွေက ပိုပြီးအရောင်အသွေးတွေ စုံနေသလိုပဲ။ လမ်းသွားလမ်းလာထဲက အမျိုးသမီး ပရိသတ်တွေထဲမှာ ၁၀ ယောက် ဆို ၇ ယောက် ကြည့်ပျော်ရှုပျော်ဖြစ်ပြီး ၄ ယောက်လောက်က အတော်ကို ကြည့်ကောင်းနေခဲ့တယ်။ (စလုံးကျွန်းက လေးလုံးမျက်မှန် မမကြီး၊ အီမို စတိုင် မလေးမတွေနဲ့များ ကွာပါ့။)မနက်က တွေ့ခဲ့တဲ့ sky train နဲ့ ဟိုတယ်ကို ပြန်မယ် ကြံစည်တယ်။ အမ်အာတီမှာ ရထားစောင့်နေတုန်း လက်ဆော့လိုက်တာ။ ဘူတာနာမည် မေ့နေတယ်။ အနုစာဝါ့ရီနား ဆိုတော့ အနုစာဝါ့ရီ မှတ်တိုင် နေမှာပေါ့ဗျာ။
ရထား တစ်ဖြောင့်တည်း ဖြစ်သွားတဲ့ အချိန်ကို အမိ ဖမ်းလိုက်တာ။ သွားနေတုန်း ရိုက်လိုက်တာ။ ဒီမှာက တစ်ဘူတာနဲ့ တစ်ဘူတာ အတော်လှမ်းသေးသကိုး။ နှစ်ဘူထာတဲ သွားတာ .. ကြာကြာစီးရတယ်။
လူတွေက ချုပ်ညနေရီချမ်း အိမ်ပြန်ချိန်ဆိုတော့ ကြည်အေး စကားနဲ့ ပြောရရင် နွမ်းလျ အိမ်ပြန်ပေါ့ဗျာ။ နွမ်းလျ အိမ်ပြန်ဆိုတဲ့ ကြည်အေးရဲ့ ကဗျာကို သတိရသွားတယ်။ (၀တ္ထု ထင်တယ်...) ။ ရထားက ခါနေတော့ ပုံတွေ တုန်မှုန်ဝါး တာတွေ သည်းခံပါဗျာ။
အဲဒီနောက် ဆင်းမယ့် မှတ်တိုင်ကိုရောက်တော့ ဆင်းခဲ့တယ်။ Grand Hyatt ဟိုတယ်မှာ ဆင်းတာလေ..။ အဲဒီ ဘူတာ နာမည် မေ့သွားပြီ။ လေးမျက်နှာ ဘုရား ဂိတ်ပေါ့။ သွားမယ့်နေရာက ဟိုတယ်ကို ၀င်ပြီး ပြန်ထွက်ရမှာဆိုတော့ ဟော်တယ်အတွင်းပိုင်းကို ရောက်ခဲ့တယ်။ အခုမှ အပူဒဏ် သက်သာသွားတယ်။ ချုပ်ညနေရီချမ်း ဆိုပေမယ့် မတ်လနွေနေရဲ့ အပူရှိန်တွေက တစ်လျှံလျှံ ပူနေတုန်း...။
၂ယောက်ဆို ဘတ် ၂၆၀ ကျတယ်။
၎ယောက်ဆို ဘတ် ၃၆၀ ကျတယ်။
၆ယောက်ဆို ဘတ် ၆၂၀ ကျတယ်။
၈ယောက်ဆို ဘတ် ၇၁၀ ကျတယ်။
အားလုံး၁၅ မိနစ်လောက် ကပေးတယ်။
ကဲ..ဒီတစ်ခေါက်တော့ လေးမျက်နှာ ဘုရား ခေါ် ဖုရာ့ဖရုမ်း သို့ အလည်ခရီး နဲ့ တော်လိုက်ဦးမယ်။
(ဖြတ်ပိုင်းကို ကူညီကိုင်ပေးတဲ့သူက လိုက်ပါပို့ဆောင်ပေးတဲ့ အစ်မတော်ပါ။ အခုလို လက်မော်ဒယ် လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။)
Saturday, May 16, 2009
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
အဲဒီကနေ အပြန်မှာ အနုစာဝါ့ရီကို ပြန်ရောက်တော့ မှောင်စပြိုးနေပြီ။ ကဗျာဆရာ တင်မိုးရဲ့ ဧည့်သည်ကဗျာ ကို သတိရမိသေးတယ်။ ဘာတဲ့။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါတော့
