Thursday, May 28, 2009

Golden Triangle ရွှေတြိဂံ ရှမ်းစားသောက်ဆိုင် အသစ်

ရှမ်းရိုးရာ အစားအသောက်များ ကောင်းမကောင်းကိုတော့ အထူးအထွေတော့ မညွှန်းလိုပါဘူး။ စားဖူးသူတိုင်း သိကြပါတယ်။ အခု ကျွန်တော်တို့ နေထိုင် ခြင်္သေ့ကျွန်းလေးမှာ ဈေးကွက်လိုအပ်ချက်အရ ရှမ်းစားသောက်ဖွယ်ရာများ ရောင်းချတဲ့ စားသောက်ဆိုင်များ အလျိုလျို ပေါ်လာပါပြီ။ အခုတော့ အသစ်ဖွင့်လာတဲ့ ဆိုင်ကလေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ကိုယ်တိုင် သွားရောက် မြည်းစမ်းကြည့်မှ ကောင်းမကောင်း သိမှာပါ။ ပင်နီစူလား မြေအောက်ထပ်က အိုရီရဲန်တယ် ဆိုင်ဘေးနားမှာဖွင့်ထားတာပါ။ လောလောဆယ် ဆိုင်အခြေအနေအရ ထောင့်ခန်းနားမှာပါ။
လိပ်စာကတော့

Golden Triangle
B1-07,Penisular Plaza
ဖြစ်ပါတယ်။

ရှမ်းပြည် အရှေ့ပိုင်း အစားအစာများ၊ ထိုင်းရိုးရာ အစားအသောက်များကို အဓိကထား ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းချိုသာမှု၊ စွဲမက်ဖွယ်ရာ ရသာစုံ ဟင်းလျာများ၊ ဖေါ်ရွေသော ၀န်ဆောင်မှုများနဲ့ ရွှေတြိဂံခေါ် Golden Triangle စားသောက်ဆိုင်ကို ယနေ့ ၂၈ မေလ မှ စတင်ကာ ဖွင့်လှစ်လိုက်ပါပြီ။

အဖေါ်အပေါင်းတစ်သိုက်နဲ့ သွားရောက် သုံးဆောင်ကြပါလို့ သတင်းပေးလိုက်ပါတယ်။ အောက်မှာတော့ Press Show တုန်းက ရိုက်လာတဲ့ ပုံတွေပါ။ နောက်များမှ ဘယ်ပံက ဘာဆိုတာ အသေးစိတ် တင်နိုင်အောင် ကြိုးစားပါမယ်။ အခုတော့ ပုံကိုပဲ ရှုစားသွားလိုက်ပါဗျား။


၁။ဝက်သားကြော် ထင်တယ်။ ၂။ ကြက်ချိုချဉ်ကြော် ၃။ သဘောင်္သီးထောင်း


၎။ သရက်သီးထောင်း။ ၅။ ၀က်သားလုံး မုန့်တီ ၆။ ထိုဖူးနွေး။


၇။ ကျိုင်းတုံ မုန့်တီရည်ကျဲ ၈။ ကျိုင်းတုံမုန့်တီ အရည်ပျစ် ၉။တိုဟူးနှစ်ပြန်ကြော်။

စားသောက်ဖွယ်ရာ အမျိုးအစားပေါင်း ၃၀ လောက်ရှိတယ်။ မီနူး သေချာ ထွက်လာမှ ရေးပေးမယ်။ ပုံတွေက တင်ရတာ အခက်အခဲ ဖြစ်နေလို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါ။

အထက်ပါ ပုံများမှ အစားသောက်များအပြင် လောလောဆယ် သိသလောက် ရနိုင်တဲ့ စားသောက်ဖွယ်ရာ များကတော့
၁။ နာနတ်ထမင်းကြော်၊
၂။ ထိုင်းငပိထမင်းကြော်၊
၃။ လတ်နာ့(ထိုင်းကော်ရည်ခေါက်ဆွဲ)၊
၎။ ဖတ်ထိုင်း (ထိုင်းခေါက်ဆွဲကြော်)၊
၅။ ထိုင်း သာကူကျို၊ မုန့်လက်ဆောင်း။
၆။ ထိုင်းစတိုင် သရက်သီး ကောက်ညှင်း။
၇။ တုံယမ်း ဟင်းချို။
၈။ ၀ွန့်ဆိမ့် (ထိုင်းစတိုင် ကြာဇံသုတ်။ ပုဇွန်ထည့်တယ်။)
၉။ ရှမ်းထမင်းဝါ

စတာတွေ ဖြစ်ပါတယ်။ မှတ်မိသလောက်သာ ရေးချရတဲ့အတွက် တစ်ခြား ကျန်ခဲ့တဲ့ စားသောက်ဖွယ်ရာများလဲ ရှိနိုင်ပါတယ်။ နောက်ကို မီနူး အပြည့်အစုံ ရခဲ့ရင် ထပ်မံ တင်ပြသွားမှာပါ။

ဆိုင်ရှင်အစ်မကြီးက အတော် သဘောကောင်းပါတယ်။ မျက်မှန်တစ်ဝင်းဝင်းနဲ့ ဖြူဖြူ လုံးလုံးနဲ့ ငါ့အစ်မကြီး...။
ဒီနေ့ ဆိုင်ဖွင့်ပွဲကို မတက်ရောက်နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ။

***ဆိုင်ဖွင့်ပွဲ အထူး အစီအစဉ်။***
ပင်နီစူလား သုံးထပ်က ရှမ်းတောင်တန်း စတိုးဆိုင်မှာ (ထိုဟူးကြော် ထင်တယ်) အခမဲ့ စားခွင့် လက်မှတ်များ သွားရောက် ယူနိုင်တယ်လို့ သိရပါတယ်။ ဇွန်လ ၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

Wednesday, May 27, 2009

ဆူစန်ဘွိုင်းလ်ကို ယှဉ်မယ့် Shaheen Jafargholi

Britain's Got talent Semi Final ၂ မှာ ဆူစန် တစ်ယောက် ဖိုင်နယ်ကို ၀င်ခွင့်ရသွားပါပြီ။ ဒီနှစ်ပြိုင်ပွဲမှာ ဆူစန် တစ်ယောက် ပရိသတ်အားပေးမှုကို အတော်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် တစ်ယောက်လဲ မေ ၃၀ ဖိုင်နယ်ကို တူတူ တက်လှမ်းလာပါပြီ။

Britain's Got talent Semi Final ၃ ကို 26 ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ အဲဒီမှာ အသက် ၁၃ နှစ်အရွယ် Shaeen Jafargholi ဆိုတဲ့ ချာတိတ်လေးလဲ ခေသူ မဟုတ်ပါ။ ဆိုရခက်ခဲလှတဲ့ Jennifer Holiday ရဲ့And I Am Telling You ဆိုတဲ့ သီချင်းနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာပါ..။

ပြိုင်ဘက်အားလုံးကို အပြတ်အသတ် အနိုင်ယူပြီး Shaheen တစ်ယောက် ဖိုင်နယ်ကို တက်လှမ်းသွားပါပြီ။ အောက်က ယူထုမှ Shaheen ရဲ့ ဆီမီးဖိုင် ပွဲစဉ် ၃ မှာ ပါဝင်ယှဉ်ပြိုင်မှုကို ရှုစားကြစို့လား။ ဆူစန်နဲ့ ရှဟင်း ဘယ်သူ့ကို အားပေးမလဲ။



Tuesday, May 26, 2009

Susan Boyle တစ်ယောက် ဖိုင်နယ် ရောက်မရောက်

ဆူစန် တစ်ယောက် မနေ့က ဆီမီးဖိုင်နယ် ပွဲစဉ်မှာ စိတ်လှုပ်ရှားနေတာ အထင်းသား ပေါ်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ်တွေ သေချာ လိမ်းထားတာ တွေ့ရတယ်။ သီဆို ယှဉ်ပြိုင်တဲ့ သီချင်းကတော့ musical ဖြစ်တဲ့ CATS ထဲက သီချင်း ဖြစ်တဲ့ "Memory" ဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ဆူစန်စတိုင်နဲ့ ထပ်ဆိုသွားပါတယ်။ အဲဒီအတွက် အိမ်တွင်း ရုပ်သံကြည့် ပရိသတ်များဟာ ဆူစန်ကို နောက်လာမယ့် စနေ ဖိုင်နယ် ပြိုင်ပွဲတက်ဖို့ အတွက် မဲတွေ ပေးခဲ့ကြပါတယ်။ ဒိုင်တွေကလဲ ဆူစန်ကိုပဲ ပါဝင်ယှဉ်ပြိုင်သူ ၈ ယောက် ထဲကနေ ဖိုင်နယ် ပွဲစဉ်ကို ပို့ဆောင်လိုက်ပါပြီ။
(Susan ယှဉ်ပြိုင်ခဲ့တဲ့ Memory သီချင်းသီဆိုပုံကို အောက်က ယူထုမှာ ကြည့်ရှုနိုင်ပါတယ်။)


Credit to : jemiebughblog


ဆူစန်ဟာ အရင်ပွဲစဉ်တုန်းက Les Miserable ထဲက "I Dreamed A Dream" ဆိုတဲ့ သီချင်းနဲ့ Britain's Got Talents ဒိုင်တွေကို အံ့အားသင့်စေခဲ့ရုံမက အဆိုပါ သူမ သီဆိုဖျော်ဖြေမှုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဟာလဲ ယူထုပေါ်မှာ လူသန်းပေါင်းများစွာ ကြည့်ရှုရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် Larry King Live, The Oprah Winfrey Show စတဲ့ တီဗွီ ရုပ်သံ အစီအစဉ်တွေမှာ ဆူစန်တစ်ယောက် စတား ဖြစ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်တင်မက The Simpsons ဆိုတဲ့ နာမည်ကျော် ရုပ်ပြောင် ကာတွန်းကား အစီအစဉ်မှာလဲ ရည်ညွှန်းခြင်း ခံရတဲ့ အထိ ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။

အေပီ က လာတဲ့ သတင်း တစ်ပုဒ်အရ ဆူစန်ဘွိုင်းလ်ဟာ အခု ရာသီ Britain's Got Talents မှာ ဗိုလ်စွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဆူစန်ကတော့ ဖြစ်နိုင်ရင် သူမသာလျင် တစ်ဦးတည်း ဗိုလ်စွဲချင်ကြောင်း၊ အဲဒါမှ သူမသည်လည်း လူ့အဖိုးတန်တစ်ယောက် အဖြစ် သက်သေပြနိုင်မှာ ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။

