Sunday, May 3, 2009

ပေါက်စီဋီကာ 小籠包 Pauk-Si (18+ DEN)

ပေါက်စီ။
တရုတ်အမျိုးသားတို့ရဲ့ ရိုးရာ အစားအစာ။
ဂျုံမှုန့်ကို အထဲမှာ အသားဖြစ်ဖြစ်၊ ပဲချို ဖြစ်ဖြစ် ဌာပနာထားပြီး ပေါင်းထားတဲ့ မုန့်။
တစ်ခါတစ်လေ ဘာမှ မထည့်ပဲ ဒီအတိုင်း အလွတ်ပေါင်းတာတွေ ရှိတယ်။ ဒါကိုကျတော့ အချဉ်ရည် လို တို့စရာ တစ်မျိုးမျိုးနဲ့ တို့စားတာ ရှိတယ်။ အဆာပြေ အနေနဲ့ စားစား၊ မုန့်ပဲ သွားရည်စာလိုပဲ စားစား၊ ထမင်းလွတ်ပဲ စားစား စားလို့ရတဲ့ အစာ။

အစကတော့ ပေါက်စီက တရုတ်လူမျိုးတို့ရဲ့ စားစရာ။ နောက်တော့ ကမ္ဘာရွာ ဆိုတဲ့ နိယာမအရ အရှေ့ဖျား ဂျပန်မှသည် အနောက်တစ်လွှား အမေရိကားဆီသို့ ပျံ့နှံ့သွားပါပြီ။ တစ်ကမ္ဘာလုံး ပေါက်စီဆိုတာ မသိ မရှိတော့ပါဘူး။ မနက်စာ ဒင်းမ်ဆမ်း စားရာမှာ မန်ထိုပေါက်စီ၊ အဆာပြေ စားရာမှာလဲ ဒီပေါက်စီ.. ဟိုမှာလဲ ပေါက်စီ.. ဒီမှာလဲ ပေါက်စီနဲ့ နေရာအနှံ့ ပေါက်စီမှ ပေါက်စီ ဖြစ်နေပါပြိ...။

ငယ်ငယ်တုန်းကဆို အိမ်ရှေ့ကို ဖြတ်ဖြတ်ပြီး လည်ရောင်းနေတဲ့ ပေါက်စီသည် နှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး တရုတ် အဖိုးအိုတွေ။ တစ်ယောက်က ဆိုင်းထမ်း နဲ့ ထမ်းရောင်းတယ်။ တစ်ဘက်က ပေါက်စီတွေ ထည့်ပေါင်းထားတဲ့ ပေါင်းအိုးနဲ့ အောက်က မီးသွေးမီးဖို ပူပူနဲ့။ ကျန်တဲ့ ဆိုင်းထမ်း နောက်တစ်ဘက်ကတော့ သတင်းစာ စက္ကူဖြတ်စတွေနဲ့ ကျွတ်ကျွတ်အိတ်၊ အချဉ်ရည် နီစွေးစွေးတွေ...။ နောက်ထပ် တစ်ယောက်ကတော့ လှည်းကလေးနဲ့ ရောင်းတယ်။ လှည်းကလေးကို ထိပ်နားမှာ မီးဖိုနဲ့ ပေါင်းအိုးနဲ့ ပေါက်စီတွေ ပေါင်းထားတယ်။ အဖုံးကတော့ အခုခေတ်လို ဒန်အိုးဖုံး မဟုတ်ပဲ သုံးထပ်သားပြားတွေ ၀ါးဘိုးဖတ်တွေနဲ့ ကိုယ်တိုင် လုပ်ထားတဲ့ ဟုမ်းမိတ်အဖုံး။ ဆောင်းတွင်းချိန်ဆို အဲဒီလှည်းနား ကျွန်တော်တို့ ကလေးတစ်သိုက် သွားသွားကပ်ကြတယ်။ မီးဖိုဓါတ်က အနွေးဓါတ်ရယ်၊ ပေါက်စီအဖုံးကို ဖွင့်လို့ ထောင်းကနဲ ထွက်လာတဲ့ ပေါင်းအိုးအငွေ့ပူပူနဲ့ တွဲပါလာတတ်တဲ့ ပေါက်စီနံ့ မွေးမွေးလေးရယ်...။ အဲဒါတွေက ကျွန်တော်တို့ ကလေးတစ်သိုက်ကို အတော် စွဲဆောင်မှု ရှိခဲ့တယ်...။

ပေါက်စီကို ၀က်သားပေါက်စီကြက်သားပေါက်စီနဲ့ ပဲပေါက်စီ ဆိုပြီး ခွဲခြား ရောင်းတာ ရှိတယ်။ ၀က်သားပေါက်စီဆို ပေါက်စီထိပ်မှာ အနီရောင် တို့ထားတယ်။ ကြက်သားပေါက်စီဆို အစိမ်းရောင်။ ပဲပေါက်စီကတော့ ဘာမှ တို့မထားဘူး။ ကျွန်တော်ငယ်ငယ်က ဘာလို့ အသားပေါက်စီတွေ မစားလဲ မသိဘူး။ ပဲပေါက်စီပဲ စားတယ်။ ချိုလို့နေမှာ။ ပေါက်စီ အဲလောက် မက်မက်စက်စက် သိပ်မကြိုက်ခဲ့ဘူး။ အခုကြတော့ ပေါက်စီဆို ကြိုက်သလား မမေးနဲ့။ ဘာပေါက်စီပဲလာလာ အကုန်ကြိုက်တယ်။ :D

ပေါက်စီမှာ အဓိကအားဖြင့် ပါတာကတော့ အသားပေါက်စီမှာဆို ၀က်သားပေါက်စီထဲမှာ တောက်တောက်စင်းထားတဲ့ ၀က်သား၊ အကွင်းလိုက် လှီးထားတဲ့ ၀က်အူချောင်း၊ ကြက်သွန်နီ/ဖြူ၊ ငရုတ်ကောင်း၊ ကြက်ဥပြုတ် တစ်စိတ် နှစ်စိတ်လောက်ကို ပါးပါးလှီးထည့်ထားတာ။ ကြက်သားပေါက်စီကတော့ ၀က်သားနေရာမှာ ကြက်သားကလွဲပြီး ကျန်တာ တူတူပဲ။ ပဲပေါက်စီကတော့ ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ပဲအနှစ်ကို ထန်းညက်လား ကြံသကာလား မသိ.. ရောကြိတ်ထားတာလေး။

အဲဒီ ကျွန်တော်တို့ မြို့ကလေးက ပေါက်စီသည် နှစ်ယောက်ဟာ မနက်စောစောနဲ့ ညဦးပိုင်းတွေမှာ မြို့တွင်း လှည့်ပြီး ရပ်တစ်ကာလည် ရောင်းကြတယ်။ သူတို့လာပြီဆို အဝေးကနေ သူတို့ အော်ရောင်းနေတဲ့ အသံတွေ ကြားရတတ်တယ်။ ဆိုင်းထမ်းနဲ့ အဖိုးကြီးကတော့

ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊
ဆိုပြီး လေးခါ တိုပြတ်ပြတ်နဲ့ အော်တတ်တယ်။ ဒါဆို ဆိုင်းထမ်း အဖိုးကြီး လာပြီပေါ့...။

လှည်းကလေးနဲ့ ရောင်းတဲ့ ပေါက်စီသည်ကျတော့

ပေါက်......................................... စီ
ဆိုပြီး အသံကို လေးလေးပင်ပင် အရှည်ကြီးဆွဲလို့ အော်တတ်တယ်။ သူက အသံပိုအောင်တယ်။ အဖွားကြီးတွေဆို သူ့ကို မုန်းကြတယ်။ သူအော်လိုက်ရင် ရင်ထဲကို စူးပြီး အောင့်အောင့်သွားလို့တဲ့...။ ဘာပဲပြောပြော နှစ်ယောက်စလုံးကတော့ လာပြီဆိုရင် ၀ယ်စားချင်သူတွေ တစ်ပြုံကြီးပဲ...။

