Tuesday, December 30, 2008

ခေမာရဌ် တမ်းချင်း (၃)

နိုင်းနိုင်းတစ်ယောက် မိုင်းလား/ကျိုင်းတုံသွားတောလား တွေ တင်ထားတာ ဖတ်လိုက်ရလို့ အိမ်လွမ်းစိတ်တွေ ပိုတိုးလာတယ်...။
ပုံတွေကို ကြည့်ရတာ ကိုယ်အရင်ပြန်သွားတုန်းကလောက် ဘာမှ ထူးထူးထွေထွေ ပြောင်းလဲသွားတာ မရှိဘူး...။
လူတွေကပဲ ရောင့်ရဲလွန်းတာလား ... ??? တိုးတက်ဖို့ အခွင့်အလမ်းကပဲ ရောက်မလာသေးတာလား???

ပုံတွေကို ကြည့်ပြီး ဘုရားကြီးနားတစ်ဝိုက် မျောက်ရှုံးအောင် ဆော့ခဲ့တာတွေ အမှတ်ရတယ်...။
နာရီမပါပဲနဲ့ ဘုရားကြီးရဲ့ ဘယ်နေရာကို နေထိုးခဲ့ရင် ဘယ်နှစ်နာရီ ထိုးပြီဆိုတဲ့ အထိကို ပြောနိုင်အောင် ကျွမ်းဝင်ခဲ့တဲ့ နေရာ...။


ဒီပုံမှာဆိုရင် နေရိပ်က ဘုရားကြီးရဲ့ အနောက်ဘက်မုခ်မှာ မုခ်ထိပ်ပိုင်းကို ရောက်နေပြီ...။ ဒါဆို ဒီဓါတ်ပုံ ရိုက်နေချိန်ဟာ ညနေစောင်း ၃နာရီနဲ့ ၄ နာရီကြား ပဲ...။ ကျွန်တော် အရင်က ဒီမှာ ညွှန်းခဲ့ဖူးတဲ့ ကျိုင်မိန်း လို့ခေါ်တဲ့ မြို့လည် ညောင်ပင်အောက်နားကနေ ရိုက်ထားတာ။ ညာဘက်က ကားလမ်းရဲ့ ဟိုဘက်မှာဆို “ဟိုခုံ ပရိယတ္တိ စာသင်တိုက်” ရှိတယ်။ ဂုံရှမ်းစာနဲ့ စာသင်သံဃာတော်များနဲ့ စည်ကားတဲ့ ဘုန်းကြီးကျောင်းပါ...။ ဘယ်ဘက်လမ်းကနေ အပေါ်ဘက်ကို နည်းနည်း ထပ်သွားလိုက်ရင် ကျိုင်းတုံ ဟော်တယ်သစ် (ယခင် စော်ဘွားဟော်၊ နန်းတော်) ကို ရောက်မှာပါ...။


ဟော.. ဒီပုံကျတော့ ခုနက ဘုရားကြီးကို ရိုက်နေတဲ့ နေရာကနေ ကျောဘက် ပြန်လှည့်ပြီး ရိုက်တာ...။ အုတ်တီတိုင်း နီနီနဲ့က “ဟိုခုံ ပရိယတ္တိ စာသင်တိုက်” ပေါ့...။ ဆိုင်တန်းလျား ဘေးနားက ကုန်းစောင်းလမ်းလေး အတိုင်း ဆင်းလိုက်ရင် မြို့မ ဘော်လုံးကွင်းကို ရောက်မယ်...။ အဲဒီလမ်းလေးရဲ့ ညာဘက်မှာ တင်းနစ်ကွင်း ရှိတယ်...။ ဘယ်ဘက်မှာ အရင်က ကလေးတွေ ကစားဖို့ လုပ်ထားတဲ့ ပန်းခြံလေး ရှိမယ်...။ ဘောလုံးကွင်းကို ကျော်သွားရင် နောင်လျန့်လို့ ခေါ်တဲ့ ရပ်ကွက် ကိုရောက်တယ်...။ အဲဒီ ရပ်ကွက်မှာ နေ့လည်ကနေ ညနေစောင်းအထိ မုန့်ပဲသွားရေစာတွေ ရောင်းတဲ့ မုန့်တန်းလေး ရှိတယ်...။ အဲဒီ မုန့်တန်းကို ကျော်သွားရင် နောင်တုံကန်ကို ရောက်ပြီ...။


