Wednesday, May 13, 2009

Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။

အခုတော့ နည်းနည်းချင်းစီ တင်သွားပေးချင်ပါတယ်။ တစ်ခါတည်း တင်မယ်ဆို ပျင်းရိသွားမှာ စိုးလို့ပါ။ ဘာတင်မှာလဲဆိုတော့ လွန်ခဲ့တဲ့ မတ်လတုန်းက သွားခဲ့ဖူးတဲ့ ခရီးတိုလေးက အမှတ်တရလေးတွေပါ။ သွားတဲ့နေရာကတော့ ဘန်ကောက်လို့ အများက ခေါ်ကြတဲ့ ကုန်းထိပ် ခေါ် Krung Thep Maha Nakorn ပါ။ အာရှတစ်ခွင်မှာ နာမည် အရှည်ဆုံးမြို့ဆိုတဲ့ ဘွဲ့ကို ရထားတဲ့ မြို့ဖြစ်ပါတယ်။ တိုက်ဂါးအဲယားဝေးနဲ့ တစ်ပတ်စာ လက်မှတ် ၀ယ်သွားတာပါ။ နောက်မှ အွန်လိုင်းက ၀ယ်ရင် ကိုယ်ဝယ်ချင်တဲ့ နေ့ရက်မှာ ဈေးအသက်သာဆုံး ရနိုင်တဲ့ Tip and Trick ကို သင်ပြပါမယ်။ အခုတော့ ဘန်ကောက်ကို ခရီး ဆက်ကြစို့လား။

အထက်ပါ ပို့စ်က ဆိုခဲ့တဲ့ အတိုင်း ည ၇ နာရီနဲ့ ခရီးနှင်ခဲ့တာ ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ်ကို ဒေသစံတော်ချိန် ည ၈ နာရီလောက် ရောက်ခဲ့ပါတယ်။ တစ်ခုသတိထားမိတာက အဲဒီ လေဆိပ်ရဲ့ ဆိုက်ရောက်ဆောင်မှာ ဂျူတီ ဖရီးဆိုင်တွေ စင်ကာပူလောက် ထယ်ထယ်ဝါ၀ါ မရှိတာပါပဲ။ ဂျူတီဖရီးကနေ ဖြတ်လျှောက်လို့ တစ်ပိုတစ်ပါးများ သွားချင်ရင်ဖြင့် အမျိုးသမီးနဲ့ အမျိုးသား သန့်စင်ခန်းကို သတိပြုဖို့ လိုပါတယ်။ အမျိုးသမီး သန့်စင်ခန်းတွေ့လို့ အမျိုးသား သန့်စင်ခန်းများလဲ ကပ်ရပ်မှာ ရှိလိမ့်မယ်လို့ မထင်ပါနဲ့။ ရွေ့လျားလှေကား တစ်ခုစာ လောက်ကို လျှောက်ရပါတယ်။ ကိစ္စ၀ိစ္စများ ပြီးလို့ရှိရင် အင်မီဂရေးရှင်းဆီကို နောက်ထပ် တစ်ထပ် တက်ရမှာပါ။ အဲဒီမှာ ဗီဇာတုံးထု၊ ပစ္စည်းများ ရွေး၊ ကပ်စတန်ကောင်တာ အစိမ်းလိုင်း (Green Channel) ကိုဖြတ်လိုက်ရင် Arrival Hall ကို ရောက်ပါပြီ။ အဲဒီမှာ Prepaid ဖုန်းကဒ် ၀ယ်ချင်ရင် ၀ယ်လို့ ရပါတယ်။ 12Call ကို ၀ယ်ဖို့ အကြံပေးချင်ပါတယ်။ ဘတ်၃၀၀ တန်ကို ၀ယ်ပါ။ ဘတ်၁၀၀ တန်က ခဏလေးနဲ့ ကုန်သွားနိုင်ပါတယ်။

အဲဒီကနေ ဆက်လျှောက်သွားရင် ဘယ်ဘက်မှာ တက်စီအငှားယာဉ်များ တန်းစီထားတဲ့ ကောင်တာကို ရောက်ပါလိမ့်မယ်။ အစိုးရကနေ ကန်ထရိုက် ပေးထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပါတယ်။ ကိုယ်သွားလိုတဲ့ နေရာကို လိပ်စာ ပြောလိုက်တာနဲ့ သူတို့က ဘောင်ချာ တစ်စောင် ဖြတ်ပေးပါလိမ့်မယ်။ အဲဒီ ဘောက်ချာမှာ ကိုယ်သွားလိုတဲ့ နေရာ (သို့မဟုတ်) အနီးဆုံးနေရာကို သူတို့ ရေးထားပါလိမ့်မယ်။ အလှည့်ကျ တက်စီသမားကို ဘောက်ချာ ပြလိုက်တာနဲ့ သူတို့ လိုက်ပို့ပါလိမ့်မယ်။ တက်စီမီတာ ဖြစ်ပါတယ်။ ဘန်ကောက်မှာ Tip ပေးတာ ထုံးစံ ပါ။ ကျသင့်ငွေထဲမှာ ၃၀-၅၀ လောက် ပေါင်းထည့်ပေးလိုက်ပါ။