ဆိုလား..။ မချိုသင်း အမှားလာပြင်လှည့်ပါ။
ခုလဲ ၀င်လုဆဲဆဲ နေလုံးကြီးကို ကြည့်ပြီး တစ်ခုခုကို ရွတ်ချင်လာတယ်။ ကဲ..လာလေရော့...။
ဆည်းဆာအလှမှာ
ပုဇွန်ဆီရောင်သန်း
ချုပ်ညနေရီချမ်းရဲ့
ညီအစ်ကို မသိတစ်သိချိန်မယ်
ွနွားရိုင်းတွေ သွင်းခါ မောင်းကြတယ်
ကျည်းတန်သူ လှတဲ့ပွဲ။
ပုံတွေနဲ့ ဆားချက်ရတာ သက်သာလိုက်ထှာ...။
Friday, May 15, 2009
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)ကဲ အနုစာဝါ့ရီကနေ ကားစီးပြီး ထွက်လာတယ်။ ဘယ်တက္ကသိုလ်နား ရောက်တာလဲတော့ မသိဘူး။ ကျောင်းသူ ကျောင်းသားလေးတွေ ဘတ်စ်ကားမှာ ကားစောင့်နေကြတာ တွေ့ရတယ်။
အဲဒီမှာ ကားက ပျက်နေတယ်။ ဘာမဆိုင် ညာမဆိုင် ဖိုင်နယ် တက်စ်တီနေးရှင်းထဲက ဇာတ်ဝင်ခန်းကို သတိရမိပြီး ကျောချမ်းသွားသေးတယ်။ နောက်မှ ၀ီလ်စမစ်က ဟန်ကောက်ထဲကလို လာကယ်မှာပါ ဆိုပြီးတော့ စိတ်အေးသွားတယ်။ဘန်ကောက်နီးယားများသည် ကာလာ ဖန်စီများလား မသိ..။ အရင်ပို့စ်က ပန်းရောင် တက်စီ တွေ့တော့ တက်နီကာလာ ခရေဇီတွေ ဆိုပြီး ချီးကျူးရမလား၊ ကဲ့ရဲ့ရမလား ဖြစ်နေတုန်း.. ဗြုန်းဆိုခရမ်းရောင် တက်စီကို တွေ့သဗျား။ (စကားမစပ် လေဆိပ်က စီးလာတဲ့ ကားက အစိမ်းမှာအ၀ါကို အလျားလိုက် ပတ်ထားတာ။ သူက မူလလက်ဟောင်း အော်ရီဂျင်နယ် တက်စီ။)
ဒီလိုနဲ့ သွားရင်းလာရင်း ငေးရင်းမောရင်းနဲ့ သွားလိုရာ အရပ်ကို ရောက်ခဲ့တယ်။ မြို့ပြင်နားရောက်တော့ တွေ့ပါလေရောဗျာ...။ ဘန်ကောက်အိုးများပေါ့။ နေပူလို့ ခပ်သုတ်သုတ် ရိုက်လိုက်ရတယ်။
သွားရလာရတော့ ပင်ပန်းနေပြီဗျာ။ ဗိုက်က ဆာလာပြီလေ။ ရိုးရာမပျက် တွေ့တဲ့ ဆိုင်ကို ၀င်လိုက်တော့ စားစရာတွေ ရောင်းတဲ့ဆိုင် ဖြစ်နေတယ်ဗျ။ ငါ့ဝမ်းပူဆာ မနေသာ ဆိုတော့လဲ မှာလိုက်ရတာပေါ့ဗျာ။
“ဖိခရပ်”
“ကွေ့တျိုပေ့တ် ဆောင်ထိ”
“နမ့်တုတ်ယေ့ယေ့”
အဲဒီနောက် ဘာထပ်ရမလဲ မျက်စိ ကစားလိုက်တော့ တွေ့ပြန်ပါပြီ။ “နမ့်တုပ်” တစ်ပွဲပေးပါ။ လာပြီရော့။ “ကိုင်ယန့်” လဲ ပေးပါ။ မိုက်တယ်နော်။
နောက်တော့ ဆိုင်နားမှာ ယမကာလုင် နှစ်ယောက်က လယ်ထဲက ရလာတယ်ဆိုတဲ့ ပုရစ်ကြော်လိုလို.. ဘာကောင်လဲ မသိဘူး။ အဲဒီ အကောင်တွေ ကြော်ထားတာ လာကျွေးတယ်။ ဆိမ့်သက်သက်လေးဗျ။ ကောင်းတယ်လို့ ပြောတော့ နောက်တစ်ပန်းကန်နဲ့ မောက်မောက် လာကျွေးတယ်။
စားပြီးတော့ လေပေါပြီးနောက် အသိ နောက်တစ်ယောက်ဆီ ထပ်သွားမယ်ဆိုပြီး လမ်းထိပ်ကို တက်စီနဲ့ ထွက်လာတယ်။ အဲဒီနောက် အချိန်းအချက် လုပ်ရာ မြို့ပြင်က PanThip Shopping Mall ကို ရောက်တယ်။ မြို့ထဲက အိုင်တီ ပစ္စည်းတွေ ရောင်းတဲ့ PanThip Plaza နဲ့ မမှားစေလိုပါ။ အဲဒီ ဖန်းထစ်ပ် ပလာဇာ အကြောင်းကို နောက်မှ ရေးပါမယ်။
ဗိုက်က တစ်ဂွီဂွီနဲ့ ထပ်ဆာလာပြန်ပြီ။ ဘာတွေများ စားစရာ ရှိဦးမှာပါလိမ့်...။ ဂန္ဓာရုံကိုလဲ တစ်ခုခုက လာပြီး အနှောင့်အယှက် ပေးနေပါလား...။ မှန်းစမ်း...။ အိုး.. ။ ရှလွတ်...။
စင်ကာပူမှာတော့ ယိုးဒယားအစားအသောက်တွေ ရောင်းတဲ့ နေရာတစ်နေရာ ရှိပါတယ်။ ဂိုးဒန်းမိုင်းလို့ ဆိုလိုက်ရင် ဒီဘလော့ကို လာဖတ်လေ့ရှိတဲ့ ပုံမှန်စာဖတ်သူများနဲ့ ရင်းနှီးတဲ့ နေရာပါ။ မသိသူများအတွက် လမ်းညွှန်ပါရစေ။ လာဗဲန်းဒါး ဘူတာကနေ ICA ဘက် ထွက်လိုက်ပါ။ အဲဒီကနေ တိုက်ကြားက လမ်းလေးကနေ တစ်ဆင့် သွားရပါသေးတယ်။ လမ်းမကြီး တစ်ခုကို ဖြတ်သွာလိုက်ပါ။ နောက်ထပ် နည်းနည်းလေး ထပ်လျှောက်လိုက်တာနဲ့ ယပက်လက်တွေ ကျက်စားရာ နေရာကို ရောက်ပါမယ်။ ဂုံးကျော်တံတားလေးကနေ ဂိုးဒန်းမိုင်း လို့ခေါ်တဲ့ ရှောပင်းမောလ်ကို သွားလို့ရပါတယ်။ တံတားပေါ်ကနေ မောလ်ထဲ မရောက်ခင် အောက်ဘက်ကို ကြည့်လိုက်ရင် ဘူမိနတ် လို့ ခေါ်ရမယ့် ကျောက်ထိ ဆိုတာ ကို ကိုးကွယ်တဲ့ နတ်ကွန်းကို တွေ့ရပါမယ်။ မောလ်ထဲကို လျှောက်သွားလိုက်ပါ။ ပထမထပ်ကို ရောက်ပါမယ်။ ကက်ဆက်တွေ၊ အခွေတွေ ရောင်းတဲ့ ဆိုင်ကို ကျော်လိုက်ပါ။ ညာဘက်မှာ အောက်ထပ်ဖြစ်တဲ့ မြေညီထပ်ကို ဆင်းတဲ့ လှေကားကို တွေ့ပါလိမ့်မယ်။ ဆင်းလိုက်ပါ။ တည့်တည့် ဆက်လျှောက်ပါ။ Din Dean Lea Lurk ဆိုတဲ့ ဆိုင်လေး တွေ့ပါလိမ့်မယ်။ ဟုတ်ကဲ့ အဲဒီဆိုင်မှာ ထိုင်းစာတွေ မှာစားလို့ရပါတယ်။ မြန်မာလို ပြောတတ်တဲ့ ကိုကို မမ များလဲ ရှိပါတယ်။ မမှာတတ်ရင် သူတို့ကို မှာလို့ ရပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါခင်ဗျာ။
ဗျာ...။
ဆိုက်အိုလား...။ အော် အဲဒီဆိုင်က မမတွေ မေးကြည့်ပါလား။
မရဘူးတဲ့...။ ဟိဟိ
ခက်ဆစ်။
“ကွေ့တျိုပေ့တ်” = ဘဲသား ခေါက်ဆွဲ။
“ဆောင်ထိ” = နှစ်ပန်းကန်။
“နမ့်တုတ်” = အသားသုပ်။
“ယေ့ယေ့” = များများ။
