Monday, December 8, 2008

News Around The World (081208)

  1. ကမ္ဘာ့စီးပွား ပျက်ကပ်ကို ခံစားနေရတဲ့ အမေရိကန်နိုင်ငံက ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီး သုံးခု ဖြစ်တဲ့ Ford, Chrysler နဲ့ GM မော်တော်ကား ကုမ္ပဏီ သုံးခုဟာ ၄င်းတို့ရဲ့ ကားထုတ်လုပ်ရေး လုပ်ငန်း ဆက်လက် သက်ဆိုးရှည် ကျားကန်နိုင်ရေးအတွက် နိုင်ငံတော်ထံမှ ထောက်ပံ့ငွေများ တောင်းခံခဲ့ပါတယ်။ အခုတော့ လွှတ်တော်ကနေ အဆိုပါ ထောက်ပံ့ငွေများ ပေးရေး၊မပေးရေးအတွက် အခြေအတင် ဆွေးနွေးနေပါတယ်။
  2. အင်္ဂလန်နိုင်ငံ အင်တာနက် သမိုင်းမှာ အွန်လိုင်း အဘိဓါန်ဖြစ်တဲ့ ၀ီကီပီဒီးယားနဲ့ ပါတ်သက်ပြီး ဆင်ဆာ ပိတ်ပင်မှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဂျာမဏီ တီးဝိုင်းတစ်ခု ဖြစ်တဲ့ Scorpion အဖွဲ့က ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အယ်ဘမ်ဖြစ်တဲ့ Virgin Killer ဆိုတဲ့ တေးစီးရီး ဆောင်းပါးတစ်ပုဒ်ကြောင့်ပါ။ အဆိုပါ အယ်ဘမ်မှာ ကာဗာ အဖြစ် သုံးထားတဲ့ ကိုယ်လုံးတီး မိန်းကလေးဟာ အသက်ပြည့်မပြည့်ဆိုတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး အခြေအတင် ဖြစ်ခဲ့လို့ပါ။ ယခုအခါမှာ အင်္ဂလန်က အင်တာနက် ထိန်းချုပ်ရေးဘက်က အဆိုပါ ၀ီကီ ဆောင်းပါးကို ဆင်ဆာဖြတ်လိုက်တာ အရှိန်လွန်ပြီး ကျန်တဲ့ ဆောင်းပါး စာမျက်နှာများပါ တည်းဖြတ်မရ ဖြစ်ကုန်တယ်လို့ သိရပါတယ်။ အဆိုပါ Virgin Killer ဆောင်းပါးပါ ၀ီကီ စာမျက်နှာကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
  3. မွန်ဘိုင်း အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲနေတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ စခန်းတစ်ခုကို ပါကစ္စတန် ရဲအဖွဲ့က ၀င်စီးတယ်လို့ စီအန်အန် သတင်းဌာနက လာတဲ့ သတင်း အရ သိရပါတယ်။ အကြမ်းဖက်မှုနဲ့ ပါဝင် ပါတ်သက်မှု ရှိတယ်လို့ ယူဆရသူ ၁၅ ဦးကိုလဲ ဖမ်းဆီးထားပါတယ်။
  4. ဂရိနိုင်ငံမှာ ရဲတပ်ဖွဲ့က လူငယ်တစ်ဦးကို မှားယွင်းပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး ဆန္ဒပြမှုဟာ သုံးရက်တိုင်နေပါပြီ...။
  5. အိုင်ယာလန်မှ ၀က်သား အဆိပ်သင့်မှုကြောင့် ဈေးကွက်ထဲမှာ ပြန်လည် ရုပ်သိမ်းရတဲ့ ထုတ်ကုန် အရေအတွက်တန်ဖိုးဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၂၈ ဘီလီယံ ခန့ ရှိနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိပ်သင့်မှု ဖြစ်ပွားရာ ဖြစ်နိုင်ခြေကတော့ တိရစ္ဆာန်အစာထဲ ရောစပ်ရာမှာ အသုံးပြုတဲ့ အဆီ တစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း သိရပါတယ်။ အဆိုပါ အစာများကို စားသုံးမိတဲ့ ၀က်ကောင်ရေပေါင်း အနည်းဆုံး ၁၀၀,၀၀၀ ခန့်ကို ချက်ချင်း သုတ်သင် ပစ်ရမယ်လို့ ခန့်မှန်းပါတယ်။
  6. မွန်ဘိုင်းအကြမ်းဖက်မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန် နှစ်နိုင်ငံတို့ဟာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် စီးပွားရေး လုပ်ငန်း ပရောဂျက်များကို ဆိုင်းငံ့ထားပါတယ်။
  7. အီဂျစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အဆိုပါနိုင်ငံမှာ ရောင်းချမယ့် မျိုးဆက်သစ် 3G iPhone များမှာ GPS စံနစ်များ ပါရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အီဂျစ်အစိုးရရဲ့ အကြောင်းပြချက်ကတော့ စစ်တပ် လုံခြုံရေးဖြစ်ပါတယ်။ အိုင်ဖုန်းပါ ဂျီပီအက်စ်စနစ်ကို အသုံးပြုပြီးတော့ စစ်တပ်ရဲ့ နိုင်ငံလုံခြုံရေး နေရာများကို သိရှိနိုင်လို့ လို့ ဆိုပါတယ်။ (စကားချပ်။ ။ အိုင်ဖုန်းမသုံးလဲ ဂူဂယ်အတ်၊ ဂူဂယ်မြေပုံတွေနဲ့ သုံးလဲ တွေ့နိုင်တာကို...။ တစ်ခွဲဆံပင်ကောင်းနေတယ်။)
  8. ဇင်ဘာဘွေနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကြောင့် အီးယူနိုင်ငံများက သမ္မတ မူဂါဘီကို နိုင်ငံရေးအရ ဖိအားပေးပြီး ရာထူးစွန့်လွတ်ဖို့ စဉ်းစားနေကြောင်း သတင်းရရှိပါတယ်။

5 comments:

  1. အကြောင်းအရာတွေ လေးနက်ကုန်လို့ လေးစားသောအားဖြင့်ဖတ်သွားပါသည်။ ပေါ့ပေါ့ပါးပါးကွန်မက်လေးတွေ မရေးလိုတော့ပါ။

    ReplyDelete
  2. ဒါတွေ ဖတ်ပြီး အနည်းဆုံးတော့ အိမ်ကလူကို ဆရာကြီးလေသံနဲ့ သတင်းပေးလို့ရပြီ..

    ReplyDelete
  3. - အမ်းမားရေ။ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ...။
    - ဆင်ဒဏ်လားရေ.. ဆရာဂျီး ဖြစ်နိုင်ဖို့ တစဘက်တစ်လမ်းက ပံ့ပိုးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်...။ ဟားဟား...။

    ReplyDelete
  4. လာလည်ဖူးတာကြာပြီ။ သီချင်းလေးကိုကြိုက်တာလည်းကြာပြီ။ အခုမှပဲ မန့်ရတော့တယ်။

    ReplyDelete
  5. ကျေးဇူးပါ မီယာရေ...။ ကျွန်တော့် အကြိုက်တင်ထားတဲ့ သီချင်းကို ကြိုက်တယ်လို့လဲ ၀မ်းသာပါတယ်...။ နောက်များလဲ မကြာမကြာ လာလည်ပါခင်ဗျား...။

    ReplyDelete