Monday, December 8, 2008

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း(၈)

- ပါကစ္စတန်က အိန္ဒိယနိုင်ငံရဲ့ နူကလီးယားတပ်လှန့်ရေးကို စိုးရိမ်မကင်း ဖြစ်တယ်လို့ ပြော။
- ဆယ်စုနှစ် ၃ ခုကြာ ကိုမာ ဖြစ်ပြီး မေ့မျောနေခဲ့တဲ့ အမေရိကန်သား တစ်ယောက် ကွယ်လွန်သွားတယ်။
- ကုလသမဂ္ဂကနေပြီးတော့ ဦးသန့် ရာပြည့် အထိမ်းအမှတ်အနေနဲ့ ဦးသန့်ရုပ်ပုံပါ ကုလသမဂ္ဂ တံဆိပ်ခေါင်း ထုတ်မယ်လို့ ကြေငြာတယ်။
- Greek နိုင်ငံ Athens မြို့မှာ ဆယ်ကျော်သက်ကလေးတစ်ဦးကို ရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်မှု ဖြစ်ပွားလို့ ဆန္ဒပြမှုတွေ ဖြစ်ပွားတယ်...။ အဆိုပါ ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လောလောဆယ် ဖမ်းထားတယ်။
- အာဖဂန်နစ္စတန်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် စစ်သားတွေကို ရိက္ခာပို့ဖို့ ပါကစ္စတန်နိုင်ငံ အနောက်ဘက်ခြမ်းကနေ ထွက်ခွာသွားတဲ့ ကုလရိက္ခာ ယာဉ်တန်းကို တာလီဘန်သူပုန်တွေလို့ ယူဆရတဲ့ အဖွဲ့တစ်ခုက ချုံခို တိုက်ခိုက်တဲ့အတွက် ယာဉ်အစီးရေ ၁၅၀ ကျော် ပျက်စီးတယ်လို့ သတင်းရတယ်...
- အမေရိကန်နိုင်ငံ ပုလဲဆိပ်ကမ်းကို ဂျပန်စစ်လေယာဉ်များ တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် နှစ်ပါတ်လည် အခမ်းအနားကို အမေရိကန်မှာ ကျင်းပတယ်...။ စစ်ပြန်အနည်းငယ်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
- ဇင်ဘာဘွေနိုင်ငံမှာ ပြည်သူတွေ ၀မ်းလျှောရောဂါ ဖြစ်နေတာကို ပုံမှန်ပါပဲလို့ ဆိုခဲ့တဲ့ သမ္မတာ မူဂါဘီကို နိုင်ငံအများက အပြစ်တင်နေပါတယ်။
- အမေရိကန် အတွင်းရေးမှုး ကွန်ဒိုလီဇာ ရိုက် က မွန်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး ပါကစ္စတန် အနေနဲ့ အိန္ဒိယ အစိုးရနဲ့ လေးလေးနက်နက် လက်တွဲဆောင်ရွက်ဖို့ လိုတယ်လို့ ပြောကြားလိုက်တယ်။
- ထင်ရှားတဲ့ social networking site တစ်ခု ဖြစ်တဲ့ face book ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် ဗိုင်းရပ်စ် koobface ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပြန့်ပွားနေတယ်။
- အမေရိကန် သမ္မတ အသစ် အိုဘားမားက အမေရိကန် စီးပွားရေးဟာ ပြန်လည် ထူထောင်ရေးကာလ ၊ နာလံထူစ ကာလ မတိုင်မီ အထိ အခုအချိန်ထက် ပိုဆိုးတဲ့ ကာလကို ရောက်နေဦးမှာ ဖြစ်ကြောင်း နိမိတ်ဖတ်သွားတယ်။
- ထိုင်ဝမ်(ကျွန်း/နိုင်ငံ???) က ရုပ်ရှင်ပိုင်းဆိုင်ရာ ဆု တစ်ခုဖြစ်တဲ့ ရွှေမြင်းဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို Jet Li, Andy Lau, Takeshi Kaneshiro တို့ ပါဝင်တဲ့ Warlords ရှေးဟောင်းတရုတ် စစ်ကားက ရရှိသွားတယ်။ TZA တင်ဖူးတဲ့ Cape No.7 ကတော့ ကြိုတင်ခန့်မှန်းဆု ၁၂ ဆု အနက် သုံးဆု သာ ရသွားတယ်။ စင်ကာပူမှာ လောလောဆယ် အဲဒီ ဇာတ်ကား ရုံတင်နေတယ်။
- ဆယ်စုနှစ်တစ်ခုကျော် ကြာ စစ်ဆေးနေခဲ့တဲ့၊ မိမိရည်းစားဟောင်းနဲ့ သူ့သူငယ်ချင်းကို သတ်ခဲ့တဲ့ လူမည်း သရုပ်ဆောင် အိုဂျေ ဆင်မ်ဆန် ကို တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်တယ်။ အိုဂျေဆင်မ်ဆန် အနေနဲ့ ထောင်ထဲမှာ ၃၃ နှစ်ကြာ မိုက်ကြွေး မိုက်ပြစ်များ ပေးဆပ်ရမှာ ဖြစ်တယ်။ (ထပ်ဖြည့်။ ။ ဓါးပြတိုက်ခဲ့တဲ့ အမှုအတွက်ပါ။ လူသတ်မှုတုန်းကတော့ လွတ်ခဲ့ပါတယ်။)
- အိုင်ယာလန်နိုင်ငံကနေ ပြည်ပကို တင်ပို့နေတဲ့ ၀က်သားများထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓါတုပစ္စည်းများ တွေ့ရှိရတဲ့အတွက် ဈေးကွက်ထဲမှာ ချက်ချင်းပဲ ပြန်ရုပ်သိမ်းနေပါတယ်။ စင်ကာပူမှာ အရေးပေါ် အဆိုပါ အိုင်ယာလန်နိုင်ငံက ၀က်သားများကို ချက်ချင်း သိမ်းဆည်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။


