Monday, December 8, 2008

Dwelling Mood

မိုးတွေ ညို့နေတယ်ကွယ်...။
မဖြစ်သင့်တာတွေကို ဖြစ်ချင်နေတဲ့ ကိုယ့်စိတ်ခံစားချက်ကို မိုးစက်မှုန်တွေက ပြက်ရယ်ပြုနေတယ်...။
စနိုးစနောင့် ဖြစ်လောက်စရာကောင်းတဲ့ မိုး၊ ဒီဇင်ဘာမှာ ရွာတဲ့ အချိန်အခါမဟုတ် မိုးက ကိုယ့်ကို ပိုပြီးတော့ ဘောင်ခတ်လိုက်တယ်...။
ရွာယောင်ယောင် ၊ ဟိုယောင်ဒီယောင် လုပ်နေတဲ့ မိုးဖွဲစွေစွေက ကိုယ့်ခံစားချက် ဒီဂရီကို ပို ပို မြှင့်ပေးနေသလိုလို...။
စစ်ကြိုခေတ် ရုပ်ရှင်ကားတစ်ခုလို မှုန်မှိုင်းနေတဲ့ ပတ်ဝန်းကျင်က နောက်ကျိကျိနဲ့ ခံစားချက်အတွေးတွေကို ရှုပ်ထွေးသွားမတတ်...။
မောင်ပိုနေမြဲ ၊ ကျားနေမြဲလား...။
ရက်စွဲလွန်နေတဲ့ ပြက္ခဒိန်ပေါ်က ခြစားရက်စွဲတွေ အကြောင်း တစ်ရက်ပြီး တစ်ရက် ရေကြည့်ရအောင်...။
ပုပ်သိုးမှုတွေ တစ်ရစ်ပြီး တစ်ရစ်ပေါ်လာ...။
မသိမသာနဲ့ အထပ်ထပ် ချည်နှောင်လာတဲ့ ဒီကြိုးဟာ နောက်ဆုံးတစ်နေ့မှာ ကိုယ့်ကို လှုပ်မရအောင် ချည်နေတဲ့ကြိုးဆိုတာ နောင်တတွေ ကျောင်းခန်းနဲ့ အပြည့်ရမှ သိလိုက်တဲ့ အဖြစ်...။
รักแท้ แพ้ใกล้ชิด တဲ့...။
ဟာဟ...။
မီးဝေးချိပ်ရော မဖြစ်နိုင်ဘူးလား...။

မိုးတွေကတော့ စွေလို့ ညို့လို့ ကောင်းတုန်းပဲကွယ်...။

6 comments:

  1. รักแท้ แพ้ใกล้ชิด
    အချစ်စစ်ဟာ နီးစပ်မှုကို ရှုံးနိမ့်သွားတယ်။
    ဟုတ်လားမသိဘူး။ အဟိ.ဘာသာပြန်မှားက ခွင့်လွှတ်ပါ။

    ReplyDelete
  2. “ဖရာ့ခ်သယ်ဖယ်တလိုင်ချစ်”။ သဘောပေါက်ပြီ။ ပွင့်ပွင့်လင်းလင်းပြောရောပေါ့။ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သယ်ပြီးဖယ်ရပါများတော့ တစ်လိုင်းပြောင်းချစ်ဖို့လိုနေပြီ။ ရာသီဥတုကလည်း အားကစားသမားတို့အကြိုက်။ ပျော်ပျော်နေစမ်းပါ။

    ReplyDelete
  3. - အန်တီသု ... သက်ရှိအဘိဓါန်ဘေးနား ထားထားတာလား...။ မှန်၏။
    - ကိုစမ်းချောင်း။ တစ်လိုင်းပြောင်းရမှာတဲ့လား...။ စဉ်းစားလိုက်ဦးမယ်ဗျာ...။ နှစ်လိုင်းပူးချင်နေတာ .. ဟာဟ...။

    ReplyDelete
  4. ၀မ်းနီးနေတာလား.. အဲ..၀မ်းနည်းနေတာလား.....
    နှစ်လိုင်းပူးပြီး ဟိုချိန် ဒီချိန်မလုပ်သင့်ပါ။
    ဗုံးကြဲလိုက်ပါက ကျိန်းသေပေါက် အောင်ရစေ့မည်။

    ReplyDelete
  5. ပထမဆုံးပြောချင်တာ ဂဘွိုင်းဇီရဲ့ တစ်နှစ်မှ တစ်ခါအိမ်ရှင်းတာလို့ မတရားစွပ်စွဲချက်ကို ရုတ်သိမ်းလိုက်ပါ။

    ဘာသာပြန်တာ မှန်လား။ သက်ရှိအဘိဓါန်ဆိုတာလည်း ရှိ၏။
    အဟိဟိ။

    ReplyDelete
  6. အော်... အမှန်တရားဟာ အတော် ခါးသီးပါကလား...။ အဟွတ်...။

    သက်ရှိအဘိဓါန်ကြောင့် ဘာသာပြန်တာ မှန်သွားပါတယ် အန်တီသု။

    ReplyDelete