Tuesday, December 9, 2008

ရသာရုံကို အလိုလိုက်မိခြင်း။

ဒီနေ့တစ်နေ့လုံး အလုပ်မှာ စိတ်မပါ့တစ်ပါနဲ့ အလုပ်လုပ်နေရတယ်။ လာမယ့် ရက်အတောအတွင်းမှာ စိတ်ညစ်စရာကောင်းတဲ့ ခရီးတစ်ခု ထွက်ရမယ်ဆိုတာကို သိနေတော့ စိတ်လက် မချမ်းမသာစွာနဲ့ လုပ်စရာရှိတာကို အီလေးဆွဲပြီး လုပ်နေဖြစ်တယ်။ မနက်ကလဲ မနက်စာကို ကောင်းကောင်း မစားဖြစ်ဘူး။ ၀က်နံရိုးခေါက်ဆွဲစားတာ ဂျုံခေါက်ဆွဲ ထည့်ပေးလိုက်လို့ နံရိုးက အသားတွေပဲ စားပြီး မိုင်လိုအေး တစ်ခွက်နဲ့ မျောချတယ်။ နေ့ခင်းဘက်ကျတော့ ကြာညို့များများနဲ့ ချက်ထားတဲ့ ပုဇွန်ထမင်းကြော်ကို တို့ကနန်း၊ ဆိတ်ကနန်းပဲ စားပြီး Diet Coke နဲ့ မျှောချမိပြန်တယ်။ အစာအိမ်ထဲကို အစားအသောက် လောက်လောက်လားလား မရောက်တော့ ဦးနှောက်က တယ် အလုပ် မလုပ်ချင်ဘူး။ ပရိုဂရမ်တွေ ပြင်နေတာ ပြင်ပြီးသားကိုပဲ ထပ်ခါ ထပ်ခါ ပြင်နေတယ်။ ဒါနဲ့ မှာထားတဲ့ ပစ္စည်းတစ်ခုကို Supplier က လာပို့တယ်လို့ Purchase Dept: က လာပြောတာနဲ့ လုပ်လက်စ စိတ်မပါတဲ့ အလုပ်ကို ပစ်ချပြီး လာပို့ထားတာတွေကို Testing လုပ်နေလိုက်တယ်။ ဒီလိုနဲ့ ညနေစောင်းရောပေါ့။ေိုက်ထဲကလဲ တစ်ခုခုကို စားချင်လာတာပေါ့။ စားချင်စိတ်တွေ ဖြစ်လာတဲ့ တစ်ခဏ ဘာစားချင်သလဲလို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တယ်။ လျှာဖျားနားက ရသာရုံ ထိပ်ဖူးများက ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးတယ်။ ဦးနှောက်က အရင်တုန်းက စားချင်တာတွေ၊ အချက်အလက်တွေကို သိုမှီးထားတဲ့ Storage Memory Partition ထဲက ကောင်းနိုးရာရာ သင့်တော်တဲ့ အချက်အလက်တွေကို ရှာတယ်။ အားလုံးပေါင်း ၁၅ စက္ကန့်လောက်ကြာတယ်။
  1. မာရီနာစကွဲက ၀က်နံကင်။ (မနေ့က N3 သတင်းလာပေးသွားတာ။)
  2. ငါးခေါင်းချဉ်ရည် (ဂျူရောင်းက သယ်ရင်းက အလုပ်ပြီးရင် ၀င်လာခဲ့တဲ့။)
  3. Bugis က ကြက်အရေခွံကင်။
  4. ဘွန်လေးနားက မြေအိုးမြီးရှည်။
၁၊ ၂၊ ၄ က ဝေးလို့ ပယ်လိုက်တယ်။ အနီးဆုံး ဖြစ်တဲ့ ဘူဂစ်နားက ကြက်အရေခွံကို သွားစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတော့ အလုပ်ဆင်းတာနဲ့ Tampines ကနေ အမ်အာတီ စီးသွားတယ်။ ဘူဂစ်ရောက်တော့ ဘူဂစ်ဂျန်ရှင်နားက ကုန်တိုက် မြေအောက်ထပ်(အေတီအမ် စက်တွေဘေးနားမှာ ရှိတယ်။) မှာ ရောင်းတဲ့ ကြက်အရေခွံ ကို သွားဝယ်ပြီး စားလိုက်တယ်။

ဒါက ၀က်သားကင်...။




ဒါက ကြက်အရေခွံကင်...