မိတ်ဆွေတို့လဲ ဆူစန် တစ်ယောက် အနိုင်ရမယ်လို့ ထင်ကြပါသလား။

နယူးယောက်ကာ မဂ္ဂဇင်း မျက်နှာဖုံး ပန်းချီ

အခု အပတ်ထုတ် NewYorker ဆိုတဲ့ မဂ္ဂဇင်း အဖုံးလေးပါ။
ကြည့်လို့ အဆင်ပြေပါသလား။
မဂ္ဂဇင်းရဲ့ ပင်တိုင် ပန်းချီဆရာက ဆွဲထားတာလေးပါ။
သရုပ်ဖေါ်ပုံလေးက ဆီဆေး ပန်းချီကားနဲ့ ခပ်ဆင်ဆင်ပါ။



ခါတိုင်းရေးဆွဲနေကျ ပန်းချီဆရာ Bob Staake ဟာ Adobe Photoshop 3.0 ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူ ဖြစ်ပါတယ်။ အခုတစ်ပတ် မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ ရေးဆွဲသူဟာ အခြားသော အရင်ကနဲ့ မတူ ထူးခြားစွာ ရေးဆွဲထားပါတယ်။ မျက်နှာဖုံး တစ်ခုလုံးကို iPhone မှာ ပါလာတဲ့ application တစ်ခုဖြစ်တဲ့ Brushs ဆိုတာလေးနဲ့ ဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီဆော့ဖ်ဝဲလေးဟာ US$ 5 ဒေါ်လာပဲ တန်ပါတယ်။ ရေးဆွဲသူ jorge Colombo ဖြစ်ပါတယ်။ iPhone ရဲ့ လွမ်းမိုးမှုကို ပြသတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

Source : MacWorld

Monday, May 25, 2009

Boyz ဘာလဲ ဘယ်လဲ။

မနေ့က အရှုပ်တွေနဲ့ ပတ်ချာလည်နေခဲ့တဲ့ နေ့တစ်နေ့ပေါ့။ ပူလဲ တော်တော်ပူတာပဲ။ ကျွဲတွေ ရေစိမ်သလိုမျိုး ဘူးဂစ်မှာ သွားစိမ်ချင်စိတ်တောင် ပေါက်မိတယ်။ မှတ်မှတ်ရရ ရေ ၆ ခါတိတိ ချိုးမိတဲ့ နေ့တစ်နေ့ပါပဲ။ ဖန်လုံအိမ် အာနိသင်တွေလေ။ အီကွေတာနဲ့ နီးတဲ့ နေရာမှာ နေတာလဲ ပါမှာပေါ့။

ညပိုင်း အွန်လိုင်းတက်မိတော့ တစ်ယောက်က Gtalk ထဲမှာ လာပြောတယ်...။ မနိုင်းနိုင်း Tag ထားတယ်တဲ့။ ဘာကိုတက်ဂ်တာလဲ မသိလို့ အဲဒီပို့စ်ကို သွားဖတ်လိုက်တယ်။ အဲ အခုသုံးနေတဲ့ နစ်နိမ်းကို ဘယ်လိုသဘောနဲ့ သုံးတယ်၊ ဘာ့ကြောင့် သုံးတယ်ပေါ့။ နောက်စီဘောက်မှာလဲ ငှက်ကလေးက လာအော်ထားတယ်။ သူ့ဆီ လာခဲ့ဆိုတော့ သွားကြည့်တော့ သူလဲ ကိုယ့်ကို နစ်နိမ်းဘာကြောင့်ပေး ဆိုတာကို တက်ဂ်ထားတာ တွေ့ပြန်သပေါ့။ အကြောင်းအရာ တူနေတဲ့ အတွက် တစ်ပို့စ်ထဲပဲ ပြန်ပေးလိုက်ပါတယ်။

နစ်နိမ်းဆိုလို့ အခု အွန်လိုင်းလောကမှာ သူများနာမည်တွေများ လှတပတ။ နာမည်ရဲ့ ရာဇ၀င်ကလဲ ခန့်ညားပါ့။ တစ်ချို့နာမည်လေးတွေက ခပ်ဆန်းဆန်းလေးတွေ။ နာမည်ရင်းနဲ့ ရေးနေသူတွေ ရှိသလို တစ်ခြားနာမည်တွေနဲ့ ရေးထားတွေကိုလဲ တွေ့တယ်။ တာရာပွကြီးဆိုတာ ထည့်မလို့။ သူများ ယူထားတာ တွေ့တယ်။ မိုးလုံးဟိန်းခြုံး တို့ နေထက်ပူပြင်း တို့ကတော့ ပညတ်သွားရာ ဓါတ်သက်ပါနေမှာ စိုးလို့ မယူတော့ပါဘူးလေ။ ဟဲဟဲ။

ကိုယ့်နစ်နိမ်းကို ဘာ့ကြောင့် Boyz လို့ ရွေးမိလဲ။ တိုတို ပြောရရင်တော့ ကိုယ့်ကိုယ်ကို Male မှန်း သိစေဖို့ပေါ့။ အဟက်...။ အဲလို တိုတိုတုတ်တုတ် ဖြေလိုက်ရင် ကိုယ့်ကို တက်ဂ်တဲ့သူတွေ စိတ်ညစ်သွားမယ်။ ဒီလိုပါ။

၁၉၉၄ လောက်တုန်းက အကြောင်းကြောင်းကြောင့် နိုင်ငံခြားဆိုတာ ရောက်ဖူးတယ်။ ဖြစ်ချင်တော့ ကိုယ်ရောက်တဲ့ နိုင်ငံလေးက လူကို နာမည်ရင်း မခေါ်ပဲ နစ်နိမ်းခေါ် နာမည်ပြောင်တွေပဲ ခေါ်ကြတာ။ ထိုင်း ကို ရောက်နေတာလေ။ သူတို့တစ်တွေက မွေးကတည်းက နာမည်ရင်းအပြင် နာမည်ပြောင်တွေ ရှိတယ်။ ရှိတဲ့ နာမည်ပြောင်တွေကလဲ အကောင်ပလောင် နာမည်တွေ။ ကိုယ့်ကိုလဲ အမျိုးတွေက နာမည်ပြောင်မရှိဘူးလား ဘာလား မေးကြတယ်။ မရှိဘူးဆိုတော့ တစ်ခုခု မှည့်ရမယ်ဆိုပြီး ပေးလိုက်တဲ့ တိရစ္ဆာန်နာမည်တွေ စုံနေတာပဲ။ Koongh လို့ခေါ်တဲ့ ပုဇွန်၊ Mooo လို့ခေါ်တဲ့ ၀က်၊ Kai လို့ခေါ်တဲ့ ကြက်... အို ရှိသမျှ အကောင်တွေ လာပေးနေတာ။ တိရစ္ဆာန်နာမည်တော့ မမှည့်ချင်ပါဘူး ဆိုပြီး ကိုယ့်ဟာကို ရွေးလိုက်တာ။ Boy ဆိုပြီး ဖြစ်သွားတာပဲ။ အဲဒီနာမည်ကလဲ ယောက်ျားလေးတွေ မှည့်နေကျ ဆိုတော့ အဆင်ပြေသွားတာပေါ့။

အဲဒီကနေ တောက်လျှောက် ကိုယ့်ကို Boy ဆိုပြီးပဲ ခေါ်လာကြတာ နာမည်ရင်းတောင် မေ့တယ်။ နာမည်ရင်းကို မှတ်ပုံတင်နဲ့ ရုံးတွေမှာသာ သုံးဖြစ်တော့တယ်။ အဲ တစ်ခါသားမယ် အွန်လိုင်းဆိုတာကြီးကို တက်ဖို့ ဖြစ်လာရော။ အဲဒီမှာ MSN နဲ့ Yahoo ဆိုတာကို သုံးဖို့ ဖြစ်လာတော့ နာမည်ရွေးဆိုတာနဲ့ ဒီ Boy ကိုပဲ နောက်က z ဆိုတာကို ထည့် နောက် ၆ လုံးပြည့်အောင် မွေးနှစ် ဂဏန်းနှစ်လုံးကို ထည့်ပြီး register လုပ်လိုက်တယ်။ ချက်ရွမ်းပေါ်တက်တော့ Boyz ဆိုတာပဲ သုံးဖြစ်လိုက်တာပေါ့။

အဲဒီတုန်းက BoyzIIMen ဆိုတဲ့ ကပ္ပလီ အဖွဲ့က နာမည်ကြီးနေတုန်း။ သူတို့အဖွဲ့နာမည်ကို သတိထားမိတယ်။ အဲဒီအဖွဲ့ရဲ့ နာမည်က Boyz ဆိုတာလေး သဘောကျမိတယ်။ Boyz ကို ပေါင်းတာ Z ထည့်ပြီး ပေါင်းတာပေါ့။ အဲဒါလဲ ပါတယ်။ အဲဒီတုန်းက တောက်လျှောက် Boyz ဆိုတဲ့ နစ်နဲ့ သုံးဖြစ်တာပဲ။ နောက်တော့ မြန်မာပြည် ပြန်ရောက်တာနဲ့ အင်တာနက် ဆိုတာနဲ့ မထိတွေ့ဖြစ်တော့ဘူး။ ရက်ဂျစ်စတာ လုပ်ထားတဲ့ ရာဟူးမေးလ်၊ အမ်အက်စ်အဲန်တွေလဲ acitvate မဖြစ်တာနဲ့ ပျက်သွားတာ ခုထိ ပြန်လုပ်လို့ မရတော့ဘူး။ ကြားထဲမှာ Boyz ဆိုတဲ့ နစ်လေးကို မေ့တေ့တေ့ ဖြစ်တာပေါ့။

