Tuesday, May 26, 2009

Susan Boyle တစ်ယောက် ဖိုင်နယ် ရောက်မရောက်

ဆူစန် တစ်ယောက် မနေ့က ဆီမီးဖိုင်နယ် ပွဲစဉ်မှာ စိတ်လှုပ်ရှားနေတာ အထင်းသား ပေါ်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ်တွေ သေချာ လိမ်းထားတာ တွေ့ရတယ်။ သီဆို ယှဉ်ပြိုင်တဲ့ သီချင်းကတော့ musical ဖြစ်တဲ့ CATS ထဲက သီချင်း ဖြစ်တဲ့ "Memory" ဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ဆူစန်စတိုင်နဲ့ ထပ်ဆိုသွားပါတယ်။ အဲဒီအတွက် အိမ်တွင်း ရုပ်သံကြည့် ပရိသတ်များဟာ ဆူစန်ကို နောက်လာမယ့် စနေ ဖိုင်နယ် ပြိုင်ပွဲတက်ဖို့ အတွက် မဲတွေ ပေးခဲ့ကြပါတယ်။ ဒိုင်တွေကလဲ ဆူစန်ကိုပဲ ပါဝင်ယှဉ်ပြိုင်သူ ၈ ယောက် ထဲကနေ ဖိုင်နယ် ပွဲစဉ်ကို ပို့ဆောင်လိုက်ပါပြီ။
(Susan ယှဉ်ပြိုင်ခဲ့တဲ့ Memory သီချင်းသီဆိုပုံကို အောက်က ယူထုမှာ ကြည့်ရှုနိုင်ပါတယ်။)


Credit to : jemiebughblog


ဆူစန်ဟာ အရင်ပွဲစဉ်တုန်းက Les Miserable ထဲက "I Dreamed A Dream" ဆိုတဲ့ သီချင်းနဲ့ Britain's Got Talents ဒိုင်တွေကို အံ့အားသင့်စေခဲ့ရုံမက အဆိုပါ သူမ သီဆိုဖျော်ဖြေမှုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဟာလဲ ယူထုပေါ်မှာ လူသန်းပေါင်းများစွာ ကြည့်ရှုရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် Larry King Live, The Oprah Winfrey Show စတဲ့ တီဗွီ ရုပ်သံ အစီအစဉ်တွေမှာ ဆူစန်တစ်ယောက် စတား ဖြစ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်တင်မက The Simpsons ဆိုတဲ့ နာမည်ကျော် ရုပ်ပြောင် ကာတွန်းကား အစီအစဉ်မှာလဲ ရည်ညွှန်းခြင်း ခံရတဲ့ အထိ ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။

အေပီ က လာတဲ့ သတင်း တစ်ပုဒ်အရ ဆူစန်ဘွိုင်းလ်ဟာ အခု ရာသီ Britain's Got Talents မှာ ဗိုလ်စွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဆူစန်ကတော့ ဖြစ်နိုင်ရင် သူမသာလျင် တစ်ဦးတည်း ဗိုလ်စွဲချင်ကြောင်း၊ အဲဒါမှ သူမသည်လည်း လူ့အဖိုးတန်တစ်ယောက် အဖြစ် သက်သေပြနိုင်မှာ ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။

မိတ်ဆွေတို့လဲ ဆူစန် တစ်ယောက် အနိုင်ရမယ်လို့ ထင်ကြပါသလား။

8 comments:

  1. Ko Boyz က အခု အလုပ်မှာလား အိမ်မှာလား..
    MC ယူပြီး အိမ်မှာနားနေတယ် ထင်ရလောက်အောင် ဘလော့ရေးလိုက် ဂိမ်းဆော့လိုက် ဖိုရမ်ရေးလိုက်များ ဖြစ်နေသလားလို့ ..

    ReplyDelete
  2. (အဟိ) ဦးဘွိုင်းဇ် ပုံကြီးများလားလို့။ သေသေချာချာ ဖတ်ကြည့်မှ ဆူဇန်ဘွိုင်းလ်ဆိုလို့ တော်သေး။

    ReplyDelete
  3. သူ့အကျိုးပေးနဲ့ သူပဲဗျ
    အချိန်တန်လာရင် တားမရဘူး

    ReplyDelete
  4. ဟေးတို့ကတော့ Diversity Group ပဲဟေ့
    မနေ့က တော့ Shaung smith မဲရသွားတယ်နော် Amanda ကပြောတာလေ my heart is telling me ဆိုပြီး ၂ ယောက်ကိုရွေးခိုင်းတော့ ရွတာ နော် ဟိဟိ အဲဒါကောကြည့်ပြီးပြီလား ကိုဘွိုင်းဇ်ရ မကြည့်ရသေးရင် ရှာကြည့်လိုက်ဦးလေ သိလား အဲဒါ သတင်းပေးတာ
    ဘိုင်

    ReplyDelete
  5.့ဘွီိုင်းပြောမှတော့နိုင်မှာပေါ့။

    ReplyDelete
  6. အသံကောင်းတယ်.. ဒါပေမယ့် သူ့ကို မြင်ရင် ပြုံးချင်မိတာ ဘာကြောင့် မှန်းမသိဘူး...။

    ReplyDelete
  7. မနေ့က သတင်းစာမှာ ဖတ်မိတော့
    သူ နံပါတ် (၁) ရတယ်တဲ့..
    ဆုရတာ ကြေညာတော့ အဘွားကြီးက တန့်ဆွဲပြလိုက်သေးတယ်

    ReplyDelete
  8. ဖိုင်နယ် ကို ၀င်ပြိုင်ခွင့်ရလို့ ပျော်နေတာပါ။
    ဖိုင်နယ်က မေ ၃၀ မှပါ။ ဆုကြေးငွေ ပေါင်စတာလင် ၁၀၀,၀၀၀ ချီးမြှင့်မယ်လို့ သိရပါတယ်။

    မနေ့က Shaheen Jafargholi ဆိုတဲ့ ကောင်လေးလဲ ဖိုင်နယ်ကို ထိုက်ထိုက်တန်တန် ရောက်သွားပါတယ်။

    ReplyDelete