Sunday, December 14, 2008

ပန်းပျိုးသူ အလင်္ကာ

ပန်းတစ်ပွင့်ကို နောက်ကျပြီးမှ ပွင့်အာတာ သိလိုက်တယ်...။
ပန်းကတော့ နေရောင်ရနေလောက်ရောပေါ့...။
တစ်ကယ်တော့ အဲဒီနေက နေရောင်အတုမှန်း ပန်းကလေးက မသိရှာဘူး...။
ဘယ်သိမလဲ...။
ပန်းကလေးက ဖန်မီးချောင်းအောက်မှာ ပွင့်အာခဲ့တာဆိုတော့ အလင်းမြင်တိုင်း နေရောင်လို့ ထင်နေရှာတယ်...။
ပန်းလေးကို နေရောင်အောက် ရွှေ့ပေးမိတယ်...။
ဒါပေမဲ့ ပန်းလေးက သူ့ မီးချောင်က အလင်းကိုမှ မီးလို့ ထင်နေတော့တယ်...။
အော်... ပန်းလေးရယ်.... သဘာဝ အလင်းရောင်လေးကို မြင်နေတာတောင် အလင်းတုလို့ မြည်တမ်းနေတယ်...။
တစ်ကယ်တော့ ပန်းလေးက ဖန်ပေါင်းချောင်ထဲ ပိတ်မိနေတဲ့ ပန်းဆိုတာ ပန်းပျိုးသူ မေ့သွားတယ်...။
ပန်းပျိုးသူက အဲဒီပန်းကို သဘာဝ အလင်းရောင်နဲ့ မိတ်ဆက်ပေးဖို့ အတော့်ကို ကြိုးစားရမှာပါလား...။
ဒီလို အသိတွေ ၀င်လာတဲ့ အချိန်မှာတော့ ပန်းလေးက ဖန်မီးချောင်းကို အလင်းစစ်လို့ ထင်သွားပြီလေ...။
ပန်းပျိုးသူရေ.... စိတ်မကောင်းပါဘူး...။ နောင်ပွင့်အာလာမယ့် ပန်းလေးတွေကို နေရောင်အောက် အချိန်မှီ ရွှေ့ပေးဖို့ ကြိုးစားပါလေ...။

(ပန်းပျိုးသူ ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး...။ ပန်းဥယျာဉ်တစ်ခုကို ရောက်ရင်းနဲ့ သဘာဝ အလင်းစစ်နဲ့ အလင်းတုကို မခွဲနိုင်တဲ့ ပန်းလေးအတွက် စိတ်မကောင်းခြင်းများစွာ၊ နှမြောတသ ခြင်း များစွာ ခံစားခဲ့ရတဲ့ ပန်းကြိုက်သူပါ။)

15 comments:

  1. မျက်စိထဲမှာ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ရုပ်ရှင်ထဲက ကျော်ဟိန်းပုံကြီးပဲ မြင်ယောင်နေမိတော့တယ်..။

    ReplyDelete
  2. အဲလို အတည်ကြီးရေးထားတော့ နောက်ဖို့တောင် စတွန့်သွားပြီ။

    ReplyDelete
  3. တို့ကတော့ အံ့ကျော် အကယ်ဒမီ ရသွားတဲ့ကား ကိုဘဲ သတိရနေတော့တာဘဲ။

    ReplyDelete
  4. - ပန်းနွယ်ရေ...။ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ရုပ်ရှင်က ပေးချင်တဲ့ မက်ဆေ့ခ်ျက ခုထိ မရှင်းဘူးရယ်...။ ကျော်ဟိန်းကိုယ်၌က ပန်းလား၊ ဥယျာဉ်မှူးလားဆိုတာ မကွဲပြားဘူးရယ်...။

    - ဆင်ဒဏ်လားရေ...။ ပျော်ပျော်ပါးပါးပေ့

    - အံ့ကျော်က ဘယ်ကားနဲ့ အကယ်ဒမီ ရတာတုန်း... အမ်းမားရဲ့..။ ကားနာမည် မမှတ်မိတော့လို့ပါ...။