နောက်ပိုင်း မြန်မာပြည်မှာ အများ ပြည်သူကို အင်တာနက်နဲ့ မိတ်ဆက်ပေးတဲ့ အွန်လိုင်းဆိုတာနဲ့ ထိတွေ့ပြန်တယ်။ အဲဒီအချိန်မတိုင်မီက ရှေ့ဆောင်ရုံမှာ ကာတွန်းအယ်နီမေးရှင်းကား The AntZ ဆိုတဲ့ ကားလေး တင်တယ်။ အဲဒီမှာ ဇာတ်ကောင်လေး နာမည်ကို Ant Z လို့ ပေးထားတာကို သဘောကျသွားတယ်။ ဒီအချိန်မှာ ပုဂံနက်ဆိုတဲ့ အိုင်အက်စ်ပီက ဖွင့်တဲ့ အေအက်စ်ပီ ဆိုတဲ့ ချက်ရွမ်းနဲ့ မိတ်ဆက်ပေးတယ်။ အေအက်စ်ပီချက်ပေါ်တက်တော့ နစ်နိမ်း လိုတာနဲ့ အရင်က သုံးဖြစ်တဲ့ Boyz ဆိုတဲ့ နစ်ကိုပဲ ရီဂျစ်စတာ လုပ်ပြီး သုံးဖြစ်ခဲ့တာ ခုထိပါပဲ။ နာမည်သွားရာ ဓါတ်သက်ပါတာလား မသိဘူး။ ခုထိ လူက Boyz ဆိုတဲ့ အတိုင်း နုနေတုန်းလို့ အပြင်မှာ တွေ့ဖူးသူများက ပြောကြပါတယ်။ ဒါ့ကြောင့် ခုထိ ဒါ့ပုံ မတင်ဖြစ်တာသာ ကြည့်ပေတော့။ ဟဲဟဲ။ နောက်တာပါ။

သူများတွေလို နာမည်လေးတွေက ခန့်ခန့်ညားညား၊ ချစ်စရာ၊ ရာဇ၀င်နဲ့ လာတာ မဟုတ်ပေမယ့် တက်ဂ်သူ ရှိလို့ ရေးလိုက်ပါတယ်။ ဆက်တက်ဂ်ချင်သူများကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး နာမည်နောက်ကြောင်း ရာဇ၀င်ကို လူတွေ သိပ်မသိတဲ့သူတွေ တက်ဂ်ချင်ပါတယ်။ နေနေနိုင် ကို သွားတက်ဂ်ရင်တော့ သူက တိုတိုတုတ်တုတ် ဒါ သူ့နာမည်ပဲ ဆိုပြီး ပြောမှာ ဖြစ်တယ်ဆိုတာ သိနေတဲ့ အတွက် မတက်ဂ်တော့ပါဘူး။ ဒီကိုလာ လို့ခေါ်တဲ့ သဉ္ဇာအေးခေါ် တီဇက်အေကတော့ အများ သိကြတဲ့ အတိုင်း ဒီကိုလာခဲ့ ဆိုပြီး လူခေါ်တဲ့ စတိုင်နဲ့ နာမည် ပေးထားတယ် ဆိုတော့ သူ့ကိုလဲ မတက်ဂ်တော့ပါဘူး။ စမ်းချောင်းမှာ နေတဲ့ အတွက် ကိုစမ်းချောင်း လို့ နာမည် အတိုကောက် ယူထားတဲ့ ကိုksg ကိုလဲ မတက်ဂ်တော့ပါဘူး။ လူတွေကို ထွင်းထုတတ်လို့ ကိုလူထွင်းလို့ နာမည် အပေးခံရတဲ့ ကိုလူထွေးလဲ နာမည်ကိုက ရှင်းနေတော့ မတက်ဂ်တော့ပါဘူး။
(Tag Game မှာ အတက်ဂ်မခံရပေမယ့်လဲ နာမည်ပါရင် ရေးရတယ်လို့ ငှက်ကလေးက သူ့ပို့စ်ထဲမှာ ကျွန်တော့်ကို လူလည်ကျထားတော့ ကျွန်တော်လဲ တစ်ဖန် ပြန်လည် လူလည်ကျလိုက်ရပါတယ်။)

လောလောဆယ်တော့ ကိုယ်တက်ဂ်ချင်သူက များနေတယ်။ အကုန်လုံးကို တက်ဂ်ချင်ပေမယ့် တစ်ချို့တွေက အတက်ဂ်ခံပြီး ဖြစ်နေတဲ့ အတွက် လူနိုင်ထဲကပဲ တက်ဂ်လိုက်ပါတယ်။ (လူနိုင်လို့တော့ ထင်တာပဲဗျာ။)

သူတို့ကတော့
၁။ အများက စိတ်ဝင်တစ်စားနဲ့ လာရောက်ဖတ်ရှုတဲ့ ဘလော့ဂ်ပိုင်ရှင်၊ စာတစ်ကြောင်းပဲရေးရေး၊ ပုံတစ်ပုံပဲ တင်တင် ဘလော့ဖတ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အန်တီဂွိ၊ အရီးကွမ် ခေါ် kom
၂။ မအယ်ဇီ တစ်ဖြစ်လဲ မဂျူနို
၃။ ကိုကိုဒီဘီ လို့ သူ့ကို ခေါ်စေချင်တဲ့ mrdba blog ပိုင်ရှင် ကိုဒီဘီအေ၊
တို့ပဲ ဖြစ်ပါတယ်။

အားတဲ့ အချိန်လေးများမှာ မိမိရဲ့ နစ်နိမ်းလေးများရဲ့ ရာဇ၀င်ကို ခင်းကျင်းပေးကြပါလို့။

Sunday, May 24, 2009

ဒါလီနှင့် နာရီ (၁)

ဒါလီနေ့ - လေးဖြူ


ဒါလီနှင့် နာရီ

ဘတ်စ်ကားတွေမှာ ကျောက်ဆူး မပါလို့သာ တော်တော့သည်။ ပါများ ပါခဲ့လျင် သန်းခေါင်ကျော်တာတောင် အိမ်ပြန်ရောက်လိမ့်မည် မထင်။ လိုင်းကားတိုင်းလိုလို ဒီမှတ်တိုင်မှာ ခရီးသည် စောင့်ရင်းနားနားနေနေ ရပ်တတ်စမြဲ။ ဆင်းသည့်ခရီးသည်က နည်းပြီး တက်သည့် ခရီးသည်များလျင် မြန်မြန်ပြန်ထွက်သည်။ ဆင်းသူများပြီး တက်သူနည်းနေလျင် ကြာတတ်သည်။ ဒါကို စီးနေကျ ခရီးသည်တိုင်း သိပြီးသား။ ထို့ကြောင့် တချို့က ကားဘေးမှာ လာရောင်းသော ရေခဲရေ ၀ယ်သောက်သူသောက်။ သကြားလုံးတို့ အချဉ်ထုတ်တို့ ၀ယ်စားသူစား။ အိပ်ငိုက်သူငိုက်။ လူငယ်လေး တစ်ယောက်ကတော့ ကားသွားနေသလား ကားရပ်နေသလား ဆိုတာတောင် သတိပြုမိပုံ မပေါ်။ ဘ၀အောင်မြင်ရေး လမ်းညွှန် တက်ကျမ်း စာအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေ၏။
တစ်ချို့ကတော့ ထုံးစံကို သိပါလျက် “ကြာလိုက်တာ”၊ “ကားကလည်း ဘယ်အချိန်ကျမှ ထွက်မှာလဲ”၊ “အိမ်ရောက်မှ ထမင်းဟင်းချက်ရမှာ၊ ကလေးတွေတော့ ဂျီကျနေလောက်ပြီ” စသည်ဖြင့် အချည်းနှီး ရေရွတ်နေကြ၏။ ဒရိုင်ဘာကဖြင့် ကားပေါ်ကတောင် ဆင်းသွားလိုက်သေးသည်။ မှတ်တိုင်နားက ကွမ်းယာဆိုင်လေးဆီ လျှောက်သွားပြီး ကွမ်းတစ်ယာကို သူ့ဘာသာ စိတ်ကြိုက် ယာစားရင်း ကွမ်းယာသည် မိန်းကလေးနှင့် စကားပြောနေသည်။ စပါယ်ယာကတော့ အော်ဟစ်ပြီး လူခေါ်နေသည်။

ဒီနေရာက လမ်းဆုံဟု ဆိုနိုင်သည်။ လိုင်းကား လေးငါးမျိုးလောက် ဖြတ်သွားသော နေရာ။ ထို့ကြောင့် စည်ကားသည်။ လူရှုပ်သည်။ ဈေးဆိုင်တွေကလည်း များသည်။ ဒီလို နေရာမျိုးမှာ အချိန်းအချက် လုပ်ထားလျင် တစ်ယောက်နှင့် တစ်ယောက် ရှာတွေ့နိုင်ဖို့တောင် မလွယ်။

မှတ်တိုင်နားမှာ ကားစရပ်ကတည်းက မှောင်စပျိုးနေပြီဖြစ်၏။ ခုဆို ပိုပြီးတော့တောင် မှောင်လာပြီ။ အိမ်တွေက မီးထွန်းလိုက်ကြပြီ။ လမ်းဘေးဆိုင်ငယ်ကလေးတွေကတော့ အသေးစား ဘက်ထရီမီးများ ဟိုတစ်ချောင်း ဒီတစ်ပွင့် လင်းလာကြသည်။ ဒရိုင်ဘာသည် ကွမ်းယာဆိုင်မှ စီးကရက်တစ်လိပ်ကို ယူ၍ မီးညှိသည်။ ထို့နောက် ကားဆီ ပြန်လာပြီး တက်ထိုင်လိုက်သည်။ စက်နှိုးသံကြားသောအခါ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ ကားကတော့ ချက်ချင်း မထွက်သေး။ စပယ်ယာက စိတ်ကောက်ပြီး ထွက်သွားသော ချစ်သူအပေါ် နောက်ဆုံး ကြိုးစားသလို လေသံဖြင့်...
“မောင်းမယ်၊ နောက်ကား ၀င်လာပြီ”
ဟု အော်လိုက်၏။ ဒရိုင်ဘာက ဂီယာထိုးသည်။ ကားစပြီး လှုပ်သည့် အချိန်မှာပင်
“ဟိုးထား၊ တစ်ယောက်လိုက်မယ်။”
ဟု စပယ်ယာက အော်သည်။ ကားတုံ့ကနဲ ဖြစ်သွားစဉ် လူတစ်ယောက်သည် သိုင်းသမား တစ်ယောက်လို ကာနောက်ပေါက်မှ စွေ့ခနဲ ခုန်တက်လာသည်။
“ဆွဲ ဆရာ”
စကယ်ယာ၏ အချက်ပေးသံနှင့် တစ်ပြိုင်တည်းပင် ကားက ၀ူးခနဲ ဆောင့်ထွက်သည်။ ထိုအချိန် အခိုက်အတန့် ကလေးအတွင်းမှာ မထင်မှတ်သည့် ကိစ္စ တစ်ခု ဖြစ်သွားသည်။
***

