Tuesday, June 23, 2009

အနိစ္စ၊ ဒုက္ခ၊ ဒန္တ

ခိုင်သင်းကြည်လေး တစ်ယောက် တောသူမလေး စတိုင်ဖမ်းလို့ ...
ပါးမှာလဲ ပါးကွက်လေး ကွက်လို့...။
လက်ထဲမှာတော့ ဗူးလေး တစ်ဗူး ကိုင်လို့ ဇွန်ဇီကြော်ငြာထဲကလို တင်ကလေးကို လှုပ်ကာ လှုပ်ကာနဲ့ပေါ့...။
ဟိုင်း.. ဟိုင်း V5 Pepsodent” ဆိုပြီး အိန္ဒိတေးသံအလိုက် ကြော်ငြာနေတုန်း....
ဗြုန်းဆို.. ကလေးလေး တစ်ယောက် ခုန်ဝင်လာတယ်။
ပြီးတော့ အာဗြဲကြီးနဲ့ “သွား ဖြူဖွေးခိုင်ခံ့ ပိုးပေါက် မရှိ” ဆိုပြီး အသားကုန်အော်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဂျူတီကုတ် အကျီင်္ဖြူရှည် ၀တ်ထားတဲ့ ဆရာဝန်တစ်ယောက်က အံသွားပုံစံ အတု လုပ်ထားတဲ့ မော်ဒယ်သွားရှေ့မှာ ရပ်နေရင်း “ပိုးစားထားတဲ့ သွားကို ခေါက်ကြည့်ရင် နာကျင်မှု ဝေဒနာကို ခံစားရပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် အဲဒီသွားကို သူ့လက်ထဲက ကိရိယာလေးနဲ့ တစ်ဂေါက်ဂေါက် စမ်းခေါက်ပြချိန်မှာ ကျွန်တော် အိပ်ရာက လန့်နိုးလာပါတယ်။ နာလိုက်တာဗျာ။ ကျွန်တော့်အံသွားက ကိုက်နေတာ။ သွေးတစ်ချက်ခုန်လိုက်တိုင်း တစ်စစ်စစ်နဲ့ ကိုက်နေတာ။ သိလိုက်ပါပြီ။ ပိုးစားတဲ့နေရာက သွားအာရုံကြောတွေ infection ၀င်နေပြီဆိုတာ။

အရင်တစ်ခါက ညာဘက်ခြမ်း အပေါ်ဘက် ဒုတိယ အံဆုံးမှာ ဒီလိုပဲ သွားပိုးစားပြီး အခေါင်းပေါက် ဖြစ်ဖူးတယ်။ နောက် အာရုံကြောကို ထိတယ်။ ဒါနဲ့ အာရုံကြောကို ဖြတ်ပြီး ပြန်ဖာလိုက်ရတယ်။ အဲဒါ ဆရာဝန်ဆီ အခေါက်ခေါက် အခါခါ သွားရတယ်။ အာရုံကြောဆိုတာ သွားကို nutrition ပေးနေတဲ့ အရာပေါ့။ သွားကို လိုအပ်တဲ့ အစာ၊ အာဟာရများ ပို့ပေးနေတာ ဆိုလဲ မမှားဘူး။ တော်ရုံတန်ရုံ သွားအက်တာများဆို သူ့အလိုအလျောက် ပြန်ကောင်းတယ်တဲ့။ ခုတော့ အဲလို သွားအာရုံကြောကို ဖြတ်လိုက်တော့ သွားက သေသွားပြီပေါ့။ ကယ်လ်စီယမ် အတုံးတစ်ခုက လွဲလို့ ဘာမှ ထူးထူးခြားခြား စွမ်းဆောင်မှုတွေ မပေးနိုင်တော့ဘူး။ အမာဝါးမိလို့ မတော်တဆ အက်သွားလဲ ပြန်မကောင်းတော့ဘူး။ သွားကျန်းမာရေးများ အရေးကြီးပုံ။