ကဲ ဟော်တယ် ရောက်ပြီဗျာ...။ (ဟော်တယ်ကတော့ ဘွတ်ကင် ကြိုလုပ်ထားလိုက်ပါ။) Walk in ဆို အခန်းကောင်းကောင်း မရတတ်ပါဘူး။ ဒီတစ်ခေါက်တော့ Makkasan ဆိုတဲ့ ဟော်တယ်မှာ တည်းဖြစ်ပါတယ်။ သွားရလာရ လွယ်ကူပြီး၊ အချက်အချာကျတဲ့ နေရာ ပေါင်းစုံနဲ့ နီးလို့ပါ။ နာမည်ကြီး IT Mall ဖြစ်တဲ့ PanTip PlazaWorld Trade Center၊ လေးမျက်နှာ ဘုရား၊ PraTuNum Market တို့နဲ့ နီးပါတယ်။ အစားအသောက်ကလဲ ပေါပါတယ်။ ဟိုနားဒီနား သွားချင်ရင်လဲ ဘတ်စ်ကားတွေ ပေါတယ်။
(ဘန်ကောက် တော်တော်ပူလာတယ်။)


လေးမျက်နှာဘုရား


ဟော်တယ်ကို ချက်အင်လုပ်၊ ပစ္စည်းထားပြီး ရောက်လာတဲ့ သူငယ်ချင်းနဲ့ ဖုရာ့ခနေ့ရှ် လို့ခေါ်တဲ့ ဟိန္ဒူ ဘုရားရှိရာ Big C ကုန်တိုက်နားကို လမ်းလျှောက်သွားကြပြီး ထမင်းစားကြပါတယ်။
ငါးကင်

ဘန်ကောက်မှာ ထမင်းစားတာ တန်ပါတယ်။ တစ်တောင်လောက် ရှည်တဲ့ ငါးကင်တစ်ပွဲ၊ အူနုကင်တစ်ပွဲ၊ ကြက်သားကင် တစ်ပွဲ၊ ၀က်သားချဉ်ကင် တစ်ပွဲ၊ သဘောင်္သီးထောင်းတစ်ပွဲ၊ ၀က်သားသုပ်တစ်ပွဲ၊ ကောက်ညှင်းထမင်း၊ အအေး စားတာ လူနှစ်ယောက်ကို ဘတ် ၂၃၀ ပဲ ကျတယ်။ အဲဒီကနေ ကြံရည် အအေး တစ်ဗူးကို ဘတ်၂၀ တန်နဲ့ ဟိန္ဒူဘုရား ရှိရာ World Trade Center လေဟာပြင်မှာ အေးအေးလူလူ အနားယူကြပါတယ်။
အူနုကင်

ထိုင်းကောက်ညှင်း

ဒီနေ့တော့ ဒီမျှနဲ့ပဲ ကျေနပ်ကြပါ။

7 comments:

  1. မေ့လောက်ရှိမှ ထရေး.. လူဇိုးပဲ...။

    ReplyDelete
  2. ငါးကင်ကလဲ.. အသားတွေပြောင်လို့... အရိုးပဲ မြင်ရတယ်.. ဟဲဟဲ.. ကောက်ညှင်းကတော့ စားချင်စရာလေး။ ...

    အပိုင်း ၃ မျှော်နေပါ၏...

    ReplyDelete
  3. 13 May 09, 21:06
ုkom: နှစ်ခါကြည့်သွားပါတယ် ရှန.်။

    13 May 09, 21:04
    sin dan lar: အယ်.. ငါ ဗီဒိုကြည့်ဖို့ မေ့ခဲ့ပါလား.. ကိုဘ မသိခင် အမြန် ကလစ်မှ လာလေ့

    13 May 09, 21:04
    sin dan lar: e မောင်နှမ 2 ယောက် အိမ်သာအာကာင်း စလာကြပြီ...

    13 May 09, 21:02
ုkom: ဖတ်စရာကုန်သွားပြီ ဆိုရင်တော့လည်း ဗွီဒီယိုကြည့်လိုက်ဦးမယ်

    13 May 09, 21:02
ုkom: မအယ်ဇီ က ဘာကိုများသွားနှိပ်လိုက်ပါလိမ့်. တို့တော့ တစ်ခါမှ မဖြစ်ဘူးပါဘူး ဘွိုင်းက ဘွိုင်စ် ပါ.

    13 May 09, 21:02
ုkom: မျိုါ် ပေါက်. နန်းညီ နဲ့ မအယ်ဇီ..

    13 May 09, 21:01
ုkom: မဂ်လာပါ ကိုဘ

    13 May 09, 21:01
ုkom: မင်္ဂလာပါ စင်စင်

    13 May 09, 21:01
ုkom: ဗွီဓီယိုပြီးမှ ပြန်လာကြည့်မယ်။ ဘတ် ၂၃၀ ဆိုတာ စလုံးကိုပြောင်းပေးရင်ကော်းမယ်. မဟုတ်ရင်သွားပြောင်းဖြစ်မှာ မဟုတ်ဘူး ဗဟုသုတ သိချင်လို့။ ( ဒါဘဲလား နည်းလိုက်တာ ဆက်ရေးပါဦးတကယ် ဖတ်ချင်ပါတယ။် )