ဒါလီသည် ဘတ်စကား၏ ဘယ်ဘက်ခြမ်းမှာ ထိုင်နေသည်။ ဘယ်ဘက်လက်ကို ပြတင်းဘောင်ပေါ် တင်ထားသည်။ ဘတ်စကား စထွက်သည်မှာ လမ်းပေါ်က လူတစ်ယောက်သည် ဘတ်စကားနားသို့ ဖျတ်ကနဲ ချဥ်းကပ်လာသည်။ ထို့နောက် ဒါလီ၏ လက်ကောက်ဝတ် နေရာကို အုပ်ကိုင်လိုက်သည်။ ဒါလီ လန့်သွားသည်။ တစ်ပြိုင်နက်တည်းတွင် ကိုကိုများ ရုတ်တရက် လာနှုတ်ဆက်တာလားဆိုပြီး ထိတ်ခနဲ ပျော်မလိုတောင် ဖြစ်သွားသေး၏။

ကိုကိုမဟုတ်၊ သူတစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်။ ဒါလီ ဖျတ်ကနဲ ကြည့်လိုက်သောအချိန်မှာပင် ထိုသူက လက်ကို ပြန်ရုပ်ပြီး ရှုပ်ရှက်ခတ်နေသော လမ်းသွားလမ်းလာတွေကြား လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ဘတ်စကားသည် ဒုတိယ ဂီယာကို ပြောင်းပြီး ဖြစ်နေပြီ။ ဒါလီသည် ငေးကြောင်နေရာမှ သတိပြန်ဝင်လာပြီး သူ့လက်ကောက်ဝတ် နေရာကို ကြည့်သည်။ ခုမှ သဘောပေါက်သည်။ သူ့လက်ပတ် နာရီလေး မရှိတော့။

“ဟင် မရှိတော့ဘူး”
လွှတ်ကနဲ ရေရွတ်မိသည်။
“ဘာမရှိတာလဲ၊ ဘာလဲ”
ဘေးမှာ ကပ်လျက် ထိုင်နေသော မိန်းမကြီးက မေးသည်။
“ဟို... ဟို နာရီ၊ ကျွန်မနာရီ အဖြုတ်ခံလိုက်ရပြီ။”
“ဟင်... ဟုတ်လား နာရီဖြုတ်ခံရလို့၊ ဒါဆို”
ရှေ့ခုံမှာ ထိုင်နေသော လူကြီးက လှည့်ကြည့်သည်။ နောက်ခုံဘက်ဆီက...
“နာရီဖြုတ်ခံရလို့ ဆိုပါလား”
“နာရီ ဖြုတ်လို့တဲ့”
“ဟို မိန်းကလေး”
“ပါသွားလား”
ကားအတွင်း အမျိုးမျိုး ရေရွတ်သံတွေ ထွက်ပေါ်လာ၏။ ရှေ့ခုံမှ လူကြီးက...
“ဟေ့ ကားရပ်လိုက်လေ၊ ဒီမှာ ပြဿနာ ဖြစ်နေတာ”
“ဟာဒီလောက် ဝေးသွားမှတော့ ဘယ်လိုက်လို့ ရတော့မလဲ၊ ခုလောက်ဆို အဲဒီနားမှာတောင် ရှိမှာ မဟုတ်တော့ဘူး”
စပယ်ယာက ခရီးဖင့်မှာ စိုးရိမ်သော လေသံဖြင့် ပြန်ပြော၏။ ထိုအချိန်မှာ ဒရိုင်ဘာက ကားကို ရပ်လိုက်သည်။
“ဒီအတိုင်း လွှတ်ပေးလိုက်လို့တော့ ဘယ်ဖြစ်မလဲ”
လူငယ်တစ်ယောက်က ၀င်ပြောသည်။

“အင်း... ဟုတ်တယ်။” ဟု တစ်ချို့က သံယောင်လိုက်သည်။
“ဘာဖြစ်ဖြစ် ရဲစခန်းကိုတော့ အကြောင်းကြားရမှာပဲ၊ ပြန်ကွေ့ကွာ”

ရှေ့ခုံမှ လူကြီးက အမိန့်ပေးသလို ပြော၏။ ဒရိုင်ဘာက အင်တင်တင်ဖြင့် ပေကပ်ကပ်ကြည့်၏။ ခရီးသည် တစ်ချို့၏ မျက်နှာပေါ်မှာ အိမ်ပြန်နောက်ကျတော့မှာပဲ ဆိုသော အရိပ်အယောင်တွေ ထင်ဟပ်လာသည်။ ထိုအခါကျမှ ဒါလီက ...
“အို... ရဲစခန်းတော့ မသွားချင်ဘူး” ဟု ငြင်းလိုက်သည်။ ဒရိုင်ဘာလည်း ဆက်ထွက်ရန် ဂီယာထိုးလိုက်၏။ စောစောက ၀င်ပြောသော လူငယ်က..
“ခုလို လျစ်လျူရှုလိုက်ရင် ဒီကောင်တွေ ပိုအတင့်ရဲလာမှာပေါ့”
“ဒါဆို မင်းပဲ လိုက်ဖမ်းလိုက်ပေါ့” ဟု စပယ်ယာက ပြောရာ လူငယ်က ဆတ်ကနဲ လှည့်ကြည့်ပြီး ရှေ့တစ်လှမ်းတိုး၍
“ခင်ဗျားစကားက တာဝန်မဲ့လှချည်လား”

ဒါလီ မနေသာတော့။
“တော်ပါတော့၊ ကျွန်မနာရီကလည်း ဘယ်လောက်မှ မတန်ပါဘူး၊ အဟောင်းလေးပါ၊ ပြီးတော့ ပြန်လှည့်သွားနေရရင် အားလုံး နှောင့်နှေးကုန်လိမ့်မယ်”
“ပြန်ရဖို့လည်း မလွယ်ပါဘူး။”
“အင်း.. ဒါလဲ ဟုတ်တာပဲ၊ ကဲ မထူးပါဘူး၊ ဆက်သာ မောင်းတော့”
လူကြီးက ၀င်ပြောသည်။ လူငယ်က သိပ်ကျေနပ်ပုံ မပေါ်။
“မနက်ကျရင် ရဲစခန်းဝင်ပြီး တိုင်ချက် ဖွင့်ဖို့တော့ ကောင်းတယ်” ဟု ပြောနေပြန်၏။ ဒါလီ့ဘေးမှ မိန်းမကြီးက
“ဘယ်လောက်တန်လဲ” ဟု မေးသည်။
ဒါလီက သိပ်မတန်ပါဘူးဟု ပြန်ဖြေသည်။ “ဘာအမျိုးအစားလဲ” ဟု ထပ်မေးနေသေးသည်။ ဒါလီ မကြားချင်ယောင်ဆောင် နေလိုက်ရသည်။
“ဒီကောင်တွေက သိပ်လျင်တာဗျ။ နာရီပေါ်ကို လက်နဲ့ အုပ်ကိုင်ပြီး အိမ်နဲ့ကြိုး ဆက်နေတဲ့နေရာကို ညှစ်ချလိုက်တာ။ ဒီအခါ ပင်ကလေးတွေက ကွေးပြီး နဖါးအိမ်က လွှတ်ထွက်သွားတာပေါ့။ ပြောတော့သာ တစ်ကယ်လွယ်တာ တစ်ကယ်ကျတော့ လက်ချောင်းတွေက သန်လည်းသန်မှ မြန်လည်းမြန်မှ၊ အဲဒီလို ဖြစ်အောင် တော်တော် ကျင့်ယူရတာ”
နောက်ဆုံးခုံတန်းမှာ ထိုင်နေသော ကပြားတစ်ယောက် သင်တန်းပေးနေသည့် လေသံဖြင့် အာဘောင် အာရင်းသန်သန် ပြောနေသည်။ လူငယ်က...
“ဘာလဲ ခင်ဗျားလည်း အဲဒီသင်တန်း တက်ဖူးလို့လား” ဟု ရုတ်တရက် ဖြတ်မေးလိုက်၏။ ထိုသူက..
“ဟာ မဟုတ်တာ၊ ကျွန်တော်ကိုယ်တိုင် အဖြုတ်ခံရဖူးလို့ သိနေတာပါ။ ကျွန်တော့်နာရီကမှ အသစ်ကြီးဗျ။ ၀ယ်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။”

ကုလားမကြီး တစ်ယောက်က “အရေးထဲ ကြွားနေရသေးတယ်”ဟု ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် ခရီးသည်များလည်း ခါးပိုင်နှိုက်၊ ဆွဲကြိုးဖြတ်၊ အလစ်သုတ် စသော အကြောင်းအရာများကို တချို့လည်း ကိုယ်တွေ၊ တစ်ချို့လည်း ကြားဖူးနာားဝ ရှိတာတွေကို ကိုယ်တွေ့လိုလို လုပ်၍ နီးစပ်ရာ အချင်းချင်း စကားစပ်မိနေကြလေ၏။ ထိုအကြောင်းအရာ အားလုံးသည်မိမိကို မူတည်ပြီး ဖြစ်လာရခြင်းကြောင့် ဒါလီသည် အနေရခက်နေ၏။ ပြောရင်းဆိုရင်းက တစ်ချက် တစ်ချက် သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာ ပိုဆိုးသည်။ အရေးထဲမှာ ဘေးနားက မိန်းမကြီးက ...
“အဲဒီကောင်ရဲ့ မျက်နှာကို မှတ်မိလား” ဟု မေးနေပြန်သည်။ သူခေါင်းခါပြလိုက်၏။ ပြောမယ်ဆိုလျင်လည်း “ကိုကို မဟုတ်ဘူးဆိုတာပဲ မှတ်မိတယ်” ဟု ဆိုရပေလိမ့်မည်။
တစ်ကယ်လို့ ကိုကိုသာ ဒီနေ့လာကြိုခဲ့လျင် ခုလို ဖြစ်မှာ မဟုတ်။ ဒီလိုဆိုတော့ ကိုကိုက အလစ်သမားရန်ကို ကာကွယ်နိုင်လို့လားဟု ထင်စရာ ရှိ၏။ မဟုတ်။ ကိုကိုနှင့်အတူ ဘတ်စကား စီးသည့်အခါတိုင်း နှစ်ယောက်တွဲ ထိုင်ခွင့်ရလျင် ကိုကိုက ပြတင်းပေါက်နှင့် ကပ်လျက်မှာသာ ထိုင်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဒါဆို ပြတင်းပေါက်ဘောင်ပေါ် လက်တင်စရာလဲ မလိုတော့။ နာရီ အဖြုတ်ခံရမှာလဲ မဟုတ်တော့။