အခုလက်ရှိ ဖြစ်နေတာလေး ပြန်ဆက်မယ်။ အခုလဲ ဘယ်ဘက်အပေါ်ခြမ်း ဒုတိယ အံဆုံးပဲ။ ပထမဟာနဲ့ ဘယ်ညာပဲ လွဲတာ။ ရေအေးအေးသောက်ရင် ကျဉ်ပြီဗျာ။ ညညဆို ကိုက်လို့ အိပ်မရတော့ဘူးဗျာ။ လန့်လန့် နိုးတာ။ ပြီးတော့လဲ အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မပျောက်ဘူးဗျ။ သွားနာတာ၊ သွားကိုက်တာ အတော့်ကို အခံရခက်တာကလား။ လူကို ပါးချိတ်ကို လက်သီးနဲ့ အသားကုန် လာထိုးစမ်းပါ... အခု သွားနာတာလောက်တောင် မနာဘူး ထင်တာပဲ။ အော်ငိုရအောင်လဲ မဖြစ်။ ကိုက်တာကတော့ တစ်စစ်စစ်နဲ့ဗျာ....။ အခုတစ်ခေါက် ဖြစ်တော့ လူသူမနီး ပင်လယ်ကြီးထဲမှာ...။ Medic တော့ ရှိပါရဲ့။ သူပေးတဲ့ ဆေးတွေက မတိုးဘူးဗျ။ ကောက်ပြန်ရအောင်လည်း အလုပ်က မပြီးပြတ်သေးတာရယ်၊ ပြန်ဖို့ ဟယ်လီကော်ပတာက ရာသီဥတု မကောင်းလို့ လာမကြိုနိုင်တာရယ်ကြောင့် ပင်လယ်ထဲမှာ တစ်ပတ်တိတိ ကြာသွားပါတယ်။ ဒီ ရက်သတ္တပတ် ၇ရက်ဟာ ကျွန်တော့်အတွက် ငရဲပါပဲ။

သွားကိုက်တာနာလွန်းလို့ လူတောင် ဖျားယူရတဲ့ အထိပဲ။ ပင်လယ်ထဲမှာ နေ့လည်ပိုင်း ပလက်ဖေါင်းပေါ် တက်အိပ်မိတာလဲ ပါမှာပေါ့။ လေတွေက တစ်ဟူးဟူး တိုက်နေတာ။ အာသီးရောင်တယ်။ တစ်ကိုယ်လုံး ကိုက်ခဲတယ်။ မျက်လုံးတစ်ဝိုက် အပူကြီးပြီး ကိုက်ခဲတယ်။ အို ခံလိုက်ရတာ ပြောမနေပါနဲ့တော့။ ဆေးတွေ သောက်လိုက်တာ...။ သူတို့ဆီမှာ ပန်နယ်ဒေါလို အစွမ်းထက်တဲ့ ဈေးတွေ မရှိဘူး။ မေပ်ာက္ဘူးေ်ာ။ မပျောက်တော့ လူက ခံနေရတာပေါ့။ (ကျွန်တော်က သာမာန် အာဂန္တုက အဖျားလောက်ဆို ဆေးမသောက်ဘူး။ တစ်ခုခုကို အပြင်းအထန်လုပ်တယ်။ ချွေးများများ ထွက်အောင် လုပ်တယ်။ အော်တို ပျောက်တာပဲ။ အပြင်းအထန် ဖျားရင်တော့ ဆရာဝန်ဆီ ပြေးတာပေါ့။ ဆေး တော်ရုံ မသောက်တော့ ဆေးသောက်ရင် အာနိသင် ထိရောက်တယ်။)

အဲဒါနဲ့ပဲ ပင်လယ်ထဲမှာ သွားနာခြင်း ဒုက္ခ၊ ကိုက်တွေ ကိုက်ခဲခြင်း ဒုက္ခ၊ ခေါင်းကိုက်ခြင်း ဒုက္ခ၊ မျက်စိကိုက်ခြင်း ဒုက္ခ၊ လည်ချောင်းထဲက အာသီးရောင်လို့ နာတဲ့ ဒုက္ခ စသဖြင့် ဒုက္ခပေါင်းစုံကို ခံစားပြီးသကာလ ဒုက္ခသစ္စာကို မသိပါလိုက်ဘူး။ စင်ကာပူ ပြန်ရောက်တော့ NUH လို့ ခေါ်တဲ့ အစိုးရ ဆေးရုံကြီးမှာ တစ်ခါတည်း သွားပြပါတယ်။ Appointment မယူပဲ တစ်ခါတည်း Walk in သွားပြတာပါ။ နည်းနည်းတော့ စောင့်ရတယ်။ အဲဒီမှာ သွားကို ဓါတ်မှန်ရိုက်ကြည့်ပြီးတဲ့နောက် သွားဆရာဝန်က ပြောပြပါတယ်။ သွားနာတာ သက်သာအောင် လုပ်ရမယ့် နည်း နှစ်နည်း ရှိပါတယ်။
၁။ သွားကို နှုတ်ပစ်ဖို့။
၂။ အမြစ်ကို ဖြတ်ပြီး Refill လုပ်ဖို့။

