Friday, December 26, 2008

ချစ်သူ့ လက်ဆောင်

ငယ်ငယ်တုန်းက ကြားဖူးခဲ့ပြီး ခုထက်တိုင် ကြိုက်နေတဲ့ ၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်ပါ...။
မှတ်မှတ်ရရ ဒီသီချင်းကို ရှစ်တန်း အစိုးရစစ် တုန်းက သူငယ်ချင်းတွေ စာစုကျက်တော့ ကြားမိတဲ့ သီချင်း ထင်တာပဲ။ ဆောင်းနှင်းဖုန်ဖုန် ကျတဲ့ နတ်တော်၊ ပြာသိုညချမ်းတွေမှာ ဒီသီချင်းကို စာစုကျက်တဲ့ နေရာကို မသွားခင် ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်ရာကနေ ကြားမိပြီး ကြိုက်သွားတာ...။

ထူးအိမ်သင် သီချင်းတွေကတော့ အကုန်ကြိုက်တယ်...။ အနှစ်တွေချည်းပဲ...။ အခု သီချင်းလေးကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲက ဖြစ်ပါတယ်။ “ချစ်သူ့လက်ဆောင်” လို့ အမည်ရပါတယ်။



Credit to : အိပ်မက် Youtube

ဒီသီချင်းရဲ့ အမ်ပီသရီး ဗားရှင်းကိုတော့ မြန်မာ အမ်ပီသရီးဒေါ့နက် မှာ သွားရောက် နားဆင်နိုင်ပါတယ်။

(သီချင်းအကြောင်း ရေးရင်းနဲ့ ကိုယ်နဲ့ သီချင်းတွေ အကြိုက်တူတဲ့ မမေကို သတိတောင် ရနေပါသေးတယ်။ မတွေ့တာ ကြာလို့ နေကောင်းလား၊ အဆင်ပြေလားလို့ တွေးနေမိတယ်။ သီချင်းချိုချိုအေးအေး လေးတွေကို ရှာလာတတ်ပြီး မျှဝေတတ်တဲ့ မမေကို လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကြားတိုင်း သတိရနေတယ်...။)

17 comments:

  1. ကြိုက်ပါတယ်ဗျို့ ကိုကြီးဘွိုင်းစ်..။း)

    ReplyDelete
  2. “အတ္တပုံဆောင်ခဲ”ထွက်တဲ့အချိန်မှာ ရှစ်တန်းတောင် ရောက်ပြီဆိုတော့ကာ။ ဟိုက်၊ ဒီလူ အသက်တော်တော်ကြီးပြီပဲ။

    ReplyDelete
  3. အဲဒါ.. တစ်ဘက်လှည့်နဲ့ အသက်ကို ပြောတာ.. သိချင်သူ အတွက် :D

    ReplyDelete
  4. အမယ်..သူများအရင်သတိရတာနော်။ လိုက်သတိမရနဲ့။ ဒါပဲ။
    :P

    ReplyDelete
  5. သီချင်းလာဆိုသွားတယ်။ လွမ်းစရာကောင်းလိုက်တာ။

    ReplyDelete
  6. မမကေအိုအမ်ရဲ့ မှာ ကိုဘွိုက်ဇ်ပို့စ်အသစ်ခေါင်းစဉ်က ချစ်သူ့လက်ဆောင် ဆိုတော့ ၊ ပြီးတော့ မွေးနေ့ကလည်း မကြာသေးဘူးဆိုတော့ သို့လော သို့လောနဲ့ အပြေးရောက်လာတယ်။ ဒီရောက်တော့ သူက သီချင်းခေါင်းစဉ်ကို ထင်ယောင်ထင်မှား လုပ်ထားတာကိုးးးး။ အထင်ကြီးမိတာ နာ့အမှား၊
    “အတ္တပုံဆောင်ခဲများ" က ဘယ်နှစ်ခုနှစ်မှာ ထွက်တာမို့လို့လဲ...။ ကိုဘွိုက်ဇ်၊ ပြောပြပါ။မှတ်မိတာကတော့ ဗဒင် "တို့ကတော့၊ တို့ကတော့" အချိန်မှာ ပထမနှစ်တက်နေတယ်။

    ReplyDelete
  7. ဝေပုံကျ ခွဲတမ်းနဲ့ သတိရနေရမှာလားဟင်... အန်တီသု...။

    မီယာက ဒူ့ကို လွန်းနေတာရဲ...။

    ReplyDelete
  8. ဟယ်... ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရတာ မဟုတ်ရပါဘူးဗျာ...။
    သီချင်းလေးကို နားထောင်နေရင်းနဲ့ အတိတ်က အကြောင်းတွေ သတိရလာလို့ပါ ဆင်ထုံရ...။

    အောင်မလေး.. သုသုငှဲ့...။ ဆင်ထုံက ဗဒင်ထွက်တော့ ပထမနှစ်ရောက်နေပြီတဲ့...။ အဲဒါ ၁၉၉၃ က ထွက်တာ....။

    “တို့ကတော့ တို့ကတော့”ထွက်တဲ့အချိန်မှာ ဆင်ထုံက ပထမနှစ်တောင် ရောက်ပြီဆိုတော့ကာ။ ဟိုက်၊ ဒီလူမကြီး အသက်တော်တော်ကြီးပြီပဲ။
    (ကေစမ်းချောင်း လေသံဖြင့် ဖတ်ရန်...။)

    ReplyDelete
  9. ဗဒင်ရဲ့နေရာ ထွက်တာ ၁၉၉၃လား။ ၁၉၉၅လား မှတ်မိတော့ဘူး။

    ReplyDelete
  10. ဗဒင်က ၁၉၉၄ ထင်တယ်။ မောင်ဘွိုက်ဇ်.. ဒါကြောင့်မောင်လေးကို မောင်လေးလို့ ခပ်နှိမ်နှိမ်ခေါ်ထားတာပေါ့ကွယ်..... အသက်ပိုကြီးပေမယ့် ရုပ်ကတော့ အများကြီးပိုနု( တစ်ချောင်းငင်နော်) ပါတယ်..... ငှင်းငှင်း။

    ReplyDelete
  11. 94 မှ ဖတ်စ်ရီးယားလား ဆင်ဆင်...
    သုသုရေ.. သူက ၉၄ ကို ဖတ်စ်ရီးယားတဲ့...။
    ဟိဟိ

    ReplyDelete
  12. ဆယ်တန်းအောင်တဲ့နှစ်ပြောပါ။

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. ဗဒင်ရဲ့  နေရာ ထွက်တာ ၁၉၉၄...
    ဒီတိုင်းဆိုရင် ကိုယ်တော်တော် အသက်ကြီးနေပါပေါ့လား...
    ပြေးမှ.. ပြေးမှ...

    ReplyDelete
  15. အော်ဟော်... ဆင်ဆင်က ၇၅ ဘွန်းကိုး...။
    မလိမ်နဲ့ သင်္ချာတော်တယ်...။

    မဂျီး သက်ဝေက ဘယ်ခုဖွားပါလိမ့်...။ မဟုတ်မှလွဲရော...။ ၇၃ ဘွန်း ဖြစ်ဖို့ များတယ်...။

    ReplyDelete
  16. အများကသိကြပါတယ်ရှင်။.တိုင်ပေါ်အလံစိုက်ချင်...

    ReplyDelete
  17. ဘာကို ဆိုလိုချင်မှန်း မသိပါဘူး အန်တီဂွိရာ...။

    ReplyDelete