Tuesday, December 16, 2008

Happy Birthday အမ်းမား


Photo : Cake Design

ဟဲဟဲ...။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါသမယပါ...။
ဒီနှစ်ထဲမှာ ကောက်ရတဲ့ ဘလော့ဂါအစ်မကြီးရဲ့ နောက်တစ်ဖန် ကျရောက်လာပြန်တဲ့ အခုလို မွေးနေ့ အခါသမယမှာ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး လိုရာဆန္ဒ ၊ တောင့်တအပ်သော လိုအင်များ ပြည့်စုံပါစေဗျား...။
အစ်မကြီး လူသိရှင်ကြား တောင်းသော၊ တိုးတိုးတိတ်တိတ် တောင်းသော၊ လူမသိတစ်သိ တောင်းသော ဆုများ ပြည့်စုံပါစေလို့ ကူညီညာလို့ ထပ်လောင်း တောင်းပေးလိုက်ပါတယ်...။
ပျော်ရာအရပ်မှာ မိမိ ချစ်သူခင်သူတွေနဲ့ စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ပါစေလို့... ဆုတောင်းပေးပါတယ်ဗျား...။
ချမ်းအေးတဲ့ အေးချမ်းတဲ့ ဆောင်းရာသီ အခါသမယမှာ မွေးဖွားခဲ့သလို ဘ၀တစ်လျှောက်မှာလဲ အေးအေးချမ်းချမ်း နေထိုင်နိုင်ပါစေ...။



ကဲ... မွေးနေ့ဆုတောင်းကိုတော့ သေသေချာချာ ဆုတောင်းပေးပြီးသွားပြီ...။
မောင်ဘွိုင်းတို့ရဲ့ ထုံးစံအရ ပေါက်တတ်ကရလေး တစ်ခုခုမှ မလုပ်လိုက်ရရင် စားမ၀င် အိပ်မပျော်တဲ့အတွက် ရိုးရာလေး မပျက်ရအောင် စလိုက်ရအောင်လား...။
ဆင်ထုံ၊ ပေါက်ထုံ၊ လင်းထုံ၊ မေထုံ၊ မချိုသင်း၊ တီဇက်အေ၊ ကျောက်တိုင်ကြီး strike နဲ့ အမ်းမားရဲ့ မိတ်ဆွေ အပေါင်းတို့...။
ထုံးတမ်းစဉ်လာအရ မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်း သီချင်းလေး ဆိုရမှာပါ...။
Happy Birthday To you.. ဆိုတဲ့ မွေးနေ့ သီချင်းလေး အလိုက်ကို ရကြပါတယ်နော်...။

အခုတော့ အမ်းမားရဲ့ မွေးနေ့ဖြစ်တဲ့ အားလျော်စွာ... ထူးထူးခြားခြားလေး ဖြစ်အောင် ကျွန်တော် အဲဒီမူရင်း သီချင်းထဲက စာသား တစ်ချို့တစ်ဝက်ကို ပြင်ဆင်ထားပါတယ်...။
အဲဒီ ပြင်ဆင်ထားတဲ့ အတိုင်း ဆိုရင်းနဲ့ မွေးနေ့ ဆုတောင်းကြပါစို့...။

လာပါပြီ...။

Happy Birthday To You...
You Belong To The Zoo...
You Are Monkey And Donkey...
Happy Birthday To You....


လက်ခုပ်တီးကြပါ...။
အမ်းမား .. make a wish and blow the candles....
ဟေး။ ဖြောင်းဖြောင်းဖြောင်း....

အမ်းမား မွေးနေ့ကိတ်ပေါ်က ထွန်းထားတဲ့ ဖယောင်းတိုင်များကို ဘယ်လိုပဲ မှုတ်မှုတ်.. ဖယောင်းတိုင်များက မီးမမှိတ်သွားပါဘူး...။ အံ့ဖွယ်သရဲပါပဲ...။
(ဘယ်ငြိမ်းမလဲ.. ဘွိုင်းက စီးတီးမတ်က မီးမငြိမ်းနိုင်တဲ့ ဖယောင်းတိုင်ဝယ်ပြီး ထွန်းထားတာလေ...။)
အမ်းမားတစ်ယောက်တော့ ခုထိ ကြိုးစားပမ်းစား မှုတ်နေတုန်း....။


Photo : Clip Art

- ဆင်ထုံကတော့ မျက်နှာပျက်နေလေရဲ့...။
(သူက တစ်ကယ့် ဖယောင်းတိုင် ၀ယ်လာတာ။ ဘွိုင်းက အစားထိုးလဲလိုက်တာ)
- မေထုံကတော့ ငိုမဲ့မဲ့.. (မုန့်မစားရတော့မှာကို စိုးရိမ်လို့)
- ပေါက်ထုံကတော့ ဘွိုင်းကို မျက်စောင်းတစ်ခဲခဲ (သူက မလုပ်ပါနဲ့လို့ ဘွိုင်းကို တားတားတဲ့ကြားက သူ့အလစ်မှာ လုပ်လိုက်လို့)
- မချိုသင်းကတော့ ထုံးစံအတိုင်း မျက်လုံးကလေး ကလယ်ကလယ်နဲ့ .. ဘာဖြစ်လို့ ဖြစ်မှန်းကို မသိသေးဘူး...။
- ကျောက်တိုင်ကြီး strike ကတော့ လူအများ ကိတ်မုန့်ဘက်ကို အာရုံစိုက်နေချိန်မှာ မယောင်မလည်နဲ့ တီဇက်အေ အနား ကပ်သွားလေရဲ့...။

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ပါ အမ်းမား...။

14 comments:

  1. haPpy biRthDay အမမေဦးခင်
    မွေးနေ့မှာ ပျော်ရွှင်ပါစေ အမရေ
    လိုအင်ဆန္ဒတွေ တလုံးတ၀ပြည့်ပါစေ အမ
    အမ အိမ်မှာ အားမရလို့ ဒီအိမ်မှာပါလာပြီးဆုတောင်းပေးတယ်။
    ဒီအိမ်က အကျွေးအမွေးပါတော့ စားပြီးပြန်ပါပြီ။

    ReplyDelete
  2. အံမယ် သိပါတယ်နော်..
    ဖယောင်းတိုင် မှုတ်လို့ မရတာကို ပြောနေတာ မဟုတ်လား။ သိ...သားပဲ။
    (ဒီလောက်မတုံးပါဘူးနော်..မမkom)

    ReplyDelete
  3. happy birthday ဆိုပြီးပြန်သွားပြီ

    ReplyDelete
  4. မမကေအိုအမ်...
    မွေးနေ့မှာပျော်ရွှင်ပါစေ...
    (ကျနော်တို့ကို မုန့်ကျွေးရင်
    ပိုပျော်ရွှင်မှာ)

    ReplyDelete
  5. ဟမ်..အမ်းမား ၉၉ နှစ်ပြည့်သွားတာလား။ မဟုတ်ပါဘူးနော်။ အသက်အကြီးဆုံး ဘလော့ဂါအဖြစ် ဂင်းနစ်မှတ်တမ်း ၀င်သွားဦးမယ်။ မွေးနေ့သီချင်းကို သဉ္ဖာကြားဖူးတဲ့ version နဲ့ ပြောင်းဆိုသွားပေးတယ်။ :D

    Happy Birthday To You...
    You Belong To The Zoo...
    Like monkeys and Kangroos
    Happy Birthday To You....

    ReplyDelete
  6. ကိတ်မုန့်ပေါ်က ဂဏန်းကို 99 လို့ ဖတ်ရမလား 66 လို့ဖတ်ရမလား ဘာကိုကိုယ်စားပြုတာပါလဲ ရှင်းပြပါ :P

    ReplyDelete
  7. ကြည့်သောသူ အပေါ် မူတည်ပါတယ် မေထုံရေ...။

    ReplyDelete
  8. မမမွေးနေ့  ဒီမှာစားရမယ်ဆိုလို့ လာခဲ့တယ်...။
    ဟိုမေး ဒီမေး မေးချင်တာ ထုံတဲ့အထဲ ပါသွားမစိုးလို့  သိသလိုလို နားလည်သလိုလိုနဲ့  ဘာဆိုဘာမှ မမေး မမြန်းတော့ဘဲ အားလုံးကို သိချင်ယောင် ဆောင်သွားပါကြောင်း...။ :-P

    ReplyDelete
  9. ထုံ အော်ဂန်နိုက်ဆေးရှင်းထဲကို ဖိတ်ခေါ်ပါတယ် သက်လုံရေ...။
    နတ်လမ်းညွှန် လုပ်ပေးလိုက်တယ်။

    ReplyDelete
  10. မမကေအိုအမ်က ကျေးဖူးတင်တယ်တဲ့...
    ဟားဟား
    သတ်ပုံမမှားရမနေနိုင်တဲ့ မမ

    ReplyDelete
  11. မမ ..
    မွေးနေ့မှာ ပျော်ရွှင်ပါစေ...
    အရင်က သူတွေကို သတိရသွားတယ်...။။

    ReplyDelete