***
(ဆက်ရန်)


၂၀၀၀ လောက်တုန်းက ဖတ်ဖူးတဲ့ မင်းလူရဲ့ ၀တ္ထု တစ်ပုဒ်ပါ။ လေးဖြူရဲ့ သီချင်း “ဒါလီနေ့” ကို နားထောင်မိတော့ ဒီဝတ္ထုကို သတိရမိတာနဲ့ ပြန်ဝေမျှချင်လို့ တင်လိုက်တာပါ။ ရိုက်ပြီးသလောက်ကို တစ်ပိုင်းချင်း တင်ပေးဖို့ စိတ်ကူးထားပါတယ်။ သီချင်းကို အပေါ်ဆုံးမှာ တင်ထားပေးပါတယ်။

Saturday, May 23, 2009

ဒါလီနေ့

လေးဖြူရဲ့ သီချင်း တစ်ပုဒ်ပါ။
ဒါလီနေ့လို့ အမည်ရပါတယ်။
နားဆင်ကြည့်ပါ။

ဒါလီနေ့ - လေးဖြူ

I Love This Doctor

အီးမေးလ်ထဲက ရလာတဲ့ ရယ်စရာလေးပါ။ ပေါ့ပေါ့ပါးပါး ရယ်စရာလေး ဖြစ်ပါတယ်။ ကျင့်သုံးသင့် မသင့် ဆိုတာကတော့ ချင့်ချိန်ပေါ့နော...။

Q: Doctor, I've heard that cardiovascular exercise can prolong life. Is this true?
A: Your heart is only good for so many beats, and that's it... don't waste them on exercise. Everything wears out eventually. Speeding up your heart will not make you live longer; that's like saying you can extend the life of your car by driving it faster. Want to live longer? Take a nap.

Q: Should I cut down on meat and eat more fruits and vegetables?
A: You must grasp logistical efficiencies. What does a cow eat? Hay and corn. And what are these? Vegetables. So a steak is nothing more than an efficient mechanism of delivering vegetables to your system. Need grain? Eat chicken. Beef is also a good source of field grass (green leafy vegetable). And a pork chop can give you 100% of your recommended daily allowance of vegetable products.

Q: Should I reduce my alcohol intake?
A: No, not at all. Wine is made from fruit. Brandy is distilled wine, that means they take the water out of the fruity bit so you get even more of the goodness that way. Beer is also made out of grain. So have a cup now and then!

Q: How can I calculate my body/fat ratio?
A: Well, if you have a body and you have fat, your ratio is one to one. If you have two bodies, your ratio is two to one, etc.

Q: What are some of the advantages of participating in a regular exercise program?
A: Can't think of a single one, sorry. My philosophy is: No Pain...Good!

Q: Aren't fried foods bad for you?
A: YOU'RE NOT LISTENING!!! ..... Foods are fried these days in vegetable oil. In fact, they're permeated in it. How could getting more vegetables be bad for you?

Q: Will sit-ups help prevent me from getting a little soft around the middle?
A: Definitely not! When you exercise a muscle, it gets bigger. You should only be doing sit-ups if you want a bigger stomach.

Q: Is chocolate bad for me?
A: Are you crazy? HELLO Cocoa beans ! Another vegetable!!! It's the best feel-good food around!

Q: Is swimming good for your figure?
A: If swimming is good for your figure, explain whales to me.

Q: Is getting in-shape important for my lifestyle?
A: Hey! 'Round' is a shape!

Well, I hope this has cleared up any misconceptions you may have had about food and diets.

Please remember:
'Life should NOT be a journey to the grave with the intention of arriving safely in an attractive and well-preserved body, but rather to skid in sideways - Chardonnay in one hand - chocolate in the other - body thoroughly used up, totally worn out and screaming 'WOO HOO, What a Ride'!

AND.....
For those of you who watch what you eat, here's the final word on nutrition and health. It's a relief to know the truth after all those conflicting nutritional studies.

1. The Japanese eat very little fat and suffer fewer heart attacks than Americans or Australians.
2. The Mexicans eat a lot of fat and suffer fewer heart attacks than Americans or Australians.
3. The Chinese drink very little red wine and suffer fewer heart attacks than Americans or Australians.
4. The Italians drink a lot of red wine and suffer fewer heart attacks than Americans or Australians.
5. The Germans drink a lot of beers and eat lots of sausages and fats and suffer fewer heart attacks than Americans or Australians.

CONCLUSION

Eat and drink what you like.

Speaking English is apparently what kills you.

Friday, May 22, 2009

ကောင်းကင်မေမေ


ကောင်းကင်မေမေ - ဇော်ဝင်းထွဋ်

ကလေးတစ်ယောက်ရဲ့ ကောင်းကင်ရယ်
ကျန်ရစ်ခဲ့စေကွယ်
xxxxxxx
မေမေရဲ့ သားနိုင်တယ်
မေမေရယ် ရင်ဆိုင်ပွဲတိုင်း။
မေမေ့ရဲ့ သားနိုင်တယ်။
အန္တရာယ်တွေ ရင်ဆိုင်နွဲတိုင်း။
မေမေရဲ့ အားမာန်တွေ
သားလေးရဲ့ သွေးထဲကို စီးဝင်
အရှုံးပွဲနဲ့ တွေ့ဖို့ရန် အကြောင်း မမြင်
(အင်း...) အောင်ပွဲဆင်။

Thursday, May 21, 2009

KoKoRo No ToMo (သို့မဟုတ်) တိုးတိတ်တမ်းတ

ဆက်စပ်ဖတ်ရှုရန်။
"Kokoro No Tomo" by "Mayumi Itsuwa"

အရင်လဆန်းပိုင်းက ရေးခဲ့တဲ့ ဂျပန်သီချင်းလေး KoKoRo No ToMo နဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ခုပါ။ ဒီသီချင်းဟာ ၁၉၈၀ နှစ်ဦးပိုင်းလောက်ဆီက အာရှတစ်လွှား အတော့်ကို ရေပန်းစားခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ သီချင်းကို သံစဉ်ယူပြီး တစ်ခြားသော ဘာသာစကားနဲ့ ပြန်ဆိုခဲ့ကြတာ တော်တော်များပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလဲ ထိုစဉ်က နာမည်ကြီး အဆိုတော် စိမ်းမို့မို့ကလဲ ဒီသီချင်းကို ဆိုခဲ့ပါတယ်။ ဆိုဟန် တည်ငြိမ်ပြီးတော့ အသံပါဝါကောင်းတဲ့ ဒီအဆိုတော် မာယုမီရဲ့ အသံနဲ့ လိုက်ဖက်တာ စိမ်းမို့မို့ပဲ ရှိပါတယ်။ ဒီသီချင်းကိုလဲ စိမ်းမို့မို့ မှပဲ ဆိုနိုင်မှာပါ။ မူရင်းကို အောက်က ယူထုမှာ သေချာ နားဆင်ပြီးမှ ကျွန်တော်ပြောတာ ဟုတ်မဟုတ် ဆန်းစစ်ကြည့်စေချင်ပါတယ်။

အဆိုပါ ပို့စ်အဟောင်းထဲမှာ လာဖတ်မိတဲ့ တစ်ယောက်က မြန်မာဗားရှင်း စာသား ရှိခဲ့ရင် မြန်မာစာသားကို တင်ပေးဖို့ တောင်းဆိုထားပါတယ်။ အခု ကျွန်တော် မြန်မာစာသားကို သူငယ်ချင်း ဂီတဗလရဲ့ အကူအညီနဲ့ ရှာဖွေတွေ့ရှိခဲ့လို့ တောင်းဆိုသူအတွက်ရောက် အားလုံးအတွက်ပါ တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။



တိုးတိတ်တမ်းတ

ရေး-ညီညီလှိုင်

V1- တိုးတိတ်ရင်ခုန်သံ ဆုံးဖြတ်ဝေဒနာရယ်
ခံစားချက်တွေ ပြောင်းလဲခဲ့တယ်..။
စွန့်လွှတ်အကြင်နာရယ် ရက်စက်အနိုင်ယူသူ
လှည့်စားရက်တယ် ..နာကျည်း မင်းအမုန်း (ကြွယ်/အတွက်)..။

V2- ခိုတွယ်စရာရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေ နာကြင်နေဆဲ အချစ်အတွက်တော့..။
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်...။

Cho - ဒဏ်ရာများနဲ့ အသည်းကလွမ်း(နေမယ်/တာပါ)။
ဒါပေမဲ့လည်း ကြေကွဲအချစ်အတွက်နဲ့..။
(ပြန်ဆုံကြဖို့တော့ ဝေးပြီကွယ် / ပြန်လည်တွေ့ကြဖို့တော့မဖြစ်နိုင်တယ်...။)
တိုးတိတ်လွမ်းလို့နေပါတယ်..။

V3 - ရှုံးနိမ့်ခြေသံရယ်.. ခြောက်လှန့်ရယ်သံတွေ
တစ်ယောက်တည်းနေ့ကို.. ကျော်ဖြတ်အားလည်းငယ် ...။
နေ့ညအချိန်တွေရယ်... အိပ်မက်တွေမှာကွယ်
ခံစားချက်တွေ... ဒီအလွမ်းမင်းပေးခဲ့...။

V4 - ယုံကြည်ရာရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေနာကြင်နေဆဲအချစ်အတွက်ပေါ့...။
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်....။

Cho.
Music Fade Out.

