Monday, December 15, 2008

Goat Walk


Photo Credit : www.gamespot.com

ဆိတ်မွေးတဲ့ အိမ်မှာ ညညဆို ဆိတ်တွေကို အိမ်ခေါင်မိုးနားက ဆိတ်အိပ်တဲ့ နေရာကို Goat Walk လို့ ခေါ်တာတဲ့ ဆိတ်တစ်ကောင် လျှောက်စာ လမ်းကလေးကနေ ဆိတ်တွေကို အပေါ်ရောက်အောင် မောင်းသွင်းရသတဲ့...။ ဆိတ်ဆိုတဲ့ ကောင်မျိုးက မှောင်ရင် လန့်တတ်သကိုး...။ အဲဒီတော့ Goat Walk မှာ မီးလုံးလေးတွေ တပ်ထားပေးရသတဲ့...။ မီးပျက်တဲ့ညတွေဆို ဆိတ်တစ်ကောင်ကတော့ အနည်းဆုံး ပြုတ်ကျတယ်တဲ့..။ ပြုတ်ကျရင်လဲ ဇက်ကျိုး သေတာ ဆိုပဲ...။ ဆိုတော့ ညဏ်ကြီးရှင် ဆိတ်ထိန်းကောင်လေးက မီးလုံးလေးကို ခဏလောက် ဖြုတ်ထားလိုက်တယ်တဲ့...။ မီးလုံးဖြုတ်တော့ ဘာဖြစ်သွားလဲ... ပရိသတ်ကြီးတို့...။ မီးမှောင်သွားတာပေါ့နော်...။ မှောင်တော့ ဘာဖြစ်လဲ...။ ဘာဖြစ်လဲ ဆိုတော့... မီးမှိတ်လိုက်လို့ ကြောက်အားလန့်အားနဲ့ ပြုတ်ကျလာတဲ့ ကံဆိုးသူ မောင်ဆိတ်ဟာ မနက်ကျတော့ ဆိတ်သားဆီပြန် ဖြစ်ရောတဲ့...။ ကိုမိုဂျို ပြောတာလေ... အဲဒါနဲ့ ဆက်စပ်ပြီး အခု ပြုတ်ကျလု တည်းတည်း ဖြစ်နေတဲ့ ကြောင်ပုံကို ကြည့်ပြီး ကြောင်သားဆီပြန် စားကြည့်ချင်လိုက်တာ လို့ ပြောရင် ၀ိုင်းသတ်ကြမလားပဲ...။

Related Post : 121308

8 comments:

  1. အဲ..သူများပို့စ်က ကြောင်ကိုနော်.. စိတ်ပုတ်..ကြီး။

    ReplyDelete
  2. ပြောပြီးသားလေ... အဲဒီပို့စ်ကိုတောင် ညွှန်းပေးသေးတယ်...။
    ကြောင်သားဆီပြန် ကြိုက်သူများအတွက်ပြပေးတာ...။ ဟိဟိ

    ReplyDelete
  3. kom: အိ ..ကြောက်စရာကြီးပါလား မွန်။

    ReplyDelete
  4. ဒီလောက်ပိန်သေးလေးကို ဘယ်နားက အသားစားမလဲ။

    ReplyDelete
  5. http://thuhninsee.blogspot.com/2008/12/121308.html

    ဒါမသမာမှူဘဲ။ :zonked:

    ReplyDelete
  6. အရိုးပါ ဝါးမှာပေါ့ မွန်ရဲ့။

    ReplyDelete
  7. ကြောင်နံရိုးသားက စားလို့ ကောင်းတယ်တဲ့ဗျား...။ အမ်းမား ပြောသလို အရိုးပါ ၀ါးစားရင် ကောင်းမယ်...။ ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့...။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete