Tuesday, June 30, 2009

IT News (300609)

ဒီတစ်ခါတော့ လတ်တလော ဖြစ်ပျက်နေတဲ့ ကမ္ဘာ့ အိုင်တီ သတင်းများကို တင်ပြချင်ပါတယ်။
  • Apple က အရာရှိကြီး Steve Jobs တစ်ယောက် အသည်းအစားထိုး ကုသမှုနဲ့ ဆေးခွင့် ၆လ နားရာကနေ ဒီတနင်္လာနေ့က စပြီး လုပ်ငန်းခွင်ကို ပြန်လည် ၀င်ရောက်လာပါပြီ။ စတိ တစ်ယောက် ဖျားနာနေတုန်းက အကြောင်းရင်း အမှန်ကို ရှယ်ယာဝင်များထံ တရားဝင်အကြောင်း ပြန်ကြားမှုတွေ မလုပ်ခဲ့လို့ Apple ကို အပြစ်တင်နေကြပါတယ်။ စတိရဲ့ ကျန်းမာရေးဆိုင်ရာ ကုသချက်တွေကို ဖုံးကွယ်ပေးခဲ့တဲ့ ဆေးရုံကိုလဲ မီဒီယာက အပြစ်ဖို့ကြပါတယ်။
  • ဒုတိယမျိုးဆက် iPhone မှာ အရင်တုန်းက ဓါတ်ပုံ၊ ဗွီဒီယိုများ ပေးပို့နိုင်တဲ့ MMS မပါပါဘူး။ Apple က OS3.0 ဆိုတဲ့ ဆော့ဖ်ဝဲကို လွင့်တင်လိုက်တဲ့ အခါမှာ Hacker များက JailBreak လုပ်ဖို့ ကြိုးစားရင်းနဲ့ အဆိုပါ ဒုတိယ မျိုးဆက် iPhone 3G မှာ MMS ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Apple အရင်က ပြောခဲ့တဲ့ MMS ကို Hardware Radio Function ကြောင့် ထည့်လို့ မဖြစ်ဘူးဆိုတာ စားသုံးသူကို လိမ်ညာတာလားလို့ မေးခွန်း အထုတ်ခံနေရပါတယ်။
  • ဈေးကွက်ထဲကို ရောက်ရှိပြီး တစ်ပတ်တောင် မကြာသေးခင်မှာပဲ တတိယ မျိုးဆက်သစ် iPhone 3GS ဟာ Overheat လို့ ဆိုရမယ့် အပူချိန် လွန်ကဲမှု ပြဿနာကို ကြုံတွေ့နေရပါတယ်။ ပထမဆုံး သတိပြုမိတာကတော့ PCWorld က IT Journalist တစ်ယောက်ပါပဲ။ သူက သာမာန် သီချင်းနားထောင်တာနဲ့ အင်တာနက်ကို သုံးနေတုန်းမှာ ဖုန်းက ပူခြစ်လာတာကို သတိပြုမိတာပါ။ အခု နောက်ဆုံးကတော့ ပြင်သစ်မှာ အဲဒီဖုန်းကို သုံးနေတဲ့ သူတစ်ယောက်က ခေါင်းအုံးအောက်မှာ ထားပြီး သီချင်းနားထောင်နေတုန်းမှာ ပုခုံးကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရလို့ သတိပြုမိတာပါ။ ဖုန်းအဖြူရောင်ဟာ လွန်ကဲတဲ့ အပူရှိန်ကြောင့် ပန်းရောင်ဖျော့ဖျော့နဲ့ လိမ္မော်ရောင် အဖြစ်ကို ပြောင်းသွားပါတယ်။ iPhone 3GS မော်ဒယ် အသစ်ကို သုံးစွဲသူများ သတိချပ်သင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Apple က အခုထိ တစ်စုံတစ်ရာသော ဖြေရှင်းချက်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စားသုံးသူ တစ်ချို့ကတော့ အဆိုပါ ပြစ်ချက်များပါတဲ့ ဖုန်းကို ဈေးကွက်ထဲက ပြန်ရုပ်သိမ်းလေမလား လို့ စောင့်မျှော်နေကြပါတယ်။
  • iPhone 3GS မှာအရင် မော်ဒယ်အဟောင်းက ပြဿနာတွေ ပြေလည်ခြင်း မရှိသေးပါဘူး။ ဖုန်းပြောပြီးနောက်ပိုင်း ဖုန်းကြောင်လို့ စက်ကို ပိတ်မရတာတို့၊ ဖုန်းချလို့ မရတာတို့ ခုထိ မပြေလည်သေးပါဘူး။ အကောင်းဆုံး အကြံပြုချက်ကတော့ ဖုန်းကို Reset ချလိုက်ဖို့ပါပဲ။ နောက်ပြစ်ချက်တစ်ခုကတော့ Apple က မိတ်ဆက်ပေးခဲ့တဲ့ OS 3.0 ဆော့ဖ်ဝဲကို ဆွဲချ အသုံးပြုခဲ့တဲ့ မျိုးဆက်ဟောင်း ဒုတိယ မျိုးဆက် iPhone 3G တွေမှာ ဘက်ထရီတွေ သိသိသာသာ အကုန်မြန်တာကို တွေ့နေရပါတယ်။
  • PSP ဂိမ်းကိရိယာကို ထုတ်လုပ်တဲ့ ဆိုနီအနေနဲ့ အဆိုပါ PSP များကို ဖုန်းအနေနဲ့ ထုတ်လုပ်နိုင်ခြေ ရှိတယ်လို့ ကောလဟလများ ထွက်ရှိနေပါတယ်။ ဆိုနီက အဲရစ်ဆန် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုနီအဲရစ်ဆန် ဖုန်းများ ထုတ်လုပ်ရာမှာ Display ကို အကြီးဆုံး ၂.၈ လက်မ သာ ထုတ်လုပ်ခဲ့ပါတယ်။ ဆိုနီ ပရိသတ်များအနေနဲ့ အိုင်ဖုန်းလို မျက်နှာပြင် အကြီးစား (320 x 240) ဖုန်းများကို ဆိုနီကနေ ထုတ်လုပ်ပေးဖို့ အာသီသ ရှိတာ မဆန်းပါဘူး။ အခု PSP များဟာ (480x272) အရွယ်အစား မျက်နှာပြင် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
  • ဥရောပ ဘုံဈေးများ နိုင်ငံတွေက Universal Phone Charger Standard ကို သဘောတူညီလိုက်ပါပြီ။ ဒီ သဘောတူညီချက်ကြောင့် နောင် ၂၀၁၁ မှာ ထုတ်လုပ်တဲ့ ဖုန်းအားလုံးသည် Charger တစ်ခုထဲနဲ့ အသုံးပြုနိုင်ပါပြီ။ အခု လောလောဆယ်မှာတော့ ဆိုနီ ချာဂျာကို နိုကီယာမှာ မသုံးနိုင်သလို ဆမ်ဆောင်းဖုန်းကို အယ်လ်ဂျီ ချာဂျာနဲ့ အားသွင်းနိုင်ခြင်း မရှိသေးပါဘူး။ နောင်ထုတ်လုပ်မယ့် ဖုန်းတွေမှာ ချာဂျင်လုပ်ဖို့ Port ကို အားလုံးက တစ်မျိုးတစ်စားတည်း ထုတ်လုပ်တော့မယ်လို့ သဘောတူညီလိုက်တာပါ။ ဖုန်းကုမ္ပဏီများက ပူးပေါင်း ပါဝင်ဖို့ပဲ လိုတော့တယ်။
  • မကြာတော့တဲ့ အချိန်မှာ ဈေးကွက်ထဲ ဖြန့်ချိမယ့် Windows 7 OS နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြပါတယ်။ မိုက်ခရိုဆော့ဖ်က အဆိုပါ ဆော့ဖ်ဝဲကို ဈေးနှုန်းသတ်မှတ်ရာမှာ မြင့်မားလွန်းတယ်လို့ ဝေဖန်သံတွေ ထွက်နေပါတယ်။
  • ဂျပန်နိုင်ငံ တိုယာတာ သုတေသန ဌာနကနေပြီးတော့ ဘီးတပ်ကုလားထိုင်ကို လူ့ဦးနှောက်ရဲ့ အတွေးနဲ့ စေစားခိုင်းစေနိုင်မယ့် စံနစ်ကို အောင်မြင်စွာ တီထွင်လိုက်နိုင်ပြီလို့ သတင်းများက ဆိုပါတယ်။
  • မြောက်ကိုးရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး ကုမ္ပဏီက ဝန်ဆောင်မှုပေးနေတဲ့ 3G GSM ဖုန်းလုပ်ငန်းဟာ ယခုအခါ သုံးစွဲသူပေါင်း ၁၉၀၀၀ ကျော် ရှိသွားပါပြီ။ ပထမ သုံးလပတ်မှာ အမြတ်ငွေ အမေရိကန် ဒေါ်လာ ၃၂၁,၀၀၀ ရရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
  • Palm Pre ရဲ့ အွန်လိုင်းဆိုင်က ဆော့ဖ်ဝဲကို Download လုပ်သူ လူဦးရေ တစ်မီလီယံ ကျော်သွားပါပြီ။
ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီ။