အပေါ်က ပုံကတော့ ဝါးကျည်တောက်တွေကို မီး ရှို့နေတာ မဟုတ်ဘူး...။ အဲဒါ အထဲမှာ ကောက်ညင်းတွေကို အုန်းရည်နဲ့ ထည့်ပြီး အုန်းခွံနဲ့ ပိတ်ထားတဲ့ ရှမ်းရိုးရာ အစားအသောက် တစ်မျိုးပေါ့။ “ခေါက်လံ” လို့ ခေါ်တယ်။ ဝါးကျည်တောက် ထမင်းပေါ့။ မီးနဲ့ ကင်ပြီး အထဲက ကောက်ညှင်းတွေ ကျက်လောက်ရင် အပြင်က မီးကျွမ်းသွားတဲ့ အခွံတွေကို ဓါးန့် ခုတ်ခုတ်ပြီး ဖယ်...။ စားလို့ရပြီ...။ ပွဲတော်တွေ ဘာတွေ ကျင်းပချိန်ဆိုရင် လုံခြုံရေး အရ တုတ်ဓါးလက်နက်များ ယူဆောင်ခွင့်မရှိတော့ ကိုယ့်နှမ၊ မိန်းကလေး သူငယ်ချင်းများ၊ ရည်းစားချစ်သူများကို လက်သရမ်းသူများ ရန်မှ ကာကွယ်ဖို့ ခပ်တုတ်တုတ် ဝါးကျည်တောက်တွေ ရွေးဝယ်ကြတယ်။ ရန်ဖြစ်ရင်လဲ ဝါဒကျည်တောက်နဲ့ ရိုက်ကြတယ်...။ ပွဲခင်း အပြင်မှသာ တုတ်ဓါး လက်နက် သုံးတာ၊ ပွဲခင်းထဲဆို ဝါးကျည်တောက်ပဲ။ :D ။ ဗယာကြော် ရောင်းတဲ့ ကုလားလေးက သူတို့ အပြောအရ ကုလားပြည်က လာတာတဲ့...။ ဒီတစ်ယောက်တော့ မသိဘူး။ သူ့အရင် ရောင်းတဲ့ တစ်ယောက်ဆို ကျွန်တော်တို့ကို သူ့လက်ခုပ်နဲ့ တစ်ဆုပ်ကီး ရော့ဆိုပြီး ပေးကျွေးတတ်တယ်...။ တစ်ကျပ်ဖိုးဆိုတာ ဗိုက်ပြည့်တယ်...။ ခုများတော့ တစ်ဆယ် ဖိုးတောင် ရောင်းပါ့မလား မသိ...။ ညနေတိုင်းဆို သူရောင်းတတ်တာက ဘုရားကြီးရဲ့ အနောက်ဘက်မုခ် ရှေ့တည့်တည့်က မြဘုရားကျောင်းရဲ့ လှေကားထစ်မှာပဲ...။


ဘယ်ဘက်ခြမ်းက စေတီက “ထပ်စွမ်ခမ်း” တဲ့။ ထိပ်မှာ ရွှေအတိပြီးတဲ့ စေတီလို့ အဓိပ္ပါယ်ရတယ်။ ဒီစေတီက ကျိုင်းတုံမြို့သက်တမ်းနဲ့ ထပ်တူနီးပါးပဲ...။ ကျိုင်းတုံမြို့ကို လေယာဉ်နဲ့ ပြန်ဖြစ်ရင် အရင်ဆုံး မြင်ရတာ ဒီစေတီနဲ့ သစ်တစ်ပင်တောင် ပေါ့...။ သစ်တစ်ပင်တောင် အကြောင်းကတော့ နောက်မှ ပြောပြမယ်...။ ဒီစေတီက မဟာမြတ်မုနိ ဘုရားရဲ့ မြောက်ဘက်က ကုန်းပေါ်မှာ ရှိတယ်။ ဒါ့ကြောင့် နေရာတိုင်း ရပ်ရှစ်မျက်နှာကနေ မြင်ရတယ်...။

အလယ်က မတ်ရပ်ကိုယ်တော်ကတော့ ကျိုင်းတုံမှာ အမြင့်ဆုံး မတ်ရပ် ဗျာဒိတ်ပေး ကိုယ်တော်ပဲ။ အမှတ် မမှားရင်တော့ ၉၈-၉၉ နောက်ပိုင်းမှ တည်ထား ကိုးကွယ်တဲ့ မတ်ရပ်ကိုယ်တော် ဖြစ်တယ်...။ တည်ထား ကိုးကွယ်တဲ့ အကြောင်းရင်းနောက်ခံကိုတော့ နေးတစ်ဗ် ကျိုင်းတုံသားများသာ သိလိမ့်မယ်။

ညာဘက်နားက ဘုရားဝင်းကတော့ မြဘုရားဝင်း ဖြစ်တယ်...။ ယိုးဒယားနဲ့ နယ်နိမိတ် နီးကပ်တဲ့ နေရာ ဖြစ်တော့ ယိုးဒယားဟန် နွယ်နေတဲ့ ဘုရားပုံတော်ကို ဖူးရပါလိမ့်မယ်။ ဘုရားရှေ့က ဝါဆို ဖယောင်းတိုင်ကြီးတွေဟာ ယိုးဒယားက ထုတ်ထားတဲ့ ဖယောင်းတိုင်တွေ ဖြစ်ပါတယ်။

ကျိုင်းတုံ အကြောင်းရေးရရင် တစ်ထောင့်နဲ့ သုံးညဖြစ်သွားပါလိမ့်မယ်။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့ အရပ်ကို ရေးရတော့ လွမ်းမိသလိုလို၊ ခုပဲ ပြန်ချင်သလိုလို ဖြစ်မိသား...။

ဒီပို့စ်ရေးဖြစ်တဲ့အတွက် ဓါတ်ပုံတွေ တင်တဲ့ နိုင်းနိုင်းကို ကျေးဇူးတင်ပါတယ်...။
တစ်ဆက်တည်း ဒီနေရာကနေပြီး ဓါတ်ပုံ အသုံးခွင့် တောင်းပါတယ်နော့ နိုင်းနိုင်း...။ :) (Hope You Don't Mind!!)

ဆက်စပ် ဖတ်ရှုရန်။
ခေမာရဌ် တမ်းချင်း (၁)
ခေမာရဌ် တမ်းချင်း (၂)

17 comments:

  1. ဖတ်သွားတယ် ကိုကြီးဘွိုင်းစ်။ လွမ်းစရာလေးပါ..။ တစ်ခေါက်လောက်တော့ ရောက်ဖူးချင်ပါသေးတယ်။

    ReplyDelete
  2. အခုလို ပို့စ်တင်ပြီး ကျိုင်းတုံမြို့အကြောင်း စုံစုံလင်လင် ရေးသားတဲ့အတွက် ကျေးဇူးပါလို့.. ဂိုက်က ထိုင်းလိုပဲရှင်းပြတော့ ကိုယ်က နားမလည်ဘူးဖြစ်နေတယ်။ ပုံအတွက် ကိစ္စမရှိပါဘူး သုံးပါ။ မြန်မာပြည်ကို ပြန်လာကြအောင် အဲလို ပုံနဲ့ပဲ မြူဆွယ်နေရတယ်လေ.. ဟီ..ဟိ

    ReplyDelete
  3. တခါမှ မရောက်ဖူးဘူး ။ သွားတော့လည်ချင်တယ် ကိုBoyz အိမ်လိပ်စာပေး ထမင်းသွားစားမယ် :P ကိုTZA ကလွမ်းတယ် Boyz ရယ်လို့ ဒါဖတ်ပြီး လာပြောအုန်းမှာ :P

    ReplyDelete
  4. “ခေါက်လံ” ဆိုတာ ကောက်ညှင်းကျည်တောက်ထဲ အုန်းနို့ ထည့်တဲ့ သဘောပေါ့နော်.... ငယ်ငယ်က ဆရာမ မနှင်းဖွေးရဲ့ ဆုရ၀တ္ထုတို ၁ ပုဒ်ထဲမှာ ခေါပုပ်ဆိုတာ ပါတယ်။ ကြံသကာနဲ့ရော နှမ်းထောင်းနဲ့ရော စားတယ်တဲ့။
    လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက စားဖူးချင်ခဲ့တဲ့ ခေါပုပ်.. ခုလည်းခေါက်လံစားချင်ပြန်ပြီ.....
    အဲ..ဘုရားတွေဖူးတယ်နော်...အစားကြောင်းချည်းပြောနေလို့...:P:P

    ReplyDelete
  5. ခရေတန်းရေ အချိန်ရရင် သွားလည်လိုက်ပါ။ သာယာပါတယ်။ တာချီလိတ်မြို့အထွက်နားနဲ့ သူနဲ့ဆန့်ကျင်ဖက် တောင်ကြီးမြို့ အထွက်နားမှာ ရေပူစမ်း ရှိတယ်။ ပျော်ပွဲစားထွက်လို့ ကောင်းတဲ့ နေရာပေါ့။ ခုလို ချမ်းအေးတဲ့ ဆောင်းရာသီဆို ရေပူစမ်းမှာ တိုကင်တွေ ယူနေရလောက်ပြီ။

    နိုင်းနိုင်းသို့ - ပုံသုံးလေးပုံပဲ သုံးရသေးတယ်။ အားရင် နိုင်းနိုင်းဆီက ကျန်တဲ့ ပုံတွေနဲ့ လွမ်းလိုက်ဦးမယ်...။ :D စကားမစပ် ဈေးထဲက နာမည်ကြီး ပါဖေါင်းရဲ့ ဝက်သားလုံးခေါက်ဆွဲ ၀င်စားခဲ့သေးလား...။
    ဒီမှာ ရေးထားတာ ရှိတယ်...။
    http://heartstations.blogspot.com/2008/04/2-pork-meat-ball.html

    နောက်လင်ခ့်တွေကတော့ ဒေသထွက် ရိုးရာ စားစရာများပေါ့။
    http://heartstations.blogspot.com/2008/04/blog-post.html

    http://heartstations.blogspot.com/2008/04/3.html


    မေမိုးရေ - နိုင်းနိုင်း ဓါတ်ပုံရိုက်တဲ့ နေရာနဲ့ မနီးမဝေးမှာပဲ နေတယ်...။ ထမင်းဝင်စားဗျာ...။ အမေ့လက်ရာ “ဖတ်လောလဲ” အရွက်စုံဟင်း ဆိုတာ နတ်သုဒ္ဓါနဲ့ မလဲနိုင်ဘူးဗျ...။

    ReplyDelete
  6. ဆင်ဆင်ရေ - ခေါက်လံဆိုတာ မျက်စိထဲ မြင်အောင် ပြောရရင် ရန်ကုန် ပွဲဈေးတန်းတွေမှာ ရောင်းတတ်တဲ့ ခဲလံလိုပဲ...။ ခဲလံက အခွံချွတ်ပြီး ရောင်းတာ...။ အရသာက ပေါ့ပျက်ပျက်နဲ့ ထင်တယ်...။ ဒီအတိုင်းတင်ပြီးရောင်းတော့ ဖုန်တွေဘာတွေနဲ့ စားချင်စိတ်ကို မရှိလို့ မမြည်းမိပါ။

    ခေါက်လံကျတော့ အပေါ်က ဆိုခဲ့သလို ကောက်ညှင်းနဲ့ အုန်းနို့ (မြေပဲဆံလဲ ထည့်တတ်သေးတယ်။) ထည့်တဲ့ အမျိုးအစား အပြင်
    ကောက်ညှင်းမှုန့်ကို ကြံသကာနဲ့ ရောထည့်ပြီး လုပ်တဲ့ ခေါက်လံ အမျိုးအစားလဲ ရှိတယ်...။

    စားတောင် စားချင်လာပြီ...။ ရှလွတ်

    ReplyDelete
  7. တခေါက်တော့ အရောက်သွားလည်မယ်ကွယ် ဒေသစာတွေ စားပြီး ဘုရားလည်းဖူးရင်းပေါ့

    ReplyDelete
  8. လိပ်စာကလဲ တိကျလိုက်တာနော် :P

    ReplyDelete
  9. ဘုရားကြီး၊ နောင်တုံကန်မှ အလိုဟာ ဆိုတဲ့ စားသောက်ဆိုင်၊ သစ်တပင်တောင်၊ ကျိုင်းတုံဟိုတယ်သစ်၊ ဟိုဒီပြေးလွှား ကစားခဲ့တဲ့ ဆေးရုံသစ်၊ ဆေးရုံသစ်ကိုမရောက်ခင် ဖြတ်သွားရတဲ့ မြို့ရိုးဟောင်းကြီး စတာတွေကို သတိတရနဲ့ လာဖတ်သွားပါတယ်။

    ReplyDelete
  10. မေမိုးပြောလို့ အရင်ရေးလိုက်အုံးမယ်.. အို.. လွမ်းတယ်ဘွိုက်ရယ်။

    ဖြစ်နိုင်ရင် ဒီပုံ နဲ့ ဒီပုံ ကို ဘယ်မှာရိုက်ထားလဲ ပြောပြပေးပါ၊ ယင်းလီပါတယ်။

    ပြန်မယ်၊ ပြန်ကိုပြန်ရမယ်၊ ခေါပုတ်စားမယ်၊ တိုဖူးသုပ်စားမယ်၊ ခေါက်ဖွန်းစားမယ်၊ ဖတ်လောလဲစားမယ်၊ အကုန်စားပစ်မယ်။

    ReplyDelete
  11. To TZA -
    ပထမပုံက မောင်ရင်တို့ အိမ်အ၀င်လမ်းလေးဖက်ကို တူရူပြုပြီး ရိုက်ထားတာလေ...။ ဈေးတောင်ဘက်ပေါက် ကုန်းကျောင်းအထွက်ကနေ ဘယ်ဘက်ကို လှည့်ပြီး မောင်ရင့်အိမ်ဘက်ကို ရိုက်ပြနေတာ...။
    (နိုင်းနိုင်းကတော့ မြန်မာဘလော့ဂါ နှစ်ယောက်ကို သူတို့အိမ်ရှိတဲ့နေရာတွေကို လှည့်ပတ်ရိုက်ပြီး နှိပ်စက်နေတယ်ဗျို့...။ ဟီး..)

    ဒုတိယပုံက ပါလို့ကုန်းဆင်း၊ လောထင်းလူ၊ လုပ်သား ထမင်းဆိုင်မရောက်ခင် နေရာ (ခေမရဌ် ရုပ်ရှင်ရုံဘက်ကို မကွေ့ခင်)အခု နာမည်ကြီး ဆေးခန်း ဖွင့်ထားတဲ့ နေရာ...။ နာမည် မေ့နေတယ်..။ အော် သိပြီ... စေတနာမြင့် ဆေးခန်း ဖွင့်ထားတဲ့နေရာလေ...။

    အရင်က ရိုစီအအေးဆိုင် (ခေမရဌ်ရုပ်ရှင်ရုံ ရှေ့က) နဲ့ မျက်နှာခြင်းဆိုင်မှာ ကောထယ် (ဖက်ထုတ်ကြော်) ရောင်းတဲ့သူတွေရဲ့ အဆက်အနွယ်လား မသိဘူး။ အခု ပုံရိုက်တဲ့ နေရာမှာ ညညဆို ကောထယ် ရောင်းနေတယ်...။ သူနဲ့ နီးနီးလေး ရုပ်ရှင်ရုံ အကွေ့ထောင့်မှာ နို့ဖလို့ လို့ ခေါ်တဲ့ အသားပြုတ်ကို ချိုကျဲကျဲ အရည်ဆမ်းထားတဲ့ဟာ က နာမည်ကြီးပဲ...။

    တောက်.. ပြောရင်းနဲ့ စားချင်လာပြီ...။

    တီဇက်အေ.. နင်နာ့ကို တော်တော် နှိပ်စက်ပါလား...။

    ReplyDelete
  12. ဈေးအနောက်ဖက်ပေါက် ဖြစ်မှာနော်... တောင်ဘက်လဲ မကျ အနောက်လဲ သိပ်မကျတဲ့ စကောစက နေရာ...။

    ReplyDelete
  13. အညင်ကတ်လိုက်တာ.. တူတို့ချည်းပြော၊ တူတို့ချည်း သိနေကြတယ်...
    သူတို့မြို့အကြောင်းဆိုပြီး.....

    ReplyDelete
  14. ဆင်ဆင်လဲ ဆင်ဆင့် မြို့အကြောင်းဆိုပြီး တင်လိုက်လေ...။ တို့တွေ လာအညင်ကတ် အဲ.. အဲ... လာအားပေးမှာပေါ့...။ :D

    ReplyDelete
  15. အင်း ... လွမ်းစရာလေးနော်...

    ReplyDelete
  16. ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

    :)

    ReplyDelete
  17. 3 Jan 09, 09:29
    sin dan lar: TZA:စီဘောက်ကစာများကို မနဲနားလည်အောင် ဖတ်ရပါသည်တဲ့ .GK မရှိရတဲ့ထဲ Basic ကလည်း နည်းရှာပေသကိုး
    3 Jan 09, 22:16
    kom: သို့..ခရေဖြူ..kom . chinese garden မှာနေပါသည်။ နှစ်သစ်ကူးညက လည်း အိမ်မှာဘဲနေပါသည်။ဘယ်မှမသွား..။ဘာမှမလုပ် (တကယ်ပါ)။ သို့.စင်စင်..TZA basic နည်းဆို ကျိုင်းတုံ ကလာတာကိုး အေ့။
    3 Jan 09, 22:28
    TZA: အို.. ဒါဆို ဘွိုက်ကိုပါစော်ကားမိပြီ၊ သူချိတ်ကောက်မှာမြင်ယောင်နေတယ်.. ညှင်းညှင်း..

    ReplyDelete