ရန်ကုန်ရောက်လာတော့ မန်းလေး၊ လားရှိုး စသဖြင့် အထက်ပိုင်းက တရုတ်ပြည်နဲ့ နီးစပ်တဲ့ နေရာက လူတွေ အကြေအရပ်ကို ဆင်းလာကြပြီး တရုတ်အစားအစာတွေ ရောင်းကြတယ်။ ပေါက်စီလဲ ဘယ်နေမလဲ။ မတ်စ်ပရော်ဒတ်ရှင်းနဲ့ ရောင်းကြတာပေါ့။ ရန်ကုန်က နာမည်ကြီးတဲ့ ပေါက်စီတွေကတော့ ၀မ့်ဝမ့်ပေါက်စီ၊ ကျိုင်းတုံ ပေါက်စီ၊ လားရှိုးခုနှစ်လွှာ ပေါက်စီ စသဖြင့်ပေါ့ကွယ်...။

အခုများမှာတော့ ခြင်္သေ့ကျွန်းက စားချင်စဖွယ် တစ်စက်မှ မရှိတဲ့ ပေါက်စီ သေးသေးလေးတွေနဲ့ အာသာ ဖြေနေရတော့တယ်ကွယ်။

“ဘောနပ်စ်”

အရေးကြီး မက်ဆေ့ခ်ျ - အောက်ဖေါ်ပြပါ စာသားနှင့် ပုံများသည် အသက် ၁၈ နှစ်နှင့် အထက် လူကြီးများ အတွက်သာ ရည်ရွယ်ပါသည်။

ဒီနေ့တော့ မနက်စာ ပေါက်စီ ကျွေးချင်ပါတယ်။ မစားခင်မှာတော့ ကျွန်တော် ကျွေးမယ့် ပေါက်စီကို လာတဲ့လူ အရေအတွက်နဲ့ အညီအမျှ ကျွေးရမှာဖြစ်လို့ တစ်ခု ကူညီစေလိုပါတယ်။ အရင်တုန်းက အဲလိုပဲ မလုပ်လိုက်မိလို့ မလောက်မငှ ဖြစ်တာ ကြုံခဲ့ရလို့...။ အခုတော့ ကူညီကြပါဦး..။ အောက်က ပုံတွေထဲမှာ ပေါက်စီ ဘယ်နှစ်လုံးပါတယ်ဆိုတာ ကူညီရေတွက်ပေးကြပါ။


[image004.jpg][image005.jpg][image003.jpg][image002.jpg][image001.jpg]

စားချင်လိုက်တာကွယ်....

အဲ.. အဲ...။ ဟေ့လူတွေ ... ပေါက်စီ ဘယ်နှစ်လုံးရှိတာတဲ့တုန်း....။

ဟာ!!!!
နှစ်လုံးမကဘူး...။ ပေါက်စီ ရေခိုင်းနေတာ ဘာတွေ ရေနေတာတုန်း...။
ကျွန်တော်လဲ ပေါက်စီ ကြိုက်တတ်တယ်။
“သားတို့အကြိုက် ပေါက်စီ”

ဝန်ခံချက်။ တစ်ဆင့်ပို့လာသော အီးမေးလ်ထဲမှ ပုံများ ဖြစ်ပါသည်။ ပိုင်ရှင် မသိပါ။ ပိုင်ရှင်ပေါ်ပါက ခွင့်တောင်းပါသည်။ ခွင့်မပြုပါက ပိုင်ရှင်အလိုကျ ဖြုတ်ပေးပါမည်။

Photo : From Chained Mail.

51 comments:

  1. အင်း...ကိုဘွိုင်း(ဇ်)ကတော့ ဘန်းမှပဲ...ကောင်လေးဘာတွေလျှောက်ရေးနေတယ် မသိ။ အင်း...ကျွန်တော်လဲ ရေတော့ ရေတာပဲဗျ...အင်း...ဟိုဟာ ပါထဲ့ရေရမှာလား....Dumpling ကို ပြောပါတယ်။ အသေအချာပြောနော်...ကျွန်တော် နောက်တစ်ခေါက်ပြန်လာပြီး ရေ ဦးမှာ။

    ReplyDelete
  2. ပေါက်စီပါ ဆိုမှတော့.. .မောင်ရင် ဖိုးသိန်းကတော့လေ...။ ဟိုဟာတော့ မပါဘူး။ Dumpling တွေ ပြောတာ ...။ အဲဒါ မပါပါဘူးလေ...။

    ReplyDelete
  3. ဟေ့.. ပေါက်စီပုံတွေ လှလို့ ဆိုပြီး သိမ်းမထားနဲ့ဦး။ ညာဘက် မိတ္တူများနဲ့ တရားအစွဲခံနေရမယ်...။ ဟိဟိ

    ReplyDelete
  4. သူပေါက်စီစားချင်နေတာကိုး။
    တို့လဲပေါက်စီကြိုက်တယ်.မနက်မနက် လမ်းကနေ ဝယ်သွားတယ။်
    အသေးမဝယ်ဘူး. အကြီးဘဲဝယ်တယ်။ အသေးက မဝဘူး။
    ရေးထားလိုက်တာ သေသေချာချာ။
    အတော်ကို မြင်ယောင်ပြီး စားချင်နေတဲ့ပုံဘဲ။

    ဟမ်

    ReplyDelete
  5. ပေါက်....................................

    ReplyDelete
  6. ဖိုးသိန်းက ဘယ်ကနေရောက်လာပါလိမ့်. ဘယ်တုံးကများကျိတ်ပြီးခင်နေသလဲမသိဘူး။

    ReplyDelete
  7. 18+DEN ဆိုတာဘာပြောတာလဲ။

    ReplyDelete
  8. ကောင်မလေးက ချစ်စရာကောင်းလိုက်တာ.( ကွန်မက်တွေ ပွကုန်ပြီ ပိုင်ရှင်စိတ်ဆိုးတော့မယ်။ သွားတော့မယ်။)

    ဘယ်နစ်ခုကျန်တယ်ဆိုတာ ရေပေးချင်လိုက်တာ. အတော် အစားပုတ်တဲ့ ကောင်မလေး။

    ReplyDelete
  9. “ပေါက်......................................... စီ” is not rhythm.
    (pattern of beats in music)
    Please advise him to cry that "“ပေါက် စီ..................................”

    I can't count due to lack of knowledge.
    I gazed longingly at the Image photo with music of Po Kar.
    Bino

    ReplyDelete
  10. သူ့ ကြိုက်တာ ခန္ဒာသုခသွေးဆေးကိုး

    ReplyDelete
  11. I like Pauk Si.....so much including the girl.
    Here in Chittagong and middle east, neither Pauk Si nor Chinese girl.
    Bino.

    ReplyDelete
  12. အုန်းသကြားပေါက်စီပေးပါ..
    ပဲပေါက်စီမကြိုက်ပါ။။
    အမဲသားကျူဆိုင်ပေါက်စီ ၁၀လုံး..။။

    ReplyDelete
  13. ပဲပေါက်စီမှာပါတဲ့ ပဲက..
    အခွံပါတဲ့ပဲနီတစ်မျိုးကိုပြုပ်..
    ပြီးရင်ကြေအောင်ချေ..
    ပြီးရင် ကြံသကာနဲ့ ဆီထည့်ကျိုရပါတယ်..။။
    မြန်မာပြည်လိုနေရာမျိုးမှာတော့..
    တစ်နှစ်စာကျိုထားတတ်ကြပါတယ်။။
    နှစ်ပေါက် သုံးရတာပေါ့နော်..ဆီများများနဲ့ကျိုကြပါတယ်။။
    အဲဒီပဲကို သုတ်ဆား (豆沙) လို့ခေါ်ပါတယ်။။
    သုတ်ဆား...ကို ပဲပေါက်စီမှာသုံးသလို..
    တရုတ်ကောက်ညှင်းထုတ်မှာလဲ သုံးပါတယ်..
    ပါးပေါင်ဖန့်(八寶飯)မှာလဲ မပါမပြီးပေါ့..
    လကန်တော့ပွဲက လမုန့်မှာလဲ အသုံးပြုရပါတယ်..
    ကဲ....
    ပဲအကြောင်းပြီးပါပြီ

    ReplyDelete
  14. အိမ်ကို တရုတ်သူငယ်ချင်းတွေ အလည်လာမယ်ဆိုတော့ ပေါက်စီကို ကိုယ်တိုင် စပါယ်ရှယ် လုပ်ပေးထားတယ်..

    တရုတ်တွေက အားရပါးရစားပြီးတော့... ကောင်းလိုက်တာတဲ့ နင်ဘယ်လိုလုပ်တာလဲတဲ့.. ငါတို့ မလုပ်တတ်ဘူးတဲ့...

    ReplyDelete
  15. ရန်ကုန်မှာ နံမည်ကြီးတာ မန်းမြို့တော် ပေါက်စီ ကျန်ခဲ့ပါတယ်..
    အောက်က ဘောနပ်စ်ကိုမဖတ်ပါ 18+ ဆိုသောကြောင့်..

    ReplyDelete
  16. ဘာတုန်း 18+....
    18 နှစ်ခါပေါင်းထားတဲ့လူကော ဝင်ကြည့်လို့ရလား
    မီးမီးအကြိုက်က နို့ပေါက်စီ (နို့မှုန့်ဖြစ်လုပ်ထားသော ပေါက်စီကို ဆိုလိုပါသည်)
    ဘွိုင်းဇ်မစားဖူးဘူး မဟုတ်လား... ဟား..ဟား..

    ReplyDelete
  17. ဟင်း... ဟူး... (သက်ပြင်းတွေချ)
    ပကာသနတွေပါဗျာ...

    ReplyDelete
  18. ရန်ကုန်ကပေါက်စီတွေထဲမှာ မန်းမြို့တော်ပဲ ကြိုက်တယ် .... ပုံထဲမှာ ကွေးကွေးလေးတွေက ပေါက်စီပဲလားဟင် နီပေါ အစားအစာ မိုမိုနဲ့တူတယ်

    ReplyDelete
  19. ရေဖို့တောင် မေ့သွားတယ် .. စိတ်ခိုင်မှ လာရေတော့မယ်။
    ပေါက်စီကြိုက်တာ ပြောပါတယ်။

    ReplyDelete
  20. - ပေါက်စီနော်။ ပေါက်စီ။ စိတ်ခိုင်ခိုင်ထားကြပါ ကိုကိုပုရိသတို့။
    - နို့ပေါက်စီ??? စိတ်ဝင်စားသွားပြီ...။
    - ပဲနှစ်ကို ရှင်းပြတဲ့ ပေါက် ကျေးဇူး။
    - အန်တီ ခင်ဦးမေ။ ပေါက်စီကို တစ်ကယ် ကြိုက်တာပါ။
    - Bino - အဲဒီ ပေါက်စီသည်တွေ ခု ရှိမရှိ မသိတော့ပါ။ ရှိခဲ့ရင် Bino ပြောသလို လိုက်အော်ခိုင်းလိုက်မယ်။
    - မအယ်ဇီ.. ခန္ဓာသုခ သွေးဆေးက ဘာလုပ်လို့ရလဲ ရှင်းပြပါ။
    - ပေါက်ပြောတဲ့ အုန်းသကြား ပေါက်စီ မစားဖူးပါ။
    - ကိုလူထွေး.. ကိုယ်တိုင်လုပ်တယ်ဆိုတာ လက်တွေ့မြည်းစမ်းဖူးမှ ယုံပါမယ်လို့ အန်တီ ခင်ဦးမေန့ မအယ်တို့က တိုးတိုးတိတ်တိတ် လာရောက်ပြောကြားသွားပါတယ်။
    - မြိုး ပြောတဲ့ မန်းပေါက်စီ ကျန်သွားပါတယ်။ စားပြီး မကြိုက်မိတာကြောင့်လဲ ပါပါမယ်။
    - နိုင်းနိုင်း ၁၈+ ဆိုတာပါဝါ ၁၈ လောက် ရှိတယ်ပြောတာ။ နို့ပေါက်စီ ဆိုတာ အဟုတ် စိတ်ဝင်စားတယ်။ ဘယ်က လုပ်တာလဲ... ဟိဟိ
    - ခပ်မြင့်မြင့်က ဘယ်က ပကာသနတွေ လာပြောတာပါလိမ့်။ ဒါတွေက တဏှာလို့ ရွတ်ရမှာကို (ရသာ တဏှာ လို့ ပြောပါတယ်။)
    - tz .. နီပေါ အစားအစာ မိုမိုဆိုတာ ပုံနဲ့ ပြပါ။ ကွေးကွေးလေးက Dumpling တွေပါ။
    - ကိုကိုဒီဘီအေ.. နောက်တစ်ခေါက်လာရေပြပါ။ သွားရည်ခံပါ ယူလာပါ။

    ReplyDelete
  21. ဒီပိုစ်လေး အောင်မြင်တယ်နော်. ၁၈+ ဆက်ရှင်ဖွင့်ပါလားငှင်. အားပေးချင်လို့.

    ReplyDelete
  22. ဘယ်ပို့စ်က ကျဆုံးတာလဲဟင်။ ဖျက်ပစ်လိုက်ချင်လို့...။ ငွားငွားငွား

    ReplyDelete
  23. Ko Boyz
    Thank you for replied.

    As per Rhythm rule, She.....Lady......Sexy.........Puak-Si.............Gwi (Sound of Hungry)
    That is Me.

    ReplyDelete
  24. ရှီ
    လေးဒီ
    ဆက်ဆီ
    ပေါက်စီ
    ဂွီ


    ... အဲလိုလား...။

    ReplyDelete
  25. ချိန်း မေး က ဒီလိုမျိုးလည်း လာတာပဲလားဟင်
    တို့များတော့ ကြုံဖူးသေးပေါင်
    လာလိုက်ရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်
    ဖော်ဝေါ့ မလုပ်ရင် သေမယ် ဘာညာပဲ လာဒယ်။

    ရှီ
    လေးဒီ
    ဆက်ဆီ
    ပေါက်စီ
    ဂွီ

    ဂွီ ဂွီ ဂွီ ...

    ReplyDelete
  26. ရန်ကုန်မှာနေတုံးက ပေါက်စီသိပ်ကြိုက်တယ်။ စလုံးမှာတော့ အရမ်းပေါ ...စားရပါများတော့ ကြိုက်တော့ဘူး။ ၀က်သားပေါက်စီပြောပါတယ်။ ပဲပေါက်စီတော့ကြိုက်တယ်။

    ReplyDelete
  27. ရှီ
    လေးဒီ
    ဆက်ဆီ
    ပေါက်စီ
    ဂွီ
    and me....


    ဂွီသံကြားလို့သတိရသွားဒယ်. ယနေ့ ဟင်းမချက်ပါ.။အောက်လည်းမဆင်းပါ.)

    ReplyDelete
  28. ပုရိသတို့ ပွဲစည်နေပါလား။ ပေါက်စီလေးတွေလှတယ်။ ဒါနဲ့ သူများကိုင်ပြီးသားပေါက်စီနဲ့ ငြားမယ်နော် ကဘ။ ကိုင်ပြီးမစားပဲပြန်ချခဲ့တာမျိုးပြောပါတယ်။ ယင်ကောင်တွေလည်းနားတတ်တယ်။ ဒီကလက်ဖက်ရည်ဆိုင်တွေမှာဆိုရင်လေ။ ကိုယ်ဆိုင်လုပ်စားနိုင်မှသန့် တာ။

    ReplyDelete
  29. ကျွန်တော်ကတော့ ဘယ်ပေါက်စီပဲ စားစား သန့်သန့်လေးကိုမှ ရွေးစားတာပါ။ ဖုံးတာလေးတွေကို အကုန် ချွတ်စားပါတယ်။ အခွံတွေလေ... လေနဲ့ သလပ်ထားလို့ နည်းနည်းမာနေတာတွေ။ အဲဒီ အပြင်ပန်းက အခွံတွေက လူတွေ လက်နဲ့ ထိပြီးသားတွေ။ အဲဒါတွေ အကုန် ခွာပြီးမှ စားတယ်။ ပေါက်စီစားသူ အပေါင်း အပြင်က အခွံလေးတွေ ခွာပြီးမှ စားပါလေ...။

    ReplyDelete
  30. ဘွိုက်ရဲ့ ပေါက်စီကို လာကြည့်သွားပါတယ်။

    ReplyDelete
  31. အဟားပေါက်စီတဲ့ သူ့ တို့ မန့် မှပဲ အတော်ရီရတယ်
    ကပေါက်တိကပေါက်ချာ ကိုဘွိုင်းလည်း ရီရတယ်
    ပေါက်စီရေခိုင်းတာ သူ့ ကိုယ်တိုင်ကလည်းမရေဘူး
    ကိုဘွိုင်းပြောသလိုပဲ အခွံနွာစားကျပါလေ
    အထဲကဟာမှစားကောင်းပါတယ် ထောက်ခံပါတယ်
    ကိုဘွိုင်းအဆိုကို ပီအိုက် လုပ်လိုက်ဟ အဟတ်

