Thursday, December 18, 2008

မဝံ့ခြင်းများ။

ပန်းပွင့်မြင်လျက်
အချူခက်သည်
ကျဉ်တုပ်ခံဝံ့ မခံဝံ့။

မြင်စနိုးနား
ချစ်ကြင်မှားသည်
သနားခံဝံ့ မခံဝံ့။

ကြင်သူ့ထံပါး
မြဲ ခစားသည်
နှုတ်ထွက် ဆိုဝံ့ မဆိုဝံ့။

နီးစပ်မေတ္တာ
ရင်တွင်းနာသည်
ဖွင့်ဟမြွက်ဝံ့ မ
မြွက်ဝံ့။

မတရားစစ်ပွဲ
တိုက် ဆင်နွဲသည်
သေပွဲ ဝင်ဝံ့ မဝင်ဝံ့။

သူရာရည်ရက်
စွဲနှစ်သက်သည်
လူသိခံဝံ့ မခံဝံ့။

ရသာရမ္မက်
စွဲ ဖြတ်ခက်သည်
ထပ်ခါစားဝံ့ မစားဝံ့။

ဒီဇင်ဘာတွင်း
ဈေးချခြင်းသည်
လိုတိုင်း ဝယ်ဝံ့ မဝယ်ဝံ့။


(လုပ်ဖို့ မဝံ့မရဲ ဖြစ်နေတာတွေ ချရေးမိပါတယ်။ အတည်ရေးလို့ မရတော့တဲ့ လက်ကြောင့် ပေါက်တတ်ကရ ဖြစ်သွားတယ်။ မေတ္တာပို့ကြပါကုန်။ သာဓု၊ သာဓု။)

14 comments:

  1. ပေါက်တတ်ကရ လာကာဖတ်သည်
    ကော့မတ်ရေးဝံ့ မရေးဝံ့ :P

    ReplyDelete
  2. ပထမ ၁ ပိုဒ်ဖတ်ပြီး ပြန်လည်ဖော်ပြပေးတဲ့ ကဗျာမှတ်နေတာ.....
    အောက်ကိုကြည့်တော့ ကိုဘွိုက်ဇ်ရေးမှန်းသိတာ ...
    မိုက်တယ်ကွာ.....(မလိမ်မာဝူးးးးးးး)
    နာ သတ်ပုံသိတယ်နော်။ မ နှစ်လုံးဆင့်မရေးတတ်လို့

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. မေမိုးက ကာရန်မညီပေမဲ့ ကာရန်ပါတယ်။ စည်းကမ်းနဲ့ တစ်ဝက်ပဲ ညီတယ်။ ဝမ်းနည်းစွာ ပယ်လိုက်ရပါတယ်။
    အမ်းမားကတော့ ကာရန်လုံးဝကို မပါလို့ လုံးလုံးလျားလျားကို ပယ်ပါတယ်။

    ReplyDelete
  5. အန်.. အမ်းမားကလဲ.. အဲလိုလုပ်တော့ ကျွန်တော်ခုလေးတင် တက်လိုက်တဲ့ ကော်မန့်က အလကားကြီး ဖြစ်နေတာပေါ့...။

    ReplyDelete
  6. တို့ဘာရေးလို့လဲ၊ ဘာမှလဲ မရေးဘဲနဲ့။ :P

    ReplyDelete
  7. လိမ်တယ် ညာတယ် လူညာကြီးရယ်... လူညာကြီးပေါ့ကွယ်..
    ပျိုပျိုမေကို ချစ်ပါပဲနဲ့ ယုံအောင် ချွဲတတ်တယ်...။

    ReplyDelete
  8. ဆင်ထုံအတွက် လိမ္မာကို ရိုက်ရန် နည်းလမ်း။
    မ ကို အရင် ရိုက်ပါ။ esc ဟူသော ခလုတ်အောက်က "~" ဟူသော ခလုတ်ကို နှိပ်ပါ။ ထို့နောက် "R" ခလုတ်ကို နှိပ်ပါ။
    အပ်ချလောင်း!!!!!
    “မ္မ” ဟူသော စာလုံးထွက်လာချေပြီ...။

    ReplyDelete
  9. ကောင်းတာတော့ တော်တော်ကောင်းတယ်လို့ ပြောချင်ပါတယ်။
    အတည်ပြောတာ နော် ဘွိုင်းဇ်

    ReplyDelete
  10. မ္မာ ..ဒီလိုလေးလား

    ReplyDelete
  11. ကျေးဇူးတင်ပါတယ် မခင်မင်းဇော်ရေ...။

    ReplyDelete
  12. စိတ်ကူး“ပေါက်”တိုင်း၊
    လျှောက် ကာ ရေးသော်၊
    “ဂေါက်” ဟု ထင်ဝံ့၊ မထင်ဝံ့။
    (ကိုယ့်ဘာသာကိုယ် ပြောတာပါ..ဟီးဟီး။ နော်..ကိုဘွတ်ဇ်။)

    ReplyDelete
  13. ပန်းနွယ်ရေ...။
    ဖတ်ရတာ ထောင့်နေတယ်...။
    ပြန်ပြင်ရေးချေ...။ ကြိုက်သေးဘူး...။

    ReplyDelete