11 comments:

  1. ဒါဆို 2011 မှပဲ ဖုန်းလဲ တော့မယ်..း)

    ReplyDelete
  2. မုန့်ဆီကြော်က အဝေးကြီးပါ အန်တီရယ်။ ဆေးလိမ်းလိုက်ပါ။ :D

    ReplyDelete
  3. ဘီးတပ်ကုလားထိုင်ကို လူ့ဦးနှောက်ရဲ့ အတွေးနဲ့ စေစားခိုင်းစေနိုင်မယ့် စံနစ်အောင်မြင်လို့ကတော့ တက်ထိုင်ပြီး ရန်ကုန်ပြန်မယ်လို့ တွေးလိုက်မယ် ဟဲဟဲး)

    ReplyDelete
  4. လမ်းမှာ ကုန်ကျမယ့် ဆီစားရိတ်၊ စားစရိတ်၊ နေစရိတ်၊ အိမ်သာစရိတ် ထည့်မတွက်တော့ဘူးလား နွေးနေခြည်ရယ်။
    နောက်ပြီး အဲဒီစနစ်က အောင်မြင်နေပေမယ့် စီးပွားဖြစ် ထုတ်နိုင် မထုတ်နိုင်ကတော့ မသေချာသေးဘူးကွဲ့...။

    ReplyDelete
  5. ကျေူဇူးတင်ပါတယ်ရှင်။

    ReplyDelete
  6. oh, steve jobs has been sick??? dun know abt it.
    if ya dun mind, plz share news in brief everyday like this, especially business news....hee im so lazy to read the paprer :D thx!

    p.s. myout pyaw chin ma hote par.

    ReplyDelete
  7. တော်သေး တို့ကတော့ Nokia E66 ပဲ သုံးတယ်။
    (ထက်ထက်မိုးဦး ကြော်ညာဝင်သလို ဖတ်ပါ)

    ReplyDelete
  8. လိုချင်စိတ်လေးလျော့သွားပြီ...
    နောင်ကို..ဒီလိုစာမျိုး များများရေးပေးသင့်တယ်..

    ReplyDelete
  9. iPhone ပေါင်ပေါ်တင်ပြီး သီချင်းနားထောင်လို့ကတော့ သေပြီဆရာ။

    ReplyDelete
  10. အော်.. ဖြစ်ဖူးတယ် ထင်ပါ့...။ ပေါင်တွင်းကြောတွေ ပြတ်ထွက်ကုန်တာ ပြောတာပါ။
    မိုးပေါ် ထောင်ပစ်တာပါ။

    ReplyDelete