Saturday, May 2, 2009

Swine Flu Case in Hong Kong (First Case in Asia)


Credit : NY Times
ဒီကနေ့ သောကြာနေ့မှာ ဟောင်ကောင်အုပ်ချုပ်ရေး အဖွဲ့ကနေပြီးတော့ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ပထမဦးဆုံးသော ၀က်တုပ်ကွေး ကူးစက်သူ ရောဂါ ဝေဒနာ ရှင် တစ်ယောက်ကို စစ်ဆေးပြီးနောက်ပိုင်း ဒီကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။ အဆိုပါ လူနာဟာ မက္ကဆီကိုနိုင်ငံကနေ ရှန်ဟိုင်းတစ်ထောက်နားပြီး လာတာ ဖြစ်ပါတယ်။ ကြာသပတေးညက အဲဒီ လူနာနေထိုင်တဲ့ ဟော်တယ် တစ်ခုလုံးကို မ၀င်ရ၊ မထွက်ရ ဇုံ အဖြစ် Quarantine သတ်မှတ်လိုက်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်တာ ကာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ်အိပ်မက်ဆိုးကို လန့်နိုးလိုက်သလိုပါပဲ။ ယခု လူနာဟာ ရှန်ဟိုင်း လေဆိပ်ထဲကနေ အပြင်ကို ထွက်မသွားဘူးဆိုပေမယ့် ရှန်ဟိုင်းက တာဝန်ရှိသူတွေကို ခေါင်းခဲစေပါပြီ။ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင်သူများ ပြောကြားချက်အရ လူနေ ထူထပ်တဲ့ အာရှနိုင်ငံတွေမှာ တုပ်ကွေး ကူးစက်မှု ဖြစ်ပွားခဲ့ရင်တော့ ရောဂါကို ထိန်းချုပ်ရန် အတော်ကို ခက်ခဲနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။

ကမ္ဘာနဲ့ အ၀ှမ်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူ ဦးရေဟာ တစ်ဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတင် ကူးစက်ခံရသူ ဦးရေဟာ ပြည်နယ်ပေါင်း ၁၉ ပြည်နယ်မှာ ၁၄၁ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဟောင်ကောင်က ပထမဦးဆုံး သတ်မှတ်ခံရတဲ့ ၀က်တုပ်ကွေး လူနာဟာ ကြာသပတေး ညနေပိုင်းက ချိုင်းနား အရှေ့လေကြောင်းနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး ဟိုတယ်မှာ ချက်အင်ပြီးတဲ့နောက် စတင် ဖျားနာခဲ့ရာက သတိပြုမိကြတာ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာက လူနာကို ဒေသဆိုင်ရာ ဆေးရုံမှာ သီးသန့်ထားလိုက်ပြီး အဆိုပါ ဟိုတယ်ထဲက လူ၂၀၀ ကိုလဲ သီးသန့် နေစေကာ အနီးအနားက မက်ထရိုပတ်ခ်ကိုလဲ ၇ရက်တိတိ ပိတ်ခိုင်းလိုက်ပါတယ်။

ဟိုတယ် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ကိုလဲ သီးသန့်ဇုံအဖြစ် ညတွင်းချင်း ပြောင်းလဲထားတဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်စေမယ်လို့ သိရပါတယ်။ အပြာရောင် ယူနီဖေါင်း ၀တ်စုံ ၀တ်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ကျန်းမာရေး လုပ်သားများဟာ တာမီဖလူး ဆေးဝါးများ လာရောက် ဝေငှတယ်လို့ သိရပါတယ်။ အဆိုပါ တာမီဖလူး ဆေးဟာ တုပ်ကွေးရောဂါပိုးရဲ့ သက်တမ်းကို တိုတောင်းစေတာ ဖြစ်ပါတယ်။

ဟောင်ကောင် ကျန်းမာရေးဌာန က ဒါရိုက်တာ ဒေါက်တာ လမ်ပင်းလျန်ရဲ့ ပြောကြားချက်အရ မည်သူ တစ်စုံတစ်ယောက်ကမှ ကျန်းမာရေး အရာရှိရဲ့ ခွင့်ပြုချက်မရပဲနဲ့ အဆိုပါ ဧရိယာအတွင်းသို့ ၀င်ရောက်၊ ထွက်ခွာခြင်း မပြုရဘူးလို့ သိရပါတယ်။

သတင်းအကျယ်ကို ဖတ်ရှုလိုပါက နယူးယောက်တိုင်းမ် သတင်းဝေါစထရိ ဂျာနယ် သတင်း နဲ့ အေပီ သတင်း တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ကြပါတယ်။

စင်ကာပူနဲ့ ဟောင်ကောင်အကြားမှာ လေယာဉ်ခရီးစဉ် အပြန်အလှန် ပြေးဆွဲပါတယ်။ စင်ကာပူကနေ ဟောင်ကောင်ကို Singapore Airline ကနေပြီးတော့ ဟောင်ကောင်ကို နေ့စဉ် တစ်ရက်လျင် ခရီးစဉ် ငါးခေါက်နှုန်းနဲ့ လေးနာရီကြာ ခရီးစဉ်ကို ပုံမှန်ပြေးဆွဲနေပါတယ်။ တစ်ခြား ပြေးဆွဲတဲ့ လေကြောင်းများလဲ ရှိနိုင်ပါတယ်။