Wednesday, May 20, 2009

ယိမ်းယိုင်လာတဲ့ GPS စနစ်။

Photo Credit : GPS Magazine
ကောင်းကင်ကြီး ပြုတ်ကျမယ်ဆိုတဲ့ သတင်းလေးများ ကြားဖူးကြလား မသိဘူး။ အခြေအမြစ်မရှိတဲ့ သတင်းဆိုတော့ ဘယ်သူကမှ ဂရုစိုက်ကြမယ် မထင်ပါဘူး။ ဒါပေမဲ့ မကြာတင်လေးကမှ အမေရိကန်နိုင်ငံက စောင့်ကြည့်သူ တစ်ချို့ရဲ့ သတိပေးချက်ကတော့ လူတိုင်း မျက်ခုံးကို ပင့်တင်လိုက်ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ GPS စနစ်ကြီးဟာ ပြိုလဲနိုင်ခြေ ရှိတော့မယ် ဆိုတာပါပဲ။ GPS လမ်းညွှန်ကိရိယာများ ၀ယ်ယူဖို့ စဉ်းစားနေသူများ ၀ယ်သင့် မ၀ယ်သင့်ကို နောက်ထပ် တစ်ခေါက်လောက် ပြန်စဉ်းစားရပါတော့မယ်။ ဖေါ့ပြောရမယ် ဆိုရင်တော့ ၀ယ်လိုက်ပါ.... ပေါ့လေ။

ဂျီပီအက်စ်စနစ်ကြီး ချွတ်ယွင်းနေတာ တစ်နှစ်လောက် ရှိပါပြီ။ ဂြိုဟ်တုအကူအညီနဲ့ ထိန်းကျောင်းနေတဲ့ လမ်းညွှန် စနစ်ကို ကွပ်ကဲစီမံနေတဲ့ အမေရိကန် လေတပ်ဟာလဲ အဆိုပါ စနစ် ချွတ်ယွင်းမှုအတွက် ဖိအားတွေ ပေးနေတာကို ခံရတယ်။Align Center

လက်ရှိဈေးကွက်မှာ ပြီးပြည့်စုံသော GPS စနစ်သုံး လမ်းညွှန်ကိရိယာ တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀ အောက်ပဲ ရှိပါတယ်။ စစ်တပ်သုံး အချက်အလက်တွေမှာလို မိမိတည်နေရာကို တိတိကျကျ မလိုတဲ့ သာမာန်အရပ်သုံး လမ်းညွှန်ကိန်ရိယာဟာ ဒေါ်လာတစ်ရာအောက်ပဲ တန်ဖိုးကျသင့်တယ် ဆိုတာ အဆန်း မဟုတ်ပါဘူး။

တစ်ကယ်တော့ ဒီ အလကားသုံးစွဲခွင့် ရှိတဲ့ GPS စနစ်ကို Upgrade လုပ်ဖို့ အတွက် အမေရိကန် လွတ်တော်က ဒေါ်လာ ၂ ဘီလီယံကို ခွင့်ပြုခဲ့ပါတယ်။ သို့သော် ဘတ်ဂျက်ကို သုံးစွဲရာမှာ အမှားအယွင်းများ ရှိခဲ့တဲ့ အတွက် လွှတ်တော်ဟာ မေးခွန်းများနဲ့ ရင်ဆိုင်နေရတယ်။ ဒီအခြေအနေဟာ GPS စနစ်ကို ဆက်လက် ရှင်သန်ဖို့ ခြိမ်းခြောက်မှု တစ်ခုပါပဲ။ လက်ရှိသုံးစွဲနေတဲ့ ဂြိုဟ်တုအဟောင်းထဲက တစ်ချို့တွေဟာ နောက်နှစ်ဆို သက်တမ်းကုန်ဆုံးပါတော့မယ်။ မှေးသုံးလို့ ရနေပေမယ့် သက်တမ်းကျော်လွန်သွားရင် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ လွဲချော်မှုတွေ ရှိလာနိုင်ပါတယ်။ အဟောင်းတွေကို အစားထိုးဖို့ အသစ်လွှတ်တင်တဲ့ အစားထိုး စီမံကိန်းများဟာလဲ ထင်ထားတာထက်ကို အတော်လေး နောက်ကျနေတာ တွေ့ရတယ်။ ဒီအချက်ကလဲ GPS စနစ်ကို ဆက်လက်သုံးစွဲဖို့ သင့်မသင့် ဆိုတဲ့ မေးခွန်းကို ပိုမို လေးနက်စေပါတယ်။

လေ့လာမှုများအရ လက်ရှိ ဂြိုဟ်တုအဟောင်းများနဲ့ လွှတ်တင်မယ့် ဂြိုဟ်တုအသစ်များအပေါ် ရေရှည် အားထားနိုင်မှု၊ သုံးစွဲနိုင်မှု ရှိမရှိဟာ စိုးရိမ်ဖွယ်ရာ အခြေအနေပါ။ မိမိတည်နေရာပေါ်မှာ ရပ်တည်ပြီး အလုပ်လုပ်နိုင်တဲ့ ဂြိုဟ်တု အရေအတွက် အနည်းဆုံး ၂၄ လုံးကို ထိန်းသိမ်းဖို့ဟာ သက္ကရာဇ် ၂၀၁၀ မှာ ၉၅% အောက်ကို ရောက်နေပါတယ်။ ၂၀၁၄ အထိကို ဆက်သွားရင် ၈၀% လောက် အထိဟာ လုံလောက်သော ထိန်းသိမ်းမှုကို ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါဆို ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ အသစ်တွေ မြန်မြန်လွှတ်ဖို့ တွန်းရင် ဖြစ်နိုင်ပါတယ်။ သို့သော်လဲ လက်ရှိ သုံးစွဲမှု အခြေအနေအရ အရပ်သုံး GPS စနစ်တွေဟာ ၂၄ လုံးထက် နည်းနေလဲ လက်ခံနိုင်လောက်တဲ့ လမ်းညွှန်မှုကို ပေးစွမ်းနိုင်သေးတယ် ဆိုတော့ မြန်မြန်လွှတ်အောင် ကွန်ဂရက်ကို ဘယ်သူကမှ တိုက်တွန်းမှာ လုပ်မှာ မဟုတ်လောက်ဘူး။ (တည်နေရာကို တိတိကျကျ ပြစေချင်ရင်တော့ ဂြိုဟ်တု အရေအတွက် ခပ်များများ လိုပါတယ်။)

Photo Credit : Direction Magazine

အကယ်၍ ဂြိုဟ်တု အရေအတွက်တွေ နည်းသွားမယ်ဆိုရင် လမ်းညွှန်ကိရိယာများရဲ့ တည်နေရာ တွက်ချက်ဖို့ အချိန် နည်းနည်း ပိုကြာသွားနိုင်တဲ့ အချက်က ရှိပါသေးတယ်။ လိုင်းကောင်းကောင်း ဖမ်းမမိနိုင်တဲ့ ဒေသတွေမှာဆို ဂြိုဟ်တု အရေအတွက် အနည်းအများက အတော် စကားပြောပါတယ်။ အိမ်ထဲကနေ သုံးမယ်ဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

သို့သော်လည်း GPS ကို ဆက်လက် ရှင်သန်စေနိုင်တဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ လူကြိုက်များခြင်း ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ နိုင်ငံလုံခြုံရေးနဲ့ ယှဉ်လာရင် အရေးပါတဲ့ အတွက် မွမ်းမံပြုပြင် ထိန်းသိမ်းမှုများကို နိုင်ငံရေးအနေနဲ့ တွန်းအား ပေးနိုင်တာပါပဲ။

ဆိုတော့ကာ အစိုးရအနေနဲ့ အသစ်အသစ်သော လမ်းညွှန်ဂြိုဟ်တုများကို မြန်မြန်ထက်ထက် လွှင့်တင်နိုင်လိမ့်မယ်၊ လက်ရှိ GPS လမ်းညွှန်စနစ်ကို ဆက်လက်ထိန်းသိမ်းသွားလိမ့်မယ်လို့ သုတေသီများက မျှော်လင့်နေကြတယ်။


ဒါပေမဲ့လဲ အဆိုးအကောင်းဆိုတာ ဒွန်တွဲနေပါတယ်။ တစ်ချို့သော အရေးကြီးတယ်လို့ ဆိုခဲ့ကြတဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းကြီးတွေ ဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေတောင် ပြိုလဲလို့ မဖြစ်ဘူးဆိုရင် အခု GPS လမ်းညွှန်စနစ် ဟာလဲ ထိုနည်းလည်းကောင်းပါပဲ။

ဒါပေမဲ့ အမေရိကန် အစိုးရအနေနဲ့ ဒီစီမံကိန်းကို တစ်ခြားသော ပြိုင်လက် လုပ်ငန်းတွေ မစခင်မှာ အပြီးသတ်ဖို့ လိုပါလိမ့်မယ်။ ဒီလာမယ့် နှစ်ကုန်မှာ ဥရောပ နိုင်ငံများက စုပေါင်း လွှတ်တင်မယ့် ဂယ်လီလီယို လမ်းညွှန်စနစ်ဟာ GPS ရဲ့ ဈေးကွက်ကို လုယူနိုင်ဖွယ် ရှိပါတယ်။ သုံးစွဲသူများ အတွက်တော့ အမြတ်ပေါ့လေ။ GPS, Gellileo စနစ် နှစ်ခုသုံး လမ်းညွှန်ကိရိယာ သုံးရင်တော့ အခုထက် ပိုတိကျတဲ့ တည်နေရာပြ လမ်းညွှန်ချက်တွေ ရနိုင်ပါတယ်။

ဝန်ခံချက်။ ။ PC World မဂ္ဂဇင်းက With a GPS Failure Possible, Is It Still Safe To Buy? ဆောင်းပါးကို မှီငြမ်း ဘာသာပြန်ပါတယ်။

ှSource : With a GPS Failure Possible, Is It Still Safe To Buy?