ပထမ တစ်နည်းကို မလုပ်ချင်ဘူးလို့ ပြောတော့ ဒုတိယနည်းမှာ အမြစ်ဖြတ်ရင် ဒေါ်လာ ၉၀၀ ကျသင့်မှာပါတဲ့။ Crown လုပ်ပြီး ပြန်စွပ်တာ ဒေါ်လာ ၇၀၀ ကျပါမယ်တဲ့။ နင်သွားတာပဲ။ ဆရာဝန်လဲ ရိပ်မိတယ် ထင်ပါ့။ လောလောဆယ် သက်သာအောင် အမြစ်ဖြတ်ပြီး Temporary Dressing လုပ်ပေးမယ်။ တစ်နှစ်လောက်တော့ ခံကြတာပါပဲတဲ့။ ရာနှုန်းအနည်းငယ်သော လူနာများကသာ ပြန်နာကြတယ်တဲ့။ ဆိုတော့ အဲဒါလေးက ၁၅၀ ကျော်ကျော် ကျမယ်တဲ့။ လုပ်မယ်လို့ ပြောတော့ ဆရာဝန်များကလဲ လိုအပ်တာလေးတွေကို လုပ်ပေးပါတယ်။ ထုံဆေးပေး၊ အမြစ်ဖြတ်၊ ယာယီ သွားဖါတာ လုပ်ပေးလိုက်ပါတယ်။ စုစုပေါင်း တစ်နာရီကျော်ကြာပါတယ်။ ကျသင့်ငွေကတော့ Consultant fees, Operation Fees အားလုံး စုစုပေါင်း ၁၅၇ ဒေါ်လာပါ။ Pharmacy မှာ ဆေး ၀င်ဝယ်တော့ ၁၇ ကျပ် ထပ်ကုန်ပါတယ်။ ပြန်ကိုက်လာရင် သောက်ဖို့ ဆေးတွေပါ။

စကားမစပ် NUH ကို အခမဲ့ Shuttle Bus ဆွဲပေးပါတယ်။ Dover MRT ကနေ Singpore Polytechnics ရဲ့ ဆန့်ကျင်ဖတ် ကားမှတ်တိုင်နားမှာ ဘတ်စ်ကား စောင့်စီးနိုင်ပါတယ်။ ကားနံပါတ် ၁ ကို စီးပြီး Main Building က Level ၁ ကို သွားပါ။ Dental Center ဆိုတာ ရှိပါတယ်။ ဈေးသက်သာပါတယ်။

ကိုယ်ပိုင်ကား၊ တက္ကစီ၊ အမ်အာတီ နဲ့ ဘယ်လို သွားရမယ် လာရမယ်ဆိုတာ အောက်က လင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

How to get to NUH

23 comments:

  1. နုတ်ပစ်လိုက်.. အားပေးတယ်..
    နာတောင် သွားတစ်ချောင်း ပေါင် ၂ဝနဲ့ အံသွားနုတ်ခဲ့ရသေးတယ်း(
    သွားကိုက်တာကို ဘယ်လိုမှ မခံစားနိုင်လို့

    ReplyDelete
  2. ဟယ်...။ ကျောင်းပြေးကြီး...။ ကျောင်းလဲ မသွားပဲနဲ့ အွန်လိုင်းတက်နေတယ်။
    သဘာဝက ပေးတဲ့ လက်ဆောင်မွန်ဟ။ နုတ်မပစ်ရဲဘူးဟာ...။
    အတုက အစစ်လောက် မကောင်းဘူး။ အတု တစ်ချောင်း တပ်မယ်ဆို ဘေးနားက အစစ်နှစ်ချောင်းကို ကော်ပတ်စားပေးရတယ်တဲ့။ ဆိုတော့ ဘေးနားက အကောင်းနှစ်ချောင်းက ကြွေတွေ ပွန်းကုန်တာပေါ့ဟယ်။ ဖာတာ ပိုကောင်းမယ်။ ရန်ကုန်မှာ ရှယ်ဖါတာ ၃သိန်းလောက်ပဲ ကုန်တယ်တဲ့။ ကောင်းတယ်တဲ့။ ဒီတစ်ခေါက် ပြန်ရင် ဖါမယ်။