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
ိုဆက်စပ် ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
ပြာလွင်နေပြီး တိမ်ဖြူတွေ ရောယှက်နေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားပြီး ကောင်းကင်ကို ထိုးဖေါက်လုမတတ် ထီးထီးတည်း ရပ်တည်နေတဲ့ ကျောက်တိုင်ကြီးကို ကြည့်လိုက်ပါ။ ကိုယ့်နိုင်ငံတော်အတွက် ဂုဏ်ယူ ၀င့်ကြွားချင်စိတ်များ တစ်ဖွားဖွား ပေါက်မိပါသလား။ ဘာမှ မခံစားရဘူးဆိုရင်တော့ သင် တစ်ခုခု မှားနေပါပြီ။ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ တိုင်ပင်လို့မှ ဘာ အဖြေမှ မထွက်ဘူးဆိုရင်တော့ အောက်က ပို့စ်ကို ဆက်ဖတ်ပါ။ (ဘာမှလဲ မဆိုင်ဘူး။)
ဒီနေရာကို အနုစာဝါ့ရီ လို့ ခေါ်ပါတယ်။ ထိုင်းအမျိုးသားများရဲ့ လွတ်လပ်ရေး ကျောက်တိုင် တည်ရှိရာ နေရာပေါ့။ အဲဒီမှာ မ.ထသ ဂိတ်ပေါင်းစုံ ရှိပါတယ်။ ရန်ကုန်မြို့တော် ခန်းမနားက မ.ထ.သ ဂိတ်ကို အတုယူဖွင့်တာလို့ ကိုယ်လိုရာ ဆွဲတွေးလိုက်ပါတယ်။ (ဟင်းဟင်းဟင် အယုဒ္ဓယသားတွေဟာ ငါတို့ မြန်မာတွေရဲ့ နောက်လိုက်တွေပါကွ...။) ဒီလိုနဲ့ ဘတ်စ်ကားဂိတ်ပေါင်းစုံ စုဝေးရာ အနုစာဝါ့ရီကို ရောက်ခဲ့ပါပြီ။ အနုစာဝါ့ရီ ဆိုတာ တစ်ကယ်တော့ လွတ်လပ်ရေး ကျောက်တိုင် သဘောမျိုးပါ။ အ၀ိုင်းပတ် အကြီးကြီးပါ။ အလယ်မှာ ကျောက်တိုင် မြင့်မြင့် စိုက်ထူထားပါတယ်။
ဒီနေရာ အနုစာဝါ့ရီမှာပေါ့။ အနီတွေ (သက်ဆင်ထောက်ခံသူ) ပတ္တယားမှာ ဆန္ဒပြပြီး အာဆီယံဆမ်မစ် မီတင် ပျက်အောင် လုပ်နိုင်လို့ ဘန်ကောက်ပေါ် တက်လာကြပြီး ထပ်ဆန္ဒပြကြရာမှာ တက်စီသမားများက အားပေးထောက်ခံတဲ့ အနေနဲ့ ဒီနေရာကို ၀င်စီးထားတာ။ မော်တော်ပီကယ်တွေ ကြက်ပျောက်ငှက်ပျောက်ပဲ။ တက်စီသမားတွေကပဲ လမ်းကြောကို ထိန်းသိမ်းပေးတယ်။ တစ်ခါတစ်လေလဲ တိုင်းသူပြည်သားတွေ ဒီမိုကရေစီဆိုပြီး ဗန်းပြ ဆန္ဒပြတာ တိုင်းပြည်နစ်နာတယ်။ အ၀ါတွေ(သက်ဆင်ကို ရှုံ့ချသူ)က ထိုအချိန်က ၀န်ကြီးတက်လုပ်နေတဲ့ သက်ဆင်ယောက်ဖဟာ နိုင်ငံရေး ကိစ္စ တော်တော်များများမှာ ကိုင်တွယ်နေတာတွေသည် နောက်ကွယ်က သက်ဆင် ပယောဂ မကင်းလို့ ဆိုပြီး အစိုးရရုံးကို ၀ိုင်း ဆန္ဒပြကြတယ်။ အဲဒီမှာ ၀န်ကြီးက လွယ်လွယ်နဲ့ အလျှော့မပေးတော့ သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်စီးလိုက်တာ နိုင်ငံ့ ခရီးသွားလုပ်ငန်း ရပ်တန့်သွားတယ်။ လေယာဉ်တွေ မဆင်းနိုင် မတက်နိုင်ဖြစ်ပြီး စီးပွားရေးတွေ ရပ်တန့်၊ အလည်လာတဲ့သူတွေ မပြန်နိုင် မလာနိုင် ဖြစ်ကုန်တယ်။ အဲဒီကတည်းက ထိုင်းစီးပွားရေး ထိုးကျသွားတာ အခု Recession ဖြစ်တဲ့ အထိပဲ။ အခု ၀န်ကြီးချုပ် ဖြစ်နေတဲ့ အဘိဇစ်ကတော့ အဲဒီ လေယာဉ်ကွင်း အပိုင်စီးတဲ့ ကိစ္စမှာ တာဝန်ရှိတဲ့သူကို အရေးယူမယ်လို့ ပြောပေမယ့် အရေး မယူသေးတော့ အခုတစ်ခေါက် အနီဝတ်တွေက အတင့်ရဲပြီး ပတ္တယားက အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတဲ့ ဟိုတယ် ကို ချဉ်းနင်း ၀င်ရောက် နိုင်ခဲ့တာပေါ့။ အတင့်ရဲပုံကတော့ ၀န်ကြီးချုပ် စီးလာတဲ့ကားကို ဖျက်ဆီးပစ်မယ့်အထိ ဆိုးဝါးခဲ့တာပါပဲ။ ဒါကတော့ အစွန်းရောက်ရင် ဖြစ်တတ်တာကို ပြတာပါ။
ကဲကဲ... လမ်းလွဲနေတာ ပြန်တည့်မယ်။ အနုစာဝါ့ရီ ရောက်တော့ တံတားပေါ်ကနေ ဖြတ်တာ မြင်ကွင်းလေးလှလို့ ထပ်တင်လိုက်ပါတယ်။
ဟော ဒီပုံလေးကျတော့ သိမ်ကြီးဈေး ကုန်းကျော်တံတားကနေ အောက်ကို ကြည့်လိုက်ရတဲ့ မြင်ကွင်းနဲ့ ဆင်ပြန်ရော။
မွေးရာပါ စက္ခုမလင်းရှာတယ်။
မောင့်ကံငယ် နုံချာလွန်းတာကြောင့်
ခြေလက်အဂါင်္ စုံလင်သူများလိုဖြင့်
ဝမ်းကျောင်းကာ မနေရတယ်။
နှဲမှုတ်လို့ တောင်း...။
ဘန်ကောက်ရဲ့ ပူပြင်းလှတဲ့ မနက် နေရောင်ခြည်အောက်မှာ နေဒဏ်ကို အန်တုလို့ ကိုယ်တတ်တဲ့ နှဲမှုတ် အတတ်ပညာနဲ့ရယ် ဖျော်ဖြေပြီး တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရသူပါ။ ဘ၀တစ်ကွေ့မှာ ကြုံခဲ့ဖူးသူ ရယ်လို့ဖြင့် မှတ်တမ်းတင် ဓါတ်ပုံလေး ရိုက်ပေးလိုက်ပြီး သူ့အနုပညာကို လေးစားသောအားဖြင့် ငွေစလေးများ ပေးသနားခဲ့တယ်...။
အဲဒီနောက်ကို အနုစာဝါ့ရီ တံတားအ၀ိုင်းကနေ အောက်ကို ဆင်းခဲ့တယ်။ ကားဂိတ်ဆိုတော့ လူပေါင်းစုံ ရှိတာပါ့။ သွားရည်စာ၊ မနက်စာများလဲ ရောင်းတဲ့ ဆိုင်လေးတွေ ရှိတယ်။ ကားစောင့်ရင်းနဲ့ ဟိုဟိုဒီဒီ မျက်စိကစားမိတယ်။
ဒီဆိုင်လေးက Dunkin' Donuts ဆိုတဲ့ သိုးဆောင်းလူမျိုးတို့ရဲ့ မုန့်လက်ကောက် အရောင်းဆိုင်ပေါ့ဗျာ။ လမ်းသွားလမ်းလာများ မနက်စာ သွားရည်စာ အလွယ် ၀ယ်လို့ရတဲ့ နေရာပေါ့။
ကဲ.. ခုတစ်ခေါက် ခဏနားမယ်။ နောက်မှ ကားစီးတဲ့ အခန်းလာမယ် မပုကြွယ်နဲ့ ခရုငယ်။
တော်သေပြီ။