    ReplyDelete
  32. ကျနော်က ကိလေသာကုန်ခမ်းသူပီးပီး
    တဏှာလေးပဲကျန်လေတော့ကာ
    ပေါက်စီကိုလက်ချိုးမရေတော့ဘူးလေ
    တစ်ဝကြီးထိုင်ကြည့်သွားပါတယ်
    ကြိုက်တယ် တစ်လုံးမျှဝဝ
    အားရပါးရစားလိုက်ရပါကကျနော့်ပါးစပ်သည်အလွန်ထူးခြားပြီး
    လူဖြစ်ရကျိုးနပ်မည်ထင်ပါသည်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  33. နောက်လည်း ဒီလိုပုံလေးတွေ များများတင်ပေးပါတဲ့။

    ReplyDelete
  34. ကြည် - ကျွန်တော့်ပေါက်စီ မဟုတ်ပါဘူးဗျာ။ လန့်ထှာ...။

    ရှမ်းကလေး - သတ်ပုံမှားနေတယ်ကွယ်။ အခွံနွာကျ မဟုတ်ဘူး။ အခွံနွာကြ ကွဲ့။ လာလည်တာ ကျေးဇူး...။

    ဖိုးစိန် - ကြိုက်တာ ယူစားလို့ရပါတယ်။ အကုန်လုံးကို သဒ္ဓါပါတယ်။

    ကိုကေ - “တဲ့” ဆိုတာ ဘယ်သူ့ကိုစား ပြောတာတဲ့လဲတဲ့။ မေးခိုင်းလိုက်တယ်။

    ReplyDelete
  35. နို့ပေါက်စီပါဆိုမှ..
    7-11 ထဲဝင်သွား
    ပေါက်စီထားတဲ့ နေရာမှာ ကြည့်...
    ခရမ်းရောင်နဲ့က ပိန်းဥ ပေါက်စီ
    အဖြူရောင်နဲ့က ပဲပေါက်စီ
    အဝါရောင်နဲ့က နို့ပေါက်စီ (奶黃包) :P

    ReplyDelete
  36. ပေါက်စီလာရီ သွားတယ် အဟီး

    ReplyDelete
  37. “ရီတယ်နော် ... ဟီး။ :D ”

    ReplyDelete
  38. ထပ်လာပြီးရေတယ် ပီအိုက်ပြောသလိုပဲ နှစ်လုံးလျော့ရေလိုက်တယ် ဒါတောင်မျက်လုံးကခွာမရဘူး အဟိ

    ReplyDelete
  39. "နိုင်းနိုင်း" - မနေ့က ၇-၁၁ ကို သွားတယ်။ နို့ပေါက်စီ မတွေ့ဘူး။ ဆိုတော့ နို့ပေါက်စီ ရှိတယ်ဆိုတာ မယုံဘူး။ :D

    "သမီးပျို" - ပေါက်စီ က ရီ(ရယ်)စရာလဲ မကောင်းပါဘူး။ ဘယ့်နှယ်။ ရေတွက်ခိုင်းတာပါကွယ်။

    "တောင်ပေါ်က ရှမ်းကလေး" - အစား အတော်ငမ်းဆယ်လို့ ပြောရမလား...။ ဟိုဟာ ဖြစ်တယ် ပြောရမလား။ အဲ. ဂဏန်းပေါင်းတာ ကျွမ်းတယ် ပြောရမလား ဖြစ်နေပြီ...။

    ReplyDelete
  40. ဥထားတာလား။ ရှုနေတာလား။ (ရှုစား)

    ReplyDelete
  41. အတော်အောင်မြင်သော ပေါက်စီပိုစ့်ပါလား...
    သို့သော်.. ပုံထဲကဟာတွေက ပေါက်စီမှမဟုတ်တာ...
    ရှာလောင်ပေါင်းတွေဟာကို... ဟီဟိ...

    ReplyDelete
  42. ပေါက်စီက စားလို့ ကုန်သွားတာလေဗျာ...။
    မြန်မာပြည်မှာတော့ ဘာလာလာ ပေါက်စီပဲ...။

    ReplyDelete
  43. တို့ကတော့ ကောင်မလေးပေါက်စီ အဲလေ ကောင်မလေးလက်ထဲက ပေါက်စီပဲကြိုက်တယ် :P

    ReplyDelete
  44. ထပ်လာရေတယ် ဒီခါတော့ နီလုံးပဲ ရေတယ်
    ကော်မန့် တွေ ဖတ်ရတာ အားရလို့ ထပ်လာတာ အဟီး
    ပီအိုက် ပေါက်စီ အောင်မြင်တယ် သူငယ်ချင်းတွေပေးကြည့်တယ်
    အားလုံးက မရီတဲ့လူမရှိဘူး ပီအိုက် ရ
    ပြီးတော့ ပြီးတော့ ပြီးတော့ 

    ReplyDelete
  45. Very nice ပေါက်စီ.
    နို့ပေါက်စီ ရှိတယ်. Under procession. :-)

    ReplyDelete
  46. 7 May 09, 20:07
    ကိုကိုဒီဘီ: ပေါက်စီကြားမှာ ညပ်ချင်တယ် ... တိန်!

    ReplyDelete
  47. 9 May 09, 08:12
ုkom: အယ် ရပါတယ။် ပြန်ကူးပေးခဲ့မယ။်
    9 May 09, 08:12
ုkom: ဟယ် စီဘောက်ဖြုံန်းမိပြီ။
    9 May 09, 08:12
ုkom: ဘီဘီစီကပြောသွားတာကြားတယ်လို့သူငယ်ချင်းကပြောတယ။် ။ အံသြသွားတယ်။
    9 May 09, 08:10
ုkom: စာတွေလည်းဖတ်သွားတယ်နော်။ အဟိ
    9 May 09, 08:10
ုkom: နေကောင်းလား သတိရလို့ပါ။ ချမ်းမြေ့ပါစေ။
    9 May 09, 02:20
    အယ်ဇီ: ကိုဘ အော် သတိပြန်ရလာတာလား။ ပေါက်ဆီ တစ်မနေဘူးပေါ့။ တော်ပါသေးတယ်။ နောက်ပေါက်ဆီမြင်ရင် အဲလေ စားရင် သတိထားစား။ အစားမတော် တစ်လုပ်တဲ့။
    8 May 09, 23:21
    တောင်ပေါ်ကရှမ်းကလေး: ပေါက် မမ မြီုး သမီးပျို ပီအိုက် အားလုံးဗျာ နေကောင်းကျန်းမာပါစေ ပီအိုက်တစ်ယောက် လူသာမမာတာ စိတ်ကတော့ ဒေါင်ဒေါင်မြည်ပဲ စားချင်တာစားနေလေရဲ့ 
    8 May 09, 22:55
    ပေါက်: တမင်နေမကောင်းဖြစ်ချင်ဟန်ဆောင်တာပေါ့နော်..
    8 May 09, 22:54
    myo: လူနာက သွားမေးစရာတောင်မလိုဘူး ကြည့်ပါလား သူဘာတွေစားလဲဆိုတာ အကောင်းပကတိကြီး
    8 May 09, 22:51
    ပေါက်: ကိုဘတစ်ယောက်..ဘယ်လိုနေသေးလဲ မသိ...မြိုးတို့ လူနာမေးသွားသေးလား
    8 May 09, 22:41
    myo: ခုမှ အိပ်ရာထလို့ နေ့ညမသိတော့တာ
    8 May 09, 22:38
    ပေါက်: မင်လာ= မင်္ဂလာပါ..လို့ပြောတာလေ...မနက် ည..မခွဲထားပါဘူး..
    8 May 09, 22:36
    myo: http://www.youtube.com/watch?v=l-_g7ftxxGI&feature=related
    8 May 09, 22:35
    myo: ဟား မောနင်းလား နိုက်လား မသိဘူး
    8 May 09, 22:34
    ပေါက်: ကိုဘ..မမ..ဆင်ဆင်..မြိုး...မသက်ဝေ...သမီးပျို...မင်လာပါ
    8 May 09, 22:23
    သမီးပျို: ကိုဘွိုင်းနေအကောင်းသေးဝူးလား ဒါဆိုလဲ သေချာပြောလိုက်လေ ဘယ်နှစ်ပေလဲဆိုတာ ဟီး
    8 May 09, 21:22
    sin dan lar: မြိုး.... ယူ့အသက် ၁ နှစ်နဲ့ ၁၁ လပဲ ရှိသေးတာ အသက်မလိမ်ပါနဲ့.....။ http://yazakyaw.blogspot.com/2009/05/pg.html
    8 May 09, 21:16
    sin dan lar: အော်.. သေကောင်ပေါင်းလဲ ဖြစ်ထားတာတောင် ရသတဏှာတွေ မဖြတ်နိုင်သေးပါလား... ဘူုရားဘျုရား
    8 May 09, 20:42
    Boyz: ၀က်သားပေါင်းနဲ့ သရက်သီး.. ခံတွင်းပျက်နေလို့ စားနေတာ။ ပဲပုတ်ချပ်ကို မီးကင်ပြီး ထောင်း၊ ငြုတ်သီးမှုန့် ဆား ပါလေကာ ထည့်... ကောက်ညှင်းပူပူ ယန်ဆန်း တိုဟူးရီးနဲ့တို့ ကောင်းလိုက်မယ် ဖြစ်ခြင်း။
    8 May 09, 17:49
    myo: အောင်မြတ်လေး ကြောက်စရာကြီးပါလား
    8 May 09, 17:23
    Boyz: နေကောင်း၊ ရုံးတက်၊ အလုပ်ရှုပ်၊ ကျေးဇူး၊ အသစ် သတင်းတင်ထား၊ ညမှ ပြန်တွေ့စို့။ (အလုပ်ရှုပ်နေလို့ အားလုံကို သိမ်းကြုံး အာဝါးပေးလိုက်ပါတယ်။)
    8 May 09, 17:01
    သက်ဝေ: ကိုဘ... နေကောင်းပြီလား.. ပေါက်စီတွေ တော်ပြီလေ... အသစ်ရေးတော့...
    8 May 09, 13:32
    sin dan lar: Ko Boyz နေကောင်းသေးဘူးလား.... သင့်ကျနိးမာရးကို ဂရုစိုက်ပါ... ပနဒေါလ်.....
    8 May 09, 11:13
    ပေါက်: ကိုဘ..မမ..မြိုး..ကောင်ပေါ်က ရှမ်း
    8 May 09, 10:56
    myo: ကိုဘွိုင်း နေကောင်းသွားပြီလား ကြားရင်အကြောင်းပြန်ပါ
    8 May 09, 09:36
    myo: မောနင်း ခြောက်ပေ၊ ရှစ်ပေ ဘာဒွေလဲ........ ခြောက်ပေခွဲလောက်မှ ရမယ်ထင်တယ်
    8 May 09, 06:22
ုkom: မောနင်း ..အောလ်
    8 May 09, 06:22
ုkom: ခြောက်ပေနဲ့မရဘူးလား တောင်ပေါ်က ရှမ်းကလေး။
    8 May 09, 02:13
    တောင်ပေါ်ကရှမ်းကလေး: အမ် အတင်းတွေ ချနေပါလားဟင် ကိုဘ အိပ်ပြီလား နေမကောင်းလို့ သတင်းလာမေးတာ သူ့ အတွက် မြေဝယ်ထားပြီးပြီလို့ အဟိ ဂှစ်ပေ သုံးပေ အဟတ်
    8 May 09, 02:05
ုkom: gn
    7 May 09, 23:31
    ပေါက်: ဟယ်..လာပြီလေ
    7 May 09, 23:31
    ပေါက်: [,f..vmjyDav
    7 May 09, 23:28
    myo: အိပ်ပြီဗျိုး မမ ပေါက်
    7 May 09, 23:22
ုkom: kkmg: prrrw .. myo.. shote kone p
    7 May 09, 23:13
    myo: အမ် ဝမ်းလျှောတာကိုပြောတာလား
    7 May 09, 23:12
    myo: ဘယ်နှစ်ယောက်တောင်ရှိပြီလဲ ရှောတာ
    7 May 09, 23:12
    ksg: လျှောတဲ့သူ အတော်များလို့ ကိုယ်တောင် ကျီးလန့်စာစားဖြစ်နေတယ်။
    7 May 09, 23:12
    ksg: ရန်ကုန် မြောက်ဥက္ကလာမှာ ၀မ်းရောဂါတွေ အတော်ဖြစ်နေတယ်။ ၀က်တုပ်ကွေးထက် ဆိုးတယ်။ (အထူးသတင်း)
    7 May 09, 23:11
    ksg: မနက်ကျမှ အစောဆုံးထားပြီး အသစ်တင်နိုင်တော့မယ်။
    7 May 09, 23:11
    ksg: ဥတုရာသီ ပူပြင်းတာက တကြောင်း၊ ၀က်တုပ်ကွေးကို ရှောင်နေရတာက တကြောင်း၊ (အဲ) ကိုးနတ်ရှင်က ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေတာ တကြောင်းပေါ့။
    7 May 09, 23:09
    myo: ကိုကေ အသစ်မတင်ဘူးလား
    7 May 09, 23:08
    ksg: အယ်ဇီတဲ့။ အယ်ဆိုင်းဇီနဲ့ ဘာတော်လဲ။
    7 May 09, 22:53
    myo: ချန်းကလား ဟုတ်လို့လားးးးးးးးးးးးးးး
    7 May 09, 22:50
    ပေါက်: ချန်းက စောအိပ်တဲ့.. သူအိပ်ရင် ပြန်လာမယ်နော်..မြိုး
    7 May 09, 22:47
    myo: ဝေ
    7 May 09, 22:42
    ပေါက်: မယ်မြိုးရေ...မလာသေးဘူးလား..
    7 May 09, 22:41
    ပေါက်: မအယ်ဇီ..ကိုဘက လွန်သွားတာလေ..ဟိ
    7 May 09, 22:41
    ပေါက်: နီညန်းရေ...မတွေ့တာကြာလို့ပ်ါဟယ်..ခေါ်ပါတယ်ဟယ်..
    7 May 09, 22:21
    ပေါက်: ko ba..ma ma myoo...alze...shan ...nyi
    7 May 09, 21:32
    အယ်ဇီ: သူ့ ခမျာ ဟိုနေ့ ကပဲ အတင်းတွေ တုတ်နေသေးတာ။ ဖြစ်ရလေ
    7 May 09, 21:30
    အယ်ဇီ: ကြည့်ရတာ ဟို တစ်ရုတ်ကားထဲက ဆရာဝန်ကြီးလို ပေါက်ဆီစား ပြီး စားပိုးနင့်လို့ .....ခေါ်မရတော့ဘူးထင်တယ်။
    7 May 09, 14:40
    နန်းညီ: တီပေါက်.. ညီ့ကိုကျ နှုတ်မဆက်ဘူး ..ခေါ်တော့ဘူး.. တော်ပြီ မချစ်တော့ဘူး..
    7 May 09, 13:14