    ReplyDelete
  3. အဲဒီသွားအကြောင်းလာမပြောနဲ့ NUH မှာသွားပြတာ နောက်ရက်မှ ရမယ်ဆိုလို့ boonlay မှာ အပြေးနှုတ်ပစ်ရတာ 135$တောင်။ ခုထိ သွားပြန်မစိုက်နိုင်သေးဘူး။ ::(

    ReplyDelete
  4. ss ဆိုတာ စုဘူးအိမ် ပါ

    ReplyDelete
  5. ငိုတတ်တဲ့ကလေးက မုန့်ပိုရတယ်ကွဲ့။
    အန်တီဂွိက သူတစ်ခါ သွားငိုပြတာ Walk in ကို ..။ အဲဒါ သူ့ကို နည်းနည်း စောင့်ခိုင်းလိုက်တယ်။ နောက် ၁-၂ နာရီကြာတော့ ဆရာဝန်နဲ့ ပေးတွေ့တယ်တဲ့။
    အိုင့်ကိုလဲ အဲလို ငိုပြခိုင်းတာ အိုင်လဲ တစ်အား နာနေတဲ့ ပုံစံနဲ့ ရှုံ့မဲ့ပြတော့ ကောင်တာက မမကြီး လန့်သွားပြီး အားတဲ့ ဆရာဝန်တစ်ယောက်နဲ့ ချိတ်ပေးလိုက်တယ်။ နာရီဝက်တော့ စောင့်လိုက်ရတာပေါ့လေ။

    ငိုတတ်ရင် မုန့်ကောင်းကောင်း စားရတယ်မှတ်ပါ ဂန်မလေး။

    ReplyDelete
  6. အဲဒါက ကိုဘ က ယောက်ျားလေးကို မမ ကြီးက ဂရုစိုက်မှာပေါ့ 

    ReplyDelete
  7. ဟင်... အန်တီဂွိတုန်းကလဲ သူတို့ ဂရုစိုက်တာပါပဲ။
    စုဗူးက ဘယ်လို သွားငိုပြတာလဲမှ မသိတာ ...
    ခိခူအာနိုနေ့ လေး ဖြစ်အောင် မငိုဘူးလားအေ့...။

    ReplyDelete
  8. ဇွန်ဇီကြော်ငြာ ဆိုတာ ဘာလဲဟင်?

    အဲ့ဒါဆို ကိုဘ မြန်မာပြည်ပြန်ပြီး ပြတော့မှာပေါ့၊ ဗမာဆရာဝန်မဆီမှာ ဈေးသက်သာမလား မသိဘူး၊ မေးကြည့်ပါလား? တစ်နှစ်ပဲ ခံမယ်ဆိုတော့၊ တကယ်တော့ အံဆုံးပဲ၊ နှုတ်လိုက်လဲ မသေလောက်ပါဘူး.. အဲ.. သိပ်ပြသနာမရှိဘူး ပြောတာ

    ReplyDelete
  9. ဟင်... အံဆုံးက ကြိတ်ဝါးပေးရတာလေ...။
    ၀ါးစရာ မရှိရင် ဘာနဲ့ သွားဝါးမှာလဲ...။
    မြန်မာဆရာဝန်မဆီတော့ အားမှ သေချာ ဖုန်းဖြစ်ဖြစ်၊ လူကိုယ်တိုင် ဖြစ်ဖြစ် သွားမေးမယ်။
    အခုက ခရီးများနေဆဲ ကာလဖြစ်နေလို့ ယာယီ အကိုက်အခဲ ပျောက်အောင် ကုထားတာ..။

    ReplyDelete
  10. ပါးချိတ်ကို လက်သီးနဲ့ အသားကုန် လာထိုးပေးချင်ထှာ... ခံစားနေရတာ မကြည့်ရက်လွန်းလို့ပါ။
    အံဆုံးက သိပ်အသုံးဝင်တဲ့ သွားထဲ မပါဘူးထင်ပါတယ် ကိုဘရယ်....။
    တို့မှာ အံဆုံး တစ်ချောင်းပဲပေါက်သေးတယ်...။ ဒါတောင် မကြာသေးဘူး...။
    သွား 28 ချောငိးနဲ့နေလာတာ နှစ် 30 ကျော်ကြာရော့....။
    နှုတ်ပစ်လိုက်စမ်းဘာ......။

    ReplyDelete
  11. တို့ခဲ ၂၈ ချောင်းပါပဲ။ ၂၇ ချောင်းနဲ့ မ၀ါးတတ်လို့ပါ ဆင်ဆင်ရယ်...။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကို မမှီလို့ပါ...။

