Showing posts with label trip. Show all posts
Showing posts with label trip. Show all posts

Saturday, July 4, 2009

Bangkok Trip 9 နတ်မိမယ်တို့ ပျော်စံရာ (၉)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

အခုတစ်ခေါက်တော့ ပုံတွေပဲ တင်သွားပါမယ်။ လိုအပ်တဲ့ နေရာမှာ စာညွှန်းလေး ထည့်ပေးပါမယ်။

လိမ္မော်ရည်တွေ။ အသီးကနေ လတ်လတ်ဆတ်ဆတ် ညစ်ပေးထားတာ။ ဘတ်၂၀တဲ့။

ဖရဲသီး လတ်လတ်ဆတ်ဆတ်... ဂျွမ်းကနဲ ကိုက်စားလိုက်တယ်...။

အုန်းစိမ်းရည်တွေ တစ်လုံး ဘယ်လောက်ပါလိမ့်... မေ့သွားပြီ...။ ၁၀ ဘတ် ထင်တယ်။

အော်တိုပတ်စ်ကင်... “အားဟန်ထလေး” တွေ...။

ဝက်အူချောင်းနဲ့ အီဆန် ထမင်းချဉ်တွေ...။ ဆိုက်ကလော် နဲ့ ဆိုက်အို...။

ဒါက ဆိုက်အိုစစ်စစ်...။

ငြုပ်သီးထောင်းမလား...။ ငြုပ်ဆုံ ကောင်းကောင်းတော့ လိုလိမ့်မယ်။ လာနော်.. ဆုံကောင်းကောင်းတွေ...။

ညရောက်တော့ လမ်းဘေးမှာ ၀မ်းဖြည့်ကြတယ်။ ငါးက တစ်တောင်လောက် ရှိတာ အရိုးပဲ ကျန်တော့တယ်...။

(ခဏနားမယ်။)

Wednesday, May 20, 2009

Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

ုဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ရေထိုးမယ့် ဆားချက်မယ့် နံပါတ် ၈ ပေါ့ဗျာ...။
ဘန်ကောက်ရဲ့ ချုပ်ညနေရီချမ်းမှာ အနုစာဝါ့ရီ ရောက်ခဲ့ပြန်ပေါ့။ အဲဒီကနေ နောက်တစ်နေရာကို သွားမယ် ဆိုတော့ ဘန်ကောက်ရဲ့ အမ်အာတီ ကို ခံစားရအောင်ဆိုပြီး အမ်အာတီ ဘူတာ ရှိရာလာခဲ့တယ်။ ဘန်ကောက်က စတေရှင်တွေက ပိုပြီးအရောင်အသွေးတွေ စုံနေသလိုပဲ။ လမ်းသွားလမ်းလာထဲက အမျိုးသမီး ပရိသတ်တွေထဲမှာ ၁၀ ယောက် ဆို ၇ ယောက် ကြည့်ပျော်ရှုပျော်ဖြစ်ပြီး ၄ ယောက်လောက်က အတော်ကို ကြည့်ကောင်းနေခဲ့တယ်။ (စလုံးကျွန်းက လေးလုံးမျက်မှန် မမကြီး၊ အီမို စတိုင် မလေးမတွေနဲ့များ ကွာပါ့။)

မနက်က တွေ့ခဲ့တဲ့ sky train နဲ့ ဟိုတယ်ကို ပြန်မယ် ကြံစည်တယ်။ အမ်အာတီမှာ ရထားစောင့်နေတုန်း လက်ဆော့လိုက်တာ။ ဘူတာနာမည် မေ့နေတယ်။ အနုစာဝါ့ရီနား ဆိုတော့ အနုစာဝါ့ရီ မှတ်တိုင် နေမှာပေါ့ဗျာ။

ရထား တစ်ဖြောင့်တည်း ဖြစ်သွားတဲ့ အချိန်ကို အမိ ဖမ်းလိုက်တာ။ သွားနေတုန်း ရိုက်လိုက်တာ။ ဒီမှာက တစ်ဘူတာနဲ့ တစ်ဘူတာ အတော်လှမ်းသေးသကိုး။ နှစ်ဘူထာတဲ သွားတာ .. ကြာကြာစီးရတယ်။



လူတွေက ချုပ်ညနေရီချမ်း အိမ်ပြန်ချိန်ဆိုတော့ ကြည်အေး စကားနဲ့ ပြောရရင် နွမ်းလျ အိမ်ပြန်ပေါ့ဗျာ။ နွမ်းလျ အိမ်ပြန်ဆိုတဲ့ ကြည်အေးရဲ့ ကဗျာကို သတိရသွားတယ်။ (၀တ္ထု ထင်တယ်...) ။ ရထားက ခါနေတော့ ပုံတွေ တုန်မှုန်ဝါး တာတွေ သည်းခံပါဗျာ။


အဲဒီနောက် ဆင်းမယ့် မှတ်တိုင်ကိုရောက်တော့ ဆင်းခဲ့တယ်။ Grand Hyatt ဟိုတယ်မှာ ဆင်းတာလေ..။ အဲဒီ ဘူတာ နာမည် မေ့သွားပြီ။ လေးမျက်နှာ ဘုရား ဂိတ်ပေါ့။ သွားမယ့်နေရာက ဟိုတယ်ကို ၀င်ပြီး ပြန်ထွက်ရမှာဆိုတော့ ဟော်တယ်အတွင်းပိုင်းကို ရောက်ခဲ့တယ်။ အခုမှ အပူဒဏ် သက်သာသွားတယ်။ ချုပ်ညနေရီချမ်း ဆိုပေမယ့် မတ်လနွေနေရဲ့ အပူရှိန်တွေက တစ်လျှံလျှံ ပူနေတုန်း...။