9 comments:

  1. ကြောက်စရာဂျီး

    ReplyDelete
  2. 2 May 09, 01:48
ုkom: ဟောင်ကောင်နဲ့စလုံးဘယ်လောက်ဝေးသလဲ။ နီးသလား။ လေယဉ် ငါးနားရီကြာမယ်ထင်တယ။်

    ReplyDelete
  3. Singapore Airline ကနေပြီးတော့ ဟောင်ကောင်ကို နေ့စဉ် တစ်ရက်လျင် ခရီးစဉ် ငါးခေါက်နှုန်းနဲ့ လေးနာရီကြာ ခရီးစဉ်ကို ပုံမှန်ပြေးဆွဲနေပါတယ်။
    တစ်ခြား ပြေးဆွဲတဲ့ လေကြောင်းများလဲ ရှိနိုင်ပါတယ်။

    ReplyDelete
  4. ကိုဘွိုင်းရဲ့ ဘလော့ကိုတော့ မဖတ်ရမရေးရဆိုပြီး Quarantine မလုပ်ထားဘူးမဟုတ်လား... လွတ်လပ်စွာရေးသားခွင့် ရှိပါတယ်

    ReplyDelete
  5. သာမယ် စကန်နဲ့ကော စစ်ပြီးပလား ။

    ReplyDelete
  6. ကြည့်ရတာ Thermal Scan ကနေ လွတ်ထွက်လာတဲ့ လူနာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ကိုယ်မပူပဲ ဟိုတယ်ထဲကို ချက်အင်လုပ်မှ ဖျားနာရာကနေ အပူကြီးလို့ ဆရာဝန်တွေ သတိပြုမိတဲ့ ကေ့စ် ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

    ReplyDelete
  7. Singapore မှာရော mask တွေသုံးဖို့လိုနေပြီလား ။ အသိတစ်ယောက်အလုပ်လုပ်နေတဲ့ဆိုင်မှာတော့ သာမိုမီတာနဲ့ ပါးစပ်အကာတွေ sold out ဖြစ်သွားတယ်တဲ့ ။ အပြင်မှာတော့ သူများတွေတပ်တာမတွေ့သေးဘူး။ Transporater 2 ရုပ်ရှင်ထဲကလိုဖြစ်နေတာနော် ။ ကြောက်စရာကြီး ။

    ReplyDelete
  8. ဖတ်ရင်းဖတ်ရင်းနဲ့ စိတ်ဝင်စားစရာတွေ တိုးတိုးလာတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူထူထပ်တဲ့နေရာကိုတတ်နိုင်သမျှရှောင်ရမယ်ဆိုပေမဲ့ အလုပ်သွား ၊ အလုပ်ပြန် ရှိသေးတယ်။ ဒီလောက် ဂရုစိုက်ကြည့်တဲ့ကြားက Thermal Scan ကနေလွတ်သွားနိုင်သေးတာအံ့ပါရဲ့။ ဆိုးဆိုးရွားရွား မဖြစ်သေးပေမဲ့ သက်ဆိုင်ရာနိုင်ငံတိုင်းမှာ ကြိုတင်ပြင်ဆင်မူ့တွေလုပ်ထားတာ အားရစရာပါပဲ။mask တွေ sold out ဖြစ်ကုန်တာကတော့ အခုမသုံးသေးပေမဲ့ လိုအပ်တဲ့အချိန်သုံးဖို့ ကြိုတင်ဝယ်ထားကြတာပဲဖြစ်မှာပါ။

    ReplyDelete
  9. အဲဒီ မက်ဆီကန်က ဟိုတယ်ရောက်မှ ဖျားတာလို့ ခုနက သတင်းတွေမှာ ကြည့်လိုက်ရတယ်။ ကိုယ်ပူချိန် မတက်သေးတဲ့ အချိန်မှာ သာမယ် စကဲန်ကို ဖြတ်မိတဲ့ အချိန်လဲ ဖြစ်နိုင်တာပဲ။ အစက သာမယ် စကန်တပ်ထားတယ် သတင်းကြားတော့ ကိုယ်က စိတ်ချနေတာ။ ခုတော့ ဒီလို ကိစ္စတွေ ရှိတယ်ဆိုတော့ လုံခြုံရေးလဲ လစ်ဟာနိုင်တာပဲ ဆိုတာ တွေ့တော့ ပိုလန့်သွားတယ်။ တောင်ကိုးရီးယားမှာ အခု ၀က်တုပ်ကွေး ကူးစက်တဲ့ လူနာ စတွေ့ပါပြီ။ သူက ပြီးခဲ့ တနင်္ဂနွေကမှ မက်ကဆီကိုက ပြန်လာတာတဲ့။ တစ်ပတ်အကြာမှ ရောဂါလက္ခဏာ ပြတာပါ။ ဂိ....။

    ReplyDelete