ဖြည့်စွက်ချက်။ ။ GPS က အရင်က အမေရိကန် စစ်တပ်ပဲ အသုံးပြုရာက နောက်ပိုင်း ၁၉၇၀ ကျော်လောက်မှာ အများပြည်သူကို သုံးစွဲခွင့်ပေးခဲ့တယ်။ အလကား သုံးစွဲလွင့်ပေးခဲ့တယ်။ ခုထိပေါ့။ http://en.wikipedia.org/wiki/Galileo_positioning_system အဲဒီမှာ Galileo ဆိုတာ ဘာလဲဆိုတာ ပါတယ်။ ဖတ်လိုက်ပါ။ သူက ဥရောပကနေ လွှင့်တင်တဲ့ ဂြိုဟ်တုစနစ်ကို အသုံးပြုပြီးတော့ လမ်းညွှန်ပေးတာ ။ GPS က အမေရိကန်က လွှင့်တင်တဲ့ ဂြိုဟ်တု စနစ် သုံးပြီးတော့ လမ်းညွှန်ပေးတာ။

Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

ုဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ရေထိုးမယ့် ဆားချက်မယ့် နံပါတ် ၈ ပေါ့ဗျာ...။
ဘန်ကောက်ရဲ့ ချုပ်ညနေရီချမ်းမှာ အနုစာဝါ့ရီ ရောက်ခဲ့ပြန်ပေါ့။ အဲဒီကနေ နောက်တစ်နေရာကို သွားမယ် ဆိုတော့ ဘန်ကောက်ရဲ့ အမ်အာတီ ကို ခံစားရအောင်ဆိုပြီး အမ်အာတီ ဘူတာ ရှိရာလာခဲ့တယ်။ ဘန်ကောက်က စတေရှင်တွေက ပိုပြီးအရောင်အသွေးတွေ စုံနေသလိုပဲ။ လမ်းသွားလမ်းလာထဲက အမျိုးသမီး ပရိသတ်တွေထဲမှာ ၁၀ ယောက် ဆို ၇ ယောက် ကြည့်ပျော်ရှုပျော်ဖြစ်ပြီး ၄ ယောက်လောက်က အတော်ကို ကြည့်ကောင်းနေခဲ့တယ်။ (စလုံးကျွန်းက လေးလုံးမျက်မှန် မမကြီး၊ အီမို စတိုင် မလေးမတွေနဲ့များ ကွာပါ့။)

မနက်က တွေ့ခဲ့တဲ့ sky train နဲ့ ဟိုတယ်ကို ပြန်မယ် ကြံစည်တယ်။ အမ်အာတီမှာ ရထားစောင့်နေတုန်း လက်ဆော့လိုက်တာ။ ဘူတာနာမည် မေ့နေတယ်။ အနုစာဝါ့ရီနား ဆိုတော့ အနုစာဝါ့ရီ မှတ်တိုင် နေမှာပေါ့ဗျာ။

ရထား တစ်ဖြောင့်တည်း ဖြစ်သွားတဲ့ အချိန်ကို အမိ ဖမ်းလိုက်တာ။ သွားနေတုန်း ရိုက်လိုက်တာ။ ဒီမှာက တစ်ဘူတာနဲ့ တစ်ဘူတာ အတော်လှမ်းသေးသကိုး။ နှစ်ဘူထာတဲ သွားတာ .. ကြာကြာစီးရတယ်။



လူတွေက ချုပ်ညနေရီချမ်း အိမ်ပြန်ချိန်ဆိုတော့ ကြည်အေး စကားနဲ့ ပြောရရင် နွမ်းလျ အိမ်ပြန်ပေါ့ဗျာ။ နွမ်းလျ အိမ်ပြန်ဆိုတဲ့ ကြည်အေးရဲ့ ကဗျာကို သတိရသွားတယ်။ (၀တ္ထု ထင်တယ်...) ။ ရထားက ခါနေတော့ ပုံတွေ တုန်မှုန်ဝါး တာတွေ သည်းခံပါဗျာ။


အဲဒီနောက် ဆင်းမယ့် မှတ်တိုင်ကိုရောက်တော့ ဆင်းခဲ့တယ်။ Grand Hyatt ဟိုတယ်မှာ ဆင်းတာလေ..။ အဲဒီ ဘူတာ နာမည် မေ့သွားပြီ။ လေးမျက်နှာ ဘုရား ဂိတ်ပေါ့။ သွားမယ့်နေရာက ဟိုတယ်ကို ၀င်ပြီး ပြန်ထွက်ရမှာဆိုတော့ ဟော်တယ်အတွင်းပိုင်းကို ရောက်ခဲ့တယ်။ အခုမှ အပူဒဏ် သက်သာသွားတယ်။ ချုပ်ညနေရီချမ်း ဆိုပေမယ့် မတ်လနွေနေရဲ့ အပူရှိန်တွေက တစ်လျှံလျှံ ပူနေတုန်း...။



လေးမျက်နှာ ဘုရားရဲ့ အနောက်ဘက် စောင်းတန်းပေါ့လေ။ ဘုရားကို ပူဇော်ဖို့ ပန်း၊ဆီမီး၊ ရေချမ်း၊ အမွေးတိုင်တွေ ရောင်းနေတာ။

အဲဒါနဲ့ ပန်းနဲ့ အမွေးတိုင်တွေ ၀ယ်ခဲ့တယ်။ ဘုရားထဲမှာလဲ ရောင်းတာ ရှိတယ်။ တူတူပါပဲ။ ဘုရားထဲမှာကျတော့ ကန်တော့ပွဲတွေ ဘာတွေ အဆာချဲ့ရင် ချဲ့သလို ရှိတယ်။



လေးမျက်နှာ ဘုရားတဲ့။ ဟိန္ဒူယဉ်ကျေးမှုက ဆင်းသက်လာတာ။ ယပက်လက်တွေကတော့ “ကျောက်ထိ” ဆိုလား.. ခေါ်တယ်တဲ့...။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အရူးတစ်ယောက် (ဆိုပဲ) အဲဒီ ဘုရားမျက်နှာကို တူနဲ့ ထုတာ ပြုတ်သွားတယ်။ အဲဒီအရူးကိုလဲ ဘေးနားက လူတွေက ၀ိုင်းသမလိုက်တာ အရူးလျှောသွားတယ်။ လိုရာဆုတောင်း ပြည့်တယ်တဲ့။



လေးမျက်နှာ ဘုရားမှာ ဆုတောင်းတဲ့သူတွေ မနည်းဘူး...။


နေရာလေးက ကျဉ်းကျဉ်းလေး။

အမွေးတိုင်ကို ဖန်အိမ်ထဲက မီးခွက်ထဲမှာ မီးငြိကြတယ်...။ လေတိုက်လဲ မငြိမ်းအောင် ဖန်အိမ်ထဲ ထည့်ပြီး တံခါးလေး တပ်ထားတယ်။ Candle in the wind .. အဲ.. Light in the wind ပေါ့လေ...။
ပျိုပျိုအိုအို ကျားမမရွေး လာပြီး ဆုတောင်းကြတဲ့ နေရာပေါ့..။
ကိုယ်သန်ရာ သန်ရာရှိခိုးကြတာပဲ။ မတ်တပ်ရပ် ရှိခိုးတာက စလုံးတရုတ်ပဲ။ စလုံးတွေ တော်တော်များတယ်။ ငါစင်ကာပူရောက်နေတာလား.. ဘန်ကောက်ရောက်နေတာလား ဆိုတာ တစ်ခါတစ်ခါ ပြန်စဉ်းစားနေရတယ်။ ခရီးသွားလာရေးကို အားပေးတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် လာလည်တဲ့ လူမျိုးစုံတယ်။

ဘုရားကို အကနဲ့လဲ ပူဇော်လို့ ရတယ်။
အဓိဌာန်ထားတာ အောင်မြင်ရင်လဲ အကနဲ့ လာပူဇော်တာပေါ့။ တစ်ချို့က တောင်းတဲ့ဆု ပြည့်ရင် အကနဲ့ လာပူဇော်ပါ့မယ် ဆိုပြီး အဓိဋ္ဌာန်ကြတယ်။ တစ်ခါကရင် ဘတ် ၂၀၀၊ ၄၀၀၊ ၆၀၀၊ ၈၀၀ အစားစား ရှိတယ်။ ကတဲ့ ကြာချိန် ကွာသွားတာပေါ့လေ...။

အတီးသမားတွေပေါ့။
ကတာကတော့ အစားစားပဲ။ ထိုင်ကတာ ပါမယ်။ မတ်တပ်ရပ်ကတာ ပါမယ်။ အဲဒီအက ကတဲ့သူတွေကို လိဂေး လို့ ခေါ်တယ်။ လက်မှာ လက်သည်းရှည်ရှည် တပ်ထားကြတယ်။ သူတို့လဲတစ်နေ့ တစ်နေ့ ကလိုက်ရတာ ၀င်ငွေတော်တော် ရကြတယ်။ သေချာ စံနဲ့ ရွေးထားတာ။ ကတတ်တိုင်း ကလို့ရတာ မဟုတ်ဘူး။ အရင်ကဆို အပျိုဆိုတာ စစ်မှ ကရတာတဲ့။ ရုပ်ရည်ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်း၊ သာယာသော အသံရှိခြင်း၊ အရပ်အမောင်း၏ ကောင်းခြင်း၊ ပြေပြစ်သော အသားအရည် ရှိခြင်း၊ သမင်မ၏ မျက်လုံး၊ သောက်ရှုးကြယ် ကဲ့သို့သော မျက်လုံးပိုင်ဆိုင်ခြင်း... စတာတွေနဲ့ ပြည့်စုံရတယ် ဆိုပဲ။ ခုတော့လဲ အဲလို ပြည့်စုံတာတွေ ရှားတော့ တင်းကျပ်ချက်တွေ၊ သတ်မှတ်ချက်တွေ လဲ လျှော့လောက်ရောပေါ့။

အကနဲ့ ပူဇော်ချင်သူများ အဲဒီကတဲ့ဘေးနားမှာလက်မှတ်ကောင်တာမှာ လက်မှတ်သွားဖြတ်ပြီး ကိုယ့်အလှည့်ကို စောင့်ပေါ့။ အလှည့်ကျရင် ကိုယ်က အဲဒီမှာ ဘုရားရှိခိုးပြီး အရင်အဓိဋ္ဌာန်အောင်တဲ့ အတွက် အကနဲ့ လာရောက်ပြီး ပူဇော်ပါတယ်။ နောက်ထပ် အဓိဋ္ဌာန်အောင်ပါစေ ကူညီမစပါ ဘာညာ ဆုတောင်းကြတယ်။

ဒါက ဖြတ်ပိုင်းလေး။
၂ယောက်ဆို ဘတ် ၂၆၀ ကျတယ်။
၎ယောက်ဆို ဘတ် ၃၆၀ ကျတယ်။
၆ယောက်ဆို ဘတ် ၆၂၀ ကျတယ်။
၈ယောက်ဆို ဘတ် ၇၁၀ ကျတယ်။
အားလုံး၁၅ မိနစ်လောက် ကပေးတယ်။

ကဲ..ဒီတစ်ခေါက်တော့ လေးမျက်နှာ ဘုရား ခေါ် ဖုရာ့ဖရုမ်း သို့ အလည်ခရီး နဲ့ တော်လိုက်ဦးမယ်။

(ဖြတ်ပိုင်းကို ကူညီကိုင်ပေးတဲ့သူက လိုက်ပါပို့ဆောင်ပေးတဲ့ အစ်မတော်ပါ။ အခုလို လက်မော်ဒယ် လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။)