လေးမျက်နှာ ဘုရားရဲ့ အနောက်ဘက် စောင်းတန်းပေါ့လေ။ ဘုရားကို ပူဇော်ဖို့ ပန်း၊ဆီမီး၊ ရေချမ်း၊ အမွေးတိုင်တွေ ရောင်းနေတာ။

အဲဒါနဲ့ ပန်းနဲ့ အမွေးတိုင်တွေ ၀ယ်ခဲ့တယ်။ ဘုရားထဲမှာလဲ ရောင်းတာ ရှိတယ်။ တူတူပါပဲ။ ဘုရားထဲမှာကျတော့ ကန်တော့ပွဲတွေ ဘာတွေ အဆာချဲ့ရင် ချဲ့သလို ရှိတယ်။



လေးမျက်နှာ ဘုရားတဲ့။ ဟိန္ဒူယဉ်ကျေးမှုက ဆင်းသက်လာတာ။ ယပက်လက်တွေကတော့ “ကျောက်ထိ” ဆိုလား.. ခေါ်တယ်တဲ့...။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အရူးတစ်ယောက် (ဆိုပဲ) အဲဒီ ဘုရားမျက်နှာကို တူနဲ့ ထုတာ ပြုတ်သွားတယ်။ အဲဒီအရူးကိုလဲ ဘေးနားက လူတွေက ၀ိုင်းသမလိုက်တာ အရူးလျှောသွားတယ်။ လိုရာဆုတောင်း ပြည့်တယ်တဲ့။



လေးမျက်နှာ ဘုရားမှာ ဆုတောင်းတဲ့သူတွေ မနည်းဘူး...။


နေရာလေးက ကျဉ်းကျဉ်းလေး။

အမွေးတိုင်ကို ဖန်အိမ်ထဲက မီးခွက်ထဲမှာ မီးငြိကြတယ်...။ လေတိုက်လဲ မငြိမ်းအောင် ဖန်အိမ်ထဲ ထည့်ပြီး တံခါးလေး တပ်ထားတယ်။ Candle in the wind .. အဲ.. Light in the wind ပေါ့လေ...။
ပျိုပျိုအိုအို ကျားမမရွေး လာပြီး ဆုတောင်းကြတဲ့ နေရာပေါ့..။
ကိုယ်သန်ရာ သန်ရာရှိခိုးကြတာပဲ။ မတ်တပ်ရပ် ရှိခိုးတာက စလုံးတရုတ်ပဲ။ စလုံးတွေ တော်တော်များတယ်။ ငါစင်ကာပူရောက်နေတာလား.. ဘန်ကောက်ရောက်နေတာလား ဆိုတာ တစ်ခါတစ်ခါ ပြန်စဉ်းစားနေရတယ်။ ခရီးသွားလာရေးကို အားပေးတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် လာလည်တဲ့ လူမျိုးစုံတယ်။

ဘုရားကို အကနဲ့လဲ ပူဇော်လို့ ရတယ်။
အဓိဌာန်ထားတာ အောင်မြင်ရင်လဲ အကနဲ့ လာပူဇော်တာပေါ့။ တစ်ချို့က တောင်းတဲ့ဆု ပြည့်ရင် အကနဲ့ လာပူဇော်ပါ့မယ် ဆိုပြီး အဓိဋ္ဌာန်ကြတယ်။ တစ်ခါကရင် ဘတ် ၂၀၀၊ ၄၀၀၊ ၆၀၀၊ ၈၀၀ အစားစား ရှိတယ်။ ကတဲ့ ကြာချိန် ကွာသွားတာပေါ့လေ...။

အတီးသမားတွေပေါ့။
ကတာကတော့ အစားစားပဲ။ ထိုင်ကတာ ပါမယ်။ မတ်တပ်ရပ်ကတာ ပါမယ်။ အဲဒီအက ကတဲ့သူတွေကို လိဂေး လို့ ခေါ်တယ်။ လက်မှာ လက်သည်းရှည်ရှည် တပ်ထားကြတယ်။ သူတို့လဲတစ်နေ့ တစ်နေ့ ကလိုက်ရတာ ၀င်ငွေတော်တော် ရကြတယ်။ သေချာ စံနဲ့ ရွေးထားတာ။ ကတတ်တိုင်း ကလို့ရတာ မဟုတ်ဘူး။ အရင်ကဆို အပျိုဆိုတာ စစ်မှ ကရတာတဲ့။ ရုပ်ရည်ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်း၊ သာယာသော အသံရှိခြင်း၊ အရပ်အမောင်း၏ ကောင်းခြင်း၊ ပြေပြစ်သော အသားအရည် ရှိခြင်း၊ သမင်မ၏ မျက်လုံး၊ သောက်ရှုးကြယ် ကဲ့သို့သော မျက်လုံးပိုင်ဆိုင်ခြင်း... စတာတွေနဲ့ ပြည့်စုံရတယ် ဆိုပဲ။ ခုတော့လဲ အဲလို ပြည့်စုံတာတွေ ရှားတော့ တင်းကျပ်ချက်တွေ၊ သတ်မှတ်ချက်တွေ လဲ လျှော့လောက်ရောပေါ့။

အကနဲ့ ပူဇော်ချင်သူများ အဲဒီကတဲ့ဘေးနားမှာလက်မှတ်ကောင်တာမှာ လက်မှတ်သွားဖြတ်ပြီး ကိုယ့်အလှည့်ကို စောင့်ပေါ့။ အလှည့်ကျရင် ကိုယ်က အဲဒီမှာ ဘုရားရှိခိုးပြီး အရင်အဓိဋ္ဌာန်အောင်တဲ့ အတွက် အကနဲ့ လာရောက်ပြီး ပူဇော်ပါတယ်။ နောက်ထပ် အဓိဋ္ဌာန်အောင်ပါစေ ကူညီမစပါ ဘာညာ ဆုတောင်းကြတယ်။