    13 May 09, 21:01
    sin dan lar: မမ.. ကိုဘ... မင်္ဂလာညပူပါ.. အိုက်လိုက်တာ

    13 May 09, 20:59
ုkom: အိမ်သာ က ပါလာပြန်ပြီ. ကိုပေါ ပြောလည်းပြောစရာဘဲ ကိုကာကိုလာဗူးကလေး လဲ ကိုင်ပြီးဝင်သွားပုံ ကို မြင်ယောင်မိသေးရဲ့။ (အချက် အချာ ကျတဲ့ နေရာတွေ ကိုသိချင်တယ်။ ) အော်ပြောပြထားသာဘဲး ပတ်ပုန်းနဲ့နီးတယ် ထင်လို့

    13 May 09, 20:54
ုkom: အိုး. .........ဖလားဝါး ကိုကျော်သွားတော့မလို့ ပြန် ကြည့်လိုက်ဦးမယ်

    13 May 09, 20:54
ုkom: နစ်ရောက်ပြီ။

    13 May 09, 20:53
ုkom: ယိုးဒယား သမိုင်းကို တော့ထပ်ပြီး ကျော်ဖတ်လိုက်ဦးမယ်

    13 May 09, 20:52
ုkom: အစ်မတော် ဆိုတာ မခင်မင်းဇော်လားဟင်

    13 May 09, 20:51
    Boyz: ပုံမှန်ပဲ သောက်ပါဆို ရေချိန်များလာတာကိုး။ မူးမှာပေါ့

    13 May 09, 20:51
    Boyz: စာဖတ်သူ ပိတ်သတ် response ကြည့်လိုက်ဦးမယ်။ ကြိုက်ရင် ဆက်တိုက် တင်မယ်။ မကြိုက်ဘူးဆို ဒီတင် ရပ်မယ်။ (ဤကား မားကက်တင်း ဆင်းခြင်း...)

    13 May 09, 20:51
ုkom: နေပါဦးလေ. အခုမှ ပြန်ရောက်လို့နဲနဲမူးနေလို့ပါ. ခွေးလွတ်.. ဟဲ့ ပလုပ်တုတ်..
    13 May 09, 20:50

    Boyz: ၃ တောင် တင်ချင်မှ တင်တော့မယ် .. အဲလို ဂရုတစ်စိုက် ဖတ်ပုံနဲ့ဆိုရင်တော့...။ Goat Wind ပါတယ်။

    13 May 09, 20:50
ုkom:ြ့ပန်ဖတ်လိုက်ဦးမယ် အခုမှ စဖတ်တာအေ့။

    13 May 09, 20:49
    Boyz: သေချာလဲ မဖတ်ဘူး.. ခက်တယ်...။

    13 May 09, 20:49
ုkom: အော် မတ် လ ဆယ်ရက် နေ့ တစ်ထားတာကိုးသိပြီ ဆောရီး။

    13 May 09, 20:49
ုkom: ဘန်ကောက် တစ် ကဘယ်မှာဘဲ ဘာဖြစ်ပြီး နှစ်ရောက်သွားတာလဲ။

    ReplyDelete
  4. တက်ဆီ စီးတာ တခါမှ Tip မပေးဘူးပါ။
    အေးလေ ... စင်ကာပူက သထိန်းဆိုတော့လဲ ဂလိုပေါ့။

    ReplyDelete
  5. ဟုတ်ပါ့ ငါးက အရိုးချည်းကျန်တော့တယ်.....ကောက်ညှင်းထည့်တဲ့ဗူးလေးကိုမြင်ရတာ အဖွားကိုလွမ်းလိုက်တာ ။ အဖွားတို့ လယ်ထဲသွားရင် အဲလိုနှီးဗူးလေးတွေနဲ့ ကောက်ညှင်းကိုထည့်သွားတယ်သိလား။

    ReplyDelete
  6. အရိုးချည်းပဲ ကျန်တော့မှ သတိရတယ်။ ဒါတောင်မှ ဒီတစ်ကောင်က အသားတော်တော်များ ကပ်ကျန်ပါသေးတယ်။ ခါတိုင်း စားနေကျအကောင်တွေဆို အရိုးချည်းပဲ ကျန်တယ်။ ခေါင်းကိုပါ စားကြတာ။
    ဒီတစ်ခေါက်တော့ ငန်လွန်းလို့ ချန်ထားလိုက်ကြတာ။

    ReplyDelete
  7. အရိုးပဲ မြင်ရတယ်

    ReplyDelete