Wednesday, December 10, 2008
ချဉ်ခြင်း...။
Photo Credit to : http://www.totalpda.co.uk/
ဒီဟာလေး လိုချင်နေတာ...။ ဆိုနီ အဲရစ်ဆန် ဖုန်းတွေနဲ့ တွဲသုံးလို့ရတဲ့ အက်ဆက်ဆာရီပေါ့ဗျာ...။ HGE-100 GPS Enabler တဲ့..။ သူက စတီရီယိုသီချင်း နားထောင်လို့ရတဲ့ နားကျပ် ဖြစ်သလို ဂျီပီအက်စ် ရီဆစ်ဗ်ဗာ လဲ ဖြစ်တယ်...။ ခက်တာက သူနဲ့ တွဲသုံးရမယ့် ဆော့ဖ်ဝဲက လိုအပ်တဲ့ မြေပုံကို အင်တာနက်က သူ့ဆာဗာပေါ် တက်တက်ပြီး ဒေါင်းလုဒ် ဆွဲဆွဲချနေလို့ ဂျီပီအာအက်စ် ဒေတာဖိုးနဲ့ မွဲမယ့်ကိန်းဗျ...။ ဘလူးတုဒ် ဂျီပီအက်စ် ကိရိယာများ ၀ယ်သုံးချင်သော်လည်း ဘလူးတုဒ် ON ရင် ဘက်ထရီအား အကုန်များမှာရယ်၊ ကိရိယာက ဖုန်းထက် ကြီးနေတာရယ်ကြောင့် ခုထိ စိတ်ကြိုက် မတွေ့မိသေးဘူး...။ ဒါဆို ဘာလို့ ဂျီပီအက်စ်Built-in ပါတဲ့ ဖုန်း မ၀ယ်သလဲ မေးကြမယ်။ အခုသုံးတဲ့ ဖုန်းက ဆိုနီထဲက ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ ၀ိုင်ဖိုင်ပါသော မြင်ကွင်းကျယ် Touch Screen Smart Walkman Phone ဖြစ်လို့ပါ...။ သီချင်းနားထောင်ရင် ဝေါ့ခ်မဲန်းက ဆရာကြီးဆိုတော့ ဖုန်းကိုလဲ ဝေါ့ခ်မန်းမှ ဝေါ့မန်း ဖြစ်နေတယ်...။ အိုင်ဖုန်းက အိုင်ဂျွန်း က ဆိုနီ ဝေါ့ခ်မန်း ကို မမှီသေးဘူးလို့ ခံစားမိတယ်...။
Photo Credit to - Mobile Gazzette
ဆက်ကဲန်းချွိုက်စ် အနေနဲ့ အခု ဒီဇင်ဘာလကမှ ထုတ်သွားတဲ့ HTC Touch HD ကို သဘောကျမိတယ်...။ မြူးဇစ်ဖန်ရှင်တော့ မစမ်းကြည့်ရသေးဘူး...။ ဖုန်းလဲကိုင်မယ်ဆိုရင်တော့ သူ့ကို တားဂက်ထားထားတယ်...။ သူက ၀ိုင်ဖိုင်၊ ဂျီပီအက်စ်၊ ၃.၈လက်မ စကရင်၊ တပ်ခ်ျစကရင်၊ ၀င်းဒိုးမိုဘိုင်းအိုက်အက်စ်၊ အမေရိကားနဲ့ အီးယူမှာ သုံးနိုင်တဲ့ ဖန်ရှင်တွေ ပါတဲ့အတွက် တေးထားတယ်...။ မြူးဇစ်ပိုင်းကို ရီဗျူးတွေမှာ သေချာ ပြန်လိုက်ဖတ်လို့ ကြိုက်တယ်ဆိုရင် နောက်နှစ် ပြောင်းသုံးဖို့ စိတ်ကူးထားတယ်...။ ခုက ပေါ်ခါစဆိုတော့ ဈေးကြီးနေသေးတယ်...။ နှစ်နှစ် ကန်ထရိုက်နဲ့ကို စလုံး ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နီးပါး ပေးနေရတုန်းပဲ...။
4 comments:
  1. သဌေးပဲအေ... နောင်နှစ်စောင့်မနေနဲ့.. ၈၀၀ ကျော် ၉၀၀ ဘာအရေးလဲ..
    စာရေးပုံက နံမည်ကျော်တဲ့ စတိုင် အတုခိုးတယ်ပြောမလို့....(ဆက်ကဲန်းချွိုက်စ် အနေနဲ့ ၊ မြူးဇစ်ဖန်ရှင်တော့၊ တားဂက်ထားထားတယ်၊ မြူးဇစ်ပိုင်းကို ရီဗျူးတွေမှာ...) စသဖြင့်..... ဒါပေမယ့် ဒီလိုရေးမှ ရမှာမို့ မပြောတော့ဘူးလို့
    လာပြောတာပါ။
    ReplyDelete
  2. မည်သူ့ကိုမှ မရည်ရွယ်ပါ...။ တိုက်ဆိုင်မှု ရှိလျင် ခွင့်လွှတ်ပါ လို့ စာရေးဆရာမ ဝေေ၀အောင် စတိုင် ထွားရမလား စဉ်းစားနေတယ်...။
    (“နံမည်” မဟုတ်ဘူး။ “နာမည်”ကမှ စာလုံးပေါင်းအမှန်။)
    ReplyDelete
  3. ဟုတ်ပါ့...ကျွန်တော်လဲ စစထွက်ခြင်းမှာ သတိထားမိပါတယ်။ အင်း...HTC ရဲ့ 3D Flo ကို ကြိုက်ပေမယ့် အင်း..အခုနောက်ပိုင်း Samsung ကို ပဲ Crazy ဖြစ်နေမိတယ်။ အင်း... iPhone တစ်လုံး Omnia တစ်လုံးဆိုရင်တော့ Good မယ်ဗျာ။ လောဘကို ပြောပါတယ်။ တကယ်တော့ မတတ်နိုင်ပါဘူး။
    စာကြွင်း။ ။သတိထားမိလား။ Camera က Flash မပါသလိုပဲ။
    ReplyDelete
  4. ဖလက်ရှ်က မပါတာ မဟုတ်ဘူး..။ ပါကို မပါတာ...။ နောက်ပြီး ကင်မရာ ခလုတ် မပါဘူး။ Touch Screen ထဲမှာ Virtual အနေနဲ့ပဲ ပါတယ်...။ အခု စလုံးမှာ စတားဟဘ်က exclusive dealer ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့က စရောင်းတယ်...။ ၉၀၀ လောက် ရှိမယ်...။ အပြင်မှာတော့ ရှိုးမထားဘူး...။ မှန်ပုံးထဲမှာပဲ ပြထားတယ်...။ စင်းတဲလ်မှာ ရောင်းမှ သွားကလိကြည့်မယ်...။
    ဒီမှာ သွားကြည့်လို့ ရတယ်...။ သူ့အတွက် ရီဗျူး ရေးထားတာ...။
    http://www.gsmarena.com/htc_touch_hd-review-300.php
    ကျွန်တော်တော့ အဲမှာ ဖုန်းတွေ သွားသွားငမ်းနေတာပဲ...။
    ReplyDelete