    တောင်ပေါ်ကရှမ်းကလေး: ပေါက် မော နင်း ပါ ဟူးးးးးးးးး မောပြီးနင်းသွားတာ လူကိုချွေးတစ်လုံးလုံးပဲ ပီအိုက် ပေါက်စီမြင်ယောင်ပြီးမှအမောပြေတော့တယ် အဟက်
    7 May 09, 13:12
    တောင်ပေါ်ကရှမ်းကလေး: လာတယ် ပီအိုက် စာလုံးပေါင်းတွေပြင်ပေးသွားတာကို နောက်ဆို လာပြင်ခိုင်းမယ် နေမကောင်းဘူးဆို စိတ်ပူတယ် ဒီအကိုတစ်ယောက်ပဲရှိတာ ပေါက်တတ်ကရပြောတတ်တာဆိုလို့  အဟိ နှမြောတယ် နေကောင်းအောင်နေ နော်သိလား
    7 May 09, 11:13
    ပေါက်: ကောင်းလိုက်..ကွေးလိုက်..(ထင်တယ်)x
    7 May 09, 09:26
    myo: ကိုဘ ကောင်းသွားပြီလား ကွေးသွားပြီလား
    7 May 09, 08:29
    sin dan lar: ဘလော့ဂါ ကိုဘွိုင်း
    7 May 09, 08:20
    sin dan lar: ပေါက်ရေ....
    7 May 09, 08:17
    ပေါက်: မမ...ကိုဘ မြိုး...သစ်သစ်..ဆင်ဆင်..တော်ပေါ်ရှမ်း...မောနင်း
    7 May 09, 08:11
    ပေါက်: ကိုဘ...သက်သညရဲ့လား ဗျိုးး( ပေါက်စီနဲ့ လူနာမေးလာပါတယ်..)
    7 May 09, 06:11
ုkom: take care. hope you get welll soon .. take medcine regularly..
    7 May 09, 02:04
    တောင်ပေါ်ကရှမ်းကလေး: အိပ်နေတာ သိုးလို့  သရေတောင်ကျသေး အဟိ သူ့ ပေါက်စီများ မက်နေလားမသိဖူး ရယ့် အလုံးကြီးကြီးနဲ့ ပေါက်စီ ဆိုပြီး အဟား
    7 May 09, 02:03
    တောင်ပေါ်ကရှမ်းကလေး: ပီအိုက်အိပ်ပါ့လား
    6 May 09, 23:45
ုkom: နိုက် မျိုး
    6 May 09, 23:44
    ပေါက်: ဟယ်..အိပ်တော့မှာလား..မြိုး
    6 May 09, 23:43
    myo: ပေါက်ရေ အိပ်သွားပြီသိလား မမရောပဲ ကိုဘ တရေးနိုးလာကြည့်ရင် နှုတ်ဆက်သွားတယ်လို့
    6 May 09, 23:38
    myo: ရက်စ်ပြောပါ
    6 May 09, 23:37
    myo: အင်း
    6 May 09, 23:37
    ပေါက်: မြိုး
    6 May 09, 23:24
ုkom: အဲဒါဘဲကောင်းပါတယ။် အိပ်ပစေ. အားရှိတယ်။
    6 May 09, 23:23
    myo: သြော် ကိုဘ တယောက်တော့ သွားရှာပြီ
    6 May 09, 23:19
    myo: အင်းဟုတ်တယ်
    6 May 09, 23:19
    ပေါက်: မမ..မအယ်လ်ဇီ ဘလော့လေး ဖတ်ကောင်းတယ်နော်...မမရေ..
    6 May 09, 23:18
ုkom: ကိုဘ ဆေးသောက်ပြးအိပ်နေပါ.
    6 May 09, 23:18
    myo: ဟုတ်ပ
    6 May 09, 23:18
ုkom: လဲသွားပြီ
    6 May 09, 23:18
ုkom: သူဘာမှ မတတ်ုနင်တော့ဘူး
    6 May 09, 23:18
    myo: ဟိ
    6 May 09, 23:17
    ပေါက်: လစ်တုန်း ဖြုန်းကြရအောင်လေဟာ..
    6 May 09, 23:17
    myo: လာပြီ
    6 May 09, 23:17
    ပေါက်: မြိုးရေ..
    6 May 09, 23:17
    myo: ရှိ
    6 May 09, 23:17
    ပေါက်: ဟေး...
    6 May 09, 23:17
    ပေါက်: မြိုးရေ..
    6 May 09, 23:16
    ပေါက်: တော်တော်တရားကျဖို့ကောင်းတာပဲ...
    6 May 09, 23:15
ုkom: ဘာ လဲ ဘာလဲ ဟစ်ထစရီပြန်ဖတ်လုက်ဦးမယ်
    6 May 09, 23:15
    ပေါက်: ဆိုတော့..
    6 May 09, 23:15
    ပေါက်: ဒီနေ့မှ..
    6 May 09, 23:15
    ပေါက်: မနေ့ညကတော့ အကောင်းကြီးပဲ
    6 May 09, 23:15
    ပေါက်: မသ်နော်
    6 May 09, 23:15
    ပေါက်: ကိုဘ..ဘယ်လိုဖြစ်သွားတာလဲ
    6 May 09, 23:12
ုkom: လစ်တုံးဖြုန်းကြစို့ပေါက်
    6 May 09, 23:12
ုkom:ုkom: အော်သိပြီး. ကြက်ဥလေးလုံးနဲ့ လုံပ်စားတယ။်ဆိုတာ ဒီလိုဘဲပေါ့ မရှိတော့လည်း ရှိတာနဲ့ လုပ်စားရတာဘဲ။
    6 May 09, 23:11
    ပေါက်: မမ နာလည်ကြီးချက်ကတော့ သူများဂျီတော့ထဲမှာတောင်ပြောယူရတဲ့အထိ နာမည်ကြီးပါပေတယ် လို့ပြောချင်တာပါ..ချင့်
    6 May 09, 23:09
ုkom: အစ်မ ကြက်ဥ လေးလုံးကိုတော့သိတယ်။ ပေါက်က ဘာကိုပြောချင်တာလဲ။
    6 May 09, 23:09
ုkom: ဘာပြောတာလဲ
    6 May 09, 23:09
ုkom: ချက်မယ်။
    6 May 09, 23:09
ုkom: ဖတ်ပြီးပြီ
    6 May 09, 22:52
    ပေါက်: အင်းပေါ့
    6 May 09, 22:52
    myo: ဖတ်ြ့ပီးပြီ chat မလား
    6 May 09, 22:50
    ပေါက်: http://steveevergreen.blogspot.com/
    6 May 09, 22:47
    ပေါက်: ကိုစတိဖ်တင်တဲံပို့စ်ဖတ်ပြီးပြီလား..မြိုးနဲ့ ကိုဘ...
    6 May 09, 22:44
    ပေါက်: အင်းပေါ့..မမက ပေါင်မုန့်လာ စားပါတဲ့
    6 May 09, 22:44
    myo: သြော် မမကိုပြောတာလား
    6 May 09, 22:43
    myo: ဘယ်မှာတင်လို့လဲ
    6 May 09, 22:43
    myo: အိုကေ လာပြီ
    6 May 09, 22:42
    ပေါက်: မြိုး...မမ အသစ်တင်တယ်..
    6 May 09, 22:41
    myo: ကိုဘ ဆေးသောက်ပြီးပြီလား ဟိ
    6 May 09, 22:41
    myo:ေ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
    6 May 09, 22:37
    ပေါက်: မြိုး..ရှိနေလား..
    6 May 09, 22:36
    ပေါက်: ကိုဘရေ...ကောင်းသွားပြီလား..တဲ့
    6 May 09, 22:35
    ပေါက်: မမ...ကိုဘ..မြိုး..မသက်ဝေ..မမေဒီ...မင်လာပါ..
    6 May 09, 22:00
    mayD: ဟိုနေ့က ကျေးဇူးတင်စကားပြောဖို့ မေ့သွားတယ်။ စာလုံးပေါင်းမှားတာကို ပြန်ပြင်ပြောပြတဲ့တွက် ကျေးဇူးတင်ပါတယ်နော်။
    6 May 09, 21:58
    mayD: ပို့စ်အသစ်မရေးနိုင်လို့ ပေါက်စီတွေနဲ့ပဲ ဧည့်ခံတော့မယ်ပေါ့.. :D
    6 May 09, 21:47
    myo: ရက်လွန်နေတဲ့ပေါက်စီတွေ ကိုစားတာကိုး
    6 May 09, 21:45
    သက်ဝေ: မေးတယ် မေးတယ်.. မောင်လေး ဘာဆေးသောက်လဲ... ပေါက်စီတွေ မစားနဲ့နော် ရင်ပြည့်ရင် အဖျားပိုတက်လိမ့်မယ်...
    6 May 09, 16:57
    Boyz: ဆေးသောက်ပြီးလား မသောက်သေးဘူးလားဆိုတာတော့ မေးဖို့ သတိမရဘူး...။
    6 May 09, 16:45
    myo: အဲဒါတွေကြိုသိနေတယ်လေ ဘလော့ကိုဖွင့်ကိုမဖွင့်ဘူး စီဘောက်ပဲဖွင့်တယ် ကိုယ်တွေကိုက်နေတယ်ဆိုပြီး ကွန်ပြူတာကြီးထိုင်ကြည့်မနေပါနဲ့ ဟွင်း ဟွင်းဟွင်း
    6 May 09, 16:24
    Boyz: ဟင်...။ ဘယ်က ပေါက်စီဦးတည်ချက်လေးရပ်လဲ။ အခု ကိုယ်တွေ ကိုက်နေတယ်။ ဆေးခန်းသွားပြပြီး အိမ်ပြန်လာတယ်။ ကြည့်ရတာ ပို့စ်အသစ် မရေးနိုင်တော့ဘူး...။
    6 May 09, 16:22
    myo: ပေါက်စီ ဦးတည်ချက် ၄ ရပ် လေ