    ReplyDelete
  12. သြော်... ဒါဆို ကိုဘ ကိုက်တဲ့သွားက အံဆုံးမှ မဟုတ်တာ..
    အဲဒါ အံသွားပဲ...၊ ဒါဆိုရင်တော့ မနှုတ်ပဲဖြစ်ရင် မနှုတ်သင့်ပါဘူး...
    ဒါမှ မဟုတ် ဒေါက်တာညဏ်နဲ့ မဝါ စင်ကာပူကို သြဂုတ်လလာမယ်တဲ့.. ဘလော့ဂါတွေကို ထုံဆေးမထိုးပဲ သွားတစ်ချောင်းစီ အလကားနှုတ်ပေးမယ်ပြောတယ်၊ အဲဒါစောင့်ချင်စောင့်ပေါ့....။ :P

    ReplyDelete
  13. သူ့စေတနာကို နည်းနည်း သံသယ ရှိနေတယ်...။
    (ဆင်ဆင့်ကို ပြောတာ...။)

    ReplyDelete
  14. အင်းလေ.. ကိုဘက အံဆုံးပြောတာကိုး၊ အံသွားပြောပါလား၊ အံဆုံးက ဟိုးနောက်မှာ .. ဝါးတဲ့အခါမှ မသုံးပဲ၊

    ဇွန်ဇီကြော်ငြာ ဆိုတာ ဘာလဲလို့ မေးနေတာ....

    ReplyDelete
  15. ဟယ်။ ဒုတိယ အံဆုံးလို့ ပြောနေတယ်လေ...။ ဒုတိယ ဆိုတာ ပါတယ်လေကွယ်..။
    ဇွန်ဇီကြော်ငြာက ခိုင်သင်းကြည်ရယ်လို့ လူသိများစေခဲ့တဲ့ ကြော်ငြာပါ။ လိမ္မောါရောင် အပေါ်အောက် ၀မ်းဆက် ဘောင်းဘီဝတ်လို့ ကင်မရာကို ကျောပေးပြီး သူ့တင်ကို လှုပ်ပြတာ ကိုကိုဘွိုင်းတို့ အဲဒီတုန်းက နှလုံးတုန်၊ ရင်တုန်သွားတယ်။

    ReplyDelete
  16. ကိုဘွိုင်း က အရင်က ဇွန်စီ ကိုတောင် ရင်တုန်တယ်...
    ခုတော့ ပေါက်စီ ကိုတောင် မဖြုံတော့ ဘူးပေါ့လေ...း))
    ဒါဆိုသွားက ခုဆို နှစ်ချောင်းတောင်သေသွားတာပေါ့..

    ReplyDelete
  17. Yep...
    အခုဆို ၂၆ ချောင်းပဲ အလုပ်လုပ်တော့တယ်။
    ဇွန်ဇီတုန်းက တားက ငယ်သေးတယ်လေ...။ ခွီးခွီး...။

    ReplyDelete
  18. သေချာဖတ်သွားသည်။

    ReplyDelete
  19. သွားကိုက်နေလား... သွားနာနေလား... သွားနှုတ်ချင်လား...

    မကြီးဝါဆီသွား....

    ကြော်ငြာဝင်သွားတယ်

းဝ)

    ReplyDelete
  20. ကျွတ်စ်ကျွတ်စ်ကျွတ်စ်

    ReplyDelete
  21. ဆင်ဆင်က အာဂလူထင်တယ်နော်...။ မွေးကတည်းက သွားက ၂၈ ချောင်းစလုံးပါလာတယ် ထင်တယ်။ သွား ၂၈ ချောင်းနဲ့ နေလာတာ နှစ် ၃၀ ကျော်ကြာပြီ ဆိုပဲ...။ တို့များတောင် ဘယ်နှစ်နှစ်သားလဲ မသိ.. နောက်က အံသွားတွေ ပေါက်လာတာ။

    ReplyDelete
  22. ကလူထွင်း - ထုံဆေးမပါပဲ နှုတ်မယ့်သူဆို လုံးဝ မသွားပါ။
    နန်းညီ - မလှောင်ပါနဲ့။ လှောင်ရင် အဖမ်းခံရပါလမ့်မယ်။ (ဓါတ်ဆီ)

    ReplyDelete
  23. ခိုင်သင်းကြည်ကို မြင်ယောင်ကြည့်တာ censor သိပ်မလွတ်သလိုပဲ၊ ..

    ReplyDelete