    အခု ပို့စ်ခေါင်းစဉ်က ၀တ္ထု တစ်ပုဒ် ခေါင်းစဉ်နဲ့ တူသလိုလို၊ မြန်မာ ဗွီဒီယို ကားတစ်ကား ခေါင်းစဉ်နဲ့ တူသလိုလို...
    ဗွီဒီယိုက ကြယ်ကြွေညရဲ့ အလင်္ကာ ဆိုလား...။
    သိသူများ ရှိရင် ပြောပြပါဦး...။

    ReplyDelete
  5. ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်။...
    :P

    ReplyDelete
  6. ကိုဘွိုက်စ် ကရော မပွင့်သေးဘူးလား။ မမွန် :P

    ReplyDelete
  7. ရုပ်ရှင်ကားကို သတိရတာမဟုတ်ပါဘူး ။ဖတ်ပြီး ကိုဘွိုက်စ် ကို ရုပ်ရှင်ထဲ က အံ့ကျော်အနေနဲ့ မြင်ယောင်မိတယ် လို့ြေ့ပာချင်တာပါ။

    ReplyDelete
  8. ပွင့်လို့ကြွေ၊ ကြွေလို့ အသစ်ပြန်ပွင့်
    ပွင့်လို့ကြွေ၊ ကြွေလို့ အသစ်ပြန်ပွင့်
    ပွင့်လို့ကြွေ၊ ကြွေလို့ အသစ်ပြန်ပွင့်
    ရာသီတွေ ပြောင်းသလောက် လိုက်ပွင့်နေတာ...
    ဆယ်စုနှစ်မကတော့ဘူး...။

    ReplyDelete
  9. ဦးအံ့ကျော်က ကျွန်တော့်ထက်တောင် ချောသေးတယ်...။ သူသာ ဖတ်မိရင် ၁၁ ထပ်ခွဲ တိုက်ပေါ် ခုန်ချချင် ခုန်ချနေမှာ...။

    ReplyDelete
  10. ကဗျာလေး ဆက်စပ်ပါလေ။ ဖတ်လို့ကောင်းက ကောင်းနဲ့။

    ReplyDelete
  11. သြော်.. စာရေးအရေးကောင်းသလောက် ရုပ်ရည်ရူပကာမှာ
    ပါရမီနည်းရှာတယ်နော်... ကျွတ်ကျွတ်.....
    သူကိုယ်တိုင်ဝန်ခံနေပြီပဲလေ... ဟုတ်မှာပါ

    ReplyDelete
  12. အမ်းမားရေ...။ အာရုံလာတဲ့ အချိန်မှာသာ စပ်လို့ ကောင်းတာရယ်...။ ခုလို မိုးတွေ ညို့နေတော့ စိတ်ခံစားမှု အတွေးများက ကယောက်ကယက်...။ ဘာကို လွမ်းလို့ လွမ်းမှန်းမသိ ဆိုတာကြီးက အတော်ခံရခက်နေတာ...။

    ဆင်ထုံရယ်...။ ရူပါမှာ ဖြူပျာကျအောင် ချူချာလှပါတယ်လို့ လူတကာကို စကတည်းက မူယာမာယာ မပါပဲ ၀န်ခံထားပြီးသားပါကွယ်...။ မာယာတစ်သိန်း၊ ပလိန်း အနန္တ၊ ကြံသမျှ ပြီးအောင် ဖြီးတတ်၊ သဲတတ်၊ ချွဲတတ်တဲ့၊ မန်ကျည်းကိုးပင် ပိုင်တဲ့ ကိုကိုမာယာ၊ သဲဆပ်ပြာလဲ မဟုတ်ရပါဘူးကွယ်...။

    ReplyDelete
  13. khin oo may said...
    ကိုဘွိုက်စ် ကရော မပွင့်သေးဘူးလား။ မမွန် :P
    kom ဒီငကြောင်က ပွင့်နေတာကြာပြီ ရန်ကုန်မှာထဲက။

    ReplyDelete
  14. strike - အဿထိုရ်နဲ့ အဿထိုရ် မြင်းမိဘကမှ အဿထိုရ် မြင်း သားသမီးများ မွေးတာပါ။
    အဿထိုရ်နဲ့ သိန္ဓောမြင်း က မွေးတဲ့ မြင်းသားသမီးကို အဿထိုရ်လို့ မသတ်မှတ်ပါဘူးတဲ့...။ ဟိ

    ReplyDelete