    next »

    6 May 09, 16:20
    Boyz: ၄ ရပ် လား..။ ၄ ရက်လား... ဆင်ဆင်
    6 May 09, 16:16
    sin dan lar: “ပေါက်..................... စီ” ၄ ရပ်ရှိပါပြီ....။ ကိုဘ နေမကောင်းဘူး..ဟုတ်လား...။ H1N1များလား....ငွှင်းငွှင်း ငွှားငွှား (ကိုဒီဘီ အသံဖြင့်ရယ်သည်×)
    6 May 09, 15:18
    Boyz: သစ်သစ် - နေမကောင်းလို့ အိမ်ပြန်သွားတယ်။ အီးမေးလ်ပို့ပါ။
    6 May 09, 14:03
    သစ်ဆုံ: မေးစရာရှိလို့ပါ
    6 May 09, 14:03
    သစ်ဆုံ: ကိုဘရှိလား
    6 May 09, 13:49
    myo: ဒီစီဘောက်ကိုရှောင်မှပဲ တော်ကြာ ဝက်တုပ်ကွေးတွေ ကူးကုန်မယ်
    6 May 09, 13:49
    myo: တမျိုးတည်းကို ၃ကြောင်းတင်ထားတယ် ၂ကြောင်းပြန်ဖျက်ပါ စီဘောက်မဖြုန်းတီးပါနှင့်...
    6 May 09, 13:24
    နန်းညီ: ၀က်တုပ်ကွေးများလား..
    6 May 09, 13:08
    သက်ဝေ: အခု ဖျားနေပြီလား... MC လား...
    6 May 09, 13:07
    သက်ဝေ: ကိုဘရေ.. အမက ခရစ်ယာန် မဟုတ်ပါဘူး... ဗဟုသုတကြွယ်ဝတာကို ပြတာပါ... ဟီးဟီး
    6 May 09, 12:26
    Boyz: ညက ပူလွန်းလို့ အကျီင်္ရင်ဘတ်ဟဗြဲနဲ့ အိပ်မိတယ်။ အခုတော့ ကိုယ်တွေကိုက်နေပြီကွယ်။ ပါနာဒေါ နှစ်လုံး သောက်ထားတယ်။ တုပ်ကွေးများ ဖြစ်နေပြီလား မသိ။ ဟင့်...။ ဖြစ်လိုက်ရင် တုပ်ကွေးပဲ။
    6 May 09, 12:00
    myo: မောနွန်း
    6 May 09, 11:59
    Boyz: သူများ ဘလော့တွေမှာ ကိုယ့်မြို့အကြောင်းရေးထားတာ တွေ့ရင် ကိုယ်ရေးထားတဲ့ မြို့အကြောင်းလေး လိုက်လိုက် ကြော်ငြာထည့်တတ်တယ်။ အကျင့်...။ နှစ်ခါရှိပြီ။ ဟိ
    6 May 09, 11:16
    Boyz: အားလုံး မောနင်းပါ။ မမသက်ဝေ မှန်ပါတယ်ဗျာ။ တစ်ယောက်ယောက် လက်ထောက်မချဘူးဆိုရင် မမသက်ဝေက ခရစ်ယာန် ဖြစ်ရမယ်။ :D
    6 May 09, 09:45
    Bino: Good morning Boyz.
    6 May 09, 08:11
    ပေါက်: မမ...ကိုဘ..မြိုး..မသက်ဝေ..မောနင်း
    6 May 09, 01:40
    အယ်ဇီ: ဟိုက် ကိုယ့်အကြောင်းပြောနေကြပါကော။ ခုလိုမျိုး မိအယ်ကို စိတ်ဝင်တစား ရှိတာကိုပေါ့နော် ပြောရရင်ပေါ့နော် ဟိုနော် ကျေးဇူးတင်ပါတယ်ပေါနော် ကိုဘွိုက်စ်ကော မမkom ကော ပေါက်ကော အားလုံးကို ကျေးဇူးကမ္ဘာဆိုင်းပေါနော
    6 May 09, 00:15
    သက်ဝေ: Paul VI က တံခါးကို ဖွင့်တာ... ဟုတ်တယ်ဟုတ်...
    6 May 09, 00:14
    သက်ဝေ: တံခါးဖွင့်တဲ့နှစ် ဆိုတာ သိပြီ.. သေချာတယ် ကိုဘက ငယ်တယ်.. :-P
    5 May 09, 23:52
    Boyz: ဂရေး အနာတမီလဲ သူနဲ့တွေ့မှပဲ ဂေး အနာတမီ ဖြစ်တော့တယ်။ လုပ်ရပ်ပေ့ အမာ့ယာ ဒေဝ
    5 May 09, 23:51
    Boyz: ရော့..အင့် ဆန်ခွိုက်။
    5 May 09, 23:51
ုkom: ဂေးအနက်တမီ
    5 May 09, 23:51
    Boyz: မြှင့်တင်ကြပါစို့
    5 May 09, 23:51
    Boyz: အန်တီ မမ ပေါက် မြိုးနဲ့ အားလုံးသော ခိုးဖတ်ဝိုင်းရယ် ပိတ်သတ်ကြီးများ.. ဂွဒ်နိုက်။ ၀မ်အန်း။ အန်တီစောစောအိပ်ပါ။ ဖလူးတွေက ကိုယ်ခံအားနည်းသူကို ပိုတိုက်ခိုက်တယ်တဲ့။ အိပ်ရေးဝအောင် အိပ်ခြင်းဖြင့် ကိုယ်ခံအား
    5 May 09, 23:51
ုkom: နိုက် မျိုး
    5 May 09, 23:50
ုkom: အချင်းချင်းညှိပါလေ. အလုပ်ဖြစ်မှ ပွဲခပေး
    5 May 09, 23:50
ုkom: nite သက်ဝေ
    5 May 09, 23:49
    သက်ဝေ: ဒီတခါတော့ တကယ်အိပ်ပြီနော်... အားလုံး Good Night...!!! See u tmw...
    5 May 09, 23:48
    Boyz: မြိုးနဲ့ ပေါက်ကြားမှာ အိပ်မလို့
    5 May 09, 23:48
    Boyz: မြိုးအိပ်မှ တို့အိပ်မယ်...။
    5 May 09, 23:48
    Boyz: နိုက်...
    5 May 09, 23:48
    myo: ဟေ့ အိပ်ပြီနော် အားလုံးနိုက်
    5 May 09, 23:47
    Boyz: အန်တီ သေချာတယ်နော်....။
    5 May 09, 23:47
    Boyz: ဟုတ်ပါပြီဗျား.. မမသက်ဝေ.. ဟိဟိ
    5 May 09, 23:47
    Boyz: ၅-၆-၇ နှစ် ကြီးတာခဲ ဖြစ်နိုင်တာပဲ.. ဟိဟိ
    5 May 09, 23:47
    သက်ဝေ: ကြီးပါတယ် ကိုဘရယ်.. သေချာပါတယ်... မမလို့ခေါ်.. ဟုတ်ပြီလား...
    5 May 09, 23:46
    Boyz: မန်းကီးဆို အိုင့်ထက် ယူက ၅-၆-၇ နှစ်ငယ်တယ်...။
    5 May 09, 23:46
ုkom: သက်ဝေ စိတ်ခိုင်ပစေ
    5 May 09, 23:46
    Boyz: ဟင်..သူ့ကိုသူ ပိုကြီးလား ပိုငယ်လားဆိုတာ မသေချာတော့ဘူး
    5 May 09, 23:45
ုkom: ကဲ ဆူနေပြီလား
    5 May 09, 23:45
    သက်ဝေ: ဒါတွေကြောင့်ပြောနေတာပေါ့...တဲ့... စောစောအိပ်ပါ စောစောအိပ်ပါလို့... တဲ့...
    5 May 09, 23:44
    သက်ဝေ: ကောင်ကောင်လား.. ကိုဘ အစုတ်ပလုပ်.. ပြောလိုက်ရင် သိသွားတော့မှာပေါ့ သူများအသက်ကို...
    5 May 09, 23:44
    Boyz: ဟင်.. ပိန်တဲ့ အဆင့် ရောက်နေတယ်။ မhealthy တော့ဘူး။ ၁၉ ဆိုရင်...။