ဒါက ဖြတ်ပိုင်းလေး။
၂ယောက်ဆို ဘတ် ၂၆၀ ကျတယ်။
၎ယောက်ဆို ဘတ် ၃၆၀ ကျတယ်။
၆ယောက်ဆို ဘတ် ၆၂၀ ကျတယ်။
၈ယောက်ဆို ဘတ် ၇၁၀ ကျတယ်။
အားလုံး၁၅ မိနစ်လောက် ကပေးတယ်။

ကဲ..ဒီတစ်ခေါက်တော့ လေးမျက်နှာ ဘုရား ခေါ် ဖုရာ့ဖရုမ်း သို့ အလည်ခရီး နဲ့ တော်လိုက်ဦးမယ်။

(ဖြတ်ပိုင်းကို ကူညီကိုင်ပေးတဲ့သူက လိုက်ပါပို့ဆောင်ပေးတဲ့ အစ်မတော်ပါ။ အခုလို လက်မော်ဒယ် လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။)

Saturday, May 16, 2009

Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)

အချိုတည်းဖို့ ဘေးဘီ လိုက်ရှာတော့ ဒီအသီးအနှံတွေ တွေ့တယ်။ ဈေး မသေးဘူး။ စလုံးဈေးနီးနီးပဲ။ ပိုလတ်တယ်ပေါ့လေ...။ ဘယ်စွန်က သဘောင်္သီး၊ နောက် မာလကာသီး။ အံမယ် သူက အသီးအနှံရောင်းတာ ဆုရတယ်ဆိုလား...။

အဲဒီနောက် ချိန်းထားတဲ့ သယ်ရင်း ရောက်လာလို့ သူနေတဲ့ နေရာကို တုတ်တုတ် စီးပြီး သွားတယ်။ ဘန်ကောက်သာ မီးခိုးတွေ မများဘူးဆိုရင် တုတ်တုတ် ဆိုတဲ့ အရာက အတော်ကို စီးလို့ ကောင်းတာ။ လေတွေက တစ်ဖြူးဖြူး တိုက်နေတာ။ ခက်တာက ပူကလဲ ပူ၊ ကားမီးခိုးတွေ၊ ကာဗွန်မိုနော့ဆိုဒ်တွေက များနဲ့ လူတောင် သေချင်စော်နံသွားတယ်။


သယ်ရင်းဆီ ရောက်တော့ သူတို့ဆီက နယ်က ထွက်တဲ့ ရွှေမန်ကျီးသီးဆိုတာ လာကျွေးတယ်။ တစ်မျိုးကြီးပဲ.. စိမ်းရွှရွှေ ချိုတိုတိုနဲ့။ ဗမာပြည်မှာ အဲဒီ မန်ကျည်းသီးကို ဘယ်လိုခေါ်လဲဟင်။ ယိုးဒယားလို “မာ့ခမ်မ် ထောင်း” ရွှေမန်ကျည်းသီးလို့ ခေါ်တယ်။

ဘယ်ဘက်က ၀က်သားချဉ်၊ သူ့ဘေးက ထမင်းချဉ်ကို ၀က်အူချောင်းထဲ အစာသွတ်ထားတဲ့ ဆိုက်ဆိုလို့ ခေါ်တဲ့ဟာ။

ဒါကျတော့ ရှမ်းစတိုင် လုပ်ထားတဲ့ ခေါက်ဆွဲဖတ်လိပ်။ အဆာပလာကတော့ ကြိုက်ရာပေါ့။ ခုဟာက သတ်သတ်လွတ်။ အဆာပြေပေါ့လေ...။ ရှမ်းပြည်မှာ ဒါမျိုးတွေ ရတယ်...။ ခေါက်ဆွဲဖတ်ကို လိပ်ထားတာ။ အဆာပလာကတော့ တောက်တောက်စင်းထားတဲ့ ၀က်သားကို ကြက်သွန်နီနဲ့ လှိမ့်ထားတာ။

ကွန်ဒိုအောက်ထပ်မှာ ဒီလို စက်လေးတွေ အစီအရီ တွေ့ရတယ်။ ဘာစက်လဲ သိလား။ သောက်ရေသန့်တွေ ရောင်းတဲ့ ကုမ္ပဏီက လာဆင်ထားပေးတာလေ။ ကိုယ့်မှာ လီတာ၂၀ ဗူးရှိရင် အဲဒီအောက်နားက သတ်မှတ်ထားတဲ့ အံခွက်မှာ သွားထည့်လိုက်။ ငွေအကြွေလေး ထည့်လိုက်ရင် ရေက အော်တို ကျလာလိမ့်မယ်။ သတ်မှတ်ထားတဲ့ အခကြေးငွေ အတိုင်းပေါ့။ ရန်ကုန်မှာလို့ ဗူးပေါ် ခြေထောက်တင်လို့ ခြေရာထင်တာတို့၊ ဗူးလည်ပင်းမှာ ရေညှိတွေ တက်နေတာတို့၊ ဖုန်းဆက်ခေါ်နေရတာတို့ ကရိကထ မများတော့ဘူးပေါ့။ သက်သာတယ်နော်။