Sunday, May 17, 2009

Happy Birthday Ko James

ယခုကဲ့သို့ ကျွေးရ ပြုရသော စေတနာအကျိုးကံကြောင့် နောင်လဲ ဒီထက်မက ကျွေးနိုင် မွေးနိုင်ပါစေဗျာ။
10k စား အဆင့်ကို မြန်မြန် ရောက်ပါစေဗျာ...။
Tom လေးလဲ သူ့ဒက်ဒက်နဲ့ အတူတူ အမြန်နေနိုင်ပါစေဗျာ။
ယနေ့ကျရာက်သော (xx)နှစ်မြှောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း ၈၅ နှစ်တိုင်အောင် သားမြေးမြစ် တီတွတ်ကျွတ်ဆက်ဘောက်ဘက် နဲ့ ပျော်ပျော်ပါးပါး နေနိုင်ပါစေ။

ကိုဂျိမ်းစ် ကိုယ်တိုင် ဒီနေ့မနက်ကတည်းက ပြင်ဆင်တည်ခင်း ကျွေးမွေးတဲ့ ရှမ်းရိုးရာ မြီးရှည်ပါတဲ့ဗျား...။

ဒါက ထည့်ရမယ့် အဆာပလာ စာရင်းများ...။


ဒါကတော့ မပြောလဲ သိတဲ့ ငရုတ်သီး။


မပါမဖြစ် ဆီချက်၊ (ပါကော်ရှားကော ထည့်ထားသည်။)



ကြက်သွန်မြိတ်များ (မနေ့က ကျွန်တော် နည်းနည်း ကူလှီးပေးထားသည်။)



ကြက်သွန်ဖြူချဉ်။



ကော်ရည်။



ကြက်သားကြိုက်သူ ကြက်သား...။



ဝက်သားကြိုက်သူအတွက် ၀က်သား...။


ပြီးတော့ ဟင်းရည်။


ခေါက်ဆင့် (မုန့်တီပါ။)


ပြင်ဆင်ပြီးတော့ စားချင်စဖွယ်လေး။ နေ့လည်၊ ညစာ လွတ်ပါသည်။
အားလုံးပဲ လာရောက်သုံးဆောင်နိုင်ပါပြီ။ ၀၀လင်လင်ပါပဲ။
(တစ်ချို့များကတော့ ရခိုင်မုန့်တီ၊ ထောပတ်ထမင်း စားသည် ဟု လေသံပစ်ကြသည်။ အကျွန်ုပ်ကတော့ ပုံနှင့်တကွ တင်ပြပါသည်။ အပြောမဟုတ်၊ ဒ့ါပုံနှင့် သက်သေပြပါသည်။)

စားပြီးတော့ ဆုတောင်းပေးရပါမည်။

အားလုံး ၀ိုင်းဝန်းဆုတောင်းပေးကြပါ။ အောက်မှာပါတဲ့အတိုင်း ကျွန်တော် တိုင်ပေးတာ လိုက်ဆိုကြပါ။


Happy Birthday To You
You Belong To The Zoo
You Are Monkey And Donkey
Happy Birthday Bro James

Saturday, May 16, 2009

Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)

အချိုတည်းဖို့ ဘေးဘီ လိုက်ရှာတော့ ဒီအသီးအနှံတွေ တွေ့တယ်။ ဈေး မသေးဘူး။ စလုံးဈေးနီးနီးပဲ။ ပိုလတ်တယ်ပေါ့လေ...။ ဘယ်စွန်က သဘောင်္သီး၊ နောက် မာလကာသီး။ အံမယ် သူက အသီးအနှံရောင်းတာ ဆုရတယ်ဆိုလား...။

အဲဒီနောက် ချိန်းထားတဲ့ သယ်ရင်း ရောက်လာလို့ သူနေတဲ့ နေရာကို တုတ်တုတ် စီးပြီး သွားတယ်။ ဘန်ကောက်သာ မီးခိုးတွေ မများဘူးဆိုရင် တုတ်တုတ် ဆိုတဲ့ အရာက အတော်ကို စီးလို့ ကောင်းတာ။ လေတွေက တစ်ဖြူးဖြူး တိုက်နေတာ။ ခက်တာက ပူကလဲ ပူ၊ ကားမီးခိုးတွေ၊ ကာဗွန်မိုနော့ဆိုဒ်တွေက များနဲ့ လူတောင် သေချင်စော်နံသွားတယ်။


သယ်ရင်းဆီ ရောက်တော့ သူတို့ဆီက နယ်က ထွက်တဲ့ ရွှေမန်ကျီးသီးဆိုတာ လာကျွေးတယ်။ တစ်မျိုးကြီးပဲ.. စိမ်းရွှရွှေ ချိုတိုတိုနဲ့။ ဗမာပြည်မှာ အဲဒီ မန်ကျည်းသီးကို ဘယ်လိုခေါ်လဲဟင်။ ယိုးဒယားလို “မာ့ခမ်မ် ထောင်း” ရွှေမန်ကျည်းသီးလို့ ခေါ်တယ်။

ဘယ်ဘက်က ၀က်သားချဉ်၊ သူ့ဘေးက ထမင်းချဉ်ကို ၀က်အူချောင်းထဲ အစာသွတ်ထားတဲ့ ဆိုက်ဆိုလို့ ခေါ်တဲ့ဟာ။

ဒါကျတော့ ရှမ်းစတိုင် လုပ်ထားတဲ့ ခေါက်ဆွဲဖတ်လိပ်။ အဆာပလာကတော့ ကြိုက်ရာပေါ့။ ခုဟာက သတ်သတ်လွတ်။ အဆာပြေပေါ့လေ...။ ရှမ်းပြည်မှာ ဒါမျိုးတွေ ရတယ်...။ ခေါက်ဆွဲဖတ်ကို လိပ်ထားတာ။ အဆာပလာကတော့ တောက်တောက်စင်းထားတဲ့ ၀က်သားကို ကြက်သွန်နီနဲ့ လှိမ့်ထားတာ။

ကွန်ဒိုအောက်ထပ်မှာ ဒီလို စက်လေးတွေ အစီအရီ တွေ့ရတယ်။ ဘာစက်လဲ သိလား။ သောက်ရေသန့်တွေ ရောင်းတဲ့ ကုမ္ပဏီက လာဆင်ထားပေးတာလေ။ ကိုယ့်မှာ လီတာ၂၀ ဗူးရှိရင် အဲဒီအောက်နားက သတ်မှတ်ထားတဲ့ အံခွက်မှာ သွားထည့်လိုက်။ ငွေအကြွေလေး ထည့်လိုက်ရင် ရေက အော်တို ကျလာလိမ့်မယ်။ သတ်မှတ်ထားတဲ့ အခကြေးငွေ အတိုင်းပေါ့။ ရန်ကုန်မှာလို့ ဗူးပေါ် ခြေထောက်တင်လို့ ခြေရာထင်တာတို့၊ ဗူးလည်ပင်းမှာ ရေညှိတွေ တက်နေတာတို့၊ ဖုန်းဆက်ခေါ်နေရတာတို့ ကရိကထ မများတော့ဘူးပေါ့။ သက်သာတယ်နော်။

ဟောဒါက နောက်တစ်မျိုး။ အ၀တ်လျှော်တဲ့ စက်။ လျှော်ပြီး၊ ညှစ်ပြီး၊ ခြောက်ပြီး အသင့်ပဲ။ တစ်ခါလျှော် ၅ကီလို ကို ဘတ်၂၀။ ၁၁ ကီလိုကို ဘတ် ၄၀ တဲ့။ အ၀တ်လေး လာထည့်။ အကြွေစေ့ ၁၀ ဘတ်တန် ၂ စေ့ထည့်။ ခလုတ်နှိပ်။ အချိန်တန်ပြန်လာယူ။ ဟုတ်နေတာပဲ။ ၂၄ နာရီ ကြိုက်တဲ့ အချိန် သွားလျှော်ရုံပဲ...။ ဘန်ကောက်နီးယားတွေ ဆိုတော့ အလုပ်က ပြန်လာတဲ့ ညဆို တန်းစီနေတာပဲတဲ့။ အ၀တ်လှမ်းစရာ ၀ရန်တာ သိပ်မရှိဘူးတဲ့။


အဲဒီကနေ အပြန်မှာ အနုစာဝါ့ရီကို ပြန်ရောက်တော့ မှောင်စပြိုးနေပြီ။ ကဗျာဆရာ တင်မိုးရဲ့ ဧည့်သည်ကဗျာ ကို သတိရမိသေးတယ်။ ဘာတဲ့။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါတော့

ဆိုလား..။ မချိုသင်း အမှားလာပြင်လှည့်ပါ။

ခုလဲ ၀င်လုဆဲဆဲ နေလုံးကြီးကို ကြည့်ပြီး တစ်ခုခုကို ရွတ်ချင်လာတယ်။ ကဲ..လာလေရော့...။

နေ၀င်စဖျိုးဖျ
ဆည်းဆာအလှမှာ
ပုဇွန်ဆီရောင်သန်း
ချုပ်ညနေရီချမ်းရဲ့
ညီအစ်ကို မသိတစ်သိချိန်မယ်
ွနွားရိုင်းတွေ သွင်းခါ မောင်းကြတယ်
ကျည်းတန်သူ လှတဲ့ပွဲ။
အဲ့လိုပဲ ဒီအချိန်တွေကို တင်စားပြောကြတယ်။ ဒါ့ကြောင့်နေမှာ ကျောင်းဆောင်တွေမှာဆို ဒီအချိန် အဆောင်သူတွေ အဆောင်ရှေ့ ဟန်ရေးထွက်ပြလို့ ကောင်းတဲ့ အချိန်။ ဂေါ်ချင်တဲ့ ငနဲသားတွေကလဲ ရေနီမြောင်းထိပ်က အကြော်တွေ ၀ယ်ပြီးတော့ စားတော်ဆက်တဲ့ အချိန်ပေါ့လေ...။ သတိရမိသေးတယ် မိပေါက်ရယ်...။ နင့်ရဲ့ ကုလားပဲအိုး မှောက်ကျတဲ့ သနပ်ခါး ဘဲကျားကွက် ညနေခင်းတွေ...။

ဘောနပ်စ်
အောက်က ပုံက အမေရိကန်က ထုတ်တဲ့ HumVill ကား အစစ်။ အီရတ်အတွက် သတ်သတ် ထုတ်ထားတာကနေ ဘယ်လိုလုပ်ပြီး ဘန်ကောက်ကို ရောက်လာတယ် မသိဘူး။ မသက်ဆိုင်ပေမယ့် ဘောနပ်စ် အနေနဲ့ ထည့်ပေးလိုက်တယ်နော့။

ပုံတွေနဲ့ ဆားချက်ရတာ သက်သာလိုက်ထှာ...။