    5 May 09, 23:43
    သက်ဝေ: me... 19
    5 May 09, 23:43
    Boyz: မသက်ဝေ ဘာအကောင်လဲ ကြည့်ပြီပြလား
    5 May 09, 23:43
    သက်ဝေ: it shows that :Weight in Healthy Range"
    5 May 09, 23:43
    Boyz: N2 = နေနေ...
    5 May 09, 23:42
    Boyz: BMI=21, Weght in healthy range. :P
    5 May 09, 23:42
    သက်ဝေ: N2..?
    5 May 09, 23:42
    Boyz: No.. No.. mine is on Green.. lolz
    5 May 09, 23:41
ုkom: N2 Lower limit တို့ က အက်ပါးလစ်မစ် ကိုဘ က အိုဗာဝိတ်
    5 May 09, 23:40
    ပေါက်: http://allmymemo.blogspot.com/2009_05_01_archive.html#6736849416211425634
    5 May 09, 23:40
ုkom: တွက်ပြီးသာ တီဇက်အေ ဆီမှာ
    5 May 09, 23:37
    သက်ဝေ: မဂျူနို ဘလော့ မှာ BMI တွက်ပြီးလာပြောပြလေ မမနဲ့ ကိုဘ... ဟီးဟီး
    5 May 09, 23:37
ုkom: သိရင်ာဘလုပ်ပေးချင်လို့လဲ
    5 May 09, 23:36
    Boyz: ပြီးတော့ ဘာကောင်လဲ လာပြောပြ
    5 May 09, 23:36
    Boyz: http://www.rainfall.com/horoscop/chinese.htm အဲမှာ သွားကြည့် မမသက်ဝေ
    5 May 09, 23:35
    သက်ဝေ: အငြိမ်မနေနိုင်လို့ မန်းကီးလို့ ခေါ်တာလား... တကယ်မျောက်နှစ်မို့ ခေါ်တာလား... ပြီးမှ မေးထားမယ်...
    5 May 09, 23:34
    သက်ဝေ: ကောင်ကောင်လား... မန်းကီးထင်တယ်... သေချာမသိဘူး.. ခုနေမှ ကိုကို့ကိုသွားမေးရင် ဆူခံရလိမ့်မယ်...
    5 May 09, 23:34
ုkom: ပြီးမှ သွားပါ ပေါက်ရယ်
    5 May 09, 23:34
    ပေါက်: သွားပြီနော်..မဂျူနိုဆီ
    5 May 09, 23:34
ုkom: nite nite သက်ဝေ
    5 May 09, 23:33
    Boyz: Chiese zodiac ?? Ma Thet Wai
    5 May 09, 23:33
    Boyz: http://allmymemo.blogspot.com မဂျူနို ဘလော့ ။ This is for PAuk
    5 May 09, 23:33
ုkom: ပညာရှိများဟာ လူလိမ်တွေ ဘဲ ကိုဘရဲ့
    5 May 09, 23:33
    သက်ဝေ: မမ.. မနက်ဖြန်မှ G Talk မှာ တွေ့ကြမယ်လေ နော်... ကိုဘ မောင်လေး.. ဟီဟိ Good Night... မျိုး.. ပေါက်... Bye Bye... Good night.
    5 May 09, 23:32
    Boyz: မသိရင် မသိဘူး ပြောပါ အန်တီ။ ရိုးသားတာဟာ ဂုဏ်တစ်ခုပါ။ မိမိလိပ်ပြာကို မိမိ လုံအောင် နေပါ။ ငွားငွားငွား
    5 May 09, 23:32
    Boyz: ဂျူနိုကိုပြောနေတာ ပေါက်ရဲ့
    5 May 09, 23:32
ုkom: ဒါကတော့ တူးဖော်ချင်တဲ့သူတွေ အတွက်ပါ.။ တမင်ချန်ထားတာ
    5 May 09, 23:32
    Boyz: မသက်ဝေက တရုတ်နှစ် ဘာကောင်ဖွားလဲ
    5 May 09, 23:32
    ပေါက်: အယ်ဇီ ဆိုတာ ဘူလဲ
    5 May 09, 23:31
    Boyz: နှစ်ကိုပါ ထည့်ပြောတာပါ အန်တီ...။ ဗဟုသုတ ပြည့်စုံကြွယ်ဝတဲ့သူတွေဆို ကျွန်တော် ဘယ်နှစ်နှစ်ဆိုတာ တန်း ပြောလို့ရတယ်။ အဲဒီပို့စ်ထဲမှာတောင် အရိပ်အမြွက်ရေးထားပေးသေးတယ်။ မသိသူ ကျော်သွားတာပေါ့ (အန်တီတို့လို ဟိ)
    5 May 09, 23:31
ုkom: အယ်ဇီလည်း ဝမ်းသာသွားတယ် ဟဟိ
    5 May 09, 23:30
ုkom: ဟုတ်တယ်
    5 May 09, 23:30
    သက်ဝေ: ဘုရားရေ... အငယ်တွေ ဝိုင်းဝိုင်းလည်နေသော ဘဝမှာပါလား... အားကိုးစရာဆိုလို့ မမပဲရှိပါတယ်... ဟီဟိ
    5 May 09, 23:30
ုkom: ဒီဇင်ဘာ ၂၅ လို့ ရိုးရိုးပြောပါ
    5 May 09, 23:30
    Boyz: အန်တီက ဘာမှ သေချာ သိတာ မဟုတ်ဘူး... ဆရာတင်မှားမှာနော် မသက်ဝေ... (ဟိ.. မ ဖမ်းတပ်ခေါ်လိုက်တာပဲ.. နောင်မှ ကြီးချင်သူကြီး ငယ်ချင်သူ ငယ်ပလေ့စေ)
    5 May 09, 23:29
ုkom: ငွားငွားငွား
    5 May 09, 23:29
ုkom: ငယ်တယ်
    5 May 09, 23:29
    Boyz: စိန့်ပီတာဘုရားကျောင်းက နတ်ပြည် သွားတဲ့ တံခါး စဖွင့်တဲ့နေ့မှာ ကျွန်တော့်ကို မွေးတာလေ... မမ သက်ဝေ...။
    5 May 09, 23:29
ုkom: ဟုတ်တယ်တ
    5 May 09, 23:29
    သက်ဝေ: ငယ်မယ်ထင်တယ်နော်... ဟုတ်မှာပါ.. ငယ်မှာပါ (အားငယ်လိုက်တာ) မျိုးနဲ့ ပေါက်ကတော့ သေချာတယ်.. ငယ်မှာ.. သိနေတယ်...
    5 May 09, 23:29
    Boyz: ငယ်တာပေါ့နော့ အန်တီ.. အန်တီလို့တောင် ခေါ်နေတာကို

    ReplyDelete
  48. 10 May 09, 13:49
    Boyz: လိုချင်ရင် စပါယ်ရှယ်အော်ဒါ မှာရပါလိမ့်မယ် ကိုကိုဒီဘီ

    10 May 09, 13:43
    ကိုကိုဒီဘီ: ပေါက်စီ ဖေါက်သယ်ပေးပါသလား ခင်ညာ ...

    ReplyDelete
  49. 10 May 09, 13:31
    မြစ်ကျိုးအင်း: မောသွားတာနဲ့ ပေါက်စီကြည့်ပြီးပြန်ပြီ

    10 May 09, 13:31
    မြစ်ကျိုးအင်း: စီဘုံး ကမနည်းရှာလိုက်ရတယ်

    10 May 09, 13:31
    မြစ်ကျိုးအင်း: လာလည်တယ်ဗျ

    ReplyDelete
  50. ပေါက်စီကလေးတွေက စားချင်စရာ။

    ReplyDelete