အာသာပြေသယောင်တော့ ရှိသား။ ဒီညတော့ ညစာလွတ်ပြီ...။ စားပါဦးလား...။ ကြက်အရေခွံက တစ်ကင် ၁.၃ ကျပ်၊ ၀က်ကင် (ဘာအပင်ရိုးထည့်ထားမှန်း မသိ) က ၁.၈ကျပ်၊ ရိုးရိုး အကင်က ၁.၁ ကျပ်တဲ့ဗျား။

အော်.. လူဖြစ်ရတဲ့ ဒုက္ခ။ အာရုံငါးပါးနဲ့ ဒီရုပ်ဆောင်နေတဲ့ အပုပ်ကောင်ကို ဖက်တွက်နေကြတာ...။ အဲဒီ အာရုံငါးပါးတွေကလဲ ဒုက္ခ တွေပါလား...။

စားချင်တဲ့ သောက်ချင်တဲ့ ဒုက္ခ...။ ရသာရုံ လို့ခေါ်တယ်။
အထိအတွေ့ ကို စွဲလမ်းတပ်မက်မှု ဆိုတဲ့ ဒုက္ခ...။ ဖောဌဖအာရုံ။
အနံ့အသက်ကို စွဲလမ်းရတဲ့ ဒုက္ခ...။ ဂန္ထရုံ။
မြင်ရတဲ့ ကြည့်ရတဲ့ ဒုက္ခ....။ စက္ခုအာရုံ။
ကြားရတဲ့ နားထောင်ရတဲ့ ဒုက္ခ...။ သောတ အာရုံ။

ဖတ်ထားမှတ်ထားဖူးတာတွေပါ...။ အဲဒါတွေကို ကာမဂုဏ် အာရုံ ငါးပါး လို့ ခေါ်တယ်တဲ့...။ တဏှာဆိုတဲ့ လက်သမားက အဲဒီ ငါးပါးသော အာရုံတွေကို ထုပ်တန်း၊ အိမ်တိုင်၊ ခေါင်မိုး၊ နံရံ၊ တံခါးတွေနဲ့ ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ဆိုတဲ့ အိမ်လေးကို ဖက်တွယ်နေကြပါလား...။ ဒါတွေ ရေးလိုက်လို့ ဘွိုင်းဇ်တစ်ယောက် တောထွက်မယ်၊ မြို့ဝင်မယ် ထင်လား...။ အသိခေါက်ခက် အ၀င်နက်ဆိုတဲ့ စကားပုံက ဘွိုင်းဇ်အတွက်များ ထားခဲ့သလား ထင်ရလောက်အောင် ကျင့်သုံးနေပါတယ်....။ စိတ်ချ... သောက်လေ သောက်လေ ငတ်မပြေတဲ့ လောကီအာရုံ ကာမဂုဏ် ဆားငံရေ ပင်လယ်ထဲမှာ လက်ပစ်ကူးနေမယ့် မောင်ပါ...။

6 comments:

  1. ဖောဌဖအာရုံ............................
    အဲ..အဲဒီအာရုံကို အလိုလိုက်မိခြင်းဆိုတဲ့ ပို့စ်တော့ မဖတ်ပါရစေနဲ့ကွယ်.. အဲငှယ်

    ReplyDelete
  2. ရေးချင်လွန်းလို့ ဒီပို့စ်ကို အစပျိုးလိုက်ရတာပါကွယ်...။ ဥပမာ - ချစ်သူ့လက်ကလေး နုနုရွရွလေးကို ကိုင်လိုက်ရတာကို ရင်ခုန်တာတို့...။ အဲဒါက ဖောဌဖ အာရုံ မဟုတ်လားဗျာ..။

    ReplyDelete
  3. ကိုင်စရာချစ်သူလက်ရှိရင် ပြီးတာပါပဲအေ...:P ။ စိုးရိမ်လို့ပါ..... ခွိခွိ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ၀က်ကင် (ဘာအပင်ရိုးထည့်ထားမှန်း မသိ)

    အင်း..ကျွန်တော် သိသလောက်က အဲဒါကို Asparagus လို့ခေါ်တယ်။ အင်း...Pork Skewers with asparagus. Asparagus skewers wrapped with pork skin လို့ description လုပ်ကြတာပဲ။

    ဟီး..ဟီး...သိတာလေးတွေ့လို့ ဆရာကြီး ၀င်လုပ်တာ။ :P

    ဟို...ကြက်အရေခွံကင်လေးကတော့ အတော့်ကို သွားရည် ကျစရာပဲ ဗျ။

    ReplyDelete
  6. နေရာ မသိရင် လိုက်ပြမယ်လေ.. ကြက်ကင် ငါးချောင်းပဲ ၀ယ်ကျွေး...။

    ReplyDelete