ဟောဒါက နောက်တစ်မျိုး။ အ၀တ်လျှော်တဲ့ စက်။ လျှော်ပြီး၊ ညှစ်ပြီး၊ ခြောက်ပြီး အသင့်ပဲ။ တစ်ခါလျှော် ၅ကီလို ကို ဘတ်၂၀။ ၁၁ ကီလိုကို ဘတ် ၄၀ တဲ့။ အ၀တ်လေး လာထည့်။ အကြွေစေ့ ၁၀ ဘတ်တန် ၂ စေ့ထည့်။ ခလုတ်နှိပ်။ အချိန်တန်ပြန်လာယူ။ ဟုတ်နေတာပဲ။ ၂၄ နာရီ ကြိုက်တဲ့ အချိန် သွားလျှော်ရုံပဲ...။ ဘန်ကောက်နီးယားတွေ ဆိုတော့ အလုပ်က ပြန်လာတဲ့ ညဆို တန်းစီနေတာပဲတဲ့။ အ၀တ်လှမ်းစရာ ၀ရန်တာ သိပ်မရှိဘူးတဲ့။


အဲဒီကနေ အပြန်မှာ အနုစာဝါ့ရီကို ပြန်ရောက်တော့ မှောင်စပြိုးနေပြီ။ ကဗျာဆရာ တင်မိုးရဲ့ ဧည့်သည်ကဗျာ ကို သတိရမိသေးတယ်။ ဘာတဲ့။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါတော့

ဆိုလား..။ မချိုသင်း အမှားလာပြင်လှည့်ပါ။

ခုလဲ ၀င်လုဆဲဆဲ နေလုံးကြီးကို ကြည့်ပြီး တစ်ခုခုကို ရွတ်ချင်လာတယ်။ ကဲ..လာလေရော့...။

နေ၀င်စဖျိုးဖျ
ဆည်းဆာအလှမှာ
ပုဇွန်ဆီရောင်သန်း
ချုပ်ညနေရီချမ်းရဲ့
ညီအစ်ကို မသိတစ်သိချိန်မယ်
ွနွားရိုင်းတွေ သွင်းခါ မောင်းကြတယ်
ကျည်းတန်သူ လှတဲ့ပွဲ။
အဲ့လိုပဲ ဒီအချိန်တွေကို တင်စားပြောကြတယ်။ ဒါ့ကြောင့်နေမှာ ကျောင်းဆောင်တွေမှာဆို ဒီအချိန် အဆောင်သူတွေ အဆောင်ရှေ့ ဟန်ရေးထွက်ပြလို့ ကောင်းတဲ့ အချိန်။ ဂေါ်ချင်တဲ့ ငနဲသားတွေကလဲ ရေနီမြောင်းထိပ်က အကြော်တွေ ၀ယ်ပြီးတော့ စားတော်ဆက်တဲ့ အချိန်ပေါ့လေ...။ သတိရမိသေးတယ် မိပေါက်ရယ်...။ နင့်ရဲ့ ကုလားပဲအိုး မှောက်ကျတဲ့ သနပ်ခါး ဘဲကျားကွက် ညနေခင်းတွေ...။

ဘောနပ်စ်
အောက်က ပုံက အမေရိကန်က ထုတ်တဲ့ HumVill ကား အစစ်။ အီရတ်အတွက် သတ်သတ် ထုတ်ထားတာကနေ ဘယ်လိုလုပ်ပြီး ဘန်ကောက်ကို ရောက်လာတယ် မသိဘူး။ မသက်ဆိုင်ပေမယ့် ဘောနပ်စ် အနေနဲ့ ထည့်ပေးလိုက်တယ်နော့။

ပုံတွေနဲ့ ဆားချက်ရတာ သက်သာလိုက်ထှာ...။

Friday, May 15, 2009

Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)

ကဲ အနုစာဝါ့ရီကနေ ကားစီးပြီး ထွက်လာတယ်။ ဘယ်တက္ကသိုလ်နား ရောက်တာလဲတော့ မသိဘူး။ ကျောင်းသူ ကျောင်းသားလေးတွေ ဘတ်စ်ကားမှာ ကားစောင့်နေကြတာ တွေ့ရတယ်။


အဲဒီမှာ ကားက ပျက်နေတယ်။ ဘာမဆိုင် ညာမဆိုင် ဖိုင်နယ် တက်စ်တီနေးရှင်းထဲက ဇာတ်ဝင်ခန်းကို သတိရမိပြီး ကျောချမ်းသွားသေးတယ်။ နောက်မှ ၀ီလ်စမစ်က ဟန်ကောက်ထဲကလို လာကယ်မှာပါ ဆိုပြီးတော့ စိတ်အေးသွားတယ်။

ဘန်ကောက်နီးယားများသည် ကာလာ ဖန်စီများလား မသိ..။ အရင်ပို့စ်က ပန်းရောင် တက်စီ တွေ့တော့ တက်နီကာလာ ခရေဇီတွေ ဆိုပြီး ချီးကျူးရမလား၊ ကဲ့ရဲ့ရမလား ဖြစ်နေတုန်း.. ဗြုန်းဆိုခရမ်းရောင် တက်စီကို တွေ့သဗျား။ (စကားမစပ် လေဆိပ်က စီးလာတဲ့ ကားက အစိမ်းမှာအ၀ါကို အလျားလိုက် ပတ်ထားတာ။ သူက မူလလက်ဟောင်း အော်ရီဂျင်နယ် တက်စီ။)


ဒီလိုနဲ့ သွားရင်းလာရင်း ငေးရင်းမောရင်းနဲ့ သွားလိုရာ အရပ်ကို ရောက်ခဲ့တယ်။ မြို့ပြင်နားရောက်တော့ တွေ့ပါလေရောဗျာ...။ ဘန်ကောက်အိုးများပေါ့။ နေပူလို့ ခပ်သုတ်သုတ် ရိုက်လိုက်ရတယ်။