(ဤတွင် ယခု တစ်ပါတ် News Round up အစီအစဉ် ပြီးဆုံးသည်။ နောင်တွင် ကြုံလျင် ကြုံသလို တင်ပေးမည်။)

9 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဗျာ...။
    ဘာကို ပေါတာတဲ့လဲ...။

    ReplyDelete
  3. နားလည်မှူလွဲသွားတာပါ. ပထမဆုံးလာကြည်င့်္တာ ဘာမှ မရှီဘဲ. (ဒီစာသားကို select လုပ်ရွေ့ရေးပါ )ဆိုတဲ့တစ်ကြောင်းဘဲ ပေါ်ပါတယ်။ အဲဒါကြောင့် အဲဒါ ကို Publish လုပ်တယ် ထင်လို့ပါ။

    အခုမှ စာသားတွေ ပေါ်လာပါတယ်။ တောင်းပန်ပါသည်။

    ReplyDelete
  4. အမှားပြင်ဆင်ချက်

    ထိုင်ဝမ်သည် နိုင်ငံမဟုတ်ပါ၊ နောက်ပြီး Jet Li ဖြစ်ပါတယ်၊ Lit မဟုတ်ပါ။

    လူသတ်မှုကြောင့်မဟုတ်ပဲ အိုဂျေကို အခုချမှတ်လိုက်တဲ့ စီရင်ချက်က las vegas မှာ ဒမြတိုက်မှုကြောင့်ပါ။
    http://en.wikipedia.org/wiki/O._J._Simpson
    လူသတ်မှုတုန်းက ပြစ်မှုမြောက်ခဲ့ဘူး။

    ဟဲဟဲ၊ ကိုဘွိုက်ဇ်ကို မျက်လုံးဒေါက်ထောက်ကြည့်နေပါတယ်။

    ReplyDelete
  5. ထပ်ဆင့်အမှားပြင်ဆင်ချက်

    ပြစ်မှုမြောက်ခဲ့ဘူး အစား ပြစ်မှုမမြောက်ခဲ့ဘူး ဟု ဖတ်ပေးပါရန်။

    ဒန်ဒန့်ဒန်

    ReplyDelete
  6. အတော်ဖတ်အားကောင်းကြတာဘဲ။

    ReplyDelete
  7. - အိုဂျေကို ယိုးဒယားရောက်တုန်းက သူလူသတ်မှုကြောင့် ထွက်ပြေးတာကို ဟိုင်းဝေးမျာ ရဲတွေ လိုက်ဖမ်းတာ လိုက်ဖ်ပြကတည်းက စိတ်ဝင်စားနေတာ။ ရုပ်ရှင်ထဲကလို စိန်ပြေးတမ်း.. ကားတွေနဲ့...။ သဲထိတ်ရင်ဖိုဗျား...။
    - အဲဒီတုန်းကလဲ သူ့ကို တရားရုံးကနေ စစ်နေတာ တော်ရုံ မပြီးသေးတာနဲ့ အသေအချာ မသိလိုက်ဘူး။
    - ခု သူ့ကို ထောင်ချလိုက်ပြီဆိုတော့ အမှု ခိုင်လုံလို့ ဆိုပြီး ထင်နေတာ...။ လက်စသတ်တော့ ကိုယ်တော်ချောက နောက်တစ်မှုကိုး...။
    - သူ့ရည်းစားဟောင်းကို သူသတ်တာ သေချာပေမဲ့ သက်သေ မခိုင်လုံတော့ လွတ်လိုက်ရတယ်...။

    ReplyDelete
  8. Basic မရှိပါဘူး... ၀င်မပြောတော့ဘူး :(

    ReplyDelete
  9. ဒီလိုပဲ... ဘေ့စစ် မရှိရင် ဘာပြောမှန်း မသိနိုင်ကြတော့ဘူး...။
    ဖြည်းဖြည်းချင်း ပြန်လိုက်လို့ ရပါတယ်...။ ဆင်ဒဏ်လားရယ်...။ အဲငှယ်...။

    ReplyDelete