Thursday, December 11, 2008

Computer Addicted


ကွန်ပြူတာ သုံးတာလား.. အင်တာနက် သုံးတာလား... ဘလော့ဂ်စွဲတာလားတော့ မသိဘူး...။
ဒီနေ့မှ သတိထားမိတယ်...။
ဘယ်ဘက်လက်ညိုးက ထိပ်မှာ အသားမာ တက်နေပြီ...။
ကောင်းကြသေးရဲ့လား...။



အိပ်ရေးလဲပျက်...
အသားမာတက်...
ညောင်းတာက ဇက်...
အိပ် ညဥ့်နက်...
မနက် စောစောထဖို့ခက်...

တွေးမိ စံနက်
ဤငါးချက်ကြောင့်
စွဲတဲ့ အင်တာနက်
ဖြတ်မလား မေးရင်
သေတောင် ပြတ်ဘူး။
ချက်မှာပဲ...။

13 comments:

  1. ဟုတ်ပါ့ ကျွန်တော်ကတော့ ဂစ်တာတီးလို့ အသားမာတက်တယ်... အင်တာနက်စွဲလို့ မျက်မှန်တပ်ရတယ်

    ReplyDelete
  2. ဘာလို့ ညာလက်ညိုးပါ အသားမာတက်အောင် မချက်တာလဲ...
    နုသေးသည်။ ဆက်လက်အားထုတ်ပါ။

    ReplyDelete
  3. မြန်မာစာမှာ အသတ်က အခရာ ကျတယ်လေ။ ကီးဘုတ်လက်ကွက်မှာ မြန်မာ အသတ် “-်” က F နေရာမှာ ရှိတယ်။ ဆိုတော့ အဲဒီခလုတ်ကို နှိပ်ဖြစ်တာက ဘယ်ဘက်လက်ညိုး... အဲဒီတော့ ဘယ်ဘက်လက်ညိုးက အသားမာ တက်တာ မဆန်း...။

    သိပြီ...။ ဘလော့ များများရေးလို့.. ဖိုရမ်များများ ၀င်ရေးလို့ ဖြစ်တာ...။
    လျှော့မလား ........... လို့ မေးရင် ပို့စ်ထဲက အတိုင်းပဲ...
    ဟဲဟဲ

    ReplyDelete
  4. ကိုအန်ဒီပြောတဲ့ အသားမာဆိုလို့ ဟိုတစ်ရက်က ဂစ်တာ တီးလိုက်တာ လက်ချောင်းထိပ် နုနုလေးတွေ နာကုန်တယ်...။ မတီးရတာ လေး နှစ်လောက် ရှိပြီဗျာ...။

    ReplyDelete
  5. ဓါတ့်ပုံ မှာပါတဲ့ လက်အနေအထားအရဆိုရင် ညာလက်ညှိုး ဖြစ်နေတယ် ။

    ReplyDelete
  6. ဘယ်လက်ညိုးပါဗျာ...။ ညာလက်က ကင်မရာကိုင်ပြီး ရိုက်နေတာ.. အမ်းမားရဲ့...။
    ဖြစ်နိုင်ရင် ဘယ်နဲ့ ညာကို စုံရိုက်ပြလိုက်ချင်တယ်။ ကင်မရာကိုင်ပေးမဲ့သူ လိုနေလို့...။ ဟွန်း...

    ReplyDelete
  7. တယ်လီဖုံ့း ကင်မရာရှေ့ချပြီး တိုင်မာနဲ့ ရိုက်တာ ကျင့်ထားပါ။ နောင် future တွင် လိုသလို အသုံးပြူရန်။

    ReplyDelete
  8. ရွှေညဏ်တော် အတော်ကို စူးရောက်ပါလား အမ်းမား

    ReplyDelete
  9. "ဂစ်တာ တီးလိုက်တာ လက်ချောင်းထိပ် နုနုလေးတွေ နာကုန်တယ်...။ "
    အမယ်လေးနော် ရုပ်ကြမ်းကြီးနဲ့ နွဲ့နေပြန်ပါပြီ :P

    ReplyDelete
  10. ဓီလောက် ချောတဲ့ ရုပ်ကိုဗျာ... ရုပ်ကြမ်းကြီးတဲ့...။

    ReplyDelete
  11. လူလစ်ရင် ဓါတ်ပုံပြပါလား။ သေချာချင်လို့။

    ReplyDelete
  12. လဒ ရွံစရာ၊ဓါတ်ပုံက အစာရေစာငတ် ၀ဲပေါက်နေတယ့် ၀က်မြီးနဲ့တူတယ်

    ReplyDelete
  13. လက်မြီးမှန်း ၀က်ညိုးမှန်းတောင် မခွဲနိုင်သေးပါလား....။ ရင်လေးတယ်...။

    ReplyDelete