သွားရလာရတော့ ပင်ပန်းနေပြီဗျာ။ ဗိုက်က ဆာလာပြီလေ။ ရိုးရာမပျက် တွေ့တဲ့ ဆိုင်ကို ၀င်လိုက်တော့ စားစရာတွေ ရောင်းတဲ့ဆိုင် ဖြစ်နေတယ်ဗျ။ ငါ့ဝမ်းပူဆာ မနေသာ ဆိုတော့လဲ မှာလိုက်ရတာပေါ့ဗျာ။
“ဖိခရပ်”
“ကွေ့တျိုပေ့တ် ဆောင်ထိ”
“နမ့်တုတ်ယေ့ယေ့”


ဘဲသားခေါက်ဆွဲ။

အဲဒီနောက် ဘာထပ်ရမလဲ မျက်စိ ကစားလိုက်တော့ တွေ့ပြန်ပါပြီ။ “နမ့်တုပ်” တစ်ပွဲပေးပါ။ လာပြီရော့။ “ကိုင်ယန့်” လဲ ပေးပါ။ မိုက်တယ်နော်။

နမ့်တုပ်


ကိုင်ယန့်

နောက်တော့ ဆိုင်နားမှာ ယမကာလုင် နှစ်ယောက်က လယ်ထဲက ရလာတယ်ဆိုတဲ့ ပုရစ်ကြော်လိုလို.. ဘာကောင်လဲ မသိဘူး။ အဲဒီ အကောင်တွေ ကြော်ထားတာ လာကျွေးတယ်။ ဆိမ့်သက်သက်လေးဗျ။ ကောင်းတယ်လို့ ပြောတော့ နောက်တစ်ပန်းကန်နဲ့ မောက်မောက် လာကျွေးတယ်။
ယိုးဒယား ပုရစ်ကြော်

စားပြီးတော့ လေပေါပြီးနောက် အသိ နောက်တစ်ယောက်ဆီ ထပ်သွားမယ်ဆိုပြီး လမ်းထိပ်ကို တက်စီနဲ့ ထွက်လာတယ်။ အဲဒီနောက် အချိန်းအချက် လုပ်ရာ မြို့ပြင်က PanThip Shopping Mall ကို ရောက်တယ်။ မြို့ထဲက အိုင်တီ ပစ္စည်းတွေ ရောင်းတဲ့ PanThip Plaza နဲ့ မမှားစေလိုပါ။ အဲဒီ ဖန်းထစ်ပ် ပလာဇာ အကြောင်းကို နောက်မှ ရေးပါမယ်။

အဲဒီမှာ အသိကို စောင့်နေရင်းနဲ့ လမ်းဘေးကို မျက်စိကစားကြည့်လိုက်တော့ အစိုးရက ကျားကန်ပေးတဲ့ ထိုင်းတယ်လီဖုန်းကုမ္ပဏီ ရဲ့ လမ်းဘေး ဖုန်းရုံလေးကို တွေ့မိတယ်။ ဆက်သွယ်ခ အသက်သာဆုံးလို့ ဆိုပါတယ်။ ဖုန်းပေါ်မှာ ရေးထားတာက မိုဘိုင်းဖုန်းနဲ့ နယ်အဝေးပြောကို အနည်းဆုံး တစ်မိနစ် ငါးမူး ကျသင့်ပါတယ်တဲ့။

ဗိုက်က တစ်ဂွီဂွီနဲ့ ထပ်ဆာလာပြန်ပြီ။ ဘာတွေများ စားစရာ ရှိဦးမှာပါလိမ့်...။ ဂန္ဓာရုံကိုလဲ တစ်ခုခုက လာပြီး အနှောင့်အယှက် ပေးနေပါလား...။ မှန်းစမ်း...။ အိုး.. ။ ရှလွတ်...။

ဆိုက်အိုဆိုတာ ကြက်အူများကို အသားချဉ်များ သွတ်ပြီး ကင်ထားတဲ့ ထိုင်းမြောက်ပိုင်းက အီဆန် တိုင်းရင်းသားများရဲ့ ဖေးဖရိတ် အစားအစာ ဖြစ်ပါတယ်။ ရောက်တိုင်း စားဖြစ်တဲ့ အစာပါ။ ဘယ်တော့စားစား မရိုးနိုင်ပါဘူးဗျာ။ ဆိုက်အိုဆိုတာ ထမင်းကို ကြာဇံဖတ် အနည်းငယ်နဲ့ ရောနယ်ပြီး အသားစင်းကော တစ်မျိုးမျိုးအချဉ်ပေါက်အောင် နယ်ထားတဲ့ အစားအစာ တစ်မျိုးပါ။ နာမည် အလွန်ကြီးလို့ ဘန်ကောက်မှာပါ ရောင်းချရတဲ့အထိ လူကြိုက်များပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကျော်လောက်ကဆိုရင် ထိုင်းမြောက်ပိုင်းမှာသာ လူကြိုက်များခဲ့ရာက ခုမှာတော့ ထိုင်းနိုင်ငံ နေရာအနှံ့မှာ လူကြိုက်များလာတဲ့ စားစရာ တစ်ခုပါ။ ဘန်ကောက်မှာ ဒိန်းဂျားရပ်စ် ဘန်ကောက် လာရိုက်တဲ့ မင်းသမီးလေးဆိုရင် ကြိုက်လွန်းလို့ နေ့တိုင်း စားဖြစ်တဲ့ အစာ တစ်ခု ဖြစ်တယ်လို့ မသေချာတဲ့ ရိုက်ကွင်းသတင်းများက ပြောခဲ့ပါသေးတယ်။
ဆိုက်အို
စင်ကာပူမှာတော့ ယိုးဒယားအစားအသောက်တွေ ရောင်းတဲ့ နေရာတစ်နေရာ ရှိပါတယ်။ ဂိုးဒန်းမိုင်းလို့ ဆိုလိုက်ရင် ဒီဘလော့ကို လာဖတ်လေ့ရှိတဲ့ ပုံမှန်စာဖတ်သူများနဲ့ ရင်းနှီးတဲ့ နေရာပါ။ မသိသူများအတွက် လမ်းညွှန်ပါရစေ။ လာဗဲန်းဒါး ဘူတာကနေ ICA ဘက် ထွက်လိုက်ပါ။ အဲဒီကနေ တိုက်ကြားက လမ်းလေးကနေ တစ်ဆင့် သွားရပါသေးတယ်။ လမ်းမကြီး တစ်ခုကို ဖြတ်သွာလိုက်ပါ။ နောက်ထပ် နည်းနည်းလေး ထပ်လျှောက်လိုက်တာနဲ့ ယပက်လက်တွေ ကျက်စားရာ နေရာကို ရောက်ပါမယ်။ ဂုံးကျော်တံတားလေးကနေ ဂိုးဒန်းမိုင်း လို့ခေါ်တဲ့ ရှောပင်းမောလ်ကို သွားလို့ရပါတယ်။ တံတားပေါ်ကနေ မောလ်ထဲ မရောက်ခင် အောက်ဘက်ကို ကြည့်လိုက်ရင် ဘူမိနတ် လို့ ခေါ်ရမယ့် ကျောက်ထိ ဆိုတာ ကို ကိုးကွယ်တဲ့ နတ်ကွန်းကို တွေ့ရပါမယ်။ မောလ်ထဲကို လျှောက်သွားလိုက်ပါ။ ပထမထပ်ကို ရောက်ပါမယ်။ ကက်ဆက်တွေ၊ အခွေတွေ ရောင်းတဲ့ ဆိုင်ကို ကျော်လိုက်ပါ။ ညာဘက်မှာ အောက်ထပ်ဖြစ်တဲ့ မြေညီထပ်ကို ဆင်းတဲ့ လှေကားကို တွေ့ပါလိမ့်မယ်။ ဆင်းလိုက်ပါ။ တည့်တည့် ဆက်လျှောက်ပါ။ Din Dean Lea Lurk ဆိုတဲ့ ဆိုင်လေး တွေ့ပါလိမ့်မယ်။ ဟုတ်ကဲ့ အဲဒီဆိုင်မှာ ထိုင်းစာတွေ မှာစားလို့ရပါတယ်။ မြန်မာလို ပြောတတ်တဲ့ ကိုကို မမ များလဲ ရှိပါတယ်။ မမှာတတ်ရင် သူတို့ကို မှာလို့ ရပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါခင်ဗျာ။

ဗျာ...။
ဆိုက်အိုလား...။ အော် အဲဒီဆိုင်က မမတွေ မေးကြည့်ပါလား။
မရဘူးတဲ့...။ ဟိဟိ

ခက်ဆစ်။

“ကွေ့တျိုပေ့တ်” = ဘဲသား ခေါက်ဆွဲ။
“ဆောင်ထိ” = နှစ်ပန်းကန်။
“နမ့်တုတ်” = အသားသုပ်။
“ယေ့ယေ့” = များများ။

Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)

ိုဆက်စပ် ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)

ပြာလွင်နေပြီး တိမ်ဖြူတွေ ရောယှက်နေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားပြီး ကောင်းကင်ကို ထိုးဖေါက်လုမတတ် ထီးထီးတည်း ရပ်တည်နေတဲ့ ကျောက်တိုင်ကြီးကို ကြည့်လိုက်ပါ။ ကိုယ့်နိုင်ငံတော်အတွက် ဂုဏ်ယူ ၀င့်ကြွားချင်စိတ်များ တစ်ဖွားဖွား ပေါက်မိပါသလား။ ဘာမှ မခံစားရဘူးဆိုရင်တော့ သင် တစ်ခုခု မှားနေပါပြီ။ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ တိုင်ပင်လို့မှ ဘာ အဖြေမှ မထွက်ဘူးဆိုရင်တော့ အောက်က ပို့စ်ကို ဆက်ဖတ်ပါ။ (ဘာမှလဲ မဆိုင်ဘူး။)


ဒီနေရာကို အနုစာဝါ့ရီ လို့ ခေါ်ပါတယ်။ ထိုင်းအမျိုးသားများရဲ့ လွတ်လပ်ရေး ကျောက်တိုင် တည်ရှိရာ နေရာပေါ့။ အဲဒီမှာ မ.ထသ ဂိတ်ပေါင်းစုံ ရှိပါတယ်။ ရန်ကုန်မြို့တော် ခန်းမနားက မ.ထ.သ ဂိတ်ကို အတုယူဖွင့်တာလို့ ကိုယ်လိုရာ ဆွဲတွေးလိုက်ပါတယ်။ (ဟင်းဟင်းဟင် အယုဒ္ဓယသားတွေဟာ ငါတို့ မြန်မာတွေရဲ့ နောက်လိုက်တွေပါကွ...။) ဒီလိုနဲ့ ဘတ်စ်ကားဂိတ်ပေါင်းစုံ စုဝေးရာ အနုစာဝါ့ရီကို ရောက်ခဲ့ပါပြီ။ အနုစာဝါ့ရီ ဆိုတာ တစ်ကယ်တော့ လွတ်လပ်ရေး ကျောက်တိုင် သဘောမျိုးပါ။ အ၀ိုင်းပတ် အကြီးကြီးပါ။ အလယ်မှာ ကျောက်တိုင် မြင့်မြင့် စိုက်ထူထားပါတယ်။


ကျောက်တိုင်အောက် လေးဘက် လေးတန်မှာတော့ တိုင်းချစ် ပြည်ချစ် မျိုးချစ် စစ်သားများ၊ ကြည်း၊ရေ၊လေ စသည်တို့ရဲ့ ရုပ်တုများနဲ့ တန်ဆာဆင်ထားပါတယ်။ ဘယ်စွန်က ရေတပ်သား၊ အလယ်က ကြည်းခြေလျင်တပ်သား၊ ညာစွန်က ပြည်သူ့ရဲ။ အန်.. ဒါဆို စောနက ပြောနေတဲ့ ကြည်းရေလေမှာ လေ ပျောက်နေတယ်။ အော်.. ဒီလိုပါ။ လေတပ်သားက အဲဒီတုန်းက လွတ်လပ်ရေး ကျောက်တိုင်မှာ စုရပ်ထားပြီး ချိန်းတာကို ကောင်းကင်ပေါ်ကနေ လေထီးနဲ့ ခုန်ချနေဆဲ ဖြစ်လို့ အရုပ်များထုလုပ်ဆဲ ကာလမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိလို့ မခိုင်လုံတဲ့ အတင်းရပ်ကွက်က သိုးသိုးသန့်သန့် ကြားသိရပါတယ်။ (ဟိုဘက် ကျောပေးထားတဲ့ အရပ်ကို သွားမရိုက်ချင်လို့ ဆင်ခြေများ ပေးနေတာ ဖြစ်တယ်လို့ ယူဆလိုက ယူဆနိုင်ကြောင်း...။)



အဲဒီ အ၀ိုင်းပတ်ပတ်လည်မှာ သစ်ပင်တွေကို အရုပ်လေးတွေပုံးစံ ညှပ်ပေးထားတယ်။ အပေါ်စီးက ရိုက်တာဆိုတော့ သစ်ပင်ပုံတွေက သိပ်ပုံ မပေါ်ဘူး ဖြစ်နေတယ်။

ဒီနေရာ အနုစာဝါ့ရီမှာပေါ့။ အနီတွေ (သက်ဆင်ထောက်ခံသူ) ပတ္တယားမှာ ဆန္ဒပြပြီး အာဆီယံဆမ်မစ် မီတင် ပျက်အောင် လုပ်နိုင်လို့ ဘန်ကောက်ပေါ် တက်လာကြပြီး ထပ်ဆန္ဒပြကြရာမှာ တက်စီသမားများက အားပေးထောက်ခံတဲ့ အနေနဲ့ ဒီနေရာကို ၀င်စီးထားတာ။ မော်တော်ပီကယ်တွေ ကြက်ပျောက်ငှက်ပျောက်ပဲ။ တက်စီသမားတွေကပဲ လမ်းကြောကို ထိန်းသိမ်းပေးတယ်။ တစ်ခါတစ်လေလဲ တိုင်းသူပြည်သားတွေ ဒီမိုကရေစီဆိုပြီး ဗန်းပြ ဆန္ဒပြတာ တိုင်းပြည်နစ်နာတယ်။ အ၀ါတွေ(သက်ဆင်ကို ရှုံ့ချသူ)က ထိုအချိန်က ၀န်ကြီးတက်လုပ်နေတဲ့ သက်ဆင်ယောက်ဖဟာ နိုင်ငံရေး ကိစ္စ တော်တော်များများမှာ ကိုင်တွယ်နေတာတွေသည် နောက်ကွယ်က သက်ဆင် ပယောဂ မကင်းလို့ ဆိုပြီး အစိုးရရုံးကို ၀ိုင်း ဆန္ဒပြကြတယ်။ အဲဒီမှာ ၀န်ကြီးက လွယ်လွယ်နဲ့ အလျှော့မပေးတော့ သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်စီးလိုက်တာ နိုင်ငံ့ ခရီးသွားလုပ်ငန်း ရပ်တန့်သွားတယ်။ လေယာဉ်တွေ မဆင်းနိုင် မတက်နိုင်ဖြစ်ပြီး စီးပွားရေးတွေ ရပ်တန့်၊ အလည်လာတဲ့သူတွေ မပြန်နိုင် မလာနိုင် ဖြစ်ကုန်တယ်။ အဲဒီကတည်းက ထိုင်းစီးပွားရေး ထိုးကျသွားတာ အခု Recession ဖြစ်တဲ့ အထိပဲ။ အခု ၀န်ကြီးချုပ် ဖြစ်နေတဲ့ အဘိဇစ်ကတော့ အဲဒီ လေယာဉ်ကွင်း အပိုင်စီးတဲ့ ကိစ္စမှာ တာဝန်ရှိတဲ့သူကို အရေးယူမယ်လို့ ပြောပေမယ့် အရေး မယူသေးတော့ အခုတစ်ခေါက် အနီဝတ်တွေက အတင့်ရဲပြီး ပတ္တယားက အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတဲ့ ဟိုတယ် ကို ချဉ်းနင်း ၀င်ရောက် နိုင်ခဲ့တာပေါ့။ အတင့်ရဲပုံကတော့ ၀န်ကြီးချုပ် စီးလာတဲ့ကားကို ဖျက်ဆီးပစ်မယ့်အထိ ဆိုးဝါးခဲ့တာပါပဲ။ ဒါကတော့ အစွန်းရောက်ရင် ဖြစ်တတ်တာကို ပြတာပါ။


ကဲကဲ... လမ်းလွဲနေတာ ပြန်တည့်မယ်။ အနုစာဝါ့ရီ ရောက်တော့ တံတားပေါ်ကနေ ဖြတ်တာ မြင်ကွင်းလေးလှလို့ ထပ်တင်လိုက်ပါတယ်။


ဟော ဒီပုံလေးကျတော့ သိမ်ကြီးဈေး ကုန်းကျော်တံတားကနေ အောက်ကို ကြည့်လိုက်ရတဲ့ မြင်ကွင်းနဲ့ ဆင်ပြန်ရော။


သူတို့ဆီမှာ တက်က်စီတွေကလဲ အရောင်အမျိုးမျိုးနဲ့။ ဒီလို ဖန်စီကာလာ ပန်းရောင်လေးတွေ ရှိတယ်။ ဗရိုက်ဗိတ် ကုမ္ပဏီတွေက အမျိုးမျိုးဆိုတော့လဲ ကိုယ်ထောင်တဲ့ တက်စီ ကိုယ်ကြိုက်တဲ့ ကာလာ ချယ်ကြတာပေါ့လေ။ တက်စီ အားလုံးက မီတာ တက်က်စီတွေ ဖြစ်ပါတယ်။ တစ်ခါ တက်လိုက်ရင် ၃၅ ဘတ် လား မသိဘူး ပေးရတယ်။

ရှေးဘ၀ အထုံပါရမီနည်းသူမို့
မွေးရာပါ စက္ခုမလင်းရှာတယ်။
မောင့်ကံငယ် နုံချာလွန်းတာကြောင့်
ခြေလက်အဂါင်္ စုံလင်သူများလိုဖြင့်
ဝမ်းကျောင်းကာ မနေရတယ်။
နှဲမှုတ်လို့ တောင်း...။


အဲလိုပဲ ငိုချင်းချပြီး စာချိုးရမှာလား မသိပါဘူးဗျာ...။
ဘန်ကောက်ရဲ့ ပူပြင်းလှတဲ့ မနက် နေရောင်ခြည်အောက်မှာ နေဒဏ်ကို အန်တုလို့ ကိုယ်တတ်တဲ့ နှဲမှုတ် အတတ်ပညာနဲ့ရယ် ဖျော်ဖြေပြီး တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရသူပါ။ ဘ၀တစ်ကွေ့မှာ ကြုံခဲ့ဖူးသူ ရယ်လို့ဖြင့် မှတ်တမ်းတင် ဓါတ်ပုံလေး ရိုက်ပေးလိုက်ပြီး သူ့အနုပညာကို လေးစားသောအားဖြင့် ငွေစလေးများ ပေးသနားခဲ့တယ်...။

အဲဒီနောက်ကို အနုစာဝါ့ရီ တံတားအ၀ိုင်းကနေ အောက်ကို ဆင်းခဲ့တယ်။ ကားဂိတ်ဆိုတော့ လူပေါင်းစုံ ရှိတာပါ့။ သွားရည်စာ၊ မနက်စာများလဲ ရောင်းတဲ့ ဆိုင်လေးတွေ ရှိတယ်။ ကားစောင့်ရင်းနဲ့ ဟိုဟိုဒီဒီ မျက်စိကစားမိတယ်။


ဒီဆိုင်လေးက Dunkin' Donuts ဆိုတဲ့ သိုးဆောင်းလူမျိုးတို့ရဲ့ မုန့်လက်ကောက် အရောင်းဆိုင်ပေါ့ဗျာ။ လမ်းသွားလမ်းလာများ မနက်စာ သွားရည်စာ အလွယ် ၀ယ်လို့ရတဲ့ နေရာပေါ့။


ကားဂိတ်မှာ အာဂန္တု ခရီးသွားများ ခရီးတစ်ထောက် အေးအေးလူလူ အနားယူနိုင်ဖို့ ခုံတန်းလျားလေးတွေ မြို့ပြင်ထွက်ဖို့ ကားစီးပါတယ်။ ကိုယ်တော်တစ်ပါးကတော့ အရိပ် သိပ်မရပေမယ့် ရတဲ့ နေရာမှာ ထိုင်နေရင်း ခိုများကို ကြည့်နေလေရဲ့။ (ခိုတွေက ဘောင်အပြင်ဘက် ရောက်နေတယ်။ ဖြည့်ကြည့်လိုက်ပါလေ။)

ကားဂိတ်မှာ ကားစောင့်နေရင်း ပိုက်ဆံ ပြတ်သွားလို့ ပိုက်ဆံ ထုတ်ချင်သလား။ မပူပါနဲ့ ဘဏ်ပေါင်းစုံက နေရာတိုင်းမှာ သူတို့ရဲ့ အေတီအမ် ပိုက်ဆံ အလိုအလျောက် ထုတ်စက်တွေ တပ်ဆင်ထားပေးပါတယ်။ သတိတော့ထားပေါ့ဗျာ။ မသမာသူတွေက အေတီအမ် စက်အတုတွေ လုပ်လာတယ်လို့ ကြားမိတယ်။ မသပ်မရပ်နဲ့ အေတီအမ်တွေမှာတော့ သွားမထုတ်လေနဲ့။ လူမြင်ကွင်းက အေတီအမ်တွေမှာပဲ ထုတ်ပါလို့ အေတီအမ်ပိုင်းဆိုင်ရာ မှုခင်းကျွမ်းကျင်သူများက သုံးသပ်ပြတယ်။ ဒါ့ကြောင့် ဒီအမျိုးသမီး ဒီမှာ လာထုတ်တာနေမှာ။ တော်တယ်။


ကဲ.. ကားစီးမယ်။ ကြည့်ရတာ သူတို့ဆီမှာလဲ ကြားကား ဆွဲတယ် ထင်ပါရဲ့။ Ko Tu Airport ဆိုပါလား။ ဘာကြီးတုန်း။ လေဆိပ်နာမည်က ကိုတူး အဲယားပို့တဲ့။ မဟုတ်လောက်ဘူး ထင်တယ်။ အော်.. လေဆိပ် သွားမယ်တဲ့။ ဂိုးတူ အဲယားပို့ကို အသံထွက်ရေးလိုက်တာ အဲလို ဖြစ်သွားတာကိုး။

ကဲ.. ခုတစ်ခေါက် ခဏနားမယ်။ နောက်မှ ကားစီးတဲ့ အခန်းလာမယ် မပုကြွယ်နဲ့ ခရုငယ်